Premier League Transfer News

တူဟယ်လ်ရဲ့ သဲသဲလှုပ် လိုချင်နေတဲ့ ဟာကီမီကို ခေါ်ယူဖို့ အရှိန်မြှင့်ကြိုးပမ်းလာတဲ့ ချဲလ်ဆီး

နည်းပြ သောမတ်စ် တူဟယ်လ်ရဲ့ ၃-၄-၃ နဲ့ ၃-၅-၂ ကစားကွက်တွေမှာ ရွှေထက်တန်ဖိုးရှိပြီး အကောင်းဆုံး အသုံးချနိုင်မယ့် အင်တာမီလန် အသင်းရဲ့ နောက်ခံလူ အက်ရှ်ရက်ဖ် ဟာကီမီကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေအနေနဲ့ အရှိန်မြှင့် ကြိုးပမ်းလာခဲ့ပြီလို့ သိရပါတယ်။

အင်တာမီလန်အသင်းကို ရီးရဲလ်မက်ဒရစ်အသင်းကနေ အပြီးသတ် ပြောင်းရွှေ့ခဲ့ပြီး စီးရီးအေမှာ ထွန်းတောက်လာခဲ့တဲ့ နောက်ခံလူဟာ ခံစစ်တင်မကဘဲ ကွင်းလယ်နဲ့ တောင်ပံတွေမှာပါ သုံးစွဲနိုင်သူဖြစ်ပြီး ချဲလ်ဆီးအသင်းကိုသာ ရောက်ရှိလာခဲ့ရင် တောင်ပံတွေမှာ ကြိုက်တဲ့ နေရာကို လက်ညှိုးထိုးပြီး ကစားခိုင်းနိုင်သူလည်းဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မော်ရိုကိုလက်ရွေးစင်အတွက် ချဲလ်ဆီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ (ပေါင် ၅၁.၅ သန်း)နဲ့ ကမ်းလှမ်းခဲ့ပေမယ့် အင်တာမီလန်အသင်းဘက်က ပယ်ချထားခဲ့ပြီး ဆန်စီရိုကနေ ထွက်ခွာခွင့်ပြုဖို့ ယူရိုသန်း ၈၀ (ပေါင် ၆၈.၆ သန်း)အထိ အလိုရှိနေတယ်လို့လည်း သိရပါတယ်။

ဒီအချိန်မှာ အသင်းရဲ့ လူအင်အားစာရင်းမှာ ကစားသမားကောင်းများစွာကို ပိုင်ဆိုင်ထားတဲ့ ချဲလ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကားယာနဲ့ အဖွဲ့ဟာ အင်တာမီလန်လိုချင်တဲ့ ပမာဏပြည့်အောင် ကစားသမား ၃ ဦးကို အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေပြီး ဒီထဲမှာ ဆန်စီရိုမှာ တစ်ကြိမ်ကစားခဲ့ဖူးတဲ့ ကွင်းလယ်လူ မက်တီယို ကိုဗာချစ်လည်း ပါဝင်နေပါတယ်။

အင်တာမီလန်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ရာသီမှာ စီးရီးအေ ချန်ပီယံဖြစ်ခဲ့ပေမယ့် ကိုဗစ်ရဲ့ ရိုက်ခတ်မှုဒဏ်ကနေ နာလံမထူနိုင်သေးဘဲ ဘဏ္ဏာရေးအခြေအနေ ယိုယွင်းနေသလို ကစားသမားတွေကို လစာဆိုင်းငံ့ဖို့ တောင်းဆိုခဲ့တဲ့အထိ ဖြစ်ခဲ့ရချိန်မှာ တောက်ပနေတဲ့ ကြယ်ပွင့်တွေကို ရောင်းထုတ်ရဖို့ ရှိနေပြီး ဥရောပအသင်းတွေရဲ့ ပစ်မှတ်ထဲမှာ ဟာကီမီအပြင် တိုက်စစ်မှူး ရိုမီလူ လူကာကူး၊ လော်တာရို မာတီနက်ဇ်နဲ့ ကွင်းလယ်လူ နီကိုလို ဘာရဲလားတို့ ပါဝင်နေတာပါ။

ဒီအခြေအနေကို ပြေလည်သွားစေနိုင်ဖို့ ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ဆီ လာချင်နေတဲ့ ဟာကီမီနေရာ အစားဝင်နိုင်မယ့် နောက်ခံလူ ဒါဗီဒေး ဇက်ပါကော်စတာ၊ ဘာရဲလား နေရာအတွက် ကိုဗာချစ်နဲ့ မာတီနက်ဇ်၊ လူကာကူးတို့နေရာအတွက် အသုံးချနိုင်မယ့် တမ်မီ အေဘရာဟမ်တို့ကို အလိုက်ပေးပြီး ကမ်းလှမ်းဖို့ လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအနေနဲ့ ဒီကစားသမားသုံးဦးအပြင် ငွေကြေးအလိုက်ကိုပါ ထပ်ဆောင်းပေးဦးမယ့် သဘောမှာရှိနေပြီး တော်တော်လေးကောင်းတဲ့ ကမ်းလှမ်းမှု ဖြစ်လာခဲ့ပေမယ့် အင်တာမီလန်အတွက် အသင်းရဲ့ လစာပေးချေမှု ဘတ်ဂျက်ကို တစ်ဦးစာအစား သုံးဦးစာ ဝင်ရောက်လာမယ့် ကိစ္စကိုတော့ စဉ်းစားရဖွယ်ရှိနေပြီး ကိုဗာချစ်၊ ဇက်ပါကော့စတာနဲ့ အေဘရာဟမ်တို့အတွက် စုစုပေါင်း တစ်ပတ်ကို ပေါင်နှစ်သိန်းကျော် ပေးချေရနိုင်မှုမှာ အဆင်ပြေပါ့မလားဆိုတာကိုတော့ စောင့်ကြည့်ရဖွယ်ရှိနေကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နည္းျပ ေသာမတ္စ္ တူဟယ္လ္ရဲ႕ ၃-၄-၃ နဲ႔ ၃-၅-၂ ကစားကြက္ေတြမွာ ေ႐ႊထက္တန္ဖိုးရွိၿပီး အေကာင္းဆုံး အသုံးခ်ႏိုင္မယ့္ အင္တာမီလန္ အသင္းရဲ႕ ေနာက္ခံလူ အက္ရွ္ရက္ဖ္ ဟာကီမီကို ေခၚယူဖို႔ ခ်ဲလ္ဆီးအသင္းတာဝန္ရွိသူေတြအေနနဲ႔ အရွိန္ျမႇင့္ ႀကိဳးပမ္းလာခဲ့ၿပီလို႔ သိရပါတယ္။

အင္တာမီလန္အသင္းကို ရီးရဲလ္မက္ဒရစ္အသင္းကေန အၿပီးသတ္ ေျပာင္းေ႐ႊ႕ခဲ့ၿပီး စီးရီးေအမွာ ထြန္းေတာက္လာခဲ့တဲ့ ေနာက္ခံလူဟာ ခံစစ္တင္မကဘဲ ကြင္းလယ္နဲ႔ ေတာင္ပံေတြမွာပါ သုံးစြဲႏိုင္သူျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းကိုသာ ေရာက္ရွိလာခဲ့ရင္ ေတာင္ပံေတြမွာ ႀကိဳက္တဲ့ ေနရာကို လက္ညႇိဳးထိုးၿပီး ကစားခိုင္းႏိုင္သူလည္းျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေမာ္႐ိုကိုလက္ေ႐ြးစင္အတြက္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို သန္း ၆၀ (ေပါင္ ၅၁.၅ သန္း)နဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ အင္တာမီလန္အသင္းဘက္က ပယ္ခ်ထားခဲ့ၿပီး ဆန္စီ႐ိုကေန ထြက္ခြာခြင့္ျပဳဖို႔ ယူ႐ိုသန္း ၈၀ (ေပါင္ ၆၈.၆ သန္း)အထိ အလိုရွိေနတယ္လို႔လည္း သိရပါတယ္။

ဒီအခ်ိန္မွာ အသင္းရဲ႕ လူအင္အားစာရင္းမွာ ကစားသမားေကာင္းမ်ားစြာကို ပိုင္ဆိုင္ထားတဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ အေျပာင္းအေ႐ႊ႕အႀကီးအကဲ မာရီနာ ဂရာေနာ့ဗ္စကားယာနဲ႔ အဖြဲ႕ဟာ အင္တာမီလန္လိုခ်င္တဲ့ ပမာဏျပည့္ေအာင္ ကစားသမား ၃ ဦးကို အလိုက္ေပးကမ္းလွမ္းဖို႔ စီစဥ္ေနၿပီး ဒီထဲမွာ ဆန္စီ႐ိုမွာ တစ္ႀကိမ္ကစားခဲ့ဖူးတဲ့ ကြင္းလယ္လူ မက္တီယို ကိုဗာခ်စ္လည္း ပါဝင္ေနပါတယ္။

အင္တာမီလန္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ရာသီမွာ စီးရီးေအ ခ်န္ပီယံျဖစ္ခဲ့ေပမယ့္ ကိုဗစ္ရဲ႕ ႐ိုက္ခတ္မႈဒဏ္ကေန နာလံမထူႏိုင္ေသးဘဲ ဘဏၰာေရးအေျခအေန ယိုယြင္းေနသလို ကစားသမားေတြကို လစာဆိုင္းငံ့ဖို႔ ေတာင္းဆိုခဲ့တဲ့အထိ ျဖစ္ခဲ့ရခ်ိန္မွာ ေတာက္ပေနတဲ့ ၾကယ္ပြင့္ေတြကို ေရာင္းထုတ္ရဖို႔ ရွိေနၿပီး ဥေရာပအသင္းေတြရဲ႕ ပစ္မွတ္ထဲမွာ ဟာကီမီအျပင္ တိုက္စစ္မႉး ႐ိုမီလူ လူကာကူး၊ ေလာ္တာ႐ို မာတီနက္ဇ္နဲ႔ ကြင္းလယ္လူ နီကိုလို ဘာရဲလားတို႔ ပါဝင္ေနတာပါ။

ဒီအေျခအေနကို ေျပလည္သြားေစႏိုင္ဖို႔ ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူတို႔ဆီ လာခ်င္ေနတဲ့ ဟာကီမီေနရာ အစားဝင္ႏိုင္မယ့္ ေနာက္ခံလူ ဒါဗီေဒး ဇက္ပါေကာ္စတာ၊ ဘာရဲလား ေနရာအတြက္ ကိုဗာခ်စ္နဲ႔ မာတီနက္ဇ္၊ လူကာကူးတို႔ေနရာအတြက္ အသုံးခ်ႏိုင္မယ့္ တမ္မီ ေအဘရာဟမ္တို႔ကို အလိုက္ေပးၿပီး ကမ္းလွမ္းဖို႔ လုပ္ေဆာင္လာခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအေနနဲ႔ ဒီကစားသမားသုံးဦးအျပင္ ေငြေၾကးအလိုက္ကိုပါ ထပ္ေဆာင္းေပးဦးမယ့္ သေဘာမွာရွိေနၿပီး ေတာ္ေတာ္ေလးေကာင္းတဲ့ ကမ္းလွမ္းမႈ ျဖစ္လာခဲ့ေပမယ့္ အင္တာမီလန္အတြက္ အသင္းရဲ႕ လစာေပးေခ်မႈ ဘတ္ဂ်က္ကို တစ္ဦးစာအစား သုံးဦးစာ ဝင္ေရာက္လာမယ့္ ကိစၥကိုေတာ့ စဥ္းစားရဖြယ္ရွိေနၿပီး ကိုဗာခ်စ္၊ ဇက္ပါေကာ့စတာနဲ႔ ေအဘရာဟမ္တို႔အတြက္ စုစုေပါင္း တစ္ပတ္ကို ေပါင္ႏွစ္သိန္းေက်ာ္ ေပးေခ်ရႏိုင္မႈမွာ အဆင္ေျပပါ့မလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရဖြယ္ရွိေနေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.