Premier League

အနာဂတ်နဲ့ပတ်သက်ပြီး ဆိုးလ်ရှားနဲ့သီးသန့် တွေ့ဆုံခဲ့ကြပြီး RICE ရဲ့ ဂျာစီကို လင်ဂတ်ဝတ်ဆင်ခဲ့

ပြီးခဲ့တဲ့ညက ကစားခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်က ဝင်ဘလေကွင်းမှာ ခရိုအေးရှားကို ရာဟင်းမ် စတာလင်းရဲ့ အနိုင်ဂိုးနဲ့ ၁ ဂိုး ဂိုးမရှိ အနိုင်ယူခဲ့တဲ့ပွဲစဥ််ကို ယူနိက်တက်ကွင်းလယ်လူ ဂျက်စီ လင်ဂတ်တယောက်ဟာ ပခုံးပေါ် ကြက်တူရွေးတကောင် တင်ဆောင်ရင်း ဘီယာဆိုင်တခုမှာ တကိုယ်တော်ထိုင်ကြည့်ပြီး အားပေးနေခဲ့ကြောင်း သိရပါတယ်။

သူ့အနေနဲ့ နည်းပြဆောက်ဂိတ်နဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တိုက်ပွဲဝင်ခဲ့ဖူးပေမယ့် အခု ယူရို ၂၀၂၀ မှာတော့ အင်္ဂလန်လူစာရင်းကနေ ချန်လှပ်ခံထားခဲ့ရတာပါ။ ဒါပေမယ့် လင်ဂတ်ကတော့ အင်္ဂလန်အသင်းကို အားပေးနေကြောင်း အင်စတေဂရမ်မှာ ဓာတ်ပုံတင်ပြီး သူ့ရဲ့ထောက်ခံမှုကို ပြသခဲ့တာပါ။

ထူးခြားချက်တခုအနေနဲ့ မြင်တွေ့ရတာက အင်္ဂလန်အသင်းကို အားပေးဖို့ သူဝတ်ဆင်ထားတဲ့ဂျာစီမှာ ယူနိုက်တက်က အရင်းနှီးဆုံးသူငယ်ချင်း မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့အမည်ကို မတွေ့ခဲ့ရဘဲ ရာသီဝက် အငှားသွားကစားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ရဲ့ အမည်ကို ရေးထိုးထားတဲ့ ဂျာစီကို ဝတ်ဆင်ထားခဲ့တာပါ။

ဒါဟာ ဒီနွေအပြောင်းအရွှေ့မှာ လင်ဂတ်ဘာလဲ ဘယ်လဲ ဆိုတဲ့မေးခွန်းတွေအတွက် သဲလွန်စတခုဖြစ်လာခဲ့ပြီလားလို့ တွေးဆစရာ ရှိလာတာပါ။ သူဟာ ပြီးခဲတဲ့ဇန်နဝါရီမှာ အရှေ့လန်ဒန်အသင်းမှာ EPL ၁၆ ပွဲကစား၊ ၉ ဂိုးသွင်း၊ ၄ ဂိုးဖန်တီးပြီး ဒေးဗစ်မွိုက်စ်ကို ယူရိုပါလိဂ်ဝင်ခွင့်နဲ့အတူ အထူးကျေနပ်စေခဲ့သူ ဖြစ်ပါတယ်။

ပရိသတ်အတော်များများကလည်း ယူနိုက်တက်အကယ်ဒမီမှာ ၈ နှစ်သားတည်းက ပေါင်းသင်းလာတဲ့ မားကပ်စ်ရဲ့ အမည်ပါတဲ့ ဂျာစီကို လင်ဂတ်ဘာကြောင့်မဝတ်ခဲ့ရသလဲလို့ အံ့အားသင့်ခဲ့ရချိန်မှာ လင်ဂတ်အနေနဲ့ သူ့ရဲ့အနာဂတ်ကို အိပ်မက်ကဇာတ်ရုံကြီးမှာ ဆက်လက်ရှိနေမှာမဟုတ်ကြောင်း ​​ကြိုအသိပေးခဲ့လေသလားလို့သာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရတယ်။

The Sun သတင်းရဲ့ ဖော်ပြချက်မှာတော့ ယူနိုက်တက်နည်းပြအိုလေ ဂန်းနား ဆိုးလ်ရှားဟာ လင်ဂတ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကစားသမားနဲ့ သီးသန့်တွေ့ဆုံကာ ဆွေးနွေးခဲ့​ကြောင်း သိရပါတယ်။ ဒီဆွေးနွေးမှုမှာတော့ လင်ဂတ်အနေနဲ့ ယူနိုက်တက်မှာသာ ဆက်နေချင်ကြောင်း အိုလေကို တောင်းဆိုသွားခဲ့တယ်လို့ သိရှိထားရပါတယ်။

ယူနိုက်တက်အသင်းနဲ့အတူ EFL ဖလား၊ FA ဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေကို အောင်မြင်ထားခဲ့တဲ့ ၂၈ နှစ်သားဟာ အိုးထရက်ဖို့ဒ်မြေသာ သူ့ရဲ့အကောင်းဆုံးအိမ်လို့ သတ်မှတ်ထားကြောင်း သိရပြီး ဝက်စ်ဟမ်းအသင်းဆီ အပြီးသတ်ခေါ်ယူသွားလိုနေတဲ့ မွိုက်စ်ရဲ့ဆန္ဒကို ပယ်ချထားခြင်း မရှိသော်ငြား လမ်းပျောက်ခဲ့ရတဲ့ ဆိုးလ်ရှားလက်အောက်မှာသာ သူ့ရဲ့ခြေစွမ်းနဲ့ တန်ဖိုးကို ပြန်လည်သက်သေပြသသွားလိုနေလည်းဖြစ်ကြောင်း တင်ဆက်ပေးပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့တဲ့ညက ကစားခဲ့တဲ့ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ အဂၤလန္က ဝင္ဘေလကြင္းမွာ ခ႐ိုေအးရွားကို ရာဟင္းမ္ စတာလင္းရဲ႕ အႏိုင္ဂိုးနဲ႔ ၁ ဂိုး ဂိုးမရွိ အႏိုင္ယူခဲ့တဲ့ပြဲစဥ္္ကို ယူနိက္တက္ကြင္းလယ္လူ ဂ်က္စီ လင္ဂတ္တေယာက္ဟာ ပခုံးေပၚ ၾကက္တူေ႐ြးတေကာင္ တင္ေဆာင္ရင္း ဘီယာဆိုင္တခုမွာ တကိုယ္ေတာ္ထိုင္ၾကည့္ၿပီး အားေပးေနခဲ့ေၾကာင္း သိရပါတယ္။

သူ႔အေနနဲ႔ နည္းျပေဆာက္ဂိတ္နဲ႔အတူ ၂၀၁၈ ကမာၻ႔ဖလားမွာ ဆီမီးဖိုင္နယ္အဆင့္အထိ တိုက္ပြဲဝင္ခဲ့ဖူးေပမယ့္ အခု ယူ႐ို ၂၀၂၀ မွာေတာ့ အဂၤလန္လူစာရင္းကေန ခ်န္လွပ္ခံထားခဲ့ရတာပါ။ ဒါေပမယ့္ လင္ဂတ္ကေတာ့ အဂၤလန္အသင္းကို အားေပးေနေၾကာင္း အင္စေတဂရမ္မွာ ဓာတ္ပုံတင္ၿပီး သူ႔ရဲ႕ေထာက္ခံမႈကို ျပသခဲ့တာပါ။

ထူးျခားခ်က္တခုအေနနဲ႔ ျမင္ေတြ႕ရတာက အဂၤလန္အသင္းကို အားေပးဖို႔ သူဝတ္ဆင္ထားတဲ့ဂ်ာစီမွာ ယူႏိုက္တက္က အရင္းႏွီးဆုံးသူငယ္ခ်င္း မားကပ္စ္ ရက္ရွ္ဖို႔ဒ္ရဲ႕အမည္ကို မေတြ႕ခဲ့ရဘဲ ရာသီဝက္ အငွားသြားကစားခဲ့တဲ့ ဝက္စ္ဟမ္းအသင္းရဲ႕ ကြင္းလယ္လူ ဒက္ကလန္႐ိုက္စ္ရဲ႕ အမည္ကို ေရးထိုးထားတဲ့ ဂ်ာစီကို ဝတ္ဆင္ထားခဲ့တာပါ။

ဒါဟာ ဒီေႏြအေျပာင္းအေ႐ႊ႕မွာ လင္ဂတ္ဘာလဲ ဘယ္လဲ ဆိုတဲ့ေမးခြန္းေတြအတြက္ သဲလြန္စတခုျဖစ္လာခဲ့ၿပီလားလို႔ ေတြးဆစရာ ရွိလာတာပါ။ သူဟာ ၿပီးခဲတဲ့ဇန္နဝါရီမွာ အေရွ႕လန္ဒန္အသင္းမွာ EPL ၁၆ ပြဲကစား၊ ၉ ဂိုးသြင္း၊ ၄ ဂိုးဖန္တီးၿပီး ေဒးဗစ္မြိဳက္စ္ကို ယူ႐ိုပါလိဂ္ဝင္ခြင့္နဲ႔အတူ အထူးေက်နပ္ေစခဲ့သူ ျဖစ္ပါတယ္။

ပရိသတ္အေတာ္မ်ားမ်ားကလည္း ယူႏိုက္တက္အကယ္ဒမီမွာ ၈ ႏွစ္သားတည္းက ေပါင္းသင္းလာတဲ့ မားကပ္စ္ရဲ႕ အမည္ပါတဲ့ ဂ်ာစီကို လင္ဂတ္ဘာေၾကာင့္မဝတ္ခဲ့ရသလဲလို႔ အံ့အားသင့္ခဲ့ရခ်ိန္မွာ လင္ဂတ္အေနနဲ႔ သူ႔ရဲ႕အနာဂတ္ကို အိပ္မက္ကဇာတ္႐ုံႀကီးမွာ ဆက္လက္ရွိေနမွာမဟုတ္ေၾကာင္း ​​ႀကိဳအသိေပးခဲ့ေလသလားလို႔သာ ေမးခြန္းထုတ္စရာ ျဖစ္ခဲ့ရတယ္။

The Sun သတင္းရဲ႕ ေဖာ္ျပခ်က္မွာေတာ့ ယူႏိုက္တက္နည္းျပအိုေလ ဂန္းနား ဆိုးလ္ရွားဟာ လင္ဂတ္ရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး ကစားသမားနဲ႔ သီးသန္႔ေတြ႕ဆုံကာ ေဆြးေႏြးခဲ့​ေၾကာင္း သိရပါတယ္။ ဒီေဆြးေႏြးမႈမွာေတာ့ လင္ဂတ္အေနနဲ႔ ယူႏိုက္တက္မွာသာ ဆက္ေနခ်င္ေၾကာင္း အိုေလကို ေတာင္းဆိုသြားခဲ့တယ္လို႔ သိရွိထားရပါတယ္။

ယူႏိုက္တက္အသင္းနဲ႔အတူ EFL ဖလား၊ FA ဖလားနဲ႔ ယူ႐ိုပါလိဂ္ဖလားေတြကို ေအာင္ျမင္ထားခဲ့တဲ့ ၂၈ ႏွစ္သားဟာ အိုးထရက္ဖို႔ဒ္ေျမသာ သူ႔ရဲ႕အေကာင္းဆုံးအိမ္လို႔ သတ္မွတ္ထားေၾကာင္း သိရၿပီး ဝက္စ္ဟမ္းအသင္းဆီ အၿပီးသတ္ေခၚယူသြားလိုေနတဲ့ မြိဳက္စ္ရဲ႕ဆႏၵကို ပယ္ခ်ထားျခင္း မရွိေသာ္ျငား လမ္းေပ်ာက္ခဲ့ရတဲ့ ဆိုးလ္ရွားလက္ေအာက္မွာသာ သူ႔ရဲ႕ေျခစြမ္းနဲ႔ တန္ဖိုးကို ျပန္လည္သက္ေသျပသသြားလိုေနလည္းျဖစ္ေၾကာင္း တင္ဆက္ေပးပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.