La Liga Ligue1 Premier League Serie A
အီဘရာမိုဗစ်ချ်လိုလူက အလေးစားရဆုံး ပြိုင်ဘက်ကစားသမား ၁၁ ဦးစာရင်း XI
ဂိုး – စတီဖန် ႐ူဖီေယး
မကြာသေးခင်မှ အနားယူသွားခဲ့တဲ့ စိန့်အက်တီယန်ဂိုးသမားဟောင်းကြီးနဲ့ပဲ ပြင်သစ်လီဂူးကနေ စတင်ရမှာပါ။ ၂၀၁၂-၂၀၁၃ အတွင်းမှာ ၄ ပွဲတွေ့ဆုံခဲ့ပြီး ဇလာတန်က သူ့ကို ကျော်ဖြတ်ဖို့ အရမ်းခက်ခဲခဲ့တယ်။ ၄ ပွဲမှာ ၂ ပွဲသရေကျခဲ့ရတယ်။ နောက်ထပ် ၁၀ ပွဲမှာ ဇလာတန်က အနိုင်ရပြီး ၂၀၁၇ ဖေဖော်ဝါရီက ယူနိုက်တက်နဲ့အတူ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပကျော့မှာ ဟက်ထရစ်သွင်းယူနိိုင်ခဲ့သေးကြောင်း သိရပါတယ်။
ညာနောက်ခံလူ ဟားဗီးယား ဇနက်တီ
အပြာရောင် ဆန်စီရိုမြေမှာ ၁၉ နှစ်ကြာ အချိန်ကုန်ဆုံးခဲ့တဲ့ ဇနက်တီက ကမ္ဘာ့အကောင်းဆုံးညာနောက်ခံလူတွေထဲက တဦးဖြစ်ပြီး မိုဗစ်ချ်ဖြုံမယ်ဆိုလည်း ဖြုံလောက်စရာပါ။ ပြိုင်ဘက်အနေနဲ့ ၁၃ ​ကြိမ်အထိ တွေ့ဆုံပြီး ဇနက်တီက ၆ ပွဲနိုင်၊ မိုဗစ်ချ်က ၄ ပွဲနိုင်၊ ၃ ပွဲ သရေဖြစ်ခဲ့တယ်။
ဗဟိုခံစစ်မှူး ဖိလစ်ပီ မက်ဆက်
ဇနက်တီလိုပဲ မိုဗစ်ချ်နဲ့ ဆန်စီရိုမှာ အသင်းဖော်ချင်းလည်း ဖြစ်ခဲ့သလို ​ပြိုင်ဘက်အဖြစ် ၁၃ ပွဲ ရင်ဆိုင်ခဲ့ရာမှာ မိုဗစ်ချ်ကတော့ ၃ ပွဲသာရှုံးပြီး ၉ ပွဲနိုင်နဲဲ့ ပြင်သစ်သားကို အသာစီးရယူမှုကို တွေ့ရပြီး အ​ကြောင်းသိမို့ ပိုခက်ခဲခဲ့ခြင်းကလည်း ပြင်သစ်နဲ့ ဆွီဒင်ထိပ်တိုက်တွေ့ဆုံမှုမှာ မိုဗစ်ချ်ရဲ့ ဗော်လီကန်ချက်ကြီးကလည်း ထင်ရှားခဲ့ပါသေးတယ်။
ဗဟိုခံစစ်မှူး ဝေါလ်တာ ဆမ်မြူရယ်
သူဟာလည်း မိုဗစ်ချ်နဲ့ အသင်းဖော်ဟောင်း ဖြစ်သလို ပြိုင်ဘက်အနေနဲ့ ၁၃ ကစားထားဖူးတာပါ။ မော်ရင်ညိုရဲ့ Masterclass ဖြစ်တဲ့ အင်တာရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်မယ်မှာ ဘာစီလိုနာမှာ ကစားနေတဲ့ မိုဗစ်ချ်တယောက် ကောင်းကောင်းရင်ခံခဲ့ရတာကပွဲက ထူးခြားနေပြီး ကျန်မှတ်တမ်းမှာတော့ ၅ ပွဲစီနိုင်ပြီး ၂ ပွဲ သရေကျထားတာပါ။
ဘယ်နောက်ခံလူ မာနူယယ်လ် ပါစကြဲလ်
ထိပ်တိုက်တွေ့ဆုံမှု ၁၁ ပွဲရှိခဲ့ပြီး သူ့ရဲ့ ဖြတ်တင်ဘောစွမ်းရည်ကို တိုက်စစ်မှူးမိုဗစ်ချ်က အရမ်းနှစ်သက်ခဲ့သလို သူ့ကို ဆွီဒင်အသင်းမှာတောင် ရှိနေစေကြောင်း ဆိုခဲ့တာပါ။ ဆွီဒင်သားကြီးကတော့ တိုက်စစ်အားသန်လွန်းတဲ့ ဘယ်နောက်ခံလူကို တခါမှ ရှုံးပွဲမရှိခဲ့တာပါ။
ကွင်းလယ်ခံစစ်မှုး ဒန်နီယယ်လီ ဒီရော့စီ
ရိုးမားအသင်းရဲ့ဂန္ထဝင်ကွင်းလယ်လူအဖြစ် သတ်မှတ်ရမယ့် ဒီရော့စီက ဘောလုံးကို ခပ်ကြမ်းကြမ်းဖြတ်ထုတ်တတ်တဲ့ အီတလီသားပါ။ မိုဗစ်ချ်နဲ့ ၁၅ ​ကြိမ်တွေ့ဆုံခဲ့ရာမှာ ရိုးမားအသင်းနဲ့ ၁၄ ပွဲမှာ ၃ ပွဲနိုင်ခဲ့ပေမယ့် ယူရို ၂၀၁၆ အီတလီနဲ့ ဆွီဒင်ပွဲမှာတော့ အီတလီက ၁ ဂိုးဂိုးမရှိနဲ့ အနိုင်ရဖူးရာမှာ ပါဝင်ထားခဲ့တာပါ။
ကွင်းလယ်လူ အန်ဒရီးယား ပီယာလို
ပီယာလိုနဲ့ မိုဗစ်ချ်တို့က ဆန်စီရိုမှာ တနှစ်ကြာအသင်းဖော်ဖြစ်ခဲ့ကြဖူးပြီး ပြိုင်ဘက်အဖြစ် ထိပ်တိုက်တွေ့ဆုံတဲ့ပွဲက ၁၃ ကြိမ်ရှိခဲ့ရာမှာ ပီယာလိုက ၅ ပွဲနိုင်ပြီး ၄ ပွဲသရေကျထားခဲ့တယ်လို့ သိရပြီး မိုဗစ်ချ်က အိုင်းယက်စ်တိုက်စစ်မှူးဘဝမှာ ပီယာလိုရဲ့ အေစီမီလန်ကို ၂ ကျော့လုံး ၁ ဂိုးဂိုးမရှိနဲ့ ရှူံးခဲ့ရတာလည်း မှတ်မှတ်ရရပါ။
ကွင်းလယ်လူ ဆက်စ် ဖာဘရီဂတ်စ်
ထိပ်တိုက်တွေ့ဆုံမှု ၁၃ ပွဲမှာ ဖာဘရီဂတ်စ်က ၄ ပွဲအနိုင်ယူခဲ့ပြီး ၂၀၁၅ ခုနှစ်တုန်းက စပိန်သားဦးဆောင်တဲ့ ချယ်လ်ဆီးအသင်းကို ကလေးငယ်လေးတွေလို့ မိုဗစ်ချ်က လှောင်ပြောင်ခဲ့ဖူးပါသေးတယ်။ တကယ်လို့သာ အာဆင်ဝင်းဂါးရဲ့ လူတွေ့စစ်ဆေးမှုကိုသာ ဝင်ပြိုင်ဖို့ မငြင်းခဲ့ရင်တော့ သူတို့နှစ်ဦးဟာ အာဆင်နယ်မှာ အသင်းဖော်တွေ ဖြစ်ခဲ့ကြဦးမှာပါ။
ကွင်းလယ်လူ ဆီမိုနီ ပါရော့တာ
၁၃ ​ကြိမ်တွေ့ဆုံမှုမှာ မိုဗစ်ချ်က တကြိမ်သာ အရေးနိမ့်ထားပြီး ၁၀ ပွဲအထိ အနိုင်ယူထားတာက ခက်ခဲတဲ့ပြိုင်ဘက်အဖြစ် မိုဗစ်ချ်ရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီမှုရှိနေရဲ့လားဆိုတာက မေးခွန်းထုတ်စရာရှိပေမယ့် တကယ်တမ်းမှာတော့ မိုဗစ်ချ်ကိုယ်တိုင်ဖြုံရတဲ့ ကစားသမားဖြစ်ခဲ့တာပါ။
တိုက်စစ်မှူး ဖရန်ချက်စကို တော့တီ
သူတို့နှစ်ဦးဟာ ပွဲပေါင်း ၁၄ ပွဲမှာ မိနစ် ၁၀၀၀ ကျော်လောက် ပြိုင်ဘက်တွေအဖြစ် ထိပ်တိုက်တွေ့ဆုံခဲ့ကြတာပါ။ ရိုးမားတသင်းတည်းမှာသာ တဘဝလုံးနှစ်မြှုပ်ပြီး ၂၅ နှစ်တာအတွင်း ထာဝရကစားသွားခဲ့တဲ့ တော့တီက ၂ ပွဲနိုင် ၁ ပွဲသရေနဲ့သာ မိုဗစ်ချ်ကို အသာမရခဲ့တာကို ရလဒ်ပိုင်းမှာ တွေ့ခဲ့ရတယ်။
တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒို
၁၃ ​ကြိမ်ထိပ်တိုက်တွေ့ဆုံမှုမှာ မက်ဆီကို ချစ်ခင်သလောက် မိုဗစ်ချ်ရဲ့ အခါးသီးဆုံးပြိုင်ဘက်လည်းဖြစ်နေတဲ့ ရော်နယ်လ်ဒိုက ၂၀၂၀ ခုနှစ်မရောက်ခင်အထိ ဆွီဒင်သားကြီးကို တကြိမ်သာ အနိုင်ကန်ထားတာပါ။ အပြင်းထန်ဆုံးပွဲကတော့ ၂၀၁၄ ကမ္ဘာ့ဖလား Play-off အ​ဆင့်မှာ ရော်နယ်လ်ဒိုက ဆွီဒင်ကို ဟက်ထရစ်သွင်းပြီး အိမ်ရှင်ဘရာဇီးလ်နိုင်ငံဆီ ပို့ဆောင်ပေးခဲ့ခြင်းပါ။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ဂိုး – စတီဖန် ရူဖီယေး
အပြာရောင် ဆန်စီရိုမြေမှာ ၁၉ နှစ်ကြာ အချိန်ကုန်ဆုံးခဲ့တဲ့ ဇနက်တီက ကမ္ဘာ့အကောင်းဆုံးညာနောက်ခံလူတွေထဲက တဦးဖြစ်ပြီး မိုဗစ်ခ်ျဖြုံမယ်ဆိုလည်း ဖြုံလောက်စရာပါ။ ပြိုင်ဘက်အနေနဲ့ ၁၃ ​ကြိမ်အထိ တွေ့ဆုံပြီး ဇနက်တီက ၆ ပွဲနိုင်၊ မိုဗစ်ခ်ျက ၄ ပွဲနိုင်၊ ၃ ပွဲ သရေဖြစ်ခဲ့တယ်။
ဇနက်တီလိုပဲ မိုဗစ်ခ်ျနဲ့ ဆန်စီရိုမှာ အသင်းဖော်ချင်းလည်း ဖြစ်ခဲ့သလို ​ပြိုင်ဘက်အဖြစ် ၁၃ ပွဲ ရင်ဆိုင်ခဲ့ရာမှာ မိုဗစ်ခ်ျကတော့ ၃ ပွဲသာရှုံးပြီး ၉ ပွဲနိုင်နဲ့ ပြင်သစ်သားကို အသာစီးရယူမှုကို တွေ့ရပြီး အ​ကြောင်းသိမို့ ပိုခက်ခဲခဲ့ခြင်းကလည်း ပြင်သစ်နဲ့ ဆွီဒင်ထိပ်တိုက်တွေ့ဆုံမှုမှာ မိုဗစ်ခ်ျရဲ့ ဗော်လီကန်ချက်ကြီးကလည်း ထင်ရှားခဲ့ပါသေးတယ်။
သူဟာလည်း မိုဗစ်ခ်ျနဲ့ အသင်းဖော်ဟောင်းဖြစ်သလို ပြိုင်ဘက်အနေနဲ့ ၁၃ ကစားထားဖူးတာပါ။ မော်ရင်ညိုရဲ့ Masterclass ဖြစ်တဲ့ အင်တာရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်မယ်မှာ ဘာစီလိုနာမှာ ကစားနေတဲ့ မိုဗစ်ခ်ျတယောက် ကောင်းကောင်းရင်ခံခဲ့ရတာကပွဲက ထူးခြားနေပြီး ကျန်မှတ်တမ်းမှာတော့ ၅ ပွဲစီနိုင်ပြီး ၂ ပွဲ သရေကျထားတာပါ။
ဘယ်နောက်ခံလူ မာနူယယ်လ် ပါစကွဲလ်
ပီယာလိုနဲ့ မိုဗစ်ခ်ျတို့က ဆန်စီရိုမှာ တနှစ်ကြာအသင်းဖော်ဖြစ်ခဲ့ကြဖူးပြီး ပြိုင်ဘက်အဖြစ် ထိပ်တိုက်တွေ့ဆုံတဲ့ပွဲက ၁၃ ကြိမ်ရှိခဲ့ရာမှာ ပီယာလိုက ၅ ပွဲနိုင်ပြီး ၄ ပွဲသရေကျထားခဲ့တယ်လို့ သိရပြီး မိုဗစ်ခ်ျက အိုင်းယက်စ်တိုက်စစ်မှူးဘဝမှာ ပီယာလိုရဲ့ အေစီမီလန်ကို ၂ ကျော့လုံး ၁ ဂိုးဂိုးမရှိနဲ့ ရှူံးခဲ့ရတာလည်း မှတ်မှတ်ရရပါ။
၁၃ ​ကြိမ်တွေ့ဆုံမှုမှာ မိုဗစ်ခ်ျက တကြိမ်သာ အရေးနိမ့်ထားပြီး ၁၀ ပွဲအထိ အနိုင်ယူထားတာက ခက်ခဲတဲ့ပြိုင်ဘက်အဖြစ် မိုဗစ်ခ်ျရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီမှုရှိနေရဲ့လားဆိုတာက မေးခွန်းထုတ်စရာရှိပေမယ့် တကယ်တမ်းမှာတော့ မိုဗစ်ခ်ျကိုယ်တိုင်ဖြုံရတဲ့ ကစားသမားဖြစ်ခဲ့တာပါ။
REF: INTERNET SOURCES
SPORTS A2Z.