Premier League

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အျမန္ဆုံးကစားသမားေတြကို ေျပာျပလုိက္တဲ့ ဂ်ိမ္းစ္

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ အျမန္ဆုံးေတာင္ပံကစားသမားတစ္ဦးအျဖစ္ ပရိသတ္ေတြအားလုံးက ယူဆထားခဲ့တဲ့ ဒန္နီယယ္လ္ ဂ်ိမ္းစ္က သူ႕ကို ၿပဳိင္ဆုိင္ႏုိင္တဲ့ ကစားသမားေတြ အသင္းမွာ ရွိေနေၾကာင္းနဲ႔ ဒီယိုဂို ဒါေလာ့ကေတာ့ သူ႕ထက္ျမန္ၿပီး အသင္းမွာ အျမန္ဆုံးျဖစ္တယ္လို႔ ဆုိလိုက္ပါတယ္။

အန္တုိနီ မာစီယယ္လ္၊ မားကပ္စ္ ရက္ရွ္ဖို႔ဒ္နဲ႔ အာရြန္ ဝန္ဘစ္ဆာကာတုိ႔ဟာ အသင္းရဲ႕ အျမန္ဆုံးကစားသမားေတြျဖစ္ၿပီး သူတုိ႔ေတြထက္ေတာ့ ေပၚတူဂီေတာင္ပံကစားသမား ဒါေလာ့က အျမန္ဆုံးလို႔ ၿပီးခဲ့တဲ့ လက္စတာနဲ႔ပြဲမွာ ၂၁.၇၆ မိုင္ႏွဳန္း ေျပးျပခဲ့တဲ့ ေဝးလ္စ္ေတာင္ပံသမားက ဆုိပါတယ္။

ဘယ္သူက သူ႕ရဲ႕ အျမန္ႏွဳန္းကို ၿပဳိင္ဆုိင္ႏုိင္ေသးလဲဆုိတဲ့ ေမးခြန္းကို ဂ်ိမ္းစ္က ေျဖၾကားခဲ့ရာမွာ “ကၽြန္ေတာ့္အျပင္ဆုိရင္ ဒီယိုဂို(ဒါေလာ့)နဲ႔ မားကပ္စ္(ရက္ရွ္ဖို႔ဒ္)တုိ႔ပါ။ သူေျပးတာကိုေတာ့ ကၽြန္ေတာ္ ေသခ်ာမျမင္ဖူးေသးေပမယ့္ ေသခ်ာတာက ကၽြန္ေတာ္တုိ႔ ျပင္းျပင္းထန္ထန္ၿပဳိင္ဆုိင္ရပါလိ့မ္မယ္”လို႔ ဆုိပါတယ္။

“အာရြန္(ဝန္ဘစ္ဆာကာ)ကလည္း ေတာ္ေတာ္ျမန္တယ္ဗ်… လူေတြက သူျမန္တယ္ဆုိတာကို ေသခ်ာ သတိထားခ်င္မွ သတိထားမိၾကလိမ့္မယ္။ ဒါေပမယ့္ ဒီယုိဂိုကေတာ့ လွစ္ခနဲ လွစ္ခနဲေနေအာင္ပါပဲ။ သူက သိပ္ကစားခြင့္မရေတာ့ လူေတြ သတိမထားမိတာ ျဖစ္မွာပါ”လို႔လည္း ဂ်ိမ္းစ္က ေျပာၾကားသြားပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ လက္ရွိအျမန္ဆုံးစံခ်ိန္ကို တင္ရွိထားခဲ့သူကေတာ့ တုိက္စစ္မွဴး မာစီယယ္လ္ျဖစ္ၿပီး ဂ်ိမ္းစ္ကေတာ့ မနီး႐ိုးစြဲလိုက္ႏုိင္ခဲ့ခ်ိန္မွာ တျခားကစားသမားေတြအေၾကာင္းကိုလည္း ေျပာျပသြားခဲ့ၿပီး အသင္းေဖာ္ ဝန္ဘစ္ဆာကိုေတာ့ သူ႕ရဲ႕ ႀကံ့ခုိင္မွဳနဲ႔ လ်င္ျမန္မွဳေၾကာင့္ တစ္ေယာက္ခ်င္းျဖတ္ေက်ာ္ဖို႔ ေတာ္ေတာ္ေလး ခက္ခဲတယ္လုိ႔လည္း ဝန္ခံေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမြန်ဆုံးတောင်ပံကစားသမားတစ်ဦးအဖြစ် ပရိသတ်တွေအားလုံးက ယူဆထားခဲ့တဲ့ ဒန်နီယယ်လ် ဂျိမ်းစ်က သူ့ကို ပြိုင်ဆိုင်နိုင်တဲ့ ကစားသမားတွေ အသင်းမှာ ရှိနေကြောင်းနဲ့ ဒီယိုဂို ဒါလော့ကတော့ သူ့ထက်မြန်ပြီး အသင်းမှာ အမြန်ဆုံးဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

အန်တိုနီ မာစီယယ်လ်၊ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ အာရွန် ဝန်ဘစ်ဆာကာတို့ဟာ အသင်းရဲ့ အမြန်ဆုံးကစားသမားတွေဖြစ်ပြီး သူတို့တွေထက်တော့ ပေါ်တူဂီတောင်ပံကစားသမား ဒါလော့က အမြန်ဆုံးလို့ ပြီးခဲ့တဲ့ လက်စတာနဲ့ပွဲမှာ ၂၁.၇၆ မိုင်နှုန်း ပြေးပြခဲ့တဲ့ ဝေးလ်စ်တောင်ပံသမားက ဆိုပါတယ်။

ဘယ်သူက သူ့ရဲ့ အမြန်နှုန်းကို ပြိုင်ဆိုင်နိုင်သေးလဲဆိုတဲ့ မေးခွန်းကို ဂျိမ်းစ်က ဖြေကြားခဲ့ရာမှာ “ကျွန်တော့်အပြင်ဆိုရင် ဒီယိုဂို(ဒါလော့)နဲ့ မားကပ်စ်(ရက်ရှ်ဖို့ဒ်)တို့ပါ။ သူပြေးတာကိုတော့ ကျွန်တော် သေချာမမြင်ဖူးသေးပေမယ့် သေချာတာက ကျွန်တော်တို့ ပြင်းပြင်းထန်ထန်ပြိုင်ဆိုင်ရပါလိ့မ်မယ်”လို့ ဆိုပါတယ်။

“အာရွန်(ဝန်ဘစ်ဆာကာ)ကလည်း တော်တော်မြန်တယ်ဗျ… လူတွေက သူမြန်တယ်ဆိုတာကို သေချာ သတိထားချင်မှ သတိထားမိကြလိမ့်မယ်။ ဒါပေမယ့် ဒီယိုဂိုကတော့ လှစ်ခနဲ လှစ်ခနဲနေအောင်ပါပဲ။ သူက သိပ်ကစားခွင့်မရတော့ လူတွေ သတိမထားမိတာ ဖြစ်မှာပါ”လို့လည်း ဂျိမ်းစ်က ပြောကြားသွားပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လက်ရှိအမြန်ဆုံးစံချိန်ကို တင်ရှိထားခဲ့သူကတော့ တိုက်စစ်မှူး မာစီယယ်လ်ဖြစ်ပြီး ဂျိမ်းစ်ကတော့ မနီးရိုးစွဲလိုက်နိုင်ခဲ့ချိန်မှာ တခြားကစားသမားတွေအကြောင်းကိုလည်း ပြောပြသွားခဲ့ပြီး အသင်းဖော် ဝန်ဘစ်ဆာကိုတော့ သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ လျင်မြန်မှုကြောင့် တစ်ယောက်ချင်းဖြတ်ကျော်ဖို့ တော်တော်လေး ခက်ခဲတယ်လို့လည်း ဝန်ခံပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.