Bundesliga Premier League Serie A

ဆာေနး ဆက္ရွိဖို႔ မေသခ်ာခ်ိန္မွာ တပည့္ေဟာင္းကို ျပန္ေခၚဖို႔ ဂြါဒီယိုလာ စိတ္ဝင္စား

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ေတာင္ပံကစားသမား လီရြဳိင္း ဆာေနးကို ဆက္လက္ထိန္းသိမ္းထားဖို႔ ခဲယဥ္းေနၿပီး ဘုိင္ယန္ျမဴးနစ္အျပင္ ဥေရာပအသင္းႀကီးေတြရဲ႕ စိတ္ဝင္စားမွဳေတြ ရွိေနခ်ိန္မွာ နည္းျပ ပက္ ဂြါဒီယိုလာအေနနဲ႔ ကစားသမားသစ္ ရွာေဖြၿပီး အစားထိုးဖို႔ပဲ က်န္ေတာ့ၿပီး တပည့္ေဟာင္း ေဒါက္ဂလပ္စ္ ေကာ္စတာကို စိတ္ဝင္စားေနပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းမွာ နည္းျပ ေမာ္ရီဇီယို ဆာရီရဲ႕ လက္ေအာက္မွာ ကစားခြင့္နည္းပါးေနၿပီး ေျခစြမ္းအနည္းငယ္ က်ဆင္းစျပဳေနတဲ့ ေကာ္စတာဟာ အသင္းရဲ႕ ဦးစားေပးကစားသမားတစ္ဦးအျဖစ္လည္း ရွဳျမင္ခံထားရျခင္းမရွိဘဲ ကစားသမားမ်ားျပားတဲ့ တူရင္အသင္းမွာေတာ့ အေရးပါမွဳ ေလ်ာ့က်ေနတာပါ။

ဘုိင္ယန္ျမဴးနစ္အသင္းမွာ တစ္ရာသီလက္တြဲခဲ့ဖူးၿပီး အျပန္အလွန္ ဆက္ဆံေရးေကာင္းေတြ ပုိင္ဆုိင္ခဲ့တဲ့ ဘရာဇီးလ္သားနဲ႔ ဂြါဒီယိုလာတို႔ဟာ ဘြန္ဒက္စ္လီဂါကို စြန္႔ခြာခဲ့ၾကရာမွာေတာ့ ဂ်ဴဗင္တပ္စ္မွာ အယ္လီဂရီနဲ႔ ေကာ္စတာတုိ႔ အဆင္ေျပခဲ့ေပမယ့္ လက္ရွိနည္းျပ ဆာရီလက္ထက္မွာေတာ့ အရန္ခုံနဲ႔ပဲ ပိုနီးစပ္ေနခဲ့တာလည္းျဖစ္ပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ရွိၿပီျဖစ္ၿပီး အေတြ႕အႀကဳံေကာင္းေတြ ပုိင္ဆုိင္ထားတဲ့ ဘရာဇီးလ္ေတာင္ပံကစားသမားကို ဂြါဒီယိုလာအေနနဲ႔ ဆာေနးကို ေရာင္းခ်သြားဖြယ္ရွိတဲ့ မန္စီးတီးအတြက္ ေရတုိအစားထိုးမွဳအျဖစ္ ေခၚယူသြားဖြယ္ရွိေနၿပီး ပိုေငြထြက္လာေအာင္ လုပ္ေဆာင္သြားဖို႔လည္း ရွိေနႏုိင္ပါတယ္။

မန္ခ်က္စတာစီးတီးအေနနဲ႔ ဆာေနးကို ေရာင္းခ်ျဖစ္ခဲ့ရင္ေတာ့ စတာလင္နဲ႔ မာရက္ဇ္တုိ႔ ႏွစ္ဦးတည္းသာ ရွိေတာ့တာေၾကာင့္ ဘယ္ေျခသန္ၿပီး ေတာင္ပံႏွစ္ဖက္စလုံးမွာ ေကာင္းေကာင္းကစားႏိုင္စြမ္းရွိတဲ့ ေကာ္စတာဟာ ေကာင္းမြန္တဲ့ အစားထိုးမွဳလည္း ျဖစ္လာႏုိင္ၿပီး ဂ်ဴဗင္တပ္စ္အသင္းကလည္း လက္လႊတ္သြားဖြယ္ရွိေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ တောင်ပံကစားသမား လီရွိုင်း ဆာနေးကို ဆက်လက်ထိန်းသိမ်းထားဖို့ ခဲယဉ်းနေပြီး ဘိုင်ယန်မြူးနစ်အပြင် ဥရောပအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုတွေ ရှိနေချိန်မှာ နည်းပြ ပက် ဂွါဒီယိုလာအနေနဲ့ ကစားသမားသစ် ရှာဖွေပြီး အစားထိုးဖို့ပဲ ကျန်တော့ပြီး တပည့်ဟောင်း ဒေါက်ဂလပ်စ် ကော်စတာကို စိတ်ဝင်စားနေပါတယ်။

ဂျူဗင်တပ်စ်အသင်းမှာ နည်းပြ မော်ရီဇီယို ဆာရီရဲ့ လက်အောက်မှာ ကစားခွင့်နည်းပါးနေပြီး ခြေစွမ်းအနည်းငယ် ကျဆင်းစပြုနေတဲ့ ကော်စတာဟာ အသင်းရဲ့ ဦးစားပေးကစားသမားတစ်ဦးအဖြစ်လည်း ရှုမြင်ခံထားရခြင်းမရှိဘဲ ကစားသမားများပြားတဲ့ တူရင်အသင်းမှာတော့ အရေးပါမှု လျော့ကျနေတာပါ။

ဘိုင်ယန်မြူးနစ်အသင်းမှာ တစ်ရာသီလက်တွဲခဲ့ဖူးပြီး အပြန်အလှန် ဆက်ဆံရေးကောင်းတွေ ပိုင်ဆိုင်ခဲ့တဲ့ ဘရာဇီးလ်သားနဲ့ ဂွါဒီယိုလာတို့ဟာ ဘွန်ဒက်စ်လီဂါကို စွန့်ခွာခဲ့ကြရာမှာတော့ ဂျူဗင်တပ်စ်မှာ အယ်လီဂရီနဲ့ ကော်စတာတို့ အဆင်ပြေခဲ့ပေမယ့် လက်ရှိနည်းပြ ဆာရီလက်ထက်မှာတော့ အရန်ခုံနဲ့ပဲ ပိုနီးစပ်နေခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဘရာဇီးလ်တောင်ပံကစားသမားကို ဂွါဒီယိုလာအနေနဲ့ ဆာနေးကို ရောင်းချသွားဖွယ်ရှိတဲ့ မန်စီးတီးအတွက် ရေတိုအစားထိုးမှုအဖြစ် ခေါ်ယူသွားဖွယ်ရှိနေပြီး ပိုငွေထွက်လာအောင် လုပ်ဆောင်သွားဖို့လည်း ရှိနေနိုင်ပါတယ်။

မန်ချက်စတာစီးတီးအနေနဲ့ ဆာနေးကို ရောင်းချဖြစ်ခဲ့ရင်တော့ စတာလင်နဲ့ မာရက်ဇ်တို့ နှစ်ဦးတည်းသာ ရှိတော့တာကြောင့် ဘယ်ခြေသန်ပြီး တောင်ပံနှစ်ဖက်စလုံးမှာ ကောင်းကောင်းကစားနိုင်စွမ်းရှိတဲ့ ကော်စတာဟာ ကောင်းမွန်တဲ့ အစားထိုးမှုလည်း ဖြစ်လာနိုင်ပြီး ဂျူဗင်တပ်စ်အသင်းကလည်း လက်လွှတ်သွားဖွယ်ရှိကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.