Premier League

အမ်းမရိတ်ကွင်းသစ်ကြောင့် အာဆင်ဝင်းဂါး ရင်နာနာနဲ့ ရောင်းထုတ်ခဲ့ရတဲ့ နာမည်ကြီး ကစားသမား ၅ ဦး

အာဆင်နယ်အသင်းရဲ့ အမ်းမရိတ်စ်ကွင်းသစ်ကြီးကို တည်ဆောက်နိုင်ဖို့အတွက် နည်းပြအာဆင်ဝင်းဂါးဟာ အသင်းရဲ့ အဓိကကျောရိုးတွေဖြစ်တဲ့ နာမည်ကြီးကြယ်ပွင့် ရောင်းထုတ်ခဲ့ရတာဖြစ်ပြီး ဒါဟာ အဆိုပါကစားသမားတွေရဲ့ အသင်းက ထွက်ခွာလိုတဲ့ ဆန္ဒလည်းမဟုတ်ခဲ့တာပါ။

ဖာဂူဆန်ကြီးစိုးနေတဲ့ ပရီးမီးယားလိဂ်ယူနိုက်တက်ခေတ်ကို အာဆင်ဝင်းဂါးရဲ့ ရိုက်ချိုးခဲ့မှုက လွန်ခဲ့တဲ့ ၁၇ နှစ်က ‘ရွှေဖလား’ ရခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံအသင်းမှာ အခိုင်အမာတွေ့ခဲ့ရခြင်း၊ ၂၀၀၆ ခုနှစ်မှာ ချန်ပီယံလိဂ်ဖိုင်နယ်အထိ ရောက်ခဲ့ပေမယ့် ၁၀ ဦးတည်းနဲ့အသင်းက ဘာစီလိုနာကို အရေးနိမ့်ခဲ့ရခြင်းတွေက ငွေဖော်လိုတဲ့ အသင်းပိုင်ရှင်တွေကြောင့် အာဆင်ဝင်းဂါးရုန်းကန်ခဲ့ရမှုနဲ့ အောင်မြင်မှုက မသေးလှသလို သူမတတ်သာလို့ ရောင်းထုတ်ခဲ့ရတဲ့ ကစားသမားစာရင်းကို ကြည့်တဲ့အခါ………

၅။ ရော်ဘင် ဗန်ပါစီ

ဟီးရိုးကနေ ဗီလိန်အဖြစ် ရောက်ရှိသွားခဲ့တဲ့ ဗန်ပါစီရဲ့အဖြစ်က ယူနိုက်တက်ကို ပေါင် ၂၄ သန်း ရောင်းထုတ်ခံရချိန်မှာ အာဆင်နယ်ပရိသတ်တွေ မျက်မုန်းကျိုးခဲ့ရတာဖြစ်ပြီး နယ်သာလန်သားကတော့ လက်ရှိအချိန်ထိ အာဆင်ဝင်းဂါးကို သူ့ရဲ့ဖခင်တဦးလို ေလးစားမှုအပြည့်ရှိဆဲပါ။ ယူနိုက်တက်မှာ ၃ ရာသီအပြီး အာဆင်နယ်ကို ပြန်လာဖို့ ဆက်သွယ်ခံခဲ့ရပေမယ့် အာဆင်ဝင်းဂါးက သူ့ကို အသက်ကြီးသွားလို့ ပြန်မဝယ်ခဲ့ပါဘူး။

၄။ ဆမ်မီ နာဆရီ

ဗန်ပါစီပေးတဲ့ နာကျင်မှုရဲ့နောက်မှာ နာဆရီရဲ့ နာကျင်မှုကလည်း ပရိသတ်တွေဆီ ရောက်ရှိလာခဲ့ပြီး မန်ချက်စတာမြို့ဆီပဲ သူက ဦးတည်းသွားခဲ့ပြီး မန်စီးတီးကို ငွေမက်လို့ ပြောင်းခဲ့တာလို့ စွပ်စွဲခံခဲ့ရတဲ့သူက အာဆင်နယ်မှာ ခေတ်တခုရှိခဲ့ပြီး ဇီဒန်းလက်သစ်လို့တောင် နာမည်ကြီးခဲ့ပေမယ့် သူက အာဆင်ဝင်းဂါးကိုလည်း နာကျင်စေခဲ့သူအဖြစ် သတ်မှတ်ခံထားရပါတယ်။

၃။ ဆက်စ်ဖာဘရီဂတ်စ်

အာဆင်ဝင်းဂါးရဲ့ လူငယ်စီမံကိန်းဟာ ပရီးမီးယားလိဂ်ရဲ့ အတောက်ပဆုံးအဖြစ် ရပ်တည်ခဲ့ရာမှာ ကွင်းလယ်ကြယ်ပွင့် ဖာဘရီဂတ်စ်က ဗီအဲရာနေရာကို ကောင်းကောင်းအစားထိုးနိုင်ခဲ့လို့ ၈ နှစ်ကြာကစားခဲ့တဲ့ လန်ဒန်မြို့ရဲ့ အသည်းကျော်ဖြစ်ခဲ့ပေမယ့် ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့လို့ အာဆင်ဝင်းဂါးရဲ့ စိတ်နာမှုကို ရခဲ့သလို ပြန်လာမယ်ဆိုတဲ့ အချိန်မှာ တံခါးပိတ်ခဲ့လို့ ချယ်လ်ဆီးအသင်းကို ရောက်သွားခဲ့ရဖူးချိန်မှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့လို့ ဒါဟာဝင်းဂါးရဲ့ခေါင်းမာတဲ့အမှားတခုအဖြစ်လည်း အဆိုပြုခံထားရတာပါ။

၂။ အီမန်နူယယ်လ် အဒီဘာယော

အခုချိန်ထိ အာဆင်နယ်ကို မုန်းတီးနေဆဲပဲလို့ ခပ်ဘွင်းဘွင်းပြောထားခဲ့တဲ့ တိုဂိုတိုက်စစ်မှူးက သီယာရီ အွန်နရီရဲ့နေရာကို ဆက်ခံမယ်လို့ နာမည်ထွက်လွန်းခဲ့သလို တကယ်လည်း ဂိုးတဒိုင်းဒိုင်းသွင်းခဲ့ပေမယ့် အသင်းကနေ သူ့ကို အတင်းရောင်းထုတ်ခဲ့တဲ့ အာဆင်ဝင်းဂါးကြောင့် နာကျည်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မန်စီးတီးကို ရောက်တော့ အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ အသင်းဟောင်းကို ဂိုးသွင်းပြီး ဂန်းနားပရိသတ်တွေရှေ့မှာ မထီမဲ့မြင်နဲ့ ရမ်းရမ်းကားကားအောင်ပွဲခံမှုကြောင့် အခုထိ အာဆင်နယ်ပရိသတ်တွေရဲ့ ရန်သူဖြစ်နေဆဲ တိုက်စစ်မှူးပါ။

၁။ သီယာရီ အွန်နရီ

ပရီးမီးယားလိဂ်ရဲ့ ထာဝရအကောင်းဆုံး Hall of Fame စာရင်းမှာ အလန်ရှီးယားရာနဲ့အတူ သတ်မှတ်ခံထားရတဲ့ ပြင်သစ်သားက အာဆင်ဝင်းဂါးရဲ့ သမိုင်းတလျှောက် အကောင်းမွန်ဆုံး ခေါ်ယူမှုအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် သူဟာလည်း အာဆင်နယ်မှာ ကြာကြာမနေနိုင်ခဲ့ဘဲ ဘာစီလိုနာရဲ့ ခေါ်ထုတ်မှုကို ခံခဲ့ရတယ်။

မြောက်လန်ဒန်မှာ ၈ နှစ်အတွင်း ၂၂၆ ဂိုးသွင်းခဲ့တဲ့ ဂန္ထဝင်တိုက်စစ်မှူးကြီးဟာ ၂၀၀၇ မှာ ဘာစီလိုနာနဲ့ Treble ချန်ပီယံဖြစ်ခဲ့တယ်။ ၂၀၁၂ မှာ အာဆင်နယ်နဲ့ တကျော့ပြန်ပူးပေါင်းလာဖို့ ဖြစ်ခဲ့ပြီး ဖာဘရီဂတ်စ်ထက် ပိုထူးခြားတဲ့ အခွင့်အရေးကို ရခဲ့သလို အာဆင်ဝင်းဂါးလက်အောက်မှာ အငှားပြန်ကစားခွင့်ရတာက သူတို့နှစ်ဦးရဲ့ စစ်မှန်ပြီး ကြီးမားတဲ့ ဆရာတပည့်လို၊ သားအဖလို သံယောဇဥ်ကို ပြသခဲ့ခြင်းလည်း ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.