Premier League Transfer News

15 Jun နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– AS သတင်းရဲ့ဖော်ပြချက်အရ ၇ နှစ်ကြာလက်တွဲလာတဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ခွဲခွာပြီး စိန်ခေါ်မှုအသစ် ရှာဖွေလိုနေတဲ့ တိုက်စစ်မှူး လီဗန်ဒေါ့ဗ်စကီးကို အတည်ပေါက်ကမ်းလှမ်းမှု ပြုလုပ်ထားတာဟာ ချယ်လ်ဆီးအသင်းအပါအဝင် အသင်းအနည်းသာရှိနေတယ်လို့ သိရပြီး တူဟယ်လ်ရဲ့ဆွဲဆောင်မှုကြောင့် အလုပ်တွဲလုပ်လိုနေတဲ့ ပိုလန်သားရဲ့ ဆန္ဒကလည်း ရှိနေချိန်မှာ ဟာလန်းကို တနှစ်ဆိုင်းရမယ်ဆိုရင် ၃၂ နှစ်အရွယ်တိုက်စစ်မှူးကို အရန်သင့်ခေါ်ယူသွားဖို့ အသင်းပိုင်ရှင်မိုဗစ်ချ် ပြင်ဆင်ထား။

– ပြင်သစ်နဲ့ ဂျာမနီတို့ကစားမယ့် ယူရိုအုပ်စုပွဲမှာ ပြင်သစ်တိုက်စစ်မှူး ခိုင်လျန် အမ်ဘာပေကို ခပ်ကြမ်းကြမ်းထိန်းချုပ်ကစားသွားမယ်လို့ ချယ်လ်ဆီးဗဟိုခံစစ်မှူး အန်တိုနီယို ရူဒီဂါက သတိပေးသွားခဲ့ပြီး အမ်ဘာပေ၊ ဘန်ဇီမာ၊ ဂရိဇ်မန်းတို့လို ကမ္ဘာ့အဆင့်တိုက်စစ်မှူးတွေကို ထိတ်လန့်စဖွယ်ဖြစ်အောင် ဘယ်လိုထိန်းမလဲဆိုတာ စောင့်ကြည့်လိုက်လို့ ကြုံးဝါး။

– ချယ်လ်ဆီးနဲ့ PSG အသင်းတို့က အပြိုင်ကမ်းလှမ်းထားကြတဲ့ အင်တာမီလန်တောင်ပံခံစစ်မှူး ဟာကီမီကို ခေါ်ယူဖို့ PSG အသင်းက တပ်ခေါက်သွားခဲ့ပြီဖြစ်လို့ ချယ်လ်ဆီးတသင်းကသာ လွတ်လွတ်ကျွတ်ကျွတ် ညှိနှိုင်းတော့မှာဖြစ်ပြီး ယူရိုသန်း ၈၀ ဈေးကိုပါ လျှော့ချသွားနိုင်ဖွယ်ရှိလို့ တူဟယ်လ်အတွက် သတင်းကောင်းဖြစ်လာဖွယ်ရှိ။

– ချယ်လ်ဆီးရဲ့ ဂျာမန်တိုက်စစ်အတွဲဖြစ်တဲ့ တီမို ဗာနာနဲ့ ခိုင်ဟာဗတ်ဇ်တို့ဟာ လာမယ့်ရာသီမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေဖြစ်လာလိမ့်မယ်လို့ လန်ဒန်ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်က သုံးသပ်သွားခဲ့ပြီး ဂိုးတွေဖြုန်းနေပါတယ်လို့ ဝေဖန်ခံနေရပါတယ်ဆိုတဲ့ ဗာနာလို ကစားသမားမျိုးဟာ ဒီနေ့ခေတ်မှာ အရမ်းတန်ဖိုးကြီးမားသွားပြီလို့ ချီးကျူးသွားခဲ့။

– ဒေါ့မန်တိုက်စစ်မှူး ဟားလန်းကို ပေါင်သန်း ၁၅၀ နဲ့ ဝယ်ယူမယ့် အစီအစဉ်ကို ချောင်ထိုးလိုက်ပြီး ပြီးခဲ့တဲ့ညက စကော့တလန်အသင်းကို ကွင်းလယ်ကနေ ပြောင်ပြောင်မြောက်မြောက် ဂိုးသွင်းယူသွားခဲ့တဲ့ လေဗာကူဆင်တိုက်စစ်မှူး ပက်ထရစ် ရှစ်ခ်ကိုသာ ခေါ်ယူဖို့ ချယ်လ်ဆီးပရိသတ်တချို့က တွစ်တာမှာ ရေးသားတိုက်တွန်းသွားခဲ့ကြပြီး ဒီယေဂို ကော်စတာကို ခြေရာနင်းမယ့် တိုက်စစ်မှူးလို့ မှတ်ချက်ချခံထားရ။

– ချယ်လ်ဆီးနည်းပြဟောင်း ဖရန့်လမ်းပတ်က မိမိအနေနဲ့ အသင်းရဲ့ ချန်ပီယံလိဂ်အောင်မြင်မှုကို သိပ်ကျေနပ်မိကြောင်း ဖွင့်ဟသွားခဲ့ပြီး မေဆန်မောင့်၊ ရီးစ်ဂျိမ်းစ်တို့လို လူငယ်ခြေတက်လေးတွေကို အသင်းမှာ အုတ်မြစ်ချပြီး မိမိမွေးထုတ်ပေးနိုင်ခဲ့လို့ အခုလို ချန်ပီယံအဖြစ် ပန်းဝင်နိုင်ခဲ့တာကို ဂုဏ်ယူကြောင်းပြောသွားချိန်မှာ တူဟယ်လ်ရဲ့ စွမ်းဆောင်ရည်ကိုပါ ချီးကျူးသွား။

– ဟားလန်းလို အဆင့်မြင့်တိုက်စစ်မှူးမျိုးကို နောက်တနှစ် ထပ်စောင့်ကြည့်နေရင် မှားသွားလိမ်မယ်လို့ စပါးစ်ကစားသမားဟောင်း ဂျာမိန်း ဂျီးနပ်စ်က ချယ်လ်ဆီးအသင်းကို ဝေဖန် ပြောကြားသွားခဲ့ပြီး အသက်လည်း ငယ်ရွယ်လှတဲ့ ဟာလန်းကို ဒေါ့မန်အသင်းဆီမှာ ပေါင်သန်း ၂၀၀ ပစ်ပေးပြီး ‘ရော့ပတ္တမြား ရော့နဂါး’ လို့ ဝယ်လာခဲ့သင့်ကြောင်း အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ကို တိုက်တွန်းသွား။

– အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ယူရိုအဖွင့်မှာ ပွဲထွက်ကစားခွင့်ရခဲ့တဲ့ တပည့်ဟောင်း မေဆန်မောင့်ဟာ လက်ရှိကမ္ဘာ့အကောင်းဆုံး ကွင်းလယ်တိုက်စစ်မှူးဖြစ်တယ်လို့ လမ်းပတ်က အထူးချီးကျူးသွားခဲ့ပြီး သူဟာ ဘောလုံးဉာဏ်ရည်ပြည့်ဝသလို အလုပ်ကိုလည်း ကျင့်ဝတ်ရှိရှိ လုပ်ကိုင်တတ်သူဖြစ်ကြောင်း ထုတ်ဖော်သွား။

– မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်းကြီး ရွိုင်ကိန်းက အင်္ဂလန်နဲ့ စကော့တလန်တို့ ကစားမယ့် ယူရိုအုပ်စုပွဲမှာ ချယ်လ်ဆီးကွင်းလယ်လူ ဘီလီ ဂီးလ်မိုးသာ အရန်ခုံကထလာရင် အင်္ဂလန်အသင်းကို ကောင်းကောင်းဒုက္ခရောက်သွားစေနိုင်ကြောင်း လှောင်ပြောင်သွားခဲ့ပြီး ၁၉ နှစ်သားလေးဟာ အနာဂတ်မှာ ကွင်းလယ်ကဝိဆရာတဆူဖြစ်လာလိမ့်မယ်လို့ ကြိုတင်ဟောကိန်းထုတ်သွား။

– ရပ်တန့်ဖို့ မဖြစ်နိုင်တဲ့ အန်ဂိုလို ကွန်တေဟာ အဆုတ် ၆ လုံး ပိုင်ဆိုင်ထားသူဖြစ်တယ်လို့ ပြင်သစ်အသင်းဖော် ဘန်ဂျမင် ပါဗတ်က ပြောင်ပြောင်မြောက်မြောက် ချီးမွမ်းသွားခဲ့သလို ချဲလ်ဆီးကွင်းလယ်လူကို ပြင်သစ်အသင်းနဲ့အတူ ယူရိုဘုရင်အဖြစ် ဗိုလ်ဝင်ခံပြီး ဘလွန်ဒေါဆုရှင် ဖြစ်လာစေလိုကြောင်း သူ့ရဲ့အာသီသကို ထုတ်ဖော်သွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– AS သတင္းရဲ႕ေဖာ္ျပခ်က္အရ ၇ ႏွစ္ၾကာလက္တြဲလာတဲ့ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ခြဲခြာၿပီး စိန္ေခၚမႈအသစ္ ရွာေဖြလိုေနတဲ့ တိုက္စစ္မႉး လီဗန္ေဒါ့ဗ္စကီးကို အတည္ေပါက္ကမ္းလွမ္းမႈ ျပဳလုပ္ထားတာဟာ ခ်ယ္လ္ဆီးအသင္းအပါအဝင္ အသင္းအနည္းသာရွိေနတယ္လို႔ သိရၿပီး တူဟယ္လ္ရဲ႕ဆြဲေဆာင္မႈေၾကာင့္ အလုပ္တြဲလုပ္လိုေနတဲ့ ပိုလန္သားရဲ႕ ဆႏၵကလည္း ရွိေနခ်ိန္မွာ ဟာလန္းကို တႏွစ္ဆိုင္းရမယ္ဆိုရင္ ၃၂ ႏွစ္အ႐ြယ္တိုက္စစ္မႉးကို အရန္သင့္ေခၚယူသြားဖို႔ အသင္းပိုင္ရွင္မိုဗစ္ခ်္ ျပင္ဆင္ထား။

– ျပင္သစ္နဲ႔ ဂ်ာမနီတို႔ကစားမယ့္ ယူ႐ိုအုပ္စုပြဲမွာ ျပင္သစ္တိုက္စစ္မႉး ခိုင္လ်န္ အမ္ဘာေပကို ခပ္ၾကမ္းၾကမ္းထိန္းခ်ဳပ္ကစားသြားမယ္လို႔ ခ်ယ္လ္ဆီးဗဟိုခံစစ္မႉး အန္တိုနီယို ႐ူဒီဂါက သတိေပးသြားခဲ့ၿပီး အမ္ဘာေပ၊ ဘန္ဇီမာ၊ ဂရိဇ္မန္းတို႔လို ကမာၻ႔အဆင့္တိုက္စစ္မႉးေတြကို ထိတ္လန႔္စဖြယ္ျဖစ္ေအာင္ ဘယ္လိုထိန္းမလဲဆိုတာ ေစာင့္ၾကည့္လိုက္လို႔ ႀကဳံးဝါး။

– ခ်ယ္လ္ဆီးနဲ႔ PSG အသင္းတို႔က အၿပိဳင္ကမ္းလွမ္းထားၾကတဲ့ အင္တာမီလန္ေတာင္ပံခံစစ္မႉး ဟာကီမီကို ေခၚယူဖို႔ PSG အသင္းက တပ္ေခါက္သြားခဲ့ၿပီျဖစ္လို႔ ခ်ယ္လ္ဆီးတသင္းကသာ လြတ္လြတ္ကြၽတ္ကြၽတ္ ညႇိႏႈိင္းေတာ့မွာျဖစ္ၿပီး ယူ႐ိုသန္း ၈၀ ေဈးကိုပါ ေလွ်ာ့ခ်သြားႏိုင္ဖြယ္ရွိလို႔ တူဟယ္လ္အတြက္ သတင္းေကာင္းျဖစ္လာဖြယ္ရွိ။

– ခ်ယ္လ္ဆီးရဲ႕ ဂ်ာမန္တိုက္စစ္အတြဲျဖစ္တဲ့ တီမို ဗာနာနဲ႔ ခိုင္ဟာဗတ္ဇ္တို႔ဟာ လာမယ့္ရာသီမွာ ကမာၻ႔အေကာင္းဆုံးကစားသမားေတြျဖစ္လာလိမ့္မယ္လို႔ လန္ဒန္ကြင္းလယ္လူေဟာင္း ဖာဘရီဂတ္စ္က သုံးသပ္သြားခဲ့ၿပီး ဂိုးေတြျဖဳန္းေနပါတယ္လို႔ ေဝဖန္ခံေနရပါတယ္ဆိုတဲ့ ဗာနာလို ကစားသမားမ်ိဳးဟာ ဒီေန႔ေခတ္မွာ အရမ္းတန္ဖိုးႀကီးမားသြားၿပီလို႔ ခ်ီးက်ဴးသြားခဲ့။

– ေဒါ့မန္တိုက္စစ္မႉး ဟားလန္းကို ေပါင္သန္း ၁၅၀ နဲ႔ ဝယ္ယူမယ့္ အစီအစဥ္ကို ေခ်ာင္ထိုးလိုက္ၿပီး ၿပီးခဲ့တဲ့ညက စေကာ့တလန္အသင္းကို ကြင္းလယ္ကေန ေျပာင္ေျပာင္ေျမာက္ေျမာက္ ဂိုးသြင္းယူသြားခဲ့တဲ့ ေလဗာကူဆင္တိုက္စစ္မႉး ပက္ထရစ္ရွစ္ခ္ကိုသာ ေခၚယူဖို႔ ခ်ယ္လ္ဆီးပရိသတ္တခ်ိဳ႕က တြစ္တာမွာ ေရးသားတိုက္တြန္းသြားခဲ့ၾကၿပီး ဒီေယဂို ေကာ္စတာကို ေျခရာနင္းမယ့္ တိုက္စစ္မႉးလို႔ မွတ္ခ်က္ခ်ခံထားရ။

– ခ်ယ္လ္ဆီးနည္းျပေဟာင္း ဖရန႔္လမ္းပတ္က မိမိအေနနဲ႔ အသင္းရဲ႕ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈကို သိပ္ေက်နပ္မိေၾကာင္း ဖြင့္ဟသြားခဲ့ၿပီး ေမဆန္ေမာင့္၊ ရီးစ္ဂ်ိမ္းစ္တို႔လို လူငယ္ေျခတက္ေလးေတြကို အသင္းမွာ အုတ္ျမစ္ခ်ၿပီး မိမိေမြးထုတ္ေပးႏိုင္ခဲ့လို႔ အခုလို ခ်န္ပီယံအျဖစ္ ပန္းဝင္ႏိုင္ခဲ့တာကို ဂုဏ္ယူေၾကာင္းေျပာသြားခ်ိန္မွာ တူဟယ္လ္ရဲ႕ စြမ္းေဆာင္ရည္ကိုပါ ခ်ီးက်ဴးသြား။

– ဟားလန္းလို အဆင့္ျမင့္တိုက္စစ္မႉးမ်ိဳးကို ေနာက္တႏွစ္ ထပ္ေစာင့္ၾကည့္ေနရင္ မွားသြားလိမ္မယ္လို႔ စပါးစ္ကစားသမားေဟာင္း ဂ်ာမိန္း ဂ်ီးနပ္စ္က ခ်ယ္လ္ဆီးအသင္းကို ေဝဖန္ ေျပာၾကားသြားခဲ့ၿပီး အသက္လည္းငယ္႐ြယ္လွတဲ့ ဟာလန္းကို ေဒါ့မန္အသင္းဆီမွာ ေပါင္သန္း ၂၀၀ ပစ္ေပးၿပီး ‘ေရာ့ပတၱျမား ေရာ့နဂါး’ လို႔ ဝယ္လာခဲ့သင့္ေၾကာင္း အသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္ကို တိုက္တြန္းသြား။

– အဂၤလန္လက္ေ႐ြးစင္အသင္းနဲ႔ ယူ႐ိုအဖြင့္မွာ ပြဲထြက္ကစားခြင့္ရခဲ့တဲ့ တပည့္ေဟာင္း ေမဆန္ေမာင့္ဟာ လက္ရွိကမာၻ႔အေကာင္းဆုံး ကြင္းလယ္တိုက္စစ္မႉးျဖစ္တယ္လို႔ လမ္းပတ္က အထူးခ်ီးက်ဴးသြားခဲ့ၿပီး သူဟာ ေဘာလုံးဉာဏ္ရည္ျပည့္ဝသလို အလုပ္ကိုလည္း က်င့္ဝတ္ရွိရွိ လုပ္ကိုင္တတ္သူျဖစ္ေၾကာင္း ထုတ္ေဖာ္သြား။

– မန္ခ်က္စတာယူႏိုက္တက္ကစားသမားေဟာင္းႀကီး ႐ြိဳင္ကိန္းက အဂၤလန္နဲ႔ စေကာ့တလန္တို႔ ကစားမယ့္ ယူ႐ိုအုပ္စုပြဲမွာ ခ်ယ္လ္ဆီးကြင္းလယ္လူ ဘီလီ ဂီးလ္မိုးသာ အရန္ခုံက ထလာရင္ အဂၤလန္အသင္းကို ေကာင္းေကာင္းဒုကၡေရာက္သြားေစႏိုင္ေၾကာင္း ေလွာင္ေျပာင္သြားခဲ့ၿပီး ၁၉ ႏွစ္သားေလးဟာ အနာဂတ္မွာ ကြင္းလယ္ကဝိဆရာတဆူျဖစ္လာလိမ့္မယ္လို႔ ႀကိဳတင္ေဟာကိန္းထုတ္သြား။

– ရပ္တန႔္ဖို႔ မျဖစ္ႏိုင္တဲ့ အန္ဂိုလို ကြန္ေတဟာ အဆုတ္ ၆ လုံး ပိုင္ဆိုင္ထားသူျဖစ္တယ္လို႔ ျပင္သစ္အသင္းေဖာ္ ဘန္ဂ်မင္ ပါဗတ္က ေျပာင္ေျပာင္ေျမာက္ေျမာက္ ခ်ီးမြမ္းသြားခဲ့သလို ခ်ဲလ္ဆီးကြင္းလယ္လူကို ျပင္သစ္အသင္းနဲ႔အတူ ယူ႐ိုဘုရင္အျဖစ္ ဗိုလ္ဝင္ခံၿပီး ဘလြန္ေဒါဆုရွင္ ျဖစ္လာေစလိုေၾကာင္း သူ႔ရဲ႕အာသီသကို ထုတ္ေဖာ္သြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.