Analysis International Match Report

ဘယ်လ်ဂျီယမ် 3-0 ရုရှားပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်

၁။ ဘယ်လ်ဂျီယမ်အတွက် သက်သောင့်သက်သာအနိုင်
ရုရှားအသင်းရဲ့ ခံစစ်ကြောင်းအမှားတွေက ရုပ်ပျက်ဆင်းပျက်ဖြစ်နေခဲ့တာကို တွေ့ရပြီး စုစည်းမှုပျက်စီးနေခဲ့တာက တိုက်စစ်မှာ မုန်တိုင်းဝင်မွှေသလို ကစားသွားနိုင်တဲ့ လူကာကူဦးဆောင်လာတဲ့ ဘယ်လ်ဂျီယံအသင်းအတွက်တော့ ဂိုးရဖို့ လွယ်ကူလွန်းခဲ့ပါတယ်။ လူကာကူ ၂ ဂိုး၊ သောမတ်စ် မူနီယာ ၁ ဂိုးသွင်းပြီး ၃ ဂိုးပြတ်နဲ့ သာသာယာယာပဲ ၃ မှတ်ယူသွားခဲ့တယ်။

၂။ ၂၀၁၈ ကမ္ဘာ့ဖလားပုံပြင်ထဲမှာ ကျန်ခဲ့တဲ့ ရုရှား
၂၀၁၈ ကမ္ဘာ့ဖလားမှာ အိမ်ရှင်ရုရှားအသင်းက ​​ခြေစွာလွန်းလို့ ကမ္ဘာ့ဘောလုံးလောကကို အံ့အားသင့်စေခဲ့ပြီး ဆီမီးဖိုင်နယ်အထိ တက်ခဲ့တဲ့ခြေစွမ်းက အခုယူရိုပွဲမှာတော့ ကြက်ပျောက်ငှက်ပျောက်အဖြစ်သာ မြင်တွေ့ခဲ့ရပြီး အဆိပ်မရှိတဲ့ ရေမြွေအဖြစ်သာ ပျော့ကွက်တွေ များလွန်းနေခဲ့ပြီး နည်းပြစတန်နီစလဗ် ချာချီဆော့ရဲ့အသင်းက ခံစစ်မာကျောမှုပျောက်ဆုံးနေခဲ့တယ်။

၃။ ကြမ်းလွန်းတယ် လူကာကူး
ယူနိုက်တက်မှာ ဘောလုံးတောင် မထိန်းတတ်လို့ အမနာပအပြောခံခဲ့ရတဲ့ လူကာကူးရဲ့ ရွှေလိုတန်ဖိုးက အင်တာမီလန်မှာ ဝင်းပလာခဲ့ပြီးနောက် ရိုက်ချိုးမရတဲ့ လူသန်ကြီးဖြစ်လာခဲ့ချိန်မှာ သူ့ရဲ့ ယူရိုအဖွင့်ပွဲမှာလည်း ဘယ်လ်ဂျီယံအသင်းအတွက် သွင်းဂိုး ၂ ဂိုးရယူပြီး ပြီးပြည့်စုံသွားတဲ့ အထောင်တိုက်စစ်မှူးစစ်စစ်အဖြစ် နိုင်ငံတကာအဆင့်မှာ ထပ်မံသက်သေပြနိုင်ခဲ့တာက နည်းပြမာတီနက်ဇ်အတွက်လည်း ကျေနပ်စရာဖြစ်ခဲ့တယ်။

၄။ နှစ်ဖက်စလုံး ကွမ်းရွှမ်းခဲ့တဲ့ပွဲ
မာတီနက်ဇ်အတွက်တော့ နောက်လာမယ့်ပွဲအတွက် ခေါင်းကိုက်စရာဖြစ်စေခဲ့တာကတော့ မျက်လုံးထိခိုက်သွားခဲ့တဲ့ တီမိုသီ ကက်စတာညာ၊ ဒုတိယပိုင်းမှာ ခြေကျင်းဝတ်ဒဏ်ရာရသွားတဲ့ ဗာတွန်ဂန်တို့ကို လူစားလဲခဲ့ရတာပါ။ ရုရှားနည်းပြ ချာချီဆော့အတွက်လည်း ဒဏ်ရာပြဿနာတွေရှိခဲ့ပြီး နောက်တပွဲမှာ လူဘယ်လိုထုတ်လာမလဲဆိုတာ ခေါင်းခဲစရာပါ။

၅။ ဒုတ်ိယပိုင်းခြေကျတဲ့ ပြဿနာ
ပထမပိုင်း ၂ ဂိုးနဲ့ ဦးဆောင်အပြိီး ဘယ်လ်ဂျီယံအုပ်စုက ခြေကျသွားခဲ့တဲ့ ဒုတိယပိုင်းပွဲချိန်က ထောက်ပြစရာဖြစ်ခဲ့တယ်။ ပွဲတန်ပိုကို လုံးဝချပစ်လိုက်သလို မြင်ခဲ့ရပြီး ရုရှားရဲ့ ညံ့လွန်းတဲ့ ခြေစွမ်းကြောင့်သာ အထိအခိုက်မရှိခဲ့ခြင်းဖြစ်ပါတယ်။ သော်ဂန် ဟာဇက်နဲ့ ကာရက်စ်ကိုက ဘယ်ခြမ်းမှာ မွှေနှောက်ကစားနိုင်ခဲ့တာကို တွေ့ရပြီး ယူရိုဘုရင်ဖြစ်မယ့် အလေးအသာဆုံးအသင်းအဖြစ် ဘယ်လ်ဂျီယံကလည်း စာရင်းပေါက်လာခဲ့ပြီဖြစ်ပါတယ်။

၆။ Chris… I Love You…
ဒိန်းမတ်နဲ့ ဖင်လန်နဲ့ပွဲမှာ ကွင်းလယ်လူ ခရစ္စရှန် အဲရစ်ဆင်ရဲ့ ဖြစ်ရပ်က ကမ္ဘာ့ဘောလုံးလောကကို ကိုင်လှုပ်သွားခဲ့တယ်။ ရုတ်တရက်အသက်ရှုရပ်ပြီး ကွင်းထဲမှာ အရုပ်​ကြိုးပြတ်လဲကျသွားခဲ့တဲ့ မြင်ကွင်းက စိတ်ထိခိုက်စရာကောင်းခဲ့တယ်။ လူကာကူးက သူ့ရဲ့သွင်းဂိုးအပြီးမှာ ကင်မရာရှေ့ကနေ အင်တာမီလန်အသင်းဖော်သူငယ်ချင်းအတွက် မေတ္တာပို့သခဲ့တာကလည်း ကြည်နူးမိစရာ ထွေးပွေ့မှုဖြစ်ခဲ့ပါတယ်။ အဲရစ်ဆင်က အသက်ရှင်ဖို့ ရာခိုင်နှုန်းများခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

၇။ ဒီဘရိုင်းနားရဲ့ သတင်းကောင်း
မန်စီးတီးရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မျက်ခွံရိုးနဲ့ နှာနုရိုးအက်ခဲ့လို့ နားနေခဲ့ရပြီး ဘယ်လ်ဂျီယံရဲ့ လူစာရင်းမှာတော့ ပါဝင်လာခဲ့တဲ့ ကီဗင် ဒီဘရိုင်းနားက လာမယ့်ရက်ပိုင်းအတွင်းမှာ ပြန်ကစားနိုင်တော့မယ်လို့ သိရပြီး ဘယ်လ်ဂျီယံရဲ့အုပ်စုအဆင့််မှာတင် အမီပြန်လာနိုင်မယ်လို့ မျှော်လင့်ခံထားရကြောင်း သိရှိထားရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁။ ဘယ္လ္ဂ်ီယမ္အတြက္ သက္ေသာင့္သက္သာအႏိုင္
႐ုရွားအသင္းရဲ႕ ခံစစ္ေၾကာင္းအမွားေတြက ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနခဲ့တာကို ေတြ႕ရၿပီး စုစည္းမႈပ်က္စီးေနခဲ့တာက တိုက္စစ္မွာ မုန္တိုင္းဝင္ေမႊသလို ကစားသြားႏိုင္တဲ့ လူကာကူဦးေဆာင္လာတဲ့ ဘယ္လ္ဂ်ီယံအသင္းအတြက္ေတာ့ ဂိုးရဖို႔ လြယ္ကူလြန္းခဲ့ပါတယ္။ လူကာကူ ၂ ဂိုး၊ ေသာမတ္စ္ မူနီယာ ၁ ဂိုးသြင္းၿပီး ၃ ဂိုးျပတ္နဲ႔ သာသာယာယာပဲ ၃ မွတ္ယူသြားခဲ့တယ္။

၂။ ၂၀၁၈ ကမာၻ႔ဖလားပုံျပင္ထဲမွာ က်န္ခဲ့တဲ့ ႐ုရွား
၂၀၁၈ ကမာၻ႔ဖလားမွာ အိမ္ရွင္႐ုရွားအသင္းက ​​ေျခစြာလြန္းလို႔ ကမာၻ႔ေဘာလုံးေလာကကို အံ့အားသင့္ေစခဲ့ၿပီး ဆီမီးဖိုင္နယ္အထိ တက္ခဲ့တဲ့ေျခစြမ္းက အခုယူ႐ိုပြဲမွာေတာ့ ၾကက္ေပ်ာက္ငွက္ေပ်ာက္အျဖစ္သာ ျမင္ေတြ႕ခဲ့ရၿပီး အဆိပ္မရွိတဲ့ ေရေႁမြအျဖစ္သာ ေပ်ာ့ကြက္ေတြ မ်ားလြန္းေနခဲ့ၿပီး နည္းျပစတန္နီစလဗ္ ခ်ာခ်ီေဆာ့ရဲ႕အသင္းက ခံစစ္မာေက်ာမႈေပ်ာက္ဆုံးေနခဲ့တယ္။

၃။ ၾကမ္းလြန္းတယ္ လူကာကူး
ယူႏိုက္တက္မွာ ေဘာလုံးေတာင္ မထိန္းတတ္လို႔ အမနာပအေျပာခံခဲ့ရတဲ့ လူကာကူးရဲ႕ ေ႐ႊလိုတန္ဖိုးက အင္တာမီလန္မွာ ဝင္းပလာခဲ့ၿပီးေနာက္ ႐ိုက္ခ်ိဳးမရတဲ့ လူသန္ႀကီးျဖစ္လာခဲ့ခ်ိန္မွာ သူ႔ရဲ႕ ယူ႐ိုအဖြင့္ပြဲမွာလည္း ဘယ္လ္ဂ်ီယံအသင္းအတြက္ သြင္းဂိုး ၂ ဂိုးရယူၿပီး ၿပီးျပည့္စုံသြားတဲ့ အေထာင္တိုက္စစ္မႉးစစ္စစ္အျဖစ္ ႏိုင္ငံတကာအဆင့္မွာ ထပ္မံသက္ေသျပႏိုင္ခဲ့တာက နည္းျပမာတီနက္ဇ္အတြက္လည္း ေက်နပ္စရာျဖစ္ခဲ့တယ္။

၄။ ႏွစ္ဖက္စလုံး ကြမ္း႐ႊမ္းခဲ့တဲ့ပြဲ
မာတီနက္ဇ္အတြက္ေတာ့ ေနာက္လာမယ့္ပြဲအတြက္ ေခါင္းကိုက္စရာျဖစ္ေစခဲ့တာကေတာ့ မ်က္လုံးထိခိုက္သြားခဲ့တဲ့ တီမိုသီ ကက္စတာညာ၊ ဒုတိယပိုင္းမွာ ေျခက်င္းဝတ္ဒဏ္ရာရသြားတဲ့ ဗာတြန္ဂန္တို႔ကို လူစားလဲခဲ့ရတာပါ။ ႐ုရွားနည္းျပ ခ်ာခ်ီေဆာ့အတြက္လည္း ဒဏ္ရာျပႆနာေတြရွိခဲ့ၿပီး ေနာက္တပြဲမွာ လူဘယ္လိုထုတ္လာမလဲဆိုတာ ေခါင္းခဲစရာပါ။

၅။ ဒုတ္ိယပိုင္းေျခက်တဲ့ ျပႆနာ
ပထမပိုင္း ၂ ဂိုးနဲ႔ ဦးေဆာင္အၿပိီး ဘယ္လ္ဂ်ီယံအုပ္စုက ေျခက်သြားခဲ့တဲ့ ဒုတိယပိုင္းပြဲခ်ိန္က ေထာက္ျပစရာျဖစ္ခဲ့တယ္။ ပြဲတန္ပိုကို လုံးဝခ်ပစ္လိုက္သလို ျမင္ခဲ့ရၿပီး ႐ုရွားရဲ႕ ညံ့လြန္းတဲ့ ေျခစြမ္းေၾကာင့္သာ အထိအခိုက္မရွိခဲ့ျခင္းျဖစ္ပါတယ္။ ေသာ္ဂန္ ဟာဇက္နဲ႔ ကာရက္စ္ကိုက ဘယ္ျခမ္းမွာ ေမႊေႏွာက္ကစားႏိုင္ခဲ့တာကို ေတြ႕ရၿပီး ယူ႐ိုဘုရင္ျဖစ္မယ့္ အေလးအသာဆုံးအသင္းအျဖစ္ ဘယ္လ္ဂ်ီယံကလည္း စာရင္းေပါက္လာခဲ့ၿပီျဖစ္ပါတယ္။

၆။ Chris… I Love You…
ဒိန္းမတ္နဲ႔ ဖင္လန္နဲ႔ပြဲမွာ ကြင္းလယ္လူ ခရစၥရွန္ အဲရစ္ဆင္ရဲ႕ ျဖစ္ရပ္က ကမာၻ႔ေဘာလုံးေလာကကို ကိုင္လႈပ္သြားခဲ့တယ္။ ႐ုတ္တရက္အသက္ရႈရပ္ၿပီး ကြင္းထဲမွာ အ႐ုပ္​ႀကိဳးျပတ္လဲက်သြားခဲ့တဲ့ ျမင္ကြင္းက စိတ္ထိခိုက္စရာေကာင္းခဲ့တယ္။ လူကာကူးက သူ႔ရဲ႕သြင္းဂိုးအၿပီးမွာ ကင္မရာေရွ႕ကေန အင္တာမီလန္အသင္းေဖာ္သူငယ္ခ်င္းအတြက္ ေမတၱာပို႔သခဲ့တာကလည္း ၾကည္ႏူးမိစရာ ေထြးေပြ႕မႈျဖစ္ခဲ့ပါတယ္။ အဲရစ္ဆင္က အသက္ရွင္ဖို႔ ရာခိုင္ႏႈန္းမ်ားခဲ့ၿပီးျဖစ္ေၾကာင္း သိရပါတယ္။

၇။ ဒီဘ႐ိုင္းနားရဲ႕ သတင္းေကာင္း
မန္စီးတီးရဲ႕ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ မ်က္ခြံ႐ိုးနဲ႔ ႏွာႏု႐ိုးအက္ခဲ့လို႔ နားေနခဲ့ရၿပီး ဘယ္လ္ဂ်ီယံရဲ႕ လူစာရင္းမွာေတာ့ ပါဝင္လာခဲ့တဲ့ ကီဗင္ ဒီဘ႐ိုင္းနားက လာမယ့္ရက္ပိုင္းအတြင္းမွာ ျပန္ကစားႏိုင္ေတာ့မယ္လို႔ သိရၿပီး ဘယ္လ္ဂ်ီယံရဲ႕အုပ္စုအဆင့္္မွာတင္ အမီျပန္လာႏိုင္မယ္လို႔ ေမွ်ာ္လင့္ခံထားရေၾကာင္း သိရွိထားရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.