Premier League Transfer News

ဘယ်နောက်ခံလူ ရှာဖွေနေတဲ့ မန်စီးတီးနဲ့ အာဆင်နယ်ရဲ့ တီယာနီတို့ နီးစပ်သွားတော့မှာလား

အာဆင်နယ်အသင်းကို ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ရာသီမှာ ရောက်ရှိလာခဲ့ပြီး အသင်းရဲ့ အချစ်တော်ကစားသမားဖြစ်လာခဲ့တဲ့ ဘယ်နောက်ခံလူ ကီရန် တီယာနီအနေနဲ့ မန်ချက်စတာစီးတီးအသင်းဆီကို ပြောင်းရွှေ့လိမ့်မယ်ဆိုတဲ့ သဘောမျိုးကို အသင်းဟောင်း ဆဲလ်တစ်မှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြ နီးလ် လန်နွန်က လေးလေးနက်နက် Tip ပေးပြောကြားလိုက်ပါတယ်။

နည်းပြ အူနိုင်း အမ်မရီလက်ထက်မှာ အမ်းမရိတ်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းဝန်းကျင်နဲ့ ရောက်ရှိလာခဲ့တဲ့ စကော့တလန်သားဟာ သူ့ရဲ့ လုပ်အားနှုန်း၊ စိတ်အားထက်သန်မှုနဲ့ အသင်းကို မောင်းနှင်နိုင်မှုကြောင့် အာဆင်နယ်ရဲ့ အနာဂတ်အသင်းခေါင်းဆောင်ဖြစ်လာလိမ့်မယ်လို့ ပရိသတ်တွေက ထင်မြင်နေကြသူဖြစ်ပြီး ဒီအသင်းမှာ သုံးနှစ်စာချုပ် ကျန်ရှိနေသေးသူလည်းဖြစ်ပါတယ်။

အသက် ၇ နှစ်အရွယ်ကတည်းက ရောက်ရှိခဲ့တဲ့ ဆဲလ်တစ်ကနေ ၁၄ နှစ်အကြာမှာ ထွက်ခွာခဲ့ပြီး အာဆင်နယ်ကို ရောက်ရှိလာခဲ့တဲ့ တီယာနီဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနောက်ခံလူတစ်ဦးအဖြစ် အလျင်အမြန် အထိုင်ကျခဲ့ပြီး သူ့ရဲ့ ကြံ့ခိုင်မှုကလွဲရင် အဖက်ဖက်က ပြည့်စုံတဲ့ ကစားသမားလို့ သတ်မှတ်ခံထားရသူတစ်ဦးလည်းဖြစ်နေတာပါ။

ပြီးခဲ့တဲ့ ရာသီကို အာဆင်နယ်အသင်းနဲ့အတူ အထက်မရောက် အောက်မရောက် အဆင့် ၈ နဲ့ ပိတ်သိမ်းခဲ့ရအပြီးမှာတော့ ဒီအချိန်မှာ ဘယ်နောက်ခံလူသစ် ရှာဖွေနေတဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ အသံကို သူ့ရဲ့ နည်းပြဟောင်းက ထုတ်လွှင့်လိုက်တာဖြစ်ပြီး စာချုပ်သက်တမ်းနဲ့ ဥရောပကစားခွင့် မရှိမှုအရ အပြောင်းအရွှေ့ဈေးကွက်မှာတော့ လှုပ်ခတ်သွားခဲ့တာလည်းဖြစ်ပါတယ်။

လန်နွန်ကတော့ “ဆဲလ်တစ်က ထွက်ခွာဖို့ သူ ရှုပ်ရှုပ်ထွေးထွေး စဉ်းစားခဲ့ရပေမယ့် သူ့ရဲ့ ရည်မှန်းချက်နဲ့ မြင့်မားတဲ့ ငွေကြေးအတွက် သူက တစ်ကြိမ် ထွက်ခွာခဲ့ပြီးပါပြီ။ အာဆင်နယ်ရဲ့ အကောင်းဆုံးကစားသမားဖြစ်လာပြီး သူ့ရဲ့ နိုင်ငံအသင်းဖော် ရောဘတ်ဆန်ကို ယှဉ်ပြိုင်ဖို့ ဘာကြောင့် နောက်တစ်ခါ ပိုမြင့်မားတဲ့ နေရာကို ထွက်ခွာပြီး မန်စီးတီးအသင်းမှာ ခြေစွမ်းမပြနိုင်ရမှာလဲ”လို့ ပြောကြားလိုက်တာလည်းဖြစ်ပါတယ်။

ဒီအချိန်မှာ မန်ချက်စတာစီးတီးအသင်းကတော့ သူတို့ရဲ့ အဓိက အားနည်းချက်ဖြစ်ပြီး ဘယ်ခြမ်းခံစစ်ကစားပုံ ဆိုးရွားလွန်းနေတဲ့ ဘင်ဂျမင် မန်ဒီနဲ့ တိုက်စစ်ကနေ ခံစစ်ပြောင်းကစားပြီး အသင်းဖော်တွေနဲ့ တွဲဖက်ရာမှာ ပါးနပ်မှု မရှိတဲ့ အိုလက်ဇန်ဒါ ဇင်ချန်ကိုတို့နဲ့ ဆက်သွားလို့ မရချိန်မှာ ဈေးကွက်ထဲက အကောင်းဆုံး In-form နောက်ခံလူ တီယာနီဟာ ခေါ်ယူနိုင်မယ်ဆိုရင် အလွယ်တကူ ခေါင်းညိတ်နိုင်သူလည်းဖြစ်နေခဲ့တာပါ။

ဒါကြောင့် အက်ဖ်အေဖလားတစ်လုံးယူပြီး နောက်ထပ်ရာသီကို (ဘောင်မဝင်တဲ့ ကွန်မြူနတီဒိုင်းကလွဲလို့) ဖလားလက်မဲ့ ဖြတ်သန်းခဲ့ရသလို လာမယ့်ရာသီမှာလည်း ဥရောပရဲ့ တတိယတန်းစား ပြိုင်ပွဲ ကွန်ဖရင့်လိဂ်ကိုတောင် မဝင်ခဲ့တဲ့ အာဆင်နယ်ကနေ တီယာနီတစ်ယောက် ထွက်ခွာဖို့ ဆိုတာဟာ ဖြစ်နိုင်ခြေတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သလို စာချုပ်သက်တမ်းတိုးဖို့ မရေရာသေးချိန်မှာ ဈေးကောင်းရရင် ရောင်းတတ်တဲ့ ခရိုယန်ကီတွေရဲ့ စိတ်နေစိတ်ထားအရ ဆဲလ်တစ်နည်းပြဟောင်း ထုတ်ဖော်လိုက်တဲ့ Tip က ပရိသတ်တွေ ထိတ်လန့်စရာဖြစ်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းကို ၿပီးခဲ့တဲ့ ၂၀၁၉-၂၀ ရာသီမွာ ေရာက္ရွိလာခဲ့ၿပီး အသင္းရဲ႕ အခ်စ္ေတာ္ကစားသမားျဖစ္လာခဲ့တဲ့ ဘယ္ေနာက္ခံလူ ကီရန္ တီယာနီအေနနဲ႔ မန္ခ်က္စတာစီးတီးအသင္းဆီကို ေျပာင္းေ႐ႊ႕လိမ့္မယ္ဆိုတဲ့ သေဘာမ်ိဳးကို အသင္းေဟာင္း ဆဲလ္တစ္မွာ လက္တြဲခဲ့ဖူးတဲ့ နည္းျပ နီးလ္ လန္ႏြန္က ေလးေလးနက္နက္ Tip ေပးေျပာၾကားလိုက္ပါတယ္။

နည္းျပ အူႏိုင္း အမ္မရီလက္ထက္မွာ အမ္းမရိတ္ကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၅ သန္းဝန္းက်င္နဲ႔ ေရာက္ရွိလာခဲ့တဲ့ စေကာ့တလန္သားဟာ သူ႔ရဲ႕ လုပ္အားႏႈန္း၊ စိတ္အားထက္သန္မႈနဲ႔ အသင္းကို ေမာင္းႏွင္ႏိုင္မႈေၾကာင့္ အာဆင္နယ္ရဲ႕ အနာဂတ္အသင္းေခါင္းေဆာင္ျဖစ္လာလိမ့္မယ္လို႔ ပရိသတ္ေတြက ထင္ျမင္ေနၾကသူျဖစ္ၿပီး ဒီအသင္းမွာ သုံးႏွစ္စာခ်ဳပ္ က်န္ရွိေနေသးသူလည္းျဖစ္ပါတယ္။

အသက္ ၇ ႏွစ္အ႐ြယ္ကတည္းက ေရာက္ရွိခဲ့တဲ့ ဆဲလ္တစ္ကေန ၁၄ ႏွစ္အၾကာမွာ ထြက္ခြာခဲ့ၿပီး အာဆင္နယ္ကို ေရာက္ရွိလာခဲ့တဲ့ တီယာနီဟာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးေနာက္ခံလူတစ္ဦးအျဖစ္ အလ်င္အျမန္ အထိုင္က်ခဲ့ၿပီး သူ႔ရဲ႕ ႀကံ့ခိုင္မႈကလြဲရင္ အဖက္ဖက္က ျပည့္စုံတဲ့ ကစားသမားလို႔ သတ္မွတ္ခံထားရသူတစ္ဦးလည္းျဖစ္ေနတာပါ။

ၿပီးခဲ့တဲ့ ရာသီကို အာဆင္နယ္အသင္းနဲ႔အတူ အထက္မေရာက္ ေအာက္မေရာက္ အဆင့္ ၈ နဲ႔ ပိတ္သိမ္းခဲ့ရအၿပီးမွာေတာ့ ဒီအခ်ိန္မွာ ဘယ္ေနာက္ခံလူသစ္ ရွာေဖြေနတဲ့ မန္ခ်က္စတာစီးတီးအသင္းနဲ႔ အသံကို သူ႔ရဲ႕ နည္းျပေဟာင္းက ထုတ္လႊင့္လိုက္တာျဖစ္ၿပီး စာခ်ဳပ္သက္တမ္းနဲ႔ ဥေရာပကစားခြင့္ မရွိမႈအရ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာေတာ့ လႈပ္ခတ္သြားခဲ့တာလည္းျဖစ္ပါတယ္။

လန္ႏြန္ကေတာ့ “ဆဲလ္တစ္က ထြက္ခြာဖို႔ သူ ရႈပ္ရႈပ္ေထြးေထြး စဥ္းစားခဲ့ရေပမယ့္ သူ႔ရဲ႕ ရည္မွန္းခ်က္နဲ႔ ျမင့္မားတဲ့ ေငြေၾကးအတြက္ သူက တစ္ႀကိမ္ ထြက္ခြာခဲ့ၿပီးပါၿပီ။ အာဆင္နယ္ရဲ႕ အေကာင္းဆုံးကစားသမားျဖစ္လာၿပီး သူ႔ရဲ႕ ႏိုင္ငံအသင္းေဖာ္ ေရာဘတ္ဆန္ကို ယွဥ္ၿပိဳင္ဖို႔ ဘာေၾကာင့္ ေနာက္တစ္ခါ ပိုျမင့္မားတဲ့ ေနရာကို ထြက္ခြာၿပီး မန္စီးတီးအသင္းမွာ ေျခစြမ္းမျပႏိုင္ရမွာလဲ”လို႔ ေျပာၾကားလိုက္တာလည္းျဖစ္ပါတယ္။

ဒီအခ်ိန္မွာ မန္ခ်က္စတာစီးတီးအသင္းကေတာ့ သူတို႔ရဲ႕ အဓိက အားနည္းခ်က္ျဖစ္ၿပီး ဘယ္ျခမ္းခံစစ္ကစားပုံ ဆိုး႐ြားလြန္းေနတဲ့ ဘင္ဂ်မင္ မန္ဒီနဲ႔ တိုက္စစ္ကေန ခံစစ္ေျပာင္းကစားၿပီး အသင္းေဖာ္ေတြနဲ႔ တြဲဖက္ရာမွာ ပါးနပ္မႈ မရွိတဲ့ အိုလက္ဇန္ဒါ ဇင္ခ်န္ကိုတို႔နဲ႔ ဆက္သြားလို႔ မရခ်ိန္မွာ ေဈးကြက္ထဲက အေကာင္းဆုံး In-form ေနာက္ခံလူ တီယာနီဟာ ေခၚယူႏိုင္မယ္ဆိုရင္ အလြယ္တကူ ေခါင္းညိတ္ႏိုင္သူလည္းျဖစ္ေနခဲ့တာပါ။

ဒါေၾကာင့္ အက္ဖ္ေအဖလားတစ္လုံးယူၿပီး ေနာက္ထပ္ရာသီကို (ေဘာင္မဝင္တဲ့ ကြန္ျမဴနတီဒိုင္းကလြဲလို႔) ဖလားလက္မဲ့ ျဖတ္သန္းခဲ့ရသလို လာမယ့္ရာသီမွာလည္း ဥေရာပရဲ႕ တတိယတန္းစား ၿပိဳင္ပြဲ ကြန္ဖရင့္လိဂ္ကိုေတာင္ မဝင္ခဲ့တဲ့ အာဆင္နယ္ကေန တီယာနီတစ္ေယာက္ ထြက္ခြာဖို႔ ဆိုတာဟာ ျဖစ္ႏိုင္ေျခတစ္ခုအျဖစ္ ေပၚထြက္လာခဲ့သလို စာခ်ဳပ္သက္တမ္းတိုးဖို႔ မေရရာေသးခ်ိန္မွာ ေဈးေကာင္းရရင္ ေရာင္းတတ္တဲ့ ခ႐ိုယန္ကီေတြရဲ႕ စိတ္ေနစိတ္ထားအရ ဆဲလ္တစ္နည္းျပေဟာင္း ထုတ္ေဖာ္လိုက္တဲ့ Tip က ပရိသတ္ေတြ ထိတ္လန႔္စရာျဖစ္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.