Premier League

ကားဝင်တိုက်ခံရတာတောင် ပရိသတ်တွေအတွက်ဆို အပြုံး မပျက်ခဲ့တဲ့ ကွန်တေ

ချယ်လ်ဆီးအသင်းမှာ အသင်းဖော်ချင်းလည်း အဆင်ပြေရုံတင်မက ချစ်ရခင်ရလွန်းလို့ အသည်းတယားယားဖြစ်ရအောင် ရိုးသားဖြူစင်လွန်းတဲ့ ကွင်းလယ်လူ အန်ဂိုလို ကွန်တေဟာ အသင်းပရိသတ်တွေတင်မက ပြိုင်ဘက်အသင်းပရိသတ်တွေရဲ့ အချစ်တွေကိုပါ သိမ်းကျုံးရယူထားတာက သူ့ရဲ့နှိမ့်ချပြီး ယဥ်ကျေးလွန်းတဲ့ ကိုယ်ကျင့်စရိုက်​ကြောင့်ပါ။

ချယ်လ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်ရဲ့ အချစ်တော်အဖြစ်ပါ သတ်မှတ်ခံထားရတဲ့ ပြင်သစ်သားဟာ အသင်းလေ့ကျင့်ရေးအစီအစဥ်ကို မထင်မှတ်ဘဲ အချိန်နောက်ကျခဲ့တာတောင် မင်းက ရထားထက်တောင် မြန်တယ်လို့ ပြင်သစ်နည်းပြဒေးရွှမ့်ရဲ့ ချီးကျူးမှုကို ခံခဲ့ရတဲ့အထိ လုပ်အားနှုန်းအရရော ကြိုးစားအားထုတ်မှုပိုင်းမှာပါ စံတင်ထားရသူပါ။

သူ့ရဲ့ကွင်းတွင်းခြေစွမ်းက ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလား၊ ကမ္ဘာ့ဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေကို ကမ္ဘာ့နံပါတ်တစ်အောင်မြင်မှုစံချိန်တွေနဲ့ စိုက်ထူးထားပြီးချိန်မှာ ထပ်မံသက်သေပြပါဦးဆိုရင်တော့ အသင်းလိုက်ဆုဖလားဖြစ်တဲ့ ယူရိုဖလားနဲ့ တကိုယ်တော်ဘုန်းတန်ခိုးဖြစ်တဲ့ ဘလွန်ဒေါစင်မြင့်ခရီးစဥ်သာ ​ကျန်ရှိတော့တာကိုလည်း တွေ့ရပါတယ်။

ကွန်တေရဲ့ ကွင်းပြင်ပ ဘဝနေထိုင်မှုပုံစံကိုကြည့်ရင်တော့ အင်မတန်ကို ရိုးစင်းလှတဲ့အပြင် ရိုးရှင်းနှိမ့်ချမှုကို ပုံဆောင်ထားတာကိုတွေ့ရပြီး ပါရီလမ်းမတွေထက်က အမှိုက်ကောက်သမားလေးအဖြစ်ကနေ ကမ္ဘာကျော်ဘောလုံးသမားဖြစ်လာခဲ့ချိန်မှာ သူ့ရဲ့ လူတွေအပေါ်မြင်တဲ့အမြင်နဲ့ သဘောထားဟာလည်း ရှင်းလင်းကြည်လင်နေတာကို တွေ့ရပြန်ပါတယ်။

၂၀၁၈ ခုနှစ်က ချယ်လ်ဆီးအသင်းမှာ ဖြစ်ခဲ့တဲ့ ကွန်တေနဲ့ အမှတ်တရရှိစေခဲ့တဲ့ ဖြစ်စဥ်တခုကို ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်က ပြန်လည်ပြောကြားခဲ့ရာမှာတော့ ဒီဖြစ်ရပ်ဟာ ရယ်ချင်စရာလည်းကောင်းခဲ့သလို သူ့ရဲ့ဘဝကို အနက်ရှိူင်းဆုံးအထိ မြင်ယောင်ကြည့်နိုင်မှာလည်း ဖြစ်ပါတယ်။

” ခင်ဗျားတို့သိတဲ့အတိုင်းပဲ သူက သိပ်ကောင်းမွန်တဲ့ လူသားပီသတဲ့သူပါ။ တရက်သားမှာ ညမှာကစားမယ့်ပွဲအတွက် မနက်ပိုင်းမှာ ကျွန်တော်တို့အသင်း တွေ့ဆုံကြတယ်ပေါ့ဗျာ။ ခါတိုင်းပုံမှန်အချိန်အတိအကျရောက်တတ်တဲ့ ကွန်တေ ပျောက်နေရောဗျ။ သူဘယ်ရောက်နေလဲပေါ့လေ ”

” နောက်တော့ သူရောက်လာတယ်။ ဘာဖြစ်တာလဲလို့ မေးတော့ လမ်းမှာ ကားတိုက်မှုဖြစ်လို့တဲ့ဗျာ။ လူတွေက သူမှန်းသိသွားတော့ ဓာတ်ပုံတွဲရိုက်ကြပါလေရော။ သူ့ခမျာမှာတော့ ကားတစီးလုံး စုတ်ပြတ်သွားချိန်မှာ တယောက်တလှည့်ဓာတ်ပုံဝင်ရိုက်တာကို မငြင်းဝံ့လို့ ပြုံးဖြီးဖြီးကြီးနဲ့ နေခဲ့ပါတယ်တဲ့ဗျာ။ အဲဒါကြောင့် သူနောက်ကျသွားတာပါတဲ့” လို့ ဖာဘရီဂတ်စ်ရဲ့အမှတ်တရက ထင်ထင်ရှားရှား ရှိခဲ့ပြီး ကွန်တေဟာ အခုချိန်ထိလဲ သူ့ရဲ့ မီနီကူးပါးကားအစုတ်လေးကိုသာ အပြောင်းအလဲမရှိ စီးနေကြောင်း သိရသေးတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ခ်ယ္လ္ဆီးအသင္းမွာ အသင္းေဖာ္ခ်င္းလည္း အဆင္ေျပ႐ုံတင္မက ခ်စ္ရခင္ရလြန္းလို႔ အသည္းတယားယားျဖစ္ရေအာင္ ႐ိုးသားျဖဴစင္လြန္းတဲ့ ကြင္းလယ္လူ အန္ဂိုလို ကြန္ေတဟာ အသင္းပရိသတ္ေတြတင္မက ၿပိဳင္ဘက္အသင္းပရိသတ္ေတြရဲ႕ အခ်စ္ေတြကိုပါ သိမ္းက်ဳံးရယူထားတာက သူ႔ရဲ႕ႏွိမ့္ခ်ၿပီး ယဥ္ေက်းလြန္းတဲ့ ကိုယ္က်င့္စ႐ိုက္​ေၾကာင့္ပါ။

ခ်ယ္လ္ဆီးအသင္းပိုင္ရွင္ ႐ိုမန္ ေအဘရာမိုဗစ္ခ်္ရဲ႕ အခ်စ္ေတာ္အျဖစ္ပါ သတ္မွတ္ခံထားရတဲ့ ျပင္သစ္သားဟာ အသင္းေလ့က်င့္ေရးအစီအစဥ္ကို မထင္မွတ္ဘဲ အခ်ိန္ေနာက္က်ခဲ့တာေတာင္ မင္းက ရထားထက္ေတာင္ ျမန္တယ္လို႔ ျပင္သစ္နည္းျပေဒး႐ႊမ့္ရဲ႕ ခ်ီးက်ဴးမႈကို ခံခဲ့ရတဲ့အထိ လုပ္အားႏႈန္းအရေရာ ႀကိဳးစားအားထုတ္မႈပိုင္းမွာပါ စံတင္ထားရသူပါ။

သူ႔ရဲ႕ကြင္းတြင္းေျခစြမ္းက ပရီးမီးယားလိဂ္ဖလား၊ ခ်န္ပီယံလိဂ္ဖလား၊ ကမာၻ႔ဖလားနဲ႔ ယူ႐ိုပါလိဂ္ဖလားေတြကို ကမာၻ႔နံပါတ္တစ္ေအာင္ျမင္မႈစံခ်ိန္ေတြနဲ႔ စိုက္ထူးထားၿပီးခ်ိန္မွာ ထပ္မံသက္ေသျပပါဦးဆိုရင္ေတာ့ အသင္းလိုက္ဆုဖလားျဖစ္တဲ့ ယူ႐ိုဖလားနဲ႔ တကိုယ္ေတာ္ဘုန္းတန္ခိုးျဖစ္တဲ့ ဘလြန္ေဒါစင္ျမင့္ခရီးစဥ္သာ ​က်န္ရွိေတာ့တာကိုလည္း ေတြ႕ရပါတယ္။

ကြန္ေတရဲ႕ ကြင္းျပင္ပ ဘဝေနထိုင္မႈပုံစံကိုၾကည့္ရင္ေတာ့ အင္မတန္ကို ႐ိုးစင္းလွတဲ့အျပင္ ႐ိုးရွင္းႏွိမ့္ခ်မႈကို ပုံေဆာင္ထားတာကိုေတြ႕ရၿပီး ပါရီလမ္းမေတြထက္က အမႈိက္ေကာက္သမားေလးအျဖစ္ကေန ကမာၻေက်ာ္ေဘာလုံးသမားျဖစ္လာခဲ့ခ်ိန္မွာ သူ႔ရဲ႕ လူေတြအေပၚျမင္တဲ့အျမင္နဲ႔ သေဘာထားဟာလည္း ရွင္းလင္းၾကည္လင္ေနတာကို ေတြ႕ရျပန္ပါတယ္။

၂၀၁၈ ခုႏွစ္က ခ်ယ္လ္ဆီးအသင္းမွာ ျဖစ္ခဲ့တဲ့ ကြန္ေတနဲ႔ အမွတ္တရရွိေစခဲ့တဲ့ ျဖစ္စဥ္တခုကို ကြင္းလယ္လူေဟာင္း ဖာဘရီဂတ္စ္က ျပန္လည္ေျပာၾကားခဲ့ရာမွာေတာ့ ဒီျဖစ္ရပ္ဟာ ရယ္ခ်င္စရာလည္းေကာင္းခဲ့သလို သူ႔ရဲ႕ဘဝကို အနက္ရွိူင္းဆုံးအထိ ျမင္ေယာင္ၾကည့္ႏိုင္မွာလည္း ျဖစ္ပါတယ္။

” ခင္ဗ်ားတို႔သိတဲ့အတိုင္းပဲ သူက သိပ္ေကာင္းမြန္တဲ့ လူသားပီသတဲ့သူပါ။ တရက္သားမွာ ညမွာကစားမယ့္ပြဲအတြက္ မနက္ပိုင္းမွာ ကြၽန္ေတာ္တို႔အသင္း ေတြ႕ဆုံၾကတယ္ေပါ့ဗ်ာ။ ခါတိုင္းပုံမွန္အခ်ိန္အတိအက်ေရာက္တတ္တဲ့ ကြန္ေတ ေပ်ာက္ေနေရာဗ်။ သူဘယ္ေရာက္ေနလဲေပါ့ေလ ”

” ေနာက္ေတာ့ သူေရာက္လာတယ္။ ဘာျဖစ္တာလဲလို႔ ေမးေတာ့ လမ္းမွာ ကားတိုက္မႈျဖစ္လို႔တဲ့ဗ်ာ။ လူေတြက သူမွန္းသိသြားေတာ့ ဓာတ္ပုံတြဲ႐ိုက္ၾကပါေလေရာ။ သူ႔ခမ်ာမွာေတာ့ ကားတစီးလုံး စုတ္ျပတ္သြားခ်ိန္မွာ တေယာက္တလွည့္ဓာတ္ပုံဝင္႐ိုက္တာကို မျငင္းဝံ့လို႔ ၿပဳံးၿဖီးၿဖီးႀကီးနဲ႔ ေနခဲ့ပါတယ္တဲ့ဗ်ာ။ အဲဒါေၾကာင့္ သူေနာက္က်သြားတာပါတဲ့” လို႔ ဖာဘရီဂတ္စ္ရဲ႕အမွတ္တရက ထင္ထင္ရွားရွား ရွိခဲ့ၿပီး ကြန္ေတဟာ အခုခ်ိန္ထိလဲ သူ႔ရဲ႕ မီနီကူးပါးကားအစုတ္ေလးကိုသာ အေျပာင္းအလဲမရွိ စီးေနေၾကာင္း သိရေသးတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.