La Liga Premier League

အာဆင္နယ္ရဲ႕ဦးစားေပးပစ္မွတ္လို႔ ဘီလ္ဘာအိုေနာက္ခံလူကို သတင္းဌာနေတြ ေဖာ္ျပ

အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ ခံစစ္ကို အားျဖည့္ဖို႔ စီစဥ္ေနရာမွာ ဦးစားေပးပစ္မွတ္အျဖစ္ ေဈးကြက္တန္ေၾကးအရ အသင့္အတင့္သာရွိတဲ့ စပိန္ကလပ္ အက္သလက္တစ္ ဘီလ္ဘာအိုရဲ႕ ေနာက္ခံလူ အူႏုိင္း ႏူးညက္ဇ္ကို ခ်ိန္ရြယ္လာခဲ့ၿပီး ေခၚယူဖို႔ လုပ္ေဆာင္ေနေၾကာင္း သိရပါတယ္။

အသက္ ၂၃ ႏွစ္ အရြယ္ရွိၿပီျဖစ္ၿပီး စပိန္လက္ေရြးစင္အသင္းမွာ တစ္ပြဲပါဝင္ကစားေပးထားတဲ့ ဘီလ္ဘာအိုေနာက္ခံလူဟာ အသင္းနဲ႔အတူ လာလီဂါမွာ စုစုေပါင္း ၅၈ ပြဲအပါအဝင္ ၃ ရာသီအတြင္း ၿပဳိင္ပြဲစုံမွာ ၁၀၈ ပြဲ ပါဝင္ကစားထားခဲ့ၿပီး အာဆင္နယ္နည္းျပေဟာင္း အူႏုိင္း အမ္မရီရဲ႕ ပစ္မွတ္လည္းျဖစ္ခဲ့ပါတယ္။

ဒီဘတ္စ္ေကးသားအေနနဲ႔ အသင္းနဲ႔ ေနာက္ဆုံးခ်ဳပ္ဆုိခဲ့တဲ့ စာခ်ဳပ္မွာ ေလ်ာ္ေၾကးအျဖစ္ ေပါင္ ၂၆.၄၅ သန္း (ယူ႐ိုသန္း ၃၀)ထည့္သြင္းထားခဲ့ၿပီး ဒီပမာဏကေတာ့ ဒီေန႔ေခတ္မွာ တန္းဝင္ေအာင္ကစားႏုိင္တဲ့ ေနာက္ခံလူတစ္ဦးရဲ႕ သာမန္တန္ေၾကးသာျဖစ္ေနလို႔ အာဆင္နယ္ နည္းျပ မုိက္ကယ္ အာတီတာအေနနဲ႔ ေပးေခ်သြားဖို႔လည္း ဆႏၵရွိေနပါတယ္။

အာဆင္နယ္အသင္းရဲ႕ ခံစစ္ပုိင္းမွာ ေဒးဗစ္ လူးဝစ္ဇ္က အသက္အရြယ္ အနည္းငယ္ေထာက္လာသလို ဂရိေနာက္ခံလူ ဆိုကရာတစ္ရဲ႕ က်ဆင္းစျပဳလာတဲ့ ပုံစံေတြအရ တျခားေနာက္ခံလူတစ္ဦးျဖစ္တဲ့ မူစတာဖီကိုပါ ျပန္လည္အားကိုးေနရၿပီး က်န္တဲ့သူေတြ အဆင္မေျပခ်ိန္မွာ ႏူးညက္ဇ္ ကေတာ့ အာတီတာရဲ႕ အစီအစဥ္သစ္လည္းျဖစ္လာႏုိင္ပါတယ္။

၂၀၂၃ ခုႏွစ္အထိ ဘီလ္ဘာအိုအသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆုိထားတဲ့ ႏူးညက္ဇ္ဟာ ေနာက္ဆုံးရသတင္းေတြမွာေတာ့ အသင္းနဲ႔ လစာကိစၥ အဆင္မေျပျဖစ္ခဲ့တယ္လို႔ သိထားရၿပီး သူ႕အေနနဲ႔ စာခ်ဳပ္သစ္ သေဘာတူညီမွဳ မရမခ်င္း အာဆင္နယ္တုိ႔ ေခၚယူဖို႔ အေျခအေနေကာင္းႏိုင္တာေၾကာင့္ အာတီတာနဲ႔ တာဝန္ရွိသူေတြရဲ႕ ဦးစားေပးပစ္မွတ္အျဖစ္ သတ္မွတ္ထားေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ ခံစစ်ကို အားဖြည့်ဖို့ စီစဉ်နေရာမှာ ဦးစားပေးပစ်မှတ်အဖြစ် ဈေးကွက်တန်ကြေးအရ အသင့်အတင့်သာရှိတဲ့ စပိန်ကလပ် အက်သလက်တစ် ဘီလ်ဘာအိုရဲ့ နောက်ခံလူ အူနိုင်း နူးညက်ဇ်ကို ချိန်ရွယ်လာခဲ့ပြီး ခေါ်ယူဖို့ လုပ်ဆောင်နေကြောင်း သိရပါတယ်။

အသက် ၂၃ နှစ် အရွယ်ရှိပြီဖြစ်ပြီး စပိန်လက်ရွေးစင်အသင်းမှာ တစ်ပွဲပါဝင်ကစားပေးထားတဲ့ ဘီလ်ဘာအိုနောက်ခံလူဟာ အသင်းနဲ့အတူ လာလီဂါမှာ စုစုပေါင်း ၅၈ ပွဲအပါအဝင် ၃ ရာသီအတွင်း ပြိုင်ပွဲစုံမှာ ၁၀၈ ပွဲ ပါဝင်ကစားထားခဲ့ပြီး အာဆင်နယ်နည်းပြဟောင်း အူနိုင်း အမ်မရီရဲ့ ပစ်မှတ်လည်းဖြစ်ခဲ့ပါတယ်။

ဒီဘတ်စ်ကေးသားအနေနဲ့ အသင်းနဲ့ နောက်ဆုံးချုပ်ဆိုခဲ့တဲ့ စာချုပ်မှာ လျော်ကြေးအဖြစ် ပေါင် ၂၆.၄၅ သန်း (ယူရိုသန်း ၃၀)ထည့်သွင်းထားခဲ့ပြီး ဒီပမာဏကတော့ ဒီနေ့ခေတ်မှာ တန်းဝင်အောင်ကစားနိုင်တဲ့ နောက်ခံလူတစ်ဦးရဲ့ သာမန်တန်ကြေးသာဖြစ်နေလို့ အာဆင်နယ် နည်းပြ မိုက်ကယ် အာတီတာအနေနဲ့ ပေးချေသွားဖို့လည်း ဆန္ဒရှိနေပါတယ်။

အာဆင်နယ်အသင်းရဲ့ ခံစစ်ပိုင်းမှာ ဒေးဗစ် လူးဝစ်ဇ်က အသက်အရွယ် အနည်းငယ်ထောက်လာသလို ဂရိနောက်ခံလူ ဆိုကရာတစ်ရဲ့ ကျဆင်းစပြုလာတဲ့ ပုံစံတွေအရ တခြားနောက်ခံလူတစ်ဦးဖြစ်တဲ့ မူစတာဖီကိုပါ ပြန်လည်အားကိုးနေရပြီး ကျန်တဲ့သူတွေ အဆင်မပြေချိန်မှာ နူးညက်ဇ် ကတော့ အာတီတာရဲ့ အစီအစဉ်သစ်လည်းဖြစ်လာနိုင်ပါတယ်။

၂၀၂၃ ခုနှစ်အထိ ဘီလ်ဘာအိုအသင်းနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ နူးညက်ဇ်ဟာ နောက်ဆုံးရသတင်းတွေမှာတော့ အသင်းနဲ့ လစာကိစ္စ အဆင်မပြေဖြစ်ခဲ့တယ်လို့ သိထားရပြီး သူ့အနေနဲ့ စာချုပ်သစ် သဘောတူညီမှု မရမချင်း အာဆင်နယ်တို့ ခေါ်ယူဖို့ အခြေအနေကောင်းနိုင်တာကြောင့် အာတီတာနဲ့ တာဝန်ရှိသူတွေရဲ့ ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.