Premier League Transfer News

13 Jun ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– PSG အသင်းနဲ့ အနာဂတ်မသေချာတော့ဘူးလို့ ဝန်ခံခဲ့တဲ့ ခိုင်လျန် အမ်ဘာပေဟာ လီဗာပူးလ်အသင်းရဲ့ ​ခြေလှမ်းတွေဟာ သွေးတိုးစမ်းမှု မဟုတ်ဖို့ မျှော်လင့်နေပြီး ပါရီဟာ သူ့အတွက် အကောင်းဆုံးနေရာမဟုတ်ကြောင်း ယူဆထားတဲ့နောက် ကလော့ပ်လက်အောက်မှာ အမြန်ဆုံးကစားလိုနေကြောင်းသိရ။

– လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ်ဟာ ချယ်လ်ဆီးကနေ ရောင်းထုတ်ခံရဖို့ သတင်းကြီးနေတဲ့ ကွင်းလယ်ဖန်တီးရှင် ဟာကင်းမ် ဇီးယက်ရှ်ကို ယူရို ၃၅ သန်းနဲ့ ခေါ်ယူသွားမယ်လို့ သိရပြီး ညာတောင်ပံမှာ မိုရိုကိုသားကို တာဝန်ပေးပြီး မိုဆာလားကို ဗဟိုတိုက်စစ်မှူးအဖြစ် လွတ်လွတ်လပ်လပ် ပံ့ပိုးကစားစေလိုကြောင်း သိရှိရ။

– လီဗာပူးလ်အသင်းအနေနဲ့ ဘာစီလိုနာအသင်းမှာ တောက်ပလာခဲ့တဲ့ ကြယ်ပွင့်ကွင်းလယ်လူ ပက်ဒရီကို ခေါ်ယူလိုနေပြီး လက်ရှိမှာ ပွဲကစားခွင့်နဲ့ အနာဂတ်အတွက် တိတိပပ အာမခံချက် မရသေးသလို စာချုပ်ပါ လစာငွေလည်း မြင့်မားခြင်းမရှိသေးတဲ့ စပိန်သားလေးကို နူးကမ့်ကနေ ဆွဲထုတ်နိုင်ဖို့ မိုက်ကယ် အက်ဒ်ဝပ် ပြင်ဆင်နေ။

– ဗိုင်နယ်ဒမ်နေရာ အစားထိုးဖို့ အပြောင်းအရွှေ့စျေးကွက်မှာ ​ခြေကျင်းလိမ်နေတဲ့ လီဗာပူးလ်ရဲ့ နောက်ဆုံးပစ်မှတ်ဟာ ဘိုင်ယန်ကို မပြောင်းချင်ဘူးလို့ ဝန်ခံထားတဲ့ မိုချန်ဂလာဘတ်က ဂျာမန်ကွင်းလယ်လူ ဖလိုရီယန် နွိုင်ဟော့စ် ဖြစ်လာတယ်လို့ သိရပြီး သူ့ရဲ့ ခြေစွမ်းကို ယူရို ၂၀၂၀ မှာ ဘောလုံးကင်းထောက်တွေနဲ့ အထူးအကဲဖြတ်စောင့်ကြည့်သွားမှာဖြစ်ကြောင်းသိရ။

– နည်းပြ ယာဂန် ကလော့ပ်ရဲ့ လီဗာပူးလ်ကို ရောက်ရှိအပြီး ပထမဆုံး ခေါ်ယူမှုဖြစ်ခဲ့တဲ့ ဆားဘီးယားကွင်းလယ်လူ မာကို ဂရူယစ်ချ်ကို လက်ရှိအငှားချထားတဲ့ ပေါ်တိုအသင်းဆီ အပြီးသတ်ပို့ဆောင်ပြီး သူတို့ရဲ့ လူငယ်တိုက်စစ်မှှူး ဖာဘီယို ဗီယာရာနဲ့ အလဲအထပ်ပြုလုပ်သွားဖို့ အန်းဖီးလ်ဒ်ဘက်က အလိုရှိနေ။

– အတ္တလန်တာမှာ အငှားချခံထားရတဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ဗဟိုခံစစ်မှူး ခရစ္စတီယန် ရိုမဲရိုးဟာ ဒီနွေရာသီမှာ ကိုတေနာအပြီး လီဗာပူးလ်ရဲ့ ဒုတိယမြောက် ခေါ်ယူမှုဖြစ်လာမယ်လို့ သိရပြီး ပြောင်းရွှေ့ကြေး ပေါင် ၄၃ သန်း ကျသင့်ဖွယ်ရှိနေတဲ့ အာဂျင်တီးနားသားကို ဈေးဆစ်ပြီး အပြီးသတ်ဝယ်ယူနိုင်ဖွယ်ရှိနေ။

– လီဗာပူးလ်အသင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့စဥ်က ဘာစီလိုနာအသင်းကို ပြောင်းရွှေ့မယ်လို့သာ ရည်ရွယ်ခဲ့ခြင်းဖြစ်​ကြောင်း ဗိုင်နယ်ဒမ်က ဝန်ခံသွားခဲ့ပြီး ၄ ပတ်ကြာ ညှိနှိုင်းမှုအပြီး ကတ်တလန်အသင်းဆီက အဖြေမထွက်လာခဲ့ချိန်မှာ ပိုပြီးပြတ်သားတဲ့ ကမ်းလှမ်းမှုနဲ့ ဆွဲဆောင်လာခဲ့တဲ့ PSG အသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်​ကြောင်း ဖွင့်ဟခဲ့။

– အီတလီကလာတဲ့ သတင်းတွေအရ လီဗာပူးလ်အသင်းဟာ လာဇီယိုကွင်းလယ်လူ မီလန်ကိုဗစ်ချ်-ဆာဗစ်ချ်ကို ကမ်းလှမ်းဖို့ စိတ်ဝင်စားလာခဲ့ပြီလို့ သိရပြီး ဆာရီရောက်လာအပြီးမှာ အသင်းကနေ ရှင်းထုတ်ခံရမယ်လို့ သတင်းပြေးနေတဲ့ အသက် ၂၆ နှစ်အရွယ် ဆာဘီးယားသားကို စျေးပေါပေါနဲ့ ရောင်းထုတ်သွားမှာတော့ မဟုတ်ကြောင်း တုံ့ပြန်ခံထားရ။

– အာဆင်နယ်တိုက်စစ်မှူးဟောင်းကြီး ပေါလ်မာဆန်က အင်္ဂလန်အသင်းမှာ ကယ်လ်ဗတ်လူဝင်ကို ပင်နယ်တီကို လုယူကန်သွင်းခဲ့ပြီး လွဲချော်ခဲ့တဲ့ ကွင်းလယ်လူ ဂျော်ဒန် ဟန်ဒါဆန်ကို တကိုယ်ကောင်းသမားလို့ သမုတ်သွားခဲ့ပြီး လီဗာပူးလ်အသင်းက လိုက်နေတဲ့ ဂျုဒ် ဘယ်လင်ဂမ်ဟာ သူ့ကို ကျော်ဖြတ်ပြီး ယူရိုပြိုင်ပွဲရဲ့စတားဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပြုသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– PSG အသင္းနဲ႔ အနာဂတ္မေသခ်ာေတာ့ဘူးလို႔ ဝန္ခံခဲ့တဲ့ ခိုင္လ်န္ အမ္ဘာေပဟာ လီဗာပူးလ္အသင္းရဲ႕ ​ေျခလွမ္းေတြဟာ ေသြးတိုးစမ္းမႈ မဟုတ္ဖို႔ ေမွ်ာ္လင့္ေနၿပီး ပါရီဟာ သူ႔အတြက္ အေကာင္းဆုံးေနရာမဟုတ္ေၾကာင္း ယူဆထားတဲ့ေနာက္ ကေလာ့ပ္လက္ေအာက္မွာ အျမန္ဆုံးကစားလိုေနေၾကာင္းသိရ။

– လီဗာပူးလ္နည္းျပ ယာဂင္ ကေလာ့ပ္ဟာ ခ်ယ္လ္ဆီးကေန ေရာင္းထုတ္ခံရဖို႔ သတင္းႀကီးေနတဲ့ ကြင္းလယ္ဖန္တီးရွင္ ဟာကင္းမ္ ဇီးယက္ရွ္ကို ယူ႐ို ၃၅ သန္းနဲ႔ ေခၚယူသြားမယ္လို႔ သိရၿပီး ညာေတာင္ပံမွာ မို႐ိုကိုသားကို တာဝန္ေပးၿပီး မိုဆာလားကို ဗဟိုတိုက္စစ္မႉးအျဖစ္ လြတ္လြတ္လပ္လပ္ ပံ့ပိုးကစားေစလိုေၾကာင္း သိရွိရ။

– လီဗာပူးလ္အသင္းအေနနဲ႔ ဘာစီလိုနာအသင္းမွာ ေတာက္ပလာခဲ့တဲ့ ၾကယ္ပြင့္ကြင္းလယ္လူ ပက္ဒရီကို ေခၚယူလိုေနၿပီး လက္ရွိမွာ ပြဲကစားခြင့္နဲ႔ အနာဂတ္အတြက္ တိတိပပ အာမခံခ်က္ မရေသးသလို စာခ်ဳပ္ပါ လစာေငြလည္း ျမင့္မားျခင္းမရွိေသးတဲ့ စပိန္သားေလးကို ႏူးကမ့္ကေန ဆြဲထုတ္ႏိုင္ဖို႔ မိုက္ကယ္ အက္ဒ္ဝပ္ ျပင္ဆင္ေန။

– ဗိုင္နယ္ဒမ္ေနရာ အစားထိုးဖို႔ အေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ ​ေျခက်င္းလိမ္ေနတဲ့ လီဗာပူးလ္ရဲ႕ ေနာက္ဆုံးပစ္မွတ္ဟာ ဘိုင္ယန္ကို မေျပာင္းခ်င္ဘူးလို႔ ဝန္ခံထားတဲ့ မိုခ်န္ဂလာဘတ္က ဂ်ာမန္ကြင္းလယ္လူ ဖလိုရီယန္ ႏြိဳင္ေဟာ့စ္ ျဖစ္လာတယ္လို႔ သိရၿပီး သူ႔ရဲ႕ ေျခစြမ္းကို ယူ႐ို ၂၀၂၀ မွာ ေဘာလုံးကင္းေထာက္ေတြနဲ႔ အထူးအကဲျဖတ္ေစာင့္ၾကည့္သြားမွာျဖစ္ေၾကာင္းသိရ။

– နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ လီဗာပူးလ္ကို ေရာက္ရွိအၿပီး ပထမဆုံး ေခၚယူမႈျဖစ္ခဲ့တဲ့ ဆားဘီးယားကြင္းလယ္လူ မာကို ဂ႐ူယစ္ခ်္ကို လက္ရွိအငွားခ်ထားတဲ့ ေပၚတိုအသင္းဆီ အၿပီးသတ္ပို႔ေဆာင္ၿပီး သူတို႔ရဲ႕ လူငယ္တိုက္စစ္မွႉး ဖာဘီယို ဗီယာရာနဲ႔ အလဲအထပ္ျပဳလုပ္သြားဖို႔ အန္းဖီးလ္ဒ္ဘက္က အလိုရွိေန။

– အတၱလန္တာမွာ အငွားခ်ခံထားရတဲ့ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ဗဟိုခံစစ္မႉး ခရစၥတီယန္ ႐ိုမဲ႐ိုးဟာ ဒီေႏြရာသီမွာ ကိုေတနာအၿပီး လီဗာပူးလ္ရဲ႕ ဒုတိယေျမာက္ ေခၚယူမႈျဖစ္လာမယ္လို႔ သိရၿပီး ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၄၃ သန္း က်သင့္ဖြယ္ရွိေနတဲ့ အာဂ်င္တီးနားသားကို ေဈးဆစ္ၿပီး အၿပီးသတ္ဝယ္ယူႏိုင္ဖြယ္ရွိေန။

– လီဗာပူးလ္အသင္းနဲ႔ လမ္းခြဲဖို႔ ဆုံးျဖတ္ခဲ့စဥ္က ဘာစီလိုနာအသင္းကို ေျပာင္းေ႐ႊ႕မယ္လို႔သာ ရည္႐ြယ္ခဲ့ျခင္းျဖစ္​ေၾကာင္း ဗိုင္နယ္ဒမ္က ဝန္ခံသြားခဲ့ၿပီး ၄ ပတ္ၾကာ ညႇိႏႈိင္းမႈအၿပီး ကတ္တလန္အသင္းဆီက အေျဖမထြက္လာခဲ့ခ်ိန္မွာ ပိုၿပီးျပတ္သားတဲ့ ကမ္းလွမ္းမႈနဲ႔ ဆြဲေဆာင္လာခဲ့တဲ့ PSG အသင္းကို ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္​ေၾကာင္း ဖြင့္ဟခဲ့။

– အီတလီကလာတဲ့ သတင္းေတြအရ လီဗာပူးလ္အသင္းဟာ လာဇီယိုကြင္းလယ္လူ မီလန္ကိုဗစ္ခ်္-ဆာဗစ္ခ်္ကို ကမ္းလွမ္းဖို႔ စိတ္ဝင္စားလာခဲ့ၿပီလို႔ သိရၿပီး ဆာရီေရာက္လာအၿပီးမွာ အသင္းကေန ရွင္းထုတ္ခံရမယ္လို႔ သတင္းေျပးေနတဲ့ အသက္ ၂၆ ႏွစ္အ႐ြယ္ ဆာဘီးယားသားကို ေစ်းေပါေပါနဲ႔ ေရာင္းထုတ္သြားမွာေတာ့ မဟုတ္ေၾကာင္း တုံ႔ျပန္ခံထားရ။

– အာဆင္နယ္တိုက္စစ္မႉးေဟာင္းႀကီး ေပါလ္မာဆန္က အဂၤလန္အသင္းမွာ ကယ္လ္ဗတ္လူဝင္ကို ပင္နယ္တီကို လုယူကန္သြင္းခဲ့ၿပီး လြဲေခ်ာ္ခဲ့တဲ့ ကြင္းလယ္လူ ေဂ်ာ္ဒန္ ဟန္ဒါဆန္ကို တကိုယ္ေကာင္းသမားလို႔ သမုတ္သြားခဲ့ၿပီး လီဗာပူးလ္အသင္းက လိုက္ေနတဲ့ ဂ်ဳဒ္ ဘယ္လင္ဂမ္ဟာ သူ႔ကို ေက်ာ္ျဖတ္ၿပီး ယူ႐ိုၿပိဳင္ပြဲရဲ႕စတားျဖစ္လာလိမ့္မယ္လို႔ မွတ္ခ်က္ျပဳသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.