Premier League

ရော်နယ်ဒိုထက် ခြေတလှမ်းနောက်ကျနေတဲ့ အမည်းစက်ကို ပယ်ဖျက်ဖို့ အာဂျင်တီးနားအသင်းကို သတိပေးလိုက်တဲ့ မက်ဆီ

ဘာစီလိုနာနဲ့ အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးကြီး လီယွန်နယ် မက်ဆီက အာဂျင်တီးနားအသင်းအနေနဲ့ မိမိတဦးတည်းအပေါ်မှာ လုံးလုံးလျားလျား မှီတည်နေတယ်ဆိုတာကို ဘယ်တုန်းကမှ မယုံကြည်ထားကြောင်း ဝေဖန်မှုတွေကို ပယ်ချသွားခဲ့ပြီး ဒီနှစ်ကိုပါအမေရိကဖလားကို သူ့ရဲ့ နိုင်ငံတကာအဆင့် ပထမဆုံးဖလားအဖြစ် အရယူသွားဖို့ သန္ဒိဌာန်ချထားကြောင်း ကြုံးဝါးသွားခဲ့ပါတယ်။

မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့အတူ မရဖူးတဲ့ ဥရောထိပ်သီးဖလားဆိုတာ မရှိသလောက်အထိ အသင်းလိုက်ဆုဖလားအောင်မြင်မှု၊ တကိုယ်တော်စံချိန်တင်ဆုတံဆိပ်တွေနဲ့ ခမ်းနားခဲ့ပြီး ကက်တလန်သူရဲကောင်းဖြစ်ခဲ့ချိန်မှာ အာဂျင်တီးနားလက်ရွေးစင်အသင်းမှာတော့ မယ်မယ်ရရ ဆုဖလားအောင်​မြင်မှုဆိုတာ သုညအခြေအနေမှာသာ ရှိနေတာကတော့ သူ့ကစားသမားဘဝရဲ့ အမည်းစက်တခုလည်း ဖြစ်နေခဲ့တာပါ။

မက်ဆီ၏ ခေတ်ပြိုင်ဘက် ရော်နယ်ဒိုအနေနဲ့မူ နိုင်ငံအသင်း ပေါ်တူဂီနှင့် ယူရို ၂၀၁၆ မှာ ဗိုလ်စွဲခဲ့သလို ယူအီးအက်ဖ်အေ နေရှင်နယ်လိဂ် ၂၀၁၈ မှာလည်း ဗိုလ်စွဲခဲ့ကာ ဆုဖလား ရယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ နာမည်ကျော် ဘောလုံးသမား မက်ဆီအတွက်တော့ ယခုနှစ် ကိုပါအမေရိက ဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းနဲ့အတူ ဆုဖလားရအောင် ယူနိုင်ခဲ့မှ ကစားသမားဘဝအတွက် ပြီးပြည့်စုံတဲ့ အောင်မြင်မှုဖြစ်လာမှာ ဖြစ်ပါတယ်။

အာဂျင်တီးနားအတွက် ၁၅ နှစ်တာ ပေးဆပ်ကစားလာခဲ့တဲ့ မက်ဆီရဲ့အဖြစ်ဟာ ၂၀၁၄ ကမ္ဘာ့ဖလားဖိုင်နယ်ကို တက်ခဲ့ပေမယ့် ဂျာမနီကို ရှုံးခဲ့ပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရသလို ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိဖလားမှာလည်း ချီလီအသင်းကို ရှုံးနိမ့်ပြီး ကံချော်ခဲ့ရသလို အာဂျင်တီးနားရဲ့ ကံကြမ္မာက ၁၉၉၃ နောက်ပိုင်း တောင်အမေရိကအောင်မြင်မှု မရတော့တာပါ။

မက်ဆီအနေနဲ့ ဒါကို ရိုက်ချိုးသွားဖို့ ပြင်ဆင်နေပြီး မိမိတို့အသင်းအနေနဲ့ အမြင့်ဆုံးခြေစွမ်းနဲ့ ပြန်လာပြီလို့ ကြုံးဝါးကာ တောင်အမေရိကပြိုင်ဘက်အသင်းတွေကို သတိပေးသွားခဲ့သလို လက်ရှိမှာတော့ ချီလီ၊ ဘိုလစ်ဗီးလား၊ ပါရာဂွေး၊ ဥရုဂွေးတို့နဲ့အတူ အုပ်စု A တအုပ်စုတည်းကျရောက်ပြီး ဥရောပတိုက်ရဲ့ ယူရို ၂၀၂၀ နဲ့အပြိုင် တောင်အမေရိကတိုက်ရဲ့ ကိုပါအမေရိကဖလားကို ယှဥ်ပြိုင်ကစားနေတာပါ။

” ဘယ်တုန်းကမှ အာဂျင်တီးနားအသင်းက ကျွန်တော့်တယောက်တည်းအပေါ် မှီခိုနေခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့အသင်းက အသင်းတသင်းအနေနဲ့သာ အားကောင်းအောင် စုဖွဲ့နိုင်ဖို့ အမြဲကြိုးစားနေတာပါ။ ဒီလိုမှမဟုတ်ရင် ဆုဖလားအောင်မြင်မှုဆိုတာ ခက်ခဲသွားပါလိမ့်မယ် ”

” နိုင်ငံအသင်းအတွက် ပေးဆပ်ကစားဖို့ ကျွန်တော်အမြဲတမ်း အသင့်​ရှိနေပါတယ်။ အာဂျင်တီးနားအသင်းနဲ့ ဗိုလ်စွဲနိုင်ဖို့ဟာ ကျွန်တော်ရဲ့ အကြီးမားဆုံးအိပ်မက်ပါ။ ဆုဖလားမရမချင်း တိုက်ပွဲဝင်သွားမှာပါ။ ဒါ ကျွန်တော့်ရဲ့ သန္ဒိဌာန်ပါ ”

” အကြိမ်ပေါင်းများစွာ နီးစပ်ခဲ့ပေမယ့် အာဂျင်တီးနားအသင်းနဲ့ မအောင်မြင်သေးပါဘူး။ အခု့ချိန်မှာတော့ ကျွန်တော်တို့အသင်းရဲ့ ကစားပုံက အမြင့်ဆုံးခြေစွမ်းနဲ့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ခပ်ရှင်းရှင်းပြောပါရစေ။ ဒါကြောင့် ကိုပါအမေရိကဖလားကို ရအောင်ယူပါမယ်။ ကျွန်တော်တို့ ရယူချိန်တန်ပါပြီ” လို့ မက်ဆီက သူ့ရဲ့ ပိုင်းဖြတ်မှုကို စိတ်ဓာတ်ခပ်ပြင်းပြင်းနဲ့ ပြောသွားခဲ့ပါတယ်။

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကိုပါအမေရိက အုပ်စုအေ၏ ပထမဆုံး ပွဲစဉ်မှာ မက်ဆီရဲ့ အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိက အဓိက ပြိုင်ဘက် ချီလီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ပွဲချိန် ၃၃ မိနစ်မှာ ရရှိတဲ့ ဖရီးကစ်ကို မက်ဆီက လှလှ ပပကန်သွင်းပြီး အာဂျင်တီးနားအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ပေးနိုင်ခဲ့ပါတယ်။

သို့ပေမယ့် ပွဲကစားချိန် ၅၅ မိနစ်မှာ ချီလီအသင်းက ရရှိခဲ့တဲ့ ပယ်နယ်တီကို ချီလီအသင်းခေါင်းဆောင် ဗီဒယ်လ်ကန်သွင်းမှုကို ဂိုးသမား မာတီနက်ဇ် ကာကွယ်ခဲ့ပေမယ့် ပြန်ထွက်လာသော ဘောလုံးကို အီကွာဒို ဗားဂတ်စ်က အပြင်းပိတ်သွင်းခဲ့တဲ့အတွက် တစ်ဖက် တစ်ဂိုးစီနဲ့ သရေကျခဲ့ပါတဲ့အတွက် မက်ဆီအတွက် စိတ်ပျက်စရာ အနည်းငယ်ဖြစ်ခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဘာစီလိုနာနဲ႔ အာဂ်င္တီးနားလက္ေ႐ြးစင္တိုက္စစ္မႉးႀကီး လီယြန္နယ္ မက္ဆီက အာဂ်င္တီးနားအသင္းအေနနဲ႔ မိမိတဦးတည္းအေပၚမွာ လုံးလုံးလ်ားလ်ား မွီတည္ေနတယ္ဆိုတာကို ဘယ္တုန္းကမွ မယုံၾကည္ထားေၾကာင္း ေဝဖန္မႈေတြကို ပယ္ခ်သြားခဲ့ၿပီး ဒီႏွစ္ကိုပါအေမရိကဖလားကို သူ႔ရဲ႕ ႏိုင္ငံတကာအဆင့္ ပထမဆုံးဖလားအျဖစ္ အရယူသြားဖို႔ သႏၵိဌာန္ခ်ထားေၾကာင္း ႀကဳံးဝါးသြားခဲ့ပါတယ္။

မက္ဆီဟာ ဘာစီလိုနာအသင္းနဲ႔အတူ မရဖူးတဲ့ ဥေရာထိပ္သီးဖလားဆိုတာ မရွိသေလာက္အထိ အသင္းလိုက္ဆုဖလားေအာင္ျမင္မႈ၊ တကိုယ္ေတာ္စံခ်ိန္တင္ဆုတံဆိပ္ေတြနဲ႔ ခမ္းနားခဲ့ၿပီး ကက္တလန္သူရဲေကာင္းျဖစ္ခဲ့ခ်ိန္မွာ အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းမွာေတာ့ မယ္မယ္ရရ ဆုဖလားေအာင္​ျမင္မႈဆိုတာ သုညအေျခအေနမွာသာ ရွိေနတာကေတာ့ သူ႔ကစားသမားဘဝရဲ႕ အမည္းစက္တခုလည္း ျဖစ္ေနခဲ့တာပါ။

မက္ဆီ၏ ေခတ္ၿပိဳင္ဘက္ ေရာ္နယ္ဒိုအေနနဲ႔မူ ႏိုင္ငံအသင္း ေပၚတူဂီႏွင့္ ယူ႐ို ၂၀၁၆ မွာ ဗိုလ္စြဲခဲ့သလို ယူအီးအက္ဖ္ေအ ေနရွင္နယ္လိဂ္ ၂၀၁၈ မွာလည္း ဗိုလ္စြဲခဲ့ကာ ဆုဖလား ရယူႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။ နာမည္ေက်ာ္ ေဘာလုံးသမား မက္ဆီအတြက္ေတာ့ ယခုႏွစ္ ကိုပါအေမရိက ဖလားၿပိဳင္ပြဲမွာ ႏိုင္ငံအသင္းနဲ႔အတူ ဆုဖလားရေအာင္ ယူႏိုင္ခဲ့မွ ကစားသမားဘဝအတြက္ ၿပီးျပည့္စုံတဲ့ ေအာင္ျမင္မႈျဖစ္လာမွာ ျဖစ္ပါတယ္။

အာဂ်င္တီးနားအတြက္ ၁၅ ႏွစ္တာ ေပးဆပ္ကစားလာခဲ့တဲ့ မက္ဆီရဲ႕အျဖစ္ဟာ ၂၀၁၄ ကမာၻ႔ဖလားဖိုင္နယ္ကို တက္ခဲ့ေပမယ့္ ဂ်ာမနီကို ရႈံးခဲ့ၿပီး ဒုတိယနဲ႔သာ ေက်နပ္ခဲ့ရသလို ၂၀၁၅၊ ၂၀၁၆ ကိုပါအေမရိဖလားမွာလည္း ခ်ီလီအသင္းကို ရႈံးနိမ့္ၿပီး ကံေခ်ာ္ခဲ့ရသလို အာဂ်င္တီးနားရဲ႕ ကံၾကမၼာက ၁၉၉၃ ေနာက္ပိုင္း ေတာင္အေမရိကေအာင္ျမင္မႈ မရေတာ့တာပါ။

မက္ဆီအေနနဲ႔ ဒါကို ႐ိုက္ခ်ိဳးသြားဖို႔ ျပင္ဆင္ေနၿပီး မိမိတို႔အသင္းအေနနဲ႔ အျမင့္ဆုံးေျခစြမ္းနဲ႔ ျပန္လာၿပီလို႔ ႀကဳံးဝါးကာ ေတာင္အေမရိကၿပိဳင္ဘက္အသင္းေတြကို သတိေပးသြားခဲ့သလို လက္ရွိမွာေတာ့ ခ်ီလီ၊ ဘိုလစ္ဗီးလား၊ ပါရာေဂြး၊ ဥ႐ုေဂြးတို႔နဲ႔အတူ အုပ္စု A တအုပ္စုတည္းက်ေရာက္ၿပီး ဥေရာပတိုက္ရဲ႕ ယူ႐ို ၂၀၂၀ နဲ႔အၿပိဳင္ ေတာင္အေမရိကတိုက္ရဲ႕ ကိုပါအေမရိကဖလားကို ယွဥ္ၿပိဳင္ကစားေနတာပါ။

” ဘယ္တုန္းကမွ အာဂ်င္တီးနားအသင္းက ကြၽန္ေတာ့္တေယာက္တည္းအေပၚ မွီခိုေနခဲ့တာ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔အသင္းက အသင္းတသင္းအေနနဲ႔သာ အားေကာင္းေအာင္ စုဖြဲ႕ႏိုင္ဖို႔ အၿမဲႀကိဳးစားေနတာပါ။ ဒီလိုမွမဟုတ္ရင္ ဆုဖလားေအာင္ျမင္မႈဆိုတာ ခက္ခဲသြားပါလိမ့္မယ္ ”

” ႏိုင္ငံအသင္းအတြက္ ေပးဆပ္ကစားဖို႔ ကြၽန္ေတာ္အၿမဲတမ္း အသင့္​ရွိေနပါတယ္။ အာဂ်င္တီးနားအသင္းနဲ႔ ဗိုလ္စြဲႏိုင္ဖို႔ဟာ ကြၽန္ေတာ္ရဲ႕ အႀကီးမားဆုံးအိပ္မက္ပါ။ ဆုဖလားမရမခ်င္း တိုက္ပြဲဝင္သြားမွာပါ။ ဒါ ကြၽန္ေတာ့္ရဲ႕ သႏၵိဌာန္ပါ ”

” အႀကိမ္ေပါင္းမ်ားစြာ နီးစပ္ခဲ့ေပမယ့္ အာဂ်င္တီးနားအသင္းနဲ႔ မေအာင္ျမင္ေသးပါဘူး။ အခု႔ခ်ိန္မွာေတာ့ ကြၽန္ေတာ္တို႔အသင္းရဲ႕ ကစားပုံက အျမင့္ဆုံးေျခစြမ္းနဲ႔ လမ္းေၾကာင္းမွန္ေပၚ ေရာက္ေနၿပီလို႔ ခပ္ရွင္းရွင္းေျပာပါရေစ။ ဒါေၾကာင့္ ကိုပါအေမရိကဖလားကို ရေအာင္ယူပါမယ္။ ကြၽန္ေတာ္တို႔ ရယူခ်ိန္တန္ပါၿပီ” လို႔ မက္ဆီက သူ႔ရဲ႕ ပိုင္းျဖတ္မႈကို စိတ္ဓာတ္ခပ္ျပင္းျပင္းနဲ႔ ေျပာသြားခဲ့ပါတယ္။

မေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ကိုပါအေမရိက အုပ္စုေအ၏ ပထမဆုံး ပြဲစဥ္မွာ မက္ဆီရဲ႕ အာဂ်င္တီးနားအသင္းဟာ ကိုပါအေမရိက အဓိက ၿပိဳင္ဘက္ ခ်ီလီအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ပြဲခ်ိန္ ၃၃ မိနစ္မွာ ရရွိတဲ့ ဖရီးကစ္ကို မက္ဆီက လွလွ ပပကန္သြင္းၿပီး အာဂ်င္တီးနားအသင္းအတြက္ ဦးေဆာင္ဂိုး သြင္းယူႏိုင္ေပးႏိုင္ခဲ့ပါတယ္။

သို႔ေပမယ့္ ပြဲကစားခ်ိန္ ၅၅ မိနစ္မွာ ခ်ီလီအသင္းက ရရွိခဲ့တဲ့ ပယ္နယ္တီကို ခ်ီလီအသင္းေခါင္းေဆာင္ ဗီဒယ္လ္ကန္သြင္းမႈကို ဂိုးသမား မာတီနက္ဇ္ ကာကြယ္ခဲ့ေပမယ့္ ျပန္ထြက္လာေသာ ေဘာလုံးကို အီကြာဒို ဗားဂတ္စ္က အျပင္းပိတ္သြင္းခဲ့တဲ့အတြက္ တစ္ဖက္ တစ္ဂိုးစီနဲ႔ သေရက်ခဲ့ပါတဲ့အတြက္ မက္ဆီအတြက္ စိတ္ပ်က္စရာ အနည္းငယ္ျဖစ္ခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.