International

နောက်ဆုံးရ ခရစ္စတီယန် အဲရစ်ဆန်နှင့် ဆက်စပ်သတင်းများ စုစည်းမှု

– ပြီးခဲ့တဲ့ ဖင်လန်နဲ့ပွဲမှာ ကွင်းထဲ လဲကျသွားခဲ့ပြီး နှလုံးရပ်တန့်သွားခဲ့တဲ့ ကွင်းလယ်လူ အဲရစ်ဆန်နဲ့ စပါးစ်အသင်းမှာ အတူတူ လက်တွဲ လုပ်ကိုင်ခဲ့ဖူးတဲ့ အားကစားဆရာဝန် ဆန်ဂျေး ရှာမာက ဒိန်းမတ်သားအနေနဲ့ ဒီနှစ်ယူရိုပြိုင်ပွဲမှာ ထပ်မကစားသင့်တော့ဘဲ ကျန်းမာရေး အခြေအနေကို အထူးဂရုစိုက် ကုသသင့်ပြီလို့ အကြံပေးသွား။

– အဲရစ်ဆန်ရဲ့ မိသားစုအတွက် အင်္ဂလန်နိုင်ငံရဲ့ ကိန်းဘရစ်ချ်မြို့စားမင်းသား ဝီလီယမ်စ်က ဆုတောင်းပေးသွားခဲ့ပြီး သူ့အတွက် ပွဲကို အမြန်ဆုံး ရပ်နားပေးခဲ့တဲ့ ဒိုင်လူကြီး အန်ထော်နီ တေလာနဲ့ ပြုစုကုသပေးခဲ့တဲ့ ဆေးအဖွဲ့ကိုလည်း ချီးကျူးစကား ပြောကြားသွားခဲ့။

– အင်တာမီလန်အသင်းဖော် အက်ရှ်ရက်ဖ် ဟာကီမီက အဲရစ်ဆန်နဲ့ သူတွဲရိုက်ထားခဲ့တဲ့ လေ့ကျင့်ရေးကွင်းက ပုံနဲ့အတူ အမြန်ဆုံး ပြန်ကောင်းမွန်နိုင်စေဖို့ ဆုတောင်းသွားခဲ့သလို တခြားအသင်းဖော်တိုက်စစ်မှူး ရိုမီလူ လူကာကူးကလည်း သူ့ရဲ့ ရုရှားနဲ့ပွဲက သွင်းဂိုးတွေကို ဒိန်းမတ်သားအတွက် ရည်ရွယ်ကြောင်းဆိုသွားခဲ့။

– ဒိန်းမတ်အသင်းနည်းပြ ကက်စ်ပါ ယူးလ်မန်းဒ်က ကြမ်းတမ်းခက်ခဲတဲ့ ညနေတစ်ခုဖြစ်ခဲ့တယ်လို့ အဲရစ်ဆန် လဲကျသွားခဲ့တဲ့ ဖင်လန်နဲ့ ရှုံးပွဲကို မျက်ရည်လည်ရွဲနဲ့ ရည်ညွှန်းပြောဆိုသွားခဲ့ပြီး အသင်းသားအားလုံးဟာ သူတို့ရဲ့ ကွင်းလယ်လူနဲ့ မိသားစုအတွက် စိုးရိမ်ပူပန်နေတယ်လို့ ထုတ်ဖော်သွားခဲ့။

– ပရီးမီးယားလိဂ်ရဲ့ ကစားသမားတွေဖြစ်ကြတဲ့ အယ်လီဆန် ဘက်ကာ၊ မားကပ်စ် ရက်ရှ်ဖို့ဒ်၊ ဂျက်ခ် ဂရီးလစ်ရှ်၊ တမ်မီ အေဘရာဟမ်၊ ဟာရီကိန်း စတဲ့သူတွေနဲ့ အာဆင်နယ်၊ စပါးစ်အသင်းတွေ အပါအဝင် အင်္ဂလန်အခြေစိုက် ဘောလုံးမိသားစုတွေက အဲရစ်ဆန်အတွက် ဝိုင်းဝန်းအားပေးဆုတောင်းပေးခဲ့ကြ။

– အဲရစ်ဆန်ရဲ့ အခြေအနေ တည်ငြိမ်လျက်ရှိပြီး ကျန်းမာရေးအတွက် ဆက်လက်စစ်ဆေးကုသမှုတွေကို ပြုလုပ်သွားမယ်လို့ ဒိန်းမတ် ဘောလုံးအဖွဲ့ချုပ်က တရားဝင်ထုတ်ပြန်ခဲ့ပြီး UEFA အနေနဲ့လည်း ဒိန်းမတ်-ဖင်လန်ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် ကွင်းလယ်လူကို ဂုဏ်ပြုသတ်မှတ်ပေးသွားခဲ့။

– ဒိန်းမတ်နဲ့ပွဲကို ဆက်လက်ကစားခဲ့ပြီး တစ်လုံးတည်းသော အနိုင်ဂိုးကို ဖင်လန်အသင်းအတွက် သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ယိုအဲလ် ပို့ယန်ပါလိုအနေနဲ့ သမိုင်းဝင်ဂိုးမျိုးကို သွင်းယူနိုင်ခဲ့ပေမယ့် အောင်ပွဲခံဖို့ လုပ်ဆောင်မှုကို လမ်းတဝက်မှာ အဲရစ်ဆန်ကို သတိရမှုနဲ့အတူ ရပ်တန့်ခဲ့ပြီး အသင်းဖော်တွေနဲ့ သာမန်ပူးပေါင်း ပွေ့ဖက်မှုနဲ့ပဲ ကျေနပ်သွားခဲ့။

– အားကစားဆေးပညာရှင်တွေအနေနဲ့ အဲရစ်ဆန်ရဲ့ လက်ရှိအခြေအနေကို စိုးရိမ်မှုကြီးနေကြပြီး အင်တာမီလန်ကွင်းလယ်လူအနေနဲ့ နောက်ကို ဘောလုံးထပ်ကစားတာမျိုး မရှိသင့်တော့ဘဲ အပြီးတိုင် အနားယူမှုနဲ့အတူ ကျန်းမာရေးကို ဂရုတစိုက် နေထိုင်သင့်ပြီလို့တောင် အကြံပြုနေကြ။

– စနေနေ့ညက နောက်အကျဆုံးပွဲစဉ်ကို ကစားရမယ့် ဘယ်လ်ဂျီယမ်အသင်းရဲ့ ရုရှားနဲ့ပွဲစဉ်မတိုင်မီ ဒိန်းမတ်-ဖင်လန်ပွဲကို ကြည့်ရှုနေကြတဲ့ အသင်းသားတွေအနေနဲ့ အဲရစ်ဆန်ရဲ့ဖြစ်ရပ်ကို မြင်တွေ့ခဲ့ရအပြီးမှာ မျက်ရည်ကျခဲ့ကြတယ်လို့ နည်းပြ ရောဘတ်တို မာတီနက်ဇ်က ထုတ်ဖော်သွားခဲ့ပြီး သူ့ရဲ့အသင်းသားတွေထဲက ဒိန်းမတ်သားနဲ့ အသင်းဖော်တွေဖြစ်ခဲ့ကြဖူးတဲ့ ဗာတွန်ဂန်၊ အယ်လ်ဒါဗိုင်ရယ်လ်၊ ဗာမေလန်နဲ့ လူကာကူးတို့ဟာ တော်တော်လေး တုန်လှုပ်ခဲ့ကြကြောင်းလည်း ဆိုသွားခဲ့။

– အဲရစ်ဆန်ရဲ့ အင်အားလျော့နည်းသွားမှုနဲ့အတူ ဖင်လန်အသင်းဟာ ဒိန်းမတ်ဘက်ကို အခွင့်ကောင်းယူပြီး အနိုင်ရရှိသွားခဲ့တာ ဖြစ်တယ်လို့ ရုရှားအသင်းနည်းပြ စတန်နီဆလပ်ဗ် ချာချီဆော့ဗ်က ပြောကြားလိုက်ပြီး အုပ်စုတက်ရေးအတွက် အဓိကပြိုင်ဘက် ဖင်လန် အသာစီးရရှိသွားမှုအပေါ် မချင့်မရဲဖြစ်နေပုံရခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ၿပီးခဲ့တဲ့ ဖင္လန္နဲ႔ပြဲမွာ ကြင္းထဲ လဲက်သြားခဲ့ၿပီး ႏွလုံးရပ္တန႔္သြားခဲ့တဲ့ ကြင္းလယ္လူ အဲရစ္ဆန္နဲ႔ စပါးစ္အသင္းမွာ အတူတူ လက္တြဲ လုပ္ကိုင္ခဲ့ဖူးတဲ့ အားကစားဆရာဝန္ ဆန္ေဂ်း ရွာမာက ဒိန္းမတ္သားအေနနဲ႔ ဒီႏွစ္ယူ႐ိုၿပိဳင္ပြဲမွာ ထပ္မကစားသင့္ေတာ့ဘဲ က်န္းမာေရး အေျခအေနကို အထူးဂ႐ုစိုက္ ကုသသင့္ၿပီလို႔ အႀကံေပးသြား။

– အဲရစ္ဆန္ရဲ႕ မိသားစုအတြက္ အဂၤလန္ႏိုင္ငံရဲ႕ ကိန္းဘရစ္ခ်္ၿမိဳ႕စားမင္းသား ဝီလီယမ္စ္က ဆုေတာင္းေပးသြားခဲ့ၿပီး သူ႔အတြက္ ပြဲကို အျမန္ဆုံး ရပ္နားေပးခဲ့တဲ့ ဒိုင္လူႀကီး အန္ေထာ္နီ ေတလာနဲ႔ ျပဳစုကုသေပးခဲ့တဲ့ ေဆးအဖြဲ႕ကိုလည္း ခ်ီးက်ဴးစကား ေျပာၾကားသြားခဲ့။

– အင္တာမီလန္အသင္းေဖာ္ အက္ရွ္ရက္ဖ္ ဟာကီမီက အဲရစ္ဆန္နဲ႔ သူတြဲ႐ိုက္ထားခဲ့တဲ့ ေလ့က်င့္ေရးကြင္းက ပုံနဲ႔အတူ အျမန္ဆုံး ျပန္ေကာင္းမြန္ႏိုင္ေစဖို႔ ဆုေတာင္းသြားခဲ့သလို တျခားအသင္းေဖာ္တိုက္စစ္မႉး ႐ိုမီလူ လူကာကူးကလည္း သူ႔ရဲ႕ ႐ုရွားနဲ႔ပြဲက သြင္းဂိုးေတြကို ဒိန္းမတ္သားအတြက္ ရည္႐ြယ္ေၾကာင္းဆိုသြားခဲ့။

– ဒိန္းမတ္အသင္းနည္းျပ ကက္စ္ပါ ယူးလ္မန္းဒ္က ၾကမ္းတမ္းခက္ခဲတဲ့ ညေနတစ္ခုျဖစ္ခဲ့တယ္လို႔ အဲရစ္ဆန္ လဲက်သြားခဲ့တဲ့ ဖင္လန္နဲ႔ ရႈံးပြဲကို မ်က္ရည္လည္႐ြဲနဲ႔ ရည္ၫႊန္းေျပာဆိုသြားခဲ့ၿပီး အသင္းသားအားလုံးဟာ သူတို႔ရဲ႕ ကြင္းလယ္လူနဲ႔ မိသားစုအတြက္ စိုးရိမ္ပူပန္ေနတယ္လို႔ ထုတ္ေဖာ္သြားခဲ့။

– ပရီးမီးယားလိဂ္ရဲ႕ ကစားသမားေတြျဖစ္ၾကတဲ့ အယ္လီဆန္ ဘက္ကာ၊ မားကပ္စ္ ရက္ရွ္ဖို႔ဒ္၊ ဂ်က္ခ္ ဂရီးလစ္ရွ္၊ တမ္မီ ေအဘရာဟမ္၊ ဟာရီကိန္း စတဲ့သူေတြနဲ႔ အာဆင္နယ္၊ စပါးစ္အသင္းေတြ အပါအဝင္ အဂၤလန္အေျခစိုက္ ေဘာလုံးမိသားစုေတြက အဲရစ္ဆန္အတြက္ ဝိုင္းဝန္းအားေပးဆုေတာင္းေပးခဲ့ၾက။

– အဲရစ္ဆန္ရဲ႕ အေျခအေန တည္ၿငိမ္လ်က္ရွိၿပီး က်န္းမာေရးအတြက္ ဆက္လက္စစ္ေဆးကုသမွဳေတြကို ျပဳလုပ္သြားမယ္လို႔ ဒိန္းမတ္ ေဘာလုံးအဖြဲ႕ခ်ဳပ္က တရားဝင္ထုတ္ျပန္ခဲ့ၿပီး UEFA အေနနဲ႔လည္း ဒိန္းမတ္-ဖင္လန္ပြဲရဲ႕ အေကာင္းဆုံးကစားသမားအျဖစ္ ကြင္းလယ္လူကို ဂုဏ္ျပဳသတ္မွတ္ေပးသြားခဲ့။

– ဒိန္းမတ္နဲ႔ပြဲကို ဆက္လက္ကစားခဲ့ၿပီး တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ဖင္လန္အသင္းအတြက္ သြင္းယူေပးခဲ့တဲ့ တိုက္စစ္မႉး ယိုအဲလ္ ပို႔ယန္ပါလိုအေနနဲ႔ သမိုင္းဝင္ဂိုးမ်ိဳးကို သြင္းယူႏိုင္ခဲ့ေပမယ့္ ေအာင္ပြဲခံဖို႔ လုပ္ေဆာင္မႈကို လမ္းတဝက္မွာ အဲရစ္ဆန္ကို သတိရမႈနဲ႔အတူ ရပ္တန႔္ခဲ့ၿပီး အသင္းေဖာ္ေတြနဲ႔ သာမန္ပူးေပါင္း ေပြ႕ဖက္မႈနဲ႔ပဲ ေက်နပ္သြားခဲ့။

– အားကစားေဆးပညာရွင္ေတြအေနနဲ႔ အဲရစ္ဆန္ရဲ႕ လက္ရွိအေျခအေနကို စိုးရိမ္မႈႀကီးေနၾကၿပီး အင္တာမီလန္ကြင္းလယ္လူအေနနဲ႔ ေနာက္ကို ေဘာလုံးထပ္ကစားတာမ်ိဳး မရွိသင့္ေတာ့ဘဲ အၿပီးတိုင္ အနားယူမႈနဲ႔အတူ က်န္းမာေရးကို ဂ႐ုတစိုက္ ေနထိုင္သင့္ၿပီလို႔ေတာင္ အႀကံျပဳေနၾက။

– စေနေန႔ညက ေနာက္အက်ဆုံးပြဲစဥ္ကို ကစားရမယ့္ ဘယ္လ္ဂ်ီယမ္အသင္းရဲ႕ ႐ုရွားနဲ႔ပြဲစဥ္မတိုင္မီ ဒိန္းမတ္-ဖင္လန္ပြဲကို ၾကည့္ရႈေနၾကတဲ့ အသင္းသားေတြအေနနဲ႔ အဲရစ္ဆန္ရဲ႕ျဖစ္ရပ္ကို ျမင္ေတြ႕ခဲ့ရအၿပီးမွာ မ်က္ရည္က်ခဲ့ၾကတယ္လို႔ နည္းျပ ေရာဘတ္တို မာတီနက္ဇ္က ထုတ္ေဖာ္သြားခဲ့ၿပီး သူ႔ရဲ႕အသင္းသားေတြထဲက ဒိန္းမတ္သားနဲ႔ အသင္းေဖာ္ေတြျဖစ္ခဲ့ၾကဖူးတဲ့ ဗာတြန္ဂန္၊ အယ္လ္ဒါဗိုင္ရယ္လ္၊ ဗာေမလန္နဲ႔ လူကာကူးတို႔ဟာ ေတာ္ေတာ္ေလး တုန္လႈပ္ခဲ့ၾကေၾကာင္းလည္း ဆိုသြားခဲ့။

– အဲရစ္ဆန္ရဲ႕ အင္အားေလ်ာ့နည္းသြားမႈနဲ႔အတူ ဖင္လန္အသင္းဟာ ဒိန္းမတ္ဘက္ကို အခြင့္ေကာင္းယူၿပီး အႏိုင္ရရွိသြားခဲ့တာ ျဖစ္တယ္လို႔ ႐ုရွားအသင္းနည္းျပ စတန္နီဆလပ္ဗ္ ခ်ာခ်ီေဆာ့ဗ္က ေျပာၾကားလိုက္ၿပီး အုပ္စုတက္ေရးအတြက္ အဓိကၿပိဳင္ဘက္ ဖင္လန္ အသာစီးရရွိသြားမႈအေပၚ မခ်င့္မရဲျဖစ္ေနပုံရခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.