Premier League

ယူရိုပြိုင်ပွဲကို စပွန်ဆာပေးထားတဲ့ ကိုကာကိုလာကို ရော်နယ်လ်ဒို ဘာကြောင့်မုန်းတီးနေသလဲ?

ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းရဲ့လူစာရင်းကို ဦးဆောင်လာခဲ့တဲ့ ဂျူဗင်တပ်စ်စူပါစတား ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အုပ်စု F အတွင်း လက်ရှိကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်၊ ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံဟောင်း ဂျာမနီ၊ ဟန်ဂေရီအသင်းတို့နဲ့အတူ ” မရ​ဏ ” အုပ်စုမှာ ကျရောက်နေပြီး ယူရိုချန်ပီယံဘွဲ့ကို ဘယ်လိုကာကွယ်မလဲဆိုတာ စောင့်ကြည့်ခံထားနေရတာပါ။

သူ့အနေနဲ့ ပွတ်ရှ်ကပ်စ်အရီနာမှာ ဟန်ဂေရီနဲ့ကစားမယ့် အုပ်စုအဖွင့်ပွဲရဲ့ ပွဲကြိုအစီအစဥ်မှာ ပေါ်တူဂီနည်းပြ ဖာနန်ဒို ဆန်းတို့စ်နဲ့အတူ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပြီး စားပွဲပေါ်မှာ တင်ထားတဲ့ ကိုကာကိုလာအချိုရည်ဘူးနှစ်ဘူးကတော့ အသက် ၃၆ နှစ်သားကို မျက်စိစပါးမွှေးစူးသွားစေခဲ့ပါတယ်။

ရော်နယ်လ်ဒိုက အဲဒီကိုကာကိုလာဘူးတွေကို ဖယ်လိုက်ပြီး ” ရေသောက်ပါ ” လို့ မာန်အပြည့်နဲ့ အော်ဟစ်သွားခဲ့တာပါ။ ယူရိုပြိုင်ပွဲကို စပွန်ဆာပေးထားတဲ့ ကိုကာကိုလာကုမ္ပဏီရဲ့ ကြော်ငြာခင်းကျင်းမှုကို သူ့ရဲ့ တုံ့ပြန်မှုက ပွက်လောရိုက်သွားစေခဲ့တာလည်း ဖြစ်ပါတယ်။

ဘလွန်ဒေါ ၅ ဆုရှင်ဟာ ကယ်လိုရီများပြီး အဆီတက်စေတဲ့ အချိုရည်နဲ့ သွားရည်စာတွေကို လုံးဝရှောင်ရှားသူဖြစ်ပြီး အရက်နဲ့ ဝိုင်ကို ဝေရာမဏိ ရှောင်ကျဥ်ထားသူဖြစ်သလို သူ့ရဲ့ ကိုယ်ကာယကြံ့ခိုင်မှု၊ ခန္ဓာကိုယ်တည်ဆောက်ပုံမပျက်စီးဖို့နဲ့ ဘောလုံးလောကမှာ နှစ်ရှည်လများ ကစားသွားဖို့ ရည်မှန်းချက်မြင့်မားသူဖြစ်ပြီး အာဟာရစားသုံးမှုကို စနစ်တကျဆောင်ရွက်သူပါ။

ကျန်းမာရေးကိုလည်း အထူးလိုက်စားသလို အရွယ်မတိုင်ခင် ခြေစွမ်းကျမသွားအောင်၊ အရွယ်လွန်ပြီးချိန်မှာတောင် ပုံမှန်ခြေစွမ်းကို ထိန်းထားနိုင်အောင် တစိုက်မတ်မတ် အားထုတ်လာခဲ့သူဖြစ်ပြီး ရော်နယ်လ်ဒိုရဲ့ ခန္ဓာကိုယ်မှာ အဆီပိုတကျပ်သားမှ မရှိဘူးလို့လည်း တရားဝင်ဆေးစစ်ချက်တွေအရ နာမည်ကြီးပါတယ်။

သူ့အနေနဲ့ သားဖြစ်သူ ခရစ္စတီယာနို ဂျူနီယာကိုပါ သူ့လို တထပ်တည်း မောင်းနေတာဖြစ်ပြီး ဂျူနီယာလေးအနေနဲ့ ကုတ်အချိုရည်ဘူးနဲ့ ကြွပ်ရွအောင်လုပ်ထားတဲ့ မုန့်ပဲသရေစာတွေကို တပ်တပ်မက်မက်စားသုံးလေ့ရှိတာကလည်း သူ့ကို စိတ်ပျက်လေ့ရှိ​ကြောင်း အခုလို ဝန်ခံထားခဲ့တာပါ။

” ကျွန်တော့်သားကို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတယောက် ဖြစ်လာစေချင်တဲ့ ဆန္ဒရှိပါတယ်။ တခါတ​လေမှာ သူက ဆီကြော်မုန့်တွေ၊ ကိုကာကိုလာအချိုရည်တွေကို သောက်တတ်တာတော့ ကျွန်တော် စိတ်ညစ်ရပါတယ်။ ဒါကို သူလည်း နားလည်ပါတယ်။ သူက ၁၀ နှစ်သားပဲ ရှိသေးတော့ လောလောဆယ်တော့ ဘာမှမဖြစ်သေးဘူးပေါ့ဗျာ” လို့ ဆိုသွားခဲ့ဖူးတဲ့ ရော်နယ်လ်ဒိုက အခုယူရိုပြိုင်ပွဲမှာ ပွဲထွက်ကစားပြီးတာနဲ့ ယူရို ၅ ကြိမ်ဆက် ပါဝင်ယှဥ်ပြိုင်ထားနိုင်တဲ့ သမိုင်းတလျှောက် ကမ္ဘာ့ပထမဆုံးဘောလုံးသမားဖြစ်လာတော့မှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ ေပၚတူဂီအသင္းရဲ႕လူစာရင္းကို ဦးေဆာင္လာခဲ့တဲ့ ဂ်ဴဗင္တပ္စ္စူပါစတား ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အုပ္စု F အတြင္း လက္ရွိကမာၻ႔ဖလားခ်န္ပီယံ ျပင္သစ္၊ ၂၀၁၄ ကမာၻ႔ဖလားခ်န္ပီယံေဟာင္း ဂ်ာမနီ၊ ဟန္ေဂရီအသင္းတို႔နဲ႔အတူ ”မရ​ဏ” အုပ္စုမွာ က်ေရာက္ေနၿပီး ယူ႐ိုခ်န္ပီယံဘြဲ႕ကို ဘယ္လိုကာကြယ္မလဲဆိုတာ ေစာင့္ၾကည့္ခံထားေနရတာပါ။

သူ႔အေနနဲ႔ ပြတ္ရွ္ကပ္စ္အရီနာမွာ ဟန္ေဂရီနဲ႔ကစားမယ့္ အုပ္စုအဖြင့္ပြဲရဲ႕ ပြဲႀကိဳအစီအစဥ္မွာ ေပၚတူဂီနည္းျပ ဖာနန္ဒို ဆန္းတို႔စ္နဲ႔အတူ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့တာျဖစ္ၿပီး စားပြဲေပၚမွာ တင္ထားတဲ့ ကိုကာကိုလာအခ်ိဳရည္ဘူးႏွစ္ဘူးကေတာ့ အသက္ ၃၆ ႏွစ္သားကို မ်က္စိစပါးေမႊးစူးသြားေစခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုက အဲဒီကိုကာကိုလာဘူးေတြကို ဖယ္လိုက္ၿပီး “ေရေသာက္ပါ ” လို႔ မာန္အျပည့္နဲ႔ ေအာ္ဟစ္သြားခဲ့တာပါ။ ယူ႐ိုၿပိဳင္ပြဲကို စပြန္ဆာေပးထားတဲ့ ကိုကာကိုလာကုမၸဏီရဲ႕ ေၾကာ္ျငာခင္းက်င္းမႈကို သူ႔ရဲ႕ တုံ႔ျပန္မႈက ပြက္ေလာ႐ိုက္သြားေစခဲ့တာလည္း ျဖစ္ပါတယ္။

ဘလြန္ေဒါ ၅ ဆုရွင္ဟာ ကယ္လိုရီမ်ားၿပီး အဆီတက္ေစတဲ့ အခ်ိဳရည္နဲ႔ သြားရည္စာေတြကို လုံးဝေရွာင္ရွားသူျဖစ္ၿပီး အရက္နဲ႔ ဝိုင္ကို ေဝရာမဏိ ေရွာင္က်ဥ္ထားသူျဖစ္သလို သူ႔ရဲ႕ ကိုယ္ကာယႀကံ့ခိုင္မႈ၊ ခႏၶာကိုယ္တည္ေဆာက္ပုံမပ်က္စီးဖို႔နဲ႔ ေဘာလုံးေလာကမွာ ႏွစ္ရွည္လမ်ား ကစားသြားဖို႔ ရည္မွန္းခ်က္ျမင့္မားသူျဖစ္ၿပီး အာဟာရစားသုံးမႈကို စနစ္တက်ေဆာင္႐ြက္သူပါ။

က်န္းမာေရးကိုလည္း အထူးလိုက္စားသလို အ႐ြယ္မတိုင္ခင္ ေျခစြမ္းက်မသြားေအာင္၊ အ႐ြယ္လြန္ၿပီးခ်ိန္မွာေတာင္ ပုံမွန္ေျခစြမ္းကို ထိန္းထားႏိုင္ေအာင္ တစိုက္မတ္မတ္ အားထုတ္လာခဲ့သူျဖစ္ၿပီး ေရာ္နယ္လ္ဒိုရဲ႕ ခႏၶာကိုယ္မွာ အဆီပိုတက်ပ္သားမွ မရွိဘူးလို႔လည္း တရားဝင္ေဆးစစ္ခ်က္ေတြအရ နာမည္ႀကီးပါတယ္။

သူ႔အေနနဲ႔ သားျဖစ္သူ ခရစၥတီယာႏို ဂ်ဴနီယာကိုပါ သူ႔လို တထပ္တည္း ေမာင္းေနတာျဖစ္ၿပီး ဂ်ဴနီယာေလးအေနနဲ႔ ကုတ္အခ်ိဳရည္ဘူးနဲ႔ ႂကြပ္႐ြေအာင္လုပ္ထားတဲ့ မုန္႔ပဲသေရစာေတြကို တပ္တပ္မက္မက္စားသုံးေလ့ရွိတာကလည္း သူ႔ကို စိတ္ပ်က္ေလ့ရွိ​ေၾကာင္း အခုလို ဝန္ခံထားခဲ့တာပါ။

” ကြၽန္ေတာ့္သားကို ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမားတေယာက္ ျဖစ္လာေစခ်င္တဲ့ ဆႏၵရွိပါတယ္။ တခါတ​ေလမွာ သူက ဆီေၾကာ္မုန္႔ေတြ၊ ကိုကာကိုလာအခ်ိဳရည္ေတြကို ေသာက္တတ္တာေတာ့ ကြၽန္ေတာ္ စိတ္ညစ္ရပါတယ္။ ဒါကို သူလည္း နားလည္ပါတယ္။ သူက ၁၀ ႏွစ္သားပဲ ရွိေသးေတာ့ ေလာေလာဆယ္ေတာ့ ဘာမွမျဖစ္ေသးဘူးေပါ့ဗ်ာ” လို႔ ဆိုသြားခဲ့ဖူးတဲ့ ေရာ္နယ္လ္ဒိုက အခုယူ႐ိုၿပိဳင္ပြဲမွာ ပြဲထြက္ကစားၿပီးတာနဲ႔ ယူ႐ို ၅ ႀကိမ္ဆက္ ပါဝင္ယွဥ္ၿပိဳင္ထားႏိုင္တဲ့ သမိုင္းတေလွ်ာက္ ကမာၻ႔ပထမဆုံးေဘာလုံးသမားျဖစ္လာေတာ့မွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.