Premier League Transfer News

15 Jun နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ အင်္ဂလန်တောင်ပံကစားသမား ရာဟင်းမ် စတာလင်ကို အမှန်တကယ်ပဲ ခေါ်ယူရရှိနိုင်တယ်လို့ ပရီးမီးယားလိဂ် ဂန္ထဝင်တိုက်စစ်မှူး အလန် ရှီးရားက သုံးသပ်လိုက်ပြီး ဂွါဒီယိုလာနဲ့ အဆင်မပြေတဲ့ ၂၆ နှစ်သားအနေနဲ့ မန်စီးတီးအတွက် သူ့ရဲ့ နောက်ဆုံးပွဲကို ကစားခဲ့ပြီးပြီလို့ ပြောကြား။

– တောင်ပံကစားသမားသစ်တစ်ဦး အလိုရှိနေတဲ့ အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ အဓိက Supplier ဖြစ်တဲ့ လိုင်လီအသင်းဘက်ကိုပဲ လှည့်ခဲ့ပြန်ပြီဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် ပြင်သစ်သား ဂျိုနသန် အီကိုနီကို မြင့်မားတဲ့ လုပ်ခလစာငွေနဲ့ ဆွဲဆောင်သွားဖွယ်ရှိနေ။

– ရိုးမားကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်တဲ့ ကွင်းလယ်လူက ဂရာနစ် ချာကာရဲ့ နေရာအတွက် ပြန်လည်အစားထိုးမှုအဖြစ် ရှုမြင်ထားတဲ့ ဆာဆူအိုလိုကွင်းလယ်လူ မာနူယယ်လ် လိုကာတယ်လီအနေနဲ့ အသင်းကနေ ထွက်ခွာဖို့နဲ့ နိုင်ငံခြားကို သွားဖို့ အဆင့်သင့်ဖြစ်နေပြီလို့ ပြောကြားလိုက်ပြီး ပေါင် ၃၄ သန်း(ယူရိုသန်း ၄၀) ပေးရင် အာဆင်နယ်တို့ ခေါ်ယူနိုင်ဖို့ ရှိနေ။

– နယူးကာဆယ်လ်နည်းပြ စတိဗ် ဘရုစ်အနေနဲ့ အသင်းပိုင်ရှင် မိုက်ခ် အက်ရှလီက ထုတ်ပေးဖို့ ရှိနေတဲ့ ပေါင်သန်း ၅၀ နဲ့အတူ အာဆင်နယ်ရဲ့ ကွင်းလယ်လူ ဂျိုးဝီလော့ခ်အတွက် ထက်ဝက်ပမာဏကို သုံးစွဲသွားဖို့ ရှိနေပြီး အမ်းမရိတ်ဘက်ကလည်း ရောင်းချဖို့ စဉ်းစားနေ။

– အာဆင်နယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘရိုက်တန်နောက်ခံလူ ဘန်ဝှိုက်ကို ရရှိဖို့ဆိုရင် ပေါင်သန်း ၄၀ အထက် ပေးရမှာ ဖြစ်တာကြောင့် ရရှိဖို့ ခက်ခဲပေမယ့် တကယ်တမ်း ခေါ်ယူနိုင်ခဲ့ရင်တော့ အတိုင်းထက်အလွန် ကောင်းမွန်တဲ့ ခံစစ်ပိုင်းကို ပိုင်ဆိုင်မှာ ဖြစ်ကြောင်း ကစားသမားဟောင်း နိုဝယ်လ် ဝှီးလန်းသုံးသပ်။

– စကိုင်းပို့စ်ရဲ့ ဘောလုံးကျွမ်းကျင်သူ ဂယ်ရီ နဗီးလ်က အာဆင်နယ်အသင်းအနေနဲ့ ခံစစ်ပိုင်းမှာ စုတ်ပြတ်သတ်နေတဲ့ နယ်သာလန် နောက်ခံလူကို ပဲလေ့စ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အစီအစဉ်ကို ရှေ့မဆက်သင့်ဘူးလို့ ယူကရိန်းကို နှစ်ဂိုးပေးခဲ့ရတဲ့ ပွဲအပြီးမှာ အကြံပေးသွား။

– ခရစ္စတယ်လ်ပဲလေ့စ်အသင်းအနေနဲ့ အမ်းမရိတ်ကနေ ထွက်ခွာဖို့ ရှိနေတဲ့ လူငယ်တိုက်စစ်မှူး အက်ဒီ နကီးတီးယားအတွက် ပြိုင်ပွဲထဲကို ဝင်ရောက်လာခဲ့ပြီဖြစ်ပြီး ပြည်တွင်းပြိုင်ဘက် ဝက်စ်ဟမ်း၊ ဝတ်ဖို့ဒ်အပြင် ဘွန်ဒက်စ်လီဂါအသင်း လေဗာကူဆင်တို့နဲ့အပြိုင် ခေါ်ယူသွားဖို့ ပြင်ဆင်လာ။

– အသင်းရဲ့ ကွင်းလယ်တိုက်စစ်အတွက် အာဆင်နယ်အသင်းမှာ ရွေးချယ်စရာ များများစားစား မရှိတော့ဘဲ ကြံ့ခိုင်မှုနဲ့ အသက်အရွယ်အရ ပရိသတ်မကြိုက်တဲ့ ရီးရဲလ်ဘက်တစ်ကွင်းလယ်လူ နာဘီလ် ဖီကီယာအစား ဒေါ့မွန်ရဲ့ ဂျူလီယန် ဘရန့်ဒ်တစ်ဦးတည်းသာ ကျန်ရှိနေပြီး ပေါင် ၂၁.၅ သန်းနဲ့ ခေါ်ယူနိုင်ဖွယ်ရှိနေ။

– လိုင်လီအသင်းရဲ့ နောက်ခံလူ ဇီကီ ချယ်လိခ်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်၊ ဖီအိုရင်တီးနားတို့နဲ့ အပြိုင် ကြိုးပမ်းရမှာဖြစ်ပြီး အသင်းနှစ်သင်းကြား နှစ်ကာလကြာရှည်စွာ ရှိနေခဲ့တဲ့ ကစားသမားခေါ်ယူမှု ဆက်ဆံရေးအပေါ် အားသာချက်အဖြစ် သုံးစွဲနိုင်ဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ အဂၤလန္ေတာင္ပံကစားသမား ရာဟင္းမ္ စတာလင္ကို အမွန္တကယ္ပဲ ေခၚယူရရွိႏိုင္တယ္လို႔ ပရီးမီးယားလိဂ္ ဂႏၴဝင္တိုက္စစ္မႉး အလန္ ရွီးရားက သုံးသပ္လိုက္ၿပီး ဂြါဒီယိုလာနဲ႔ အဆင္မေျပတဲ့ ၂၆ ႏွစ္သားအေနနဲ႔ မန္စီးတီးအတြက္ သူ႔ရဲ႕ ေနာက္ဆုံးပြဲကို ကစားခဲ့ၿပီးၿပီလို႔ ေျပာၾကား။

– ေတာင္ပံကစားသမားသစ္တစ္ဦး အလိုရွိေနတဲ့ အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ အဓိက Supplier ျဖစ္တဲ့ လိုင္လီအသင္းဘက္ကိုပဲ လွည့္ခဲ့ျပန္ၿပီျဖစ္ၿပီး အသက္ ၂၃ ႏွစ္အ႐ြယ္ ျပင္သစ္သား ဂ်ိဳနသန္ အီကိုနီကို ျမင့္မားတဲ့ လုပ္ခလစာေငြနဲ႔ ဆြဲေဆာင္သြားဖြယ္ရွိေန။

– ႐ိုးမားကို ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ေနၿပီျဖစ္တဲ့ ကြင္းလယ္လူက ဂရာနစ္ ခ်ာကာရဲ႕ ေနရာအတြက္ ျပန္လည္အစားထိုးမႈအျဖစ္ ရႈျမင္ထားတဲ့ ဆာဆူအိုလိုကြင္းလယ္လူ မာႏူယယ္လ္ လိုကာတယ္လီအေနနဲ႔ အသင္းကေန ထြက္ခြာဖို႔နဲ႔ ႏိုင္ငံျခားကို သြားဖို႔ အဆင့္သင့္ျဖစ္ေနၿပီလို႔ ေျပာၾကားလိုက္ၿပီး ေပါင္ ၃၄ သန္း(ယူ႐ိုသန္း ၄၀) ေပးရင္ အာဆင္နယ္တို႔ ေခၚယူႏိုင္ဖို႔ ရွိေန။

– နယူးကာဆယ္လ္နည္းျပ စတိဗ္ ဘ႐ုစ္အေနနဲ႔ အသင္းပိုင္ရွင္ မိုက္ခ္ အက္ရွလီက ထုတ္ေပးဖို႔ ရွိေနတဲ့ ေပါင္သန္း ၅၀ နဲ႔အတူ အာဆင္နယ္ရဲ႕ ကြင္းလယ္လူ ဂ်ိဳးဝီေလာ့ခ္အတြက္ ထက္ဝက္ပမာဏကို သုံးစြဲသြားဖို႔ ရွိေနၿပီး အမ္းမရိတ္ဘက္ကလည္း ေရာင္းခ်ဖို႔ စဥ္းစားေန။

– အာဆင္နယ္အသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ ဘ႐ိုက္တန္ေနာက္ခံလူ ဘန္ဝႈိက္ကို ရရွိဖို႔ဆိုရင္ ေပါင္သန္း ၄၀ အထက္ ေပးရမွာ ျဖစ္တာေၾကာင့္ ရရွိဖို႔ ခက္ခဲေပမယ့္ တကယ္တမ္း ေခၚယူႏိုင္ခဲ့ရင္ေတာ့ အတိုင္းထက္အလြန္ ေကာင္းမြန္တဲ့ ခံစစ္ပိုင္းကို ပိုင္ဆိုင္မွာ ျဖစ္ေၾကာင္း ကစားသမားေဟာင္း ႏိုဝယ္လ္ ဝွီးလန္းသုံးသပ္။

– စကိုင္းပို႔စ္ရဲ႕ ေဘာလုံးကြၽမ္းက်င္သူ ဂယ္ရီ နဗီးလ္က အာဆင္နယ္အသင္းအေနနဲ႔ ခံစစ္ပိုင္းမွာ စုတ္ျပတ္သတ္ေနတဲ့ နယ္သာလန္ ေနာက္ခံလူကို ပဲေလ့စ္ကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူဖို႔ အစီအစဥ္ကို ေရွ႕မဆက္သင့္ဘူးလို႔ ယူကရိန္းကို ႏွစ္ဂိုးေပးခဲ့ရတဲ့ ပြဲအၿပီးမွာ အႀကံေပးသြား။

– ခရစၥတယ္လ္ပဲေလ့စ္အသင္းအေနနဲ႔ အမ္းမရိတ္ကေန ထြက္ခြာဖို႔ ရွိေနတဲ့ လူငယ္တိုက္စစ္မႉး အက္ဒီ နကီးတီးယားအတြက္ ၿပိဳင္ပြဲထဲကို ဝင္ေရာက္လာခဲ့ၿပီျဖစ္ၿပီး ျပည္တြင္းၿပိဳင္ဘက္ ဝက္စ္ဟမ္း၊ ဝတ္ဖို႔ဒ္အျပင္ ဘြန္ဒက္စ္လီဂါအသင္း ေလဗာကူဆင္တို႔နဲ႔အၿပိဳင္ ေခၚယူသြားဖို႔ ျပင္ဆင္လာ။

– အသင္းရဲ႕ ကြင္းလယ္တိုက္စစ္အတြက္ အာဆင္နယ္အသင္းမွာ ေ႐ြးခ်ယ္စရာ မ်ားမ်ားစားစား မရွိေတာ့ဘဲ ႀကံ့ခိုင္မႈနဲ႔ အသက္အ႐ြယ္အရ ပရိသတ္မႀကိဳက္တဲ့ ရီးရဲလ္ဘက္တစ္ကြင္းလယ္လူ နာဘီလ္ ဖီကီယာအစား ေဒါ့မြန္ရဲ႕ ဂ်ဴလီယန္ ဘရန႔္ဒ္တစ္ဦးတည္းသာ က်န္ရွိေနၿပီး ေပါင္ ၂၁.၅ သန္းနဲ႔ ေခၚယူႏိုင္ဖြယ္ရွိေန။

– လိုင္လီအသင္းရဲ႕ ေနာက္ခံလူ ဇီကီ ခ်ယ္လိခ္ကို ေခၚယူဖို႔ အာဆင္နယ္အသင္းအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္၊ ဖီအိုရင္တီးနားတို႔နဲ႔ အၿပိဳင္ ႀကိဳးပမ္းရမွာျဖစ္ၿပီး အသင္းႏွစ္သင္းၾကား ႏွစ္ကာလၾကာရွည္စြာ ရွိေနခဲ့တဲ့ ကစားသမားေခၚယူမႈ ဆက္ဆံေရးအေပၚ အားသာခ်က္အျဖစ္ သုံးစြဲႏိုင္ဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.