Ligue1 Premier League

ေအာဝါအတြက္ လီဗာပူးလ္တုိ႔ အေျခအေနေကာင္းေနၿပီး မန္စီးတီး၊ အာဆင္နယ္တုိ႔နဲ႔ ယွဥ္ၿပဳိင္ရႏုိင္

ျပင္သစ္ကလပ္ လီယြန္အသင္းရဲ႕ တက္သစ္စကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါကို ေခၚယူႏုိင္ဖို႔အတြက္ လီဗာပူးလ္အသင္း အေျခအေန ေကာင္းေနၿပီး ပရီးမီးယားလိဂ္ၿပဳိင္ဘက္ေတြျဖစ္ၾကတဲ့ မန္ခ်က္စတာစီးတီး၊ အာဆင္နယ္တုိ႔နဲ႔ ယွဥ္ၿပဳိင္ေခၚယူသြားရဖို႔ ရွိေနပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ ျပင္သစ္ကြင္းလယ္လူဟာ လီယြန္အသင္းရဲ႕ ပထမလူစာရင္းမွာ သုံးႏွစ္တိတိ ဦးစားေပးအျဖစ္ ေနရာရေနသူျဖစ္ၿပီး ကြင္းလယ္မွာ ေနရာစုံကစားႏုိင္သလို ေဘာလုံးေပးပုိ႔မွဳနဲ႔ အထိန္းအသိမ္းလည္းေကာင္းမြန္လို႔ လီဗာပူးလ္တုိ႔အေနနဲ႔ လက္ရွိကြင္းလယ္လူေတြကို အစားထိုးႏုိင္မယ့္သူအျဖစ္ သတ္မွတ္ထားတာပါ။

ကြင္းလယ္မွာ အဂၤလန္ကြင္းလယ္လူေတြျဖစ္ၾကတဲ့ အဒမ္ လယ္လာနာနဲ႔ ဂ်ိမ္းစ္ မီလ္နာတုိ႔ကို ဆက္လက္ထိန္းသိမ္းထားဖို႔ မေသခ်ာေသးတဲ့ လီဗာပူးလ္အသင္းအေနနဲ႔ ဒီေနရာေတြမွာ ေအာဝါကို အသုံးျပဳႏုိင္ဖို႔ ရည္ရြယ္သလို မၾကာခဏ ဒဏ္ရာရရွိေနတဲ့ နာဘီ ကီးတားအတြက္လည္း ကာမိေအာင္ ျဖည့္တင္းသြားဖို႔ ရွိပါတယ္။

မန္စီးတီးနည္းျပ ဂြါဒီယိုလာကေတာ့ ဒီကြင္းလယ္လူကို ခ်ီးက်ဴးထားဖူးၿပီး ေဒးဗစ္ ေဆးလ္ဗားထြက္ခြာသြားမယ့္ ကြင္းလယ္ကို အစားထိုးဖို႔ ရွိႏုိင္သလို အာဆင္နယ္အသင္းကလည္း နည္းစနစ္ပိုင္းေကာင္းမြန္သူေတြ နည္းပါးေနတဲ့အတြက္ နည္းျပ မုိက္ကယ္ အာတီတာရဲ႕ တြန္းအားေပးမွဳေတြ ရွိလာႏုိင္တာပါ။

ျပင္သစ္ယူ-၂၁ လက္ေရြးစင္ ေအာဝါဟာ အယ္လ္ဂ်ီးရီးယားမိဘေတြကေန ျပင္သစ္ႏုိင္ငံမွာ ေမြးဖြားခဲ့သူျဖစ္ၿပီး လီယြန္မွာေမြး လီယြန္မွာႀကီးတဲ့ အသင္းရဲ႕ ပရိသတ္တစ္ဦးလည္းျဖစ္တာမို႔ ဂႏၴဝင္ကြင္းလယ္လူ ဂ်ဴနင္ဟိုကို အတုယူခဲ့သလို သူနဲ႔ မ်ဳိးႏြယ္တူ ျပင္သစ္လက္ေရြးစင္ေဟာင္း ဇီဒန္းကိုလည္း အားက်ခဲ့ရတယ္လို႔ ဆုိထားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပြင်သစ်ကလပ် လီယွန်အသင်းရဲ့ တက်သစ်စကွင်းလယ်လူ ဟူဆင်းမ် အောဝါကို ခေါ်ယူနိုင်ဖို့အတွက် လီဗာပူးလ်အသင်း အခြေအနေ ကောင်းနေပြီး ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဖြစ်ကြတဲ့ မန်ချက်စတာစီးတီး၊ အာဆင်နယ်တို့နဲ့ ယှဉ်ပြိုင်ခေါ်ယူသွားရဖို့ ရှိနေပါတယ်။

အသက် ၂၁ နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူဟာ လီယွန်အသင်းရဲ့ ပထမလူစာရင်းမှာ သုံးနှစ်တိတိ ဦးစားပေးအဖြစ် နေရာရနေသူဖြစ်ပြီး ကွင်းလယ်မှာ နေရာစုံကစားနိုင်သလို ဘောလုံးပေးပို့မှုနဲ့ အထိန်းအသိမ်းလည်းကောင်းမွန်လို့ လီဗာပူးလ်တို့အနေနဲ့ လက်ရှိကွင်းလယ်လူတွေကို အစားထိုးနိုင်မယ့်သူအဖြစ် သတ်မှတ်ထားတာပါ။

ကွင်းလယ်မှာ အင်္ဂလန်ကွင်းလယ်လူတွေဖြစ်ကြတဲ့ အဒမ် လယ်လာနာနဲ့ ဂျိမ်းစ် မီလ်နာတို့ကို ဆက်လက်ထိန်းသိမ်းထားဖို့ မသေချာသေးတဲ့ လီဗာပူးလ်အသင်းအနေနဲ့ ဒီနေရာတွေမှာ အောဝါကို အသုံးပြုနိုင်ဖို့ ရည်ရွယ်သလို မကြာခဏ ဒဏ်ရာရရှိနေတဲ့ နာဘီ ကီးတားအတွက်လည်း ကာမိအောင် ဖြည့်တင်းသွားဖို့ ရှိပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ ဒီကွင်းလယ်လူကို ချီးကျူးထားဖူးပြီး ဒေးဗစ် ဆေးလ်ဗားထွက်ခွာသွားမယ့် ကွင်းလယ်ကို အစားထိုးဖို့ ရှိနိုင်သလို အာဆင်နယ်အသင်းကလည်း နည်းစနစ်ပိုင်းကောင်းမွန်သူတွေ နည်းပါးနေတဲ့အတွက် နည်းပြ မိုက်ကယ် အာတီတာရဲ့ တွန်းအားပေးမှုတွေ ရှိလာနိုင်တာပါ။

ပြင်သစ်ယူ-၂၁ လက်ရွေးစင် အောဝါဟာ အယ်လ်ဂျီးရီးယားမိဘတွေကနေ ပြင်သစ်နိုင်ငံမှာ မွေးဖွားခဲ့သူဖြစ်ပြီး လီယွန်မှာမွေး လီယွန်မှာကြီးတဲ့ အသင်းရဲ့ ပရိသတ်တစ်ဦးလည်းဖြစ်တာမို့ ဂန္ထဝင်ကွင်းလယ်လူ ဂျူနင်ဟိုကို အတုယူခဲ့သလို သူနဲ့ မျိုးနွယ်တူ ပြင်သစ်လက်ရွေးစင်ဟောင်း ဇီဒန်းကိုလည်း အားကျခဲ့ရတယ်လို့ ဆိုထားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.