Premier League

15 Jun ညနေခင်း နောက်ဆုံးရ လီဗာပူးလ်အပြောင်းအရွှေ့နှင့် သတင်းများ စုစည်းမှု

လီဗာပူးလ်အသင်းဟာ ယူနိုက်တက်က လိုက်နေတဲ့ ဒေါ့မန်တောင်ပံတိုက်စစ်မှူး ဂျေဒန် ဆန်ချိုကို ကမ်းလှမ်းလိုက်တယ်လို့ သိရပြီး မိုက်ကယ် အက်ဒ်ဝက်ဒ်အနေနဲ့ ဆန်ချိုနဲ့ ဆက်သွယ်ပြီး စကားပြောဆိုမှု ပြုလုပ်ခဲ့အပြီးမှာ ယူနိုက်တက်ကို ကျောဖို့ ပေါင်သန်း ၉၀ အထိပေးသွားမယ်လို့ သိရကာ ဆန်ချိုရဲ့ ဆန္ဒဟာ အိုးထရက်ဖို့ဒ်ရဲ့ ၁၈၀ ဒီဂရီဆန့်ကျင်ဘက် အန်ဖီးလ်မြေမှာ ရှိနေတယ်လို့ သိရသလို အပိုထပ်ဆောင်းကြေးမပါဘဲ ဂျာမန်ကလပ်ကို နှစ်ရစ်ခွဲသွင်းပြီး အင်္ဂလန်သားကို ခေါ်ယူသွားဖွယ်ရှိနေ။

အင်တာမီလန်၊ ဘိုင်ယန်မြူးနစ်တို့လို အသင်းကြီးတွေမှာ ကစားဖူးသလို လက်ရှိလီဗာပူးလ်ဆို ကမ္ဘာ့အဆင့်အသင်းမှာ ကစားနေတဲ့ ရှာကျီရီဟာ တရာသီလုံး ပွဲထွက်မကစားချင်တဲ့ ငပျင်းသာသာဖြစ်တယ်လို့ စတုတ်စီးတီးမှာ လက်တွဲခဲ့ဖူးတဲ့ မာ့ခ်ဟုချ်က ဝေဖန်သွားခဲ့ပြီး သူဟာ အသင်းကြီးတွေရဲ့ အရန်ခုံမှာ အလေလိုက်ချင်သူသာဖြစ်ကြောင်း ထိုးနှက်သွားခဲ့။

RB ဆဲလ်ဘတ်တိုက်စစ်မှူး ပတ်ဆန် ဒါကာလုပွဲမှာ ဂျေမီ ဗာဒီနေရာမှာ အစားထိုးဖို့ အပြိုင်လိုက်လာတဲ့ လက်စတာအသင်းလည်း ပါဝင်လာချိန်မှာ ဇမ်ဘီယာကလာတဲ့သတင်းတွေအရ ဇမ်ဘီယာသားနဲ့ အမြန်ဆုံး အပြောင်းအရွှေ့ပြီးစီးဖို့ အနီးစပ်ဆုံး အောင်မြင်ထားတဲ့အသင်းက လီဗာပူးလ်အသင်းသာ ဖြစ်တယ်လို့ ဖော်ပြသွားခဲ့ပြီး ပေါင် ၁၇ သန်းနဲ့ စာချုပ်ချုပ်နိုင်တော့မှာဖြစ်။

လီဗာပူးလ်အသင်းနဲ့ ကိုနာတေအပြင် ဗဟိုခံစစ်မှူး ခရစ်ရှန် ရိုမဲရိုကိုပါ ထပ်မံခေါ်ယူဖို့ ချိတ်ဆက်ထားချိန်မှာ ယူနိုက်တက်ရဲ့ ကြားဖြတ်စီမံမှုတချို့နဲ့ ကြုံတွေ့နေရမယ့် အတ္တလန်တာနဲ့ ဂျူဗင်တပ်စ််အသင်းတို့ဆီက သဘောထားအရ လီဗာပူးလ်ကသာ အသာစီးရနေပြီး ပေါင် ၄၃ သန်းနဲ့ ကမ်းလှမ်းလိုက်ပြီဖြစ်ကြောင်း သိရ။

အင်္ဂလန်အသင်းနဲ့အတူ ယူရိုအဖွင့်မှာ ခရိုအေးရှားကို အနိုင်ယူပြီး အကောင်းဆုံးကစားသမားအဖြစ် ခြေစွမ်းပြခဲ့တဲ့ လိဒ်စ်ကွင်းလယ်လူ ကယ်လ်ဗင် ဖီးလစ်ကို ဗိုင်နယ်ဒမ်နေရာ အစားထိုးဖို့ လီဗာပူးလ်ပရိသတ်တွေက ခံတွင်းတွေ့နေကြချိန်မှာ သူဟာ ဖာဘင်ညိုစတိုင်လ်ကွင်းလယ်ကစားသမားသာဖြစ်ပြီး ဖာဘင်ညိုနေရာကိုသာ အစားထိုးနိုင်မှာဖြစ်ကြောင်း သတ်မှတ်ခံထားရ။

လီဗာပူးလ်နည်းပြယာဂင် ကလော့ပ်ဟာ အသင်းဟောင်းဒေါ့မန်အသင်းကို နှစ်ကျပ်ကွက်နင်းသွားဖို့ ကြံစည်ဖွယ်ရှိနေပြီး ဂျာမန်ကလပ်က ဆန်ချိုနေရာ အစားထိုးမယ်လို့ ရည်ရွယ်ထားတဲ့ PSV ကစားသမား Donyell Malen ကို ကြား​ဖြတ်ခေါ်ယူဖို့ ခြေလှမ်းလာခဲ့သလို မိုဆာလားထွက်ခွာမယ့်အချိန်အတွက် ကြိုပြင်ဆင်ခြင်းဖြစ်ကြောင်း သိရ။

လီဗာပူးလ်အသင်းဟာ ဂိုးသမားအက်ဒရီယန်ကို စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့နောက်မှာ ကွင်းလယ်လူ ချိန်ဘာလိန်ဟာ လက်စတာ သို့ ဝက်စ်ဟမ်းအသင်းဆီ အငှားချခံရဖွယ်ရှိနေကြောင်း သိရသလို ကလော့ပ်ရဲ့ အန်ဖီးလ်မြေရောက် ပထမဆုံးလူသစ်ကစားသမားဖြစ်ခဲ့တဲ့ ဆာဘီးယားကွင်းလယ်လူ မာကို ဂရူဂျစ်ဟာ ပေါ်တိုအသင်းကို ပေါင် ၁၅ သန်းနဲ့ ပြောင်းတော့မှာဖြစ်။

လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်း ဂျေမီ ရက်နက်ပ်က အင်္ဂလန်အသင်းမှာ ဂျော်ဒန် ဟန်ဒါဆန်လမ်းညွှန်ပြသပေးနေတဲ့ အသက် ၁၇ နှစ်သား ဂျုဒ်ဘယ်လင်ဟမ်ဟာ အနာဂတ်ရဲ့ ဒိတ်ဒိတ်ကြဲကြယ်ပွင့်ဖြစ်လာမယ်လို့ ချီးကျူးသွားခဲ့ပြီး ဒေါ့မန်အသင်းက သူ့ကို စာချုပ်သစ်မချုပ်ဆိုနိုင်ခင်မှာ လီဗာပူးလ်က အမြန်ဆုံးလက်သွက်နိုင်မလားဆိုတာ ဟန်ဒါဆန်ကလည်း အေးဂျင့်တဦးသဖွယ် တစိတ်တပိုင်းပါဝင်ပြီး ဆွဲဆောင်သွားဖွယ်ရှိ။

အီဂျစ်လက်ရွေးစင်နည်းပြ ရှော်ကီ ဂါရစ်ဘ်က တိုက်စစ်မှူး မိုဆာလားအနေနဲ့ အိုလံပစ်ပြိုင်ပွဲကို ဝင်ကစားဖို့ အီဂျစ်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနိုင်မလားဆိုတာ မရေရာသေးကြောင်း ထုတ်ဖော်သွားခဲ့ပြီး သြဂုတ်လ ၈ ရက်မှ အပြီးသတ်မယ့် တိုကျိုပြိုင်ပွဲအတွက် လီဗာပူးလ်ကလော့ပ်က ခွင့်ပြုထားခြင်း မရှိသေးကြောင်း သိရ။

ကလော့ပ်ချိန်ရွယ်နေတဲ့ ပစ်မှတ်တခုဖြစ်သလို လီဗာပူးလ်အသင်းကို ပြောင်းချင်တယ်လို့ သတင်းပြေးနေတဲ့ PSG တိုက်စစ်မှူး ခိုင်လျန် အမ်ဘာပေက အန်ဖီးလ်ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်လူ ဂီနီ ဗိုင်နယ်လ်ဒမ်ကို ကြိုဆိုသွားခဲ့ပြီး သူ့လို ထိပ်တန်းကစားသမားမျိုးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တဲ့အတွက် သူ့အသင်းရဲ့အလုပ်လုပ်ပုံကို ချီးကျူးသွားကြောင်းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းဟာ ယူႏိုက္တက္က လိုက္ေနတဲ့ ေဒါ့မန္ေတာင္ပံတိုက္စစ္မႉး ေဂ်ဒန္ ဆန္ခ်ိဳကို ကမ္းလွမ္းလိုက္တယ္လို႔ သိရၿပီး မိုက္ကယ္ အက္ဒ္ဝက္ဒ္အေနနဲ႔ ဆန္ခ်ိဳနဲ႔ ဆက္သြယ္ၿပီး စကားေျပာဆိုမႈ ျပဳလုပ္ခဲ့အၿပီးမွာ ယူႏိုက္တက္ကို ေက်ာဖို႔ ေပါင္သန္း ၉၀ အထိေပးသြားမယ္လို႔ သိရကာ ဆန္ခ်ိဳရဲ႕ ဆႏၵဟာ အိုးထရက္ဖို႔ဒ္ရဲ႕ ၁၈၀ ဒီဂရီဆန္႔က်င္ဘက္ အန္ဖီးလ္ေျမမွာ ရွိေနတယ္လို႔ သိရသလို အပိုထပ္ေဆာင္းေၾကးမပါဘဲ ဂ်ာမန္ကလပ္ကို ႏွစ္ရစ္ခြဲသြင္းၿပီး အဂၤလန္သားကို ေခၚယူသြားဖြယ္ရွိေန။

အင္တာမီလန္၊ ဘိုင္ယန္ျမဴးနစ္တို႔လို အသင္းႀကီးေတြမွာ ကစားဖူးသလို လက္ရွိလီဗာပူးလ္ဆို ကမာၻ႔အဆင့္အသင္းမွာ ကစားေနတဲ့ ရွာက်ီရီဟာ တရာသီလုံး ပြဲထြက္မကစားခ်င္တဲ့ ငပ်င္းသာသာျဖစ္တယ္လို႔ စတုတ္စီးတီးမွာ လက္တြဲခဲ့ဖူးတဲ့ မာ့ခ္ဟုခ်္က ေဝဖန္သြားခဲ့ၿပီး သူဟာ အသင္းႀကီးေတြရဲ႕ အရန္ခုံမွာ အေလလိုက္ခ်င္သူသာျဖစ္ေၾကာင္း ထိုးႏွက္သြားခဲ့။

RB ဆဲလ္ဘတ္တိုက္စစ္မႉး ပတ္ဆန္ ဒါကာလုပြဲမွာ ေဂ်မီ ဗာဒီေနရာမွာ အစားထိုးဖို႔ အၿပိဳင္လိုက္လာတဲ့ လက္စတာအသင္းလည္း ပါဝင္လာခ်ိန္မွာ ဇမ္ဘီယာကလာတဲ့သတင္းေတြအရ ဇမ္ဘီယာသားနဲ႔ အျမန္ဆုံး အေျပာင္းအေ႐ႊ႕ၿပီးစီးဖို႔ အနီးစပ္ဆုံး ေအာင္ျမင္ထားတဲ့အသင္းက လီဗာပူးလ္အသင္းသာ ျဖစ္တယ္လို႔ ေဖာ္ျပသြားခဲ့ၿပီး ေပါင္ ၁၇ သန္းနဲ႔ စာခ်ဳပ္ခ်ဳပ္ႏိုင္ေတာ့မွာျဖစ္။

လီဗာပူးလ္အသင္းနဲ႔ ကိုနာေတအျပင္ ဗဟိုခံစစ္မႉး ခရစ္ရွန္ ႐ိုမဲ႐ိုကိုပါ ထပ္မံေခၚယူဖို႔ ခ်ိတ္ဆက္ထားခ်ိန္မွာ ယူႏိုက္တက္ရဲ႕ ၾကားျဖတ္စီမံမႈတခ်ိဳ႕နဲ႔ ႀကဳံေတြ႕ေနရမယ့္ အတၱလန္တာနဲ႔ ဂ်ဴဗင္တပ္စ္္အသင္းတို႔ဆီက သေဘာထားအရ လီဗာပူးလ္ကသာ အသာစီးရေနၿပီး ေပါင္ ၄၃ သန္းနဲ႔ ကမ္းလွမ္းလိုက္ၿပီျဖစ္ေၾကာင္း သိရ။

အဂၤလန္အသင္းနဲ႔အတူ ယူ႐ိုအဖြင့္မွာ ခ႐ိုေအးရွားကို အႏိုင္ယူၿပီး အေကာင္းဆုံးကစားသမားအျဖစ္ ေျခစြမ္းျပခဲ့တဲ့ လိဒ္စ္ကြင္းလယ္လူ ကယ္လ္ဗင္ ဖီးလစ္ကို ဗိုင္နယ္ဒမ္ေနရာ အစားထိုးဖို႔ လီဗာပူးလ္ပရိသတ္ေတြက ခံတြင္းေတြ႕ေနၾကခ်ိန္မွာ သူဟာ ဖာဘင္ညိဳစတိုင္လ္ကြင္းလယ္ကစားသမားသာျဖစ္ၿပီး ဖာဘင္ညိဳေနရာကိုသာ အစားထိုးႏိုင္မွာျဖစ္ေၾကာင္း သတ္မွတ္ခံထားရ။

လီဗာပူးလ္နည္းျပယာဂင္ ကေလာ့ပ္ဟာ အသင္းေဟာင္းေဒါ့မန္အသင္းကို ႏွစ္က်ပ္ကြက္နင္းသြားဖို႔ ႀကံစည္ဖြယ္ရွိေနၿပီး ဂ်ာမန္ကလပ္က ဆန္ခ်ိဳေနရာ အစားထိုးမယ္လို႔ ရည္႐ြယ္ထားတဲ့ PSV ကစားသမား Donyell Malen ကို ၾကား​ျဖတ္ေခၚယူဖို႔ ေျခလွမ္းလာခဲ့သလို မိုဆာလားထြက္ခြာမယ့္အခ်ိန္အတြက္ ႀကိဳျပင္ဆင္ျခင္းျဖစ္ေၾကာင္း သိရ။

လီဗာပူးလ္အသင္းဟာ ဂိုးသမားအက္ဒရီယန္ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္တဲ့ေနာက္မွာ ကြင္းလယ္လူ ခ်ိန္ဘာလိန္ဟာ လက္စတာ သို႔ ဝက္စ္ဟမ္းအသင္းဆီ အငွားခ်ခံရဖြယ္ရွိေနေၾကာင္း သိရသလို ကေလာ့ပ္ရဲ႕ အန္ဖီးလ္ေျမေရာက္ ပထမဆုံးလူသစ္ကစားသမားျဖစ္ခဲ့တဲ့ ဆာဘီးယားကြင္းလယ္လူ မာကို ဂ႐ူဂ်စ္ဟာ ေပၚတိုအသင္းကို ေပါင္ ၁၅ သန္းနဲ႔ ေျပာင္းေတာ့မွာျဖစ္။

လီဗာပူးလ္အသင္းေခါင္းေဆာင္ေဟာင္း ေဂ်မီ ရက္နက္ပ္က အဂၤလန္အသင္းမွာ ေဂ်ာ္ဒန္ ဟန္ဒါဆန္လမ္းၫႊန္ျပသေပးေနတဲ့ အသက္ ၁၇ ႏွစ္သား ဂ်ဳဒ္ဘယ္လင္ဟမ္ဟာ အနာဂတ္ရဲ႕ ဒိတ္ဒိတ္ႀကဲၾကယ္ပြင့္ျဖစ္လာမယ္လို႔ ခ်ီးက်ဴးသြားခဲ့ၿပီး ေဒါ့မန္အသင္းက သူ႔ကို စာခ်ဳပ္သစ္မခ်ဳပ္ဆိုႏိုင္ခင္မွာ လီဗာပူးလ္က အျမန္ဆုံးလက္သြက္ႏိုင္မလားဆိုတာ ဟန္ဒါဆန္ကလည္း ေအးဂ်င့္တဦးသဖြယ္ တစိတ္တပိုင္းပါဝင္ၿပီး ဆြဲေဆာင္သြားဖြယ္ရွိ။

အီဂ်စ္လက္ေ႐ြးစင္နည္းျပ ေရွာ္ကီ ဂါရစ္ဘ္က တိုက္စစ္မႉး မိုဆာလားအေနနဲ႔ အိုလံပစ္ၿပိဳင္ပြဲကို ဝင္ကစားဖို႔ အီဂ်စ္လက္ေ႐ြးစင္အသင္းနဲ႔ ပူးေပါင္းႏိုင္မလားဆိုတာ မေရရာေသးေၾကာင္း ထုတ္ေဖာ္သြားခဲ့ၿပီး ၾသဂုတ္လ ၈ ရက္မွ အၿပီးသတ္မယ့္ တိုက်ိဳၿပိဳင္ပြဲအတြက္ လီဗာပူးလ္ကေလာ့ပ္က ခြင့္ျပဳထားျခင္း မရွိေသးေၾကာင္း သိရ။

ကေလာ့ပ္ခ်ိန္႐ြယ္ေနတဲ့ ပစ္မွတ္တခုျဖစ္သလို လီဗာပူးလ္အသင္းကို ေျပာင္းခ်င္တယ္လို႔ သတင္းေျပးေနတဲ့ PSG တိုက္စစ္မႉး ခိုင္လ်န္ အမ္ဘာေပက အန္ဖီးလ္ကေန ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ကြင္းလယ္လူ ဂီနီ ဗိုင္နယ္လ္ဒမ္ကို ႀကိဳဆိုသြားခဲ့ၿပီး သူ႔လို ထိပ္တန္းကစားသမားမ်ိဳးကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ခဲ့တဲ့အတြက္ သူ႔အသင္းရဲ႕အလုပ္လုပ္ပုံကို ခ်ီးက်ဴးသြားေၾကာင္းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.