Premier League Transfer News

13 Jun နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– အထောင်တိုက်စစ်မှူးစစ်စစ်တဦးကို မဖြစ်မနေရှာဖွေနေတဲ့ ချယ်လ်ဆီးအသင်းဟာ လီဗာပူးလ်အသင်းရဲ့ပစ်မှတ် ပတ်ဆန် ဒါကာလွန်ဆွဲပွဲမှာ ပါဝင်လာခဲ့ပြီး RB ဆဲလ်ဘတ်တိုက်စစ်မှူးဟာ လက်စတာ၊ လီဗာပူးလ်နဲ့ ချယ်လ်ဆီး ၃ သင်းကို ရွေးချယ်ရချိန်မှာ အဆုံးသတ်ပိုင်း အားနည်းလွန်းတဲ့ တီမို ဗာနာနေရာကို အသင့်ဝင်ကစားနိုင်မယ့် စတမ်းဖို့ဒ်မြေကိုသာ ပေါင် ၂၅ သန်းဝန်းကျင်နဲ့ ရောက်ရှိလာဖွယ်များနေ။

– ချယ်လ်ဆီးကွင်းလယ်လူ ကိုဗာချစ်အနေနဲ့ ဒီနွေမှာ စပါးစ်အသင်းကို ပြောင်းရွှေ့ကစားတော့မယ်လို့ မော်ရင်ညိုက နောက်ပြောင်သွားခဲ့ပြီး ဒါဟာ သူပြောင်းတဲ့အသင်းကို အမြဲနောက်ကျမှ ရောက်လာလေ့ရှိတဲ့ ကစားသမားနဲ့ သူနဲ့ကြားက ကလင်ဒါကျအ​​ခြေအနေတခုဖြစ်ပြီး အင်တာမီလန်၊ ရီးရဲလ်မက်ဒရစ်၊ ချယ်လ်ဆီး ၃ သင်းစလုံးမှာ ခရိုအေးရှားသားနဲ့ လက်တွဲခွင့်မရခဲ့တာကို မချင့်မရဲဖြစ်နေ။

– လက်စတာကွင်းလယ်လူ ဝီလ်ဖရီးဒ် အန်ဒီဒီဟာ ချယ်လ်ဆီးလို အဆင့်အတန်းမြင့်အသင်းမှာ ပူးပေါင်းသင့်တဲ့ ကစားသမားမျိုးလို့ အင်္ဂလန်ဘောလုံးကျွမ်းကျင်သူ မာတင် တိုင်လာက ထောက်ခံချက်ပေးသွားခဲ့ပြီး ၂၄ နှစ်သားဟာ အန်ဂိုလို ကွန်တေရဲ့ နေရာကို ဆက်ခံနိုင်သူဖြစ်တယ်လို့ ဆိုခဲ့ပြီးနောက် လက်စတာအသင်းက သူ့ကို ယူရိုသန်း ၆၀ စျေးဖွင့်သွား။

– လန်ဒန်ကစားသမားဟောင်း ဆက်စ် ဖာဘရီဂတ်စ်က ချယ်လ်ဆီးအသင်းက ပစ်မှတ်ထားနေတဲ့ သူ့ရဲ့မိုနာကိုအသင်း​ဖော် အူရေလီယန် ချွေမင်နီဟာ ပြီးပြည့်စုံတဲ့ ကွင်းလယ်ကစားသမားဖြစ်တယ်လို့ အမှာပါးသွားခဲ့ပြီး ဈေးမြောက်လွန်းတဲ့ ဒက်ကလန် ရိုက်စ်အစား ၂၁ နှစ်သားကိုသာ ယုံယုံကြည်ကြည်နဲ့ ခေါ်ယူဖို့ အသင်းဟောင်းကို တိုက်တွန်းသွား။

– ချယ်လ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ ဘန်ချေးလ်ဝဲလ်ဟာ ယူရိုပြိုင်ပွဲကို တခါမှ မကစားဖူးပေမယ့် သူ့ရဲ့ ဘောလုံးအမြင်စူးရှမှုနဲ့ ပါရမီထူးတဲ့ ခြေစွမ်းပြသမှုဟာ အင်္ဂလန်အသင်းကို ယူရိုဘုရင်ဖြစ်လာစေလိမ့်မယ်လို့ အာဆင်နယ်ကစားသမားဟောင်းကြီး မာတင် ကီအွန်က ​ကြိုတင်ဟောကိန်းထုတ်သွားခဲ့ပြီး သူ့ရဲ့ ဘောလုံးဦးနှောက်ကို အားကိုးရလိမ့်မယ်လို့ ဆိုသွားခဲ့။

– တူရကီက လာတဲ့ သတင်းတွေအရ ချယ်လ်ဆီးအသင်းဟာ ဖီယင်နုအသင်းက တူရကီကွင်းလယ်လူငယ်ကြယ်ပွင့် အိုကွန် ကော့ချူကို ခေါ်ယူဖို့ ဒရော့ဘာရဲ့အကူအညီနဲ့အတူ ကစားသမားမိသားစုထံ ကမ်းလှမ်လိုက်ပြီဖြစ်ကြောင်း သိရသလို သူ့ကိုမျက်စိကျနေတဲ့ လန်ဒန်ပြိုင်ဘက် အာဆင်နယ်နဲ့ စပါးစ်တို့ကိ နောက်ကောက်ချသွားဖို့ ပြင်ဆင်နေ။

– လာမယ့်အင်္ဂါနေ့မှာကစားမယ့် ယူရို ၂၀၂၀၊ အုပ်စု F ရဲ့အဖွင့်ပွဲ ပြင်သစ်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ ချယ်လ်ဆီးအသင်းဖော် အန်ဂိုလို ကွန်တေကို ကောင်းကောင်းကြီး သတိထားကစားသွားဖို့ ဂျာမနီအသင်းကို တီမို ဗာနာက နှိုးဆော်လိုက်ပြီး ပြင်သစ်သားရဲ့ ကစားအားကို ရပ်တန့်ပစ်ဖို့ဆိုတာ လေ့ကျင့်ရေးကွင်းမှာတောင် မလွယ်ကူကြောင်း ညည်းတွား။

– ချယ်လ်ဆီးအသင်းမှာ နေရာမရတာကြောင့် အထုပ်ပြင်ဖို့ အသင်းသစ်ရှာနေတယ်လို့ အတွင်းသတင်းထွက်ပေါ်လာတဲ့ ဟာကမ်း ဇီးယက်ရှ်ကို ယူရို ၃၅ သန်းနဲ့ အရဝယ်ယူဖို့ လီဗာပူးလ်နည်းပြကလော့ပ်နဲ့ အေစီမီလန်အသင်းတို့က အသည်းအသန်လိုက်နေတယ်လို့ သိရပြီး တူဟယ်လ်အနေနဲ့ မိုရိုကိုသားကို အန်ဖီးလ်မှာ ကစားခွင့်ပြုလိုက်ရင်တော့ အမှားကြီးမှားသွားမယ်လို့ သတိပေးခံထားရ။

– ပရီးမီးယားလိဂ်ရဲ့ အငြင်းပွားဖွယ်ရာ VAR စနစ်ကြောင့် အနစ်နာဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရပြီး မိမိအတွက် ၅ ဂိုးထက်မနည်း ဆုံးရှုံးစေခဲ့တယ်လို့ ဆိုခဲ့တဲ့ ချယ်လ်ဆီးတိုက်စစ်မှူးတီမို ဗာနာက လိုင်းအထူရေးဆွဲပြီး ရာသီသစ်မှာ ပြင်ဆင်သွားမယ့် VAR ဥပဒေသစ်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အေထာင္တိုက္စစ္မႉးစစ္စစ္တဦးကို မျဖစ္မေနရွာေဖြေနတဲ့ ခ်ယ္လ္ဆီးအသင္းဟာ လီဗာပူးလ္အသင္းရဲ႕ပစ္မွတ္ ပတ္ဆန္ ဒါကာလြန္ဆြဲပြဲမွာ ပါဝင္လာခဲ့ၿပီး RB ဆဲလ္ဘတ္တိုက္စစ္မႉးဟာ လက္စတာ၊ လီဗာပူးလ္နဲ႔ ခ်ယ္လ္ဆီး ၃ သင္းကို ေ႐ြးခ်ယ္ရခ်ိန္မွာ အဆုံးသတ္ပိုင္း အားနည္းလြန္းတဲ့ တီမို ဗာနာေနရာကို အသင့္ဝင္ကစားႏိုင္မယ့္ စတမ္းဖို႔ဒ္ေျမကိုသာ ေပါင္ ၂၅ သန္းဝန္းက်င္နဲ႔ ေရာက္ရွိလာဖြယ္မ်ားေန။

– ခ်ယ္လ္ဆီးကြင္းလယ္လူ ကိုဗာခ်စ္အေနနဲ႔ ဒီေႏြမွာ စပါးစ္အသင္းကို ေျပာင္းေ႐ႊ႕ကစားေတာ့မယ္လို႔ ေမာ္ရင္ညိဳက ေနာက္ေျပာင္သြားခဲ့ၿပီး ဒါဟာ သူေျပာင္းတဲ့အသင္းကို အၿမဲေနာက္က်မွ ေရာက္လာေလ့ရွိတဲ့ ကစားသမားနဲ႔ သူနဲ႔ၾကားက ကလင္ဒါက်အ​​ေျခအေနတခုျဖစ္ၿပီး အင္တာမီလန္၊ ရီးရဲလ္မက္ဒရစ္၊ ခ်ယ္လ္ဆီး ၃ သင္းစလုံးမွာ ခ႐ိုေအးရွားသားနဲ႔ လက္တြဲခြင့္မရခဲ့တာကို မခ်င့္မရဲျဖစ္ေန။

– လက္စတာကြင္းလယ္လူ ဝီလ္ဖရီးဒ္ အန္ဒီဒီဟာ ခ်ယ္လ္ဆီးလို အဆင့္အတန္းျမင့္အသင္းမွာ ပူးေပါင္းသင့္တဲ့ ကစားသမားမ်ိဳးလို႔ အဂၤလန္ေဘာလုံးကြၽမ္းက်င္သူ မာတင္ တိုင္လာက ေထာက္ခံခ်က္ေပးသြားခဲ့ၿပီး ၂၄ ႏွစ္သားဟာ အန္ဂိုလို ကြန္ေတရဲ႕ ေနရာကို ဆက္ခံႏိုင္သူျဖစ္တယ္လို႔ ဆိုခဲ့ၿပီးေနာက္ လက္စတာအသင္းက သူ႔ကို ယူ႐ိုသန္း ၆၀ ေစ်းဖြင့္သြား။

– လန္ဒန္ကစားသမားေဟာင္း ဆက္စ္ ဖာဘရီဂတ္စ္က ခ်ယ္လ္ဆီးအသင္းက ပစ္မွတ္ထားေနတဲ့ သူ႔ရဲ႕မိုနာကိုအသင္း​ေဖာ္ အူေရလီယန္ ေခြၽမင္နီဟာ ၿပီးျပည့္စုံတဲ့ ကြင္းလယ္ကစားသမားျဖစ္တယ္လို႔ အမွာပါးသြားခဲ့ၿပီး ေဈးေျမာက္လြန္းတဲ့ ဒက္ကလန္ ႐ိုက္စ္အစား ၂၁ ႏွစ္သားကိုသာ ယုံယုံၾကည္ၾကည္နဲ႔ ေခၚယူဖို႔ အသင္းေဟာင္းကို တိုက္တြန္းသြား။

– ခ်ယ္လ္ဆီးအသင္းနဲ႔ ခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့ ဘန္ေခ်းလ္ဝဲလ္ဟာ ယူ႐ိုၿပိဳင္ပြဲကို တခါမွ မကစားဖူးေပမယ့္ သူ႔ရဲ႕ ေဘာလုံးအျမင္စူးရွမႈနဲ႔ ပါရမီထူးတဲ့ ေျခစြမ္းျပသမႈဟာ အဂၤလန္အသင္းကို ယူ႐ိုဘုရင္ျဖစ္လာေစလိမ့္မယ္လို႔ အာဆင္နယ္ကစားသမားေဟာင္းႀကီး မာတင္ ကီအြန္က ​ႀကိဳတင္ေဟာကိန္းထုတ္သြားခဲ့ၿပီး သူ႔ရဲ႕ ေဘာလုံးဦးေႏွာက္ကို အားကိုးရလိမ့္မယ္လို႔ ဆိုသြားခဲ့။

– တူရကီက လာတဲ့ သတင္းေတြအရ ခ်ယ္လ္ဆီးအသင္းဟာ ဖီယင္ႏုအသင္းက တူရကီကြင္းလယ္လူငယ္ၾကယ္ပြင့္ အိုကြန္ ေကာ့ခ်ဴကို ေခၚယူဖို႔ ဒေရာ့ဘာရဲ႕အကူအညီနဲ႔အတူ ကစားသမားမိသားစုထံ ကမ္းလွမ္လိုက္ၿပီျဖစ္ေၾကာင္း သိရသလို သူ႔ကိုမ်က္စိက်ေနတဲ့ လန္ဒန္ၿပိဳင္ဘက္ အာဆင္နယ္နဲ႔ စပါးစ္တို႔ကိ ေနာက္ေကာက္ခ်သြားဖို႔ ျပင္ဆင္ေန။

– လာမယ့္အဂၤါေန႔မွာကစားမယ့္ ယူ႐ို ၂၀၂၀၊ အုပ္စု F ရဲ႕အဖြင့္ပြဲ ျပင္သစ္အသင္းနဲ႔ ထိပ္တိုက္ေတြ႕ဆုံမႈမွာ ခ်ယ္လ္ဆီးအသင္းေဖာ္ အန္ဂိုလို ကြန္ေတကို ေကာင္းေကာင္းႀကီး သတိထားကစားသြားဖို႔ ဂ်ာမနီအသင္းကို တီမို ဗာနာက ႏႈိးေဆာ္လိုက္ၿပီး ျပင္သစ္သားရဲ႕ ကစားအားကို ရပ္တန႔္ပစ္ဖို႔ဆိုတာ ေလ့က်င့္ေရးကြင္းမွာေတာင္ မလြယ္ကူေၾကာင္း ညည္းတြား။

– ခ်ယ္လ္ဆီးအသင္းမွာ ေနရာမရတာေၾကာင့္ အထုပ္ျပင္ဖို႔ အသင္းသစ္ရွာေနတယ္လို႔ အတြင္းသတင္းထြက္ေပၚလာတဲ့ ဟာကမ္း ဇီးယက္ရွ္ကို ယူ႐ို ၃၅ သန္းနဲ႔ အရဝယ္ယူဖို႔ လီဗာပူးလ္နည္းျပကေလာ့ပ္နဲ႔ ေအစီမီလန္အသင္းတို႔က အသည္းအသန္လိုက္ေနတယ္လို႔ သိရၿပီး တူဟယ္လ္အေနနဲ႔ မို႐ိုကိုသားကို အန္ဖီးလ္မွာ ကစားခြင့္ျပဳလိုက္ရင္ေတာ့ အမွားႀကီးမွားသြားမယ္လို႔ သတိေပးခံထားရ။

– ပရီးမီးယားလိဂ္ရဲ႕ အျငင္းပြားဖြယ္ရာ VAR စနစ္ေၾကာင့္ အနစ္နာဆုံးကစားသမားအျဖစ္ သတ္မွတ္ခံထားရၿပီး မိမိအတြက္ ၅ ဂိုးထက္မနည္း ဆုံးရႈံးေစခဲ့တယ္လို႔ ဆိုခဲ့တဲ့ ခ်ယ္လ္ဆီးတိုက္စစ္မႉးတီမို ဗာနာက လိုင္းအထူေရးဆြဲၿပီး ရာသီသစ္မွာ ျပင္ဆင္သြားမယ့္ VAR ဥပေဒသစ္ကို လႈိက္လႈိက္လွဲလွဲ ႀကိဳဆိုသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.