International Match Report

ချန်ပီယံခြေစွမ်းကို ပြသခဲ့ပြီး ရုရှားကို အေးအေးဆေးဆေး အနိုင်ယူတဲ့ ဘယ်လ်ဂျီယမ်

ဘယ်လ်ဂျီယမ်အသင်းအနေနဲ့ နောက်ပိုင်းပွဲတွေမှာ ပြောင်းကစားနေတဲ့ ခံစစ်ဦးစားပေးပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး နောက်တန်းမှာ ဗာတွန်ဂန်၊ အယ်လ်ဒါဗိုင်ရယ်လ်၊ ဘိုယာတာနဲ့ အထိုင်ချခဲ့သလို သူတို့ရှေ့က ဒန်ဒွန့်ကာနဲ့ တီးလီးမန်းစ်ကို ကွင်းလယ်မှာ ကစားခိုင်းပြီး ကက်စတာညာနဲ့ ကာရက်စ်ကိုတို့က တောင်ပံတွေမှာ Wing Back နေရာက ကစားခဲ့သလို တိုက်စစ်မှာတော့ လူကာကူးကို တင်ပြီး နောက်က သော်ဂန် ဟာဇတ်နဲ့ မာတန်းစ်တို့က လိုက်ပါကစားခဲ့ပါတယ်။

ရုရှားကတော့ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက ပုံစံမျိုး ရှိမနေတော့သလို အဓိကကစားသမားတွေဖြစ်တဲ့ ဇူးဘား၊ ဇီယာကော့ဗ်တို့ အသက်အရွယ်ထောက်လာခဲ့ပြီးတဲ့နောက် ဂိုလိုဗင်ကလည်း ခြေကျလာတဲ့အတွက် သာမန်အသင်းတစ်သင်းရဲ့ ပုံစံသာ ရှိနေခဲ့ပြီး ခံစစ်ပိုင်းမှာလည်း ခြေစွမ်းထက်မြက်သူမျိုး မပါတဲ့အတွက် ဘယ်လ်ဂျီယမ်ရဲ့ ဒီဘရိုင်းနားနဲ့ အီဒင် ဟာဇတ်တို့ မပါတဲ့ တိုက်စစ်ကတောင် အေးအေးဆေးဆေး ကျော်ဖြတ်နိုင်ခဲ့ကြတာပါ။

ပွဲချိန် ၁၀ မိနစ်မှာ လူကာကူးက အဖွင့်ဂိုးကို စတင်သွင်းယူနိုင်ခဲ့ပြီး ကက်စတာညာ ဖြတ်တင်ပေးချိန်မှာ လူကျွံအနေအထားမှာ ရှိခဲ့ပေမယ့် ကယောင်ချောက်ချားနဲ့ ဖျက်တဲ့ ရုရှားနောက်ခံလူ ဆီမြိုနော့ဗ်နဲ့ ထိပြီး လည်ကျလာတဲ့ ဘောလုံးကို အင်တာမီလန်တိုက်စစ်မှူးက အပိုင်ကန်သွင်းခဲ့သလို အောင်ပွဲခံချိန်မှာတော့ ရှေ့ပွဲက ကွင်းထဲ လဲကျခဲ့တဲ့ အသင်းဖော် အဲရစ်ဆန်ကို ရည်ရွယ်ပြီး “Chris, Chris… I love you”လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ဇူးဘားကို အားပြုပြီး အမြင့်ဘောနဲ့ တည်ကန်ဘောတွေကိုပဲ အားပြုသွားခဲ့တဲ့ ရုရှားကို လူကာကူးတို့အဖွဲ့က ကောင်းကောင်း ဒုက္ခပေးခဲ့ပြီး မာတန်းစ်နဲ့ ဟာဇတ်တို့ အဆုံးသတ် မကောင်းခဲ့လို့သာ ဂိုးရဖို့ ဝေးခဲ့တာဖြစ်သလို ပွဲချိန် ၂၈ မိနစ်မှာတော့ မျက်လုံးထိသွားခဲ့တဲ့ ကက်စတာညာအစား မူနီယေးကို လူစားလဲကစားခဲ့ပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာတော့ ဘယ်ခြမ်းကနေ သော်ဂန် ဟာဇတ် ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ဂိုးသမား ရှူနင် ဖမ်းလည်းမဖမ်း၊ ပုတ်လည်း မပုတ်နိုင်ခဲ့ဘဲ လွတ်ကျတာကနေ ညာခြမ်းက ပြေးဝင်ပြီး အသင့်စောင့်နေခဲ့တဲ့ မူနီယေးက ပိတ်သွင်းပြီး ဘယ်လ်ဂျီယမ်တို့ကို ဒုတိယဂိုးနဲ့ ဦးဆောင်စေခဲ့ပါတယ်။

ရုရှားနောက်တန်းရဲ့ အိုးနင်းခွက်နင်း ကစားမှုကနေ ပထမပိုင်း မပြီးခင်မှာ မူနီယေးကပဲ ဖြတ်ယူပြီး အလုပ်လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ဖျက်ထုတ်ခံခဲ့ရချိန်မှာ ပင်နယ်တီတောင်းခဲ့တာက မအောင်မြင်ခဲ့ဘဲ နာကျင်အချိန်ပို ၄ မိနစ်အပြီးမှာ ဘယ်လ်ဂျီယမ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဘယ်လ်ဂျီယမ်တို့ ထိန်းကစားသွားခဲ့သလို ခံစစ်ကို ပိုမိုအားပြုလာခဲ့ပေမယ့် ရုရှားတို့ ထင်သလောက်တော့ ထိုးဖောက်ခွင့် မရခဲ့ဘဲ သိပ်သည်းတဲ့ ခံစစ်ရှေ့မှာ အချိန်ကုန်ခဲ့ရသလို ပွဲချိန် မိနစ် ၇၀ ကျော်မှာတော့ အီဒင် ဟာဇတ်၊ ဗာမေလန်၊ ပရက်တို့ကို ထည့်သွင်းလိုက်ချိန်မှာတော့ ကစားအားက ပြန်တက်လာခဲ့ပါတယ်။

ပွဲချိန် ၈၈ မိနစ်မှာတော့ မူနီယေး ဆွဲပြေးလာပြီး ကွင်းလယ်လောက်ကနေ ထိုးပေးလိုက်တဲ့ ဘောလုံးက သိသိကြီးနဲ့ ဒီလိုလုပ်မယ်ဆိုတာ ထင်ရှားနေခဲ့ပေမယ့် ရုရှားခံစစ်ကြားကနေ လူကာကူး ပြေးထွက်သွားပြီး ညာခြေနဲ့ အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမား လူနင်ရဲ့ ဘယ်ဘက်အောက်ထဲ ဝင်သွားခဲ့လို့ တတိယဂိုးနဲ့ ပွဲသိမ်းနိုင်ခဲ့ပြီး ဘယ်လ်ဂျီယမ်တို့ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

ဒီရလဒ်ကြောင့် အုပ်စု(B)ကို ဘယ်လ်ဂျီယမ်တို့ သွင်းဂိုးအသာနဲ့ တစ်ဖက်က ဒိန်းမတ်ကို တစ်ဂိုး-ဂိုးမရှိနဲ့ နိုင်လာတဲ့ ဖင်လန်ကို ဦးဆောင်ခဲ့ပြီး လူကာကူးကလည်း ဂိုးသွင်းဘုရင်ဆုအတွက် စတင်ဦးဆောင်လိုက်နိုင်ပြီဖြစ်သလို စနေနေ့ည ပွဲစဉ်တွေကတော့ ခရစ္စတီယန် အဲရစ်ဆန်ရဲ့ ဖြစ်ရပ်ရဲ့ ဝမ်းနည်းစရာနဲ့ သူ့အပေါ် ထားကြတဲ့ ချစ်ခြင်းမေတ္တာတွေရဲ့ ကြည်နူးစရာတွေနဲ့ ထင်ရှားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘယ္လ္ဂ်ီယမ္အသင္းအေနနဲ႔ ေနာက္ပိုင္းပြဲေတြမွာ ေျပာင္းကစားေနတဲ့ ခံစစ္ဦးစားေပးပုံစံနဲ႔ ပြဲထြက္လာခဲ့ၿပီး ေနာက္တန္းမွာ ဗာတြန္ဂန္၊ အယ္လ္ဒါဗိုင္ရယ္လ္၊ ဘိုယာတာနဲ႔ အထိုင္ခ်ခဲ့သလို သူတို႔ေရွ႕က ဒန္ဒြန႔္ကာနဲ႔ တီးလီးမန္းစ္ကို ကြင္းလယ္မွာ ကစားခိုင္းၿပီး ကက္စတာညာနဲ႔ ကာရက္စ္ကိုတို႔က ေတာင္ပံေတြမွာ Wing Back ေနရာက ကစားခဲ့သလို တိုက္စစ္မွာေတာ့ လူကာကူးကို တင္ၿပီး ေနာက္က ေသာ္ဂန္ ဟာဇတ္နဲ႔ မာတန္းစ္တို႔က လိုက္ပါကစားခဲ့ပါတယ္။

႐ုရွားကေတာ့ ၂၀၁၈ ကမာၻ႔ဖလားတုန္းက ပုံစံမ်ိဳး ရွိမေနေတာ့သလို အဓိကကစားသမားေတြျဖစ္တဲ့ ဇူးဘား၊ ဇီယာေကာ့ဗ္တို႔ အသက္အ႐ြယ္ေထာက္လာခဲ့ၿပီးတဲ့ေနာက္ ဂိုလိုဗင္ကလည္း ေျခက်လာတဲ့အတြက္ သာမန္အသင္းတစ္သင္းရဲ႕ ပုံစံသာ ရွိေနခဲ့ၿပီး ခံစစ္ပိုင္းမွာလည္း ေျခစြမ္းထက္ျမက္သူမ်ိဳး မပါတဲ့အတြက္ ဘယ္လ္ဂ်ီယမ္ရဲ႕ ဒီဘ႐ိုင္းနားနဲ႔ အီဒင္ ဟာဇတ္တို႔ မပါတဲ့ တိုက္စစ္ကေတာင္ ေအးေအးေဆးေဆး ေက်ာ္ျဖတ္ႏိုင္ခဲ့ၾကတာပါ။

ပြဲခ်ိန္ ၁၀ မိနစ္မွာ လူကာကူးက အဖြင့္ဂိုးကို စတင္သြင္းယူႏိုင္ခဲ့ၿပီး ကက္စတာညာ ျဖတ္တင္ေပးခ်ိန္မွာ လူကြၽံအေနအထားမွာ ရွိခဲ့ေပမယ့္ ကေယာင္ေခ်ာက္ခ်ားနဲ႔ ဖ်က္တဲ့ ႐ုရွားေနာက္ခံလူ ဆီၿမိဳေနာ့ဗ္နဲ႔ ထိၿပီး လည္က်လာတဲ့ ေဘာလုံးကို အင္တာမီလန္တိုက္စစ္မႉးက အပိုင္ကန္သြင္းခဲ့သလို ေအာင္ပြဲခံခ်ိန္မွာေတာ့ ေရွ႕ပြဲက ကြင္းထဲ လဲက်ခဲ့တဲ့ အသင္းေဖာ္ အဲရစ္ဆန္ကို ရည္႐ြယ္ၿပီး “Chris, Chris… I love you”လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။

ဇူးဘားကို အားျပဳၿပီး အျမင့္ေဘာနဲ႔ တည္ကန္ေဘာေတြကိုပဲ အားျပဳသြားခဲ့တဲ့ ႐ုရွားကို လူကာကူးတို႔အဖြဲ႕က ေကာင္းေကာင္း ဒုကၡေပးခဲ့ၿပီး မာတန္းစ္နဲ႔ ဟာဇတ္တို႔ အဆုံးသတ္ မေကာင္းခဲ့လို႔သာ ဂိုးရဖို႔ ေဝးခဲ့တာျဖစ္သလို ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ မ်က္လုံးထိသြားခဲ့တဲ့ ကက္စတာညာအစား မူနီေယးကို လူစားလဲကစားခဲ့ပါတယ္။

ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ ဘယ္ျခမ္းကေန ေသာ္ဂန္ ဟာဇတ္ ျဖတ္တင္ေပးလိုက္တဲ့ ေဘာလုံးကို ဂိုးသမား ရႉနင္ ဖမ္းလည္းမဖမ္း၊ ပုတ္လည္း မပုတ္ႏိုင္ခဲ့ဘဲ လြတ္က်တာကေန ညာျခမ္းက ေျပးဝင္ၿပီး အသင့္ေစာင့္ေနခဲ့တဲ့ မူနီေယးက ပိတ္သြင္းၿပီး ဘယ္လ္ဂ်ီယမ္တို႔ကို ဒုတိယဂိုးနဲ႔ ဦးေဆာင္ေစခဲ့ပါတယ္။

႐ုရွားေနာက္တန္းရဲ႕ အိုးနင္းခြက္နင္း ကစားမႈကေန ပထမပိုင္း မၿပီးခင္မွာ မူနီေယးကပဲ ျဖတ္ယူၿပီး အလုပ္လုပ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဖ်က္ထုတ္ခံခဲ့ရခ်ိန္မွာ ပင္နယ္တီေတာင္းခဲ့တာက မေအာင္ျမင္ခဲ့ဘဲ နာက်င္အခ်ိန္ပို ၄ မိနစ္အၿပီးမွာ ဘယ္လ္ဂ်ီယမ္တို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ဘယ္လ္ဂ်ီယမ္တို႔ ထိန္းကစားသြားခဲ့သလို ခံစစ္ကို ပိုမိုအားျပဳလာခဲ့ေပမယ့္ ႐ုရွားတို႔ ထင္သေလာက္ေတာ့ ထိုးေဖာက္ခြင့္ မရခဲ့ဘဲ သိပ္သည္းတဲ့ ခံစစ္ေရွ႕မွာ အခ်ိန္ကုန္ခဲ့ရသလို ပြဲခ်ိန္ မိနစ္ ၇၀ ေက်ာ္မွာေတာ့ အီဒင္ ဟာဇတ္၊ ဗာေမလန္၊ ပရက္တို႔ကို ထည့္သြင္းလိုက္ခ်ိန္မွာေတာ့ ကစားအားက ျပန္တက္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ မူနီေယး ဆြဲေျပးလာၿပီး ကြင္းလယ္ေလာက္ကေန ထိုးေပးလိုက္တဲ့ ေဘာလုံးက သိသိႀကီးနဲ႔ ဒီလိုလုပ္မယ္ဆိုတာ ထင္ရွားေနခဲ့ေပမယ့္ ႐ုရွားခံစစ္ၾကားကေန လူကာကူး ေျပးထြက္သြားၿပီး ညာေျခနဲ႔ အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ဂိုးသမား လူနင္ရဲ႕ ဘယ္ဘက္ေအာက္ထဲ ဝင္သြားခဲ့လို႔ တတိယဂိုးနဲ႔ ပြဲသိမ္းႏိုင္ခဲ့ၿပီး ဘယ္လ္ဂ်ီယမ္တို႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကပါတယ္။

ဒီရလဒ္ေၾကာင့္ အုပ္စု(B)ကို ဘယ္လ္ဂ်ီယမ္တို႔ သြင္းဂိုးအသာနဲ႔ တစ္ဖက္က ဒိန္းမတ္ကို တစ္ဂိုး-ဂိုးမရွိနဲ႔ ႏိုင္လာတဲ့ ဖင္လန္ကို ဦးေဆာင္ခဲ့ၿပီး လူကာကူးကလည္း ဂိုးသြင္းဘုရင္ဆုအတြက္ စတင္ဦးေဆာင္လိုက္ႏိုင္ၿပီျဖစ္သလို စေနေန႔ည ပြဲစဥ္ေတြကေတာ့ ခရစၥတီယန္ အဲရစ္ဆန္ရဲ႕ ျဖစ္ရပ္ရဲ႕ ဝမ္းနည္းစရာနဲ႔ သူ႔အေပၚ ထားၾကတဲ့ ခ်စ္ျခင္းေမတၱာေတြရဲ႕ ၾကည္ႏူးစရာေတြနဲ႔ ထင္ရွားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.