Premier League Serie A

ဝက္စ္ဟမ္းနဲ႔ ဆက္သြယ္ေနတဲ့ အလက္ဆစ္ ဆန္းခ်က္ဇ္ရဲ႕ ေအးဂ်င့္

မန္ခ်က္စတာယူႏုိက္တက္အသင္းကေန အင္တာမီလန္အသင္းကို အငွားနဲ႔ သြားကစားၿပီး ေအာင္ျမင္မွဳ မရရွိခဲ့တဲ့ အလက္ဆစ္ ဆန္းခ်က္ဇ္ကို စီးရီးေအကလပ္ဘက္က အၿပီးသတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူဖို႔ စိတ္မဝင္စားေတာ့ခ်ိန္မွာ သူ႕ရဲ႕ေအးဂ်င့္အေနနဲ႔ ဝက္စ္ဟမ္းယူႏုိက္တက္နဲ႔ ခ်ိတ္ဆက္ေနခဲ့ပါတယ္။

အင္တာမီလန္အသင္းကို သြားေရာက္ကစားခဲ့ခ်ိန္မွာ လက္ရွိအခ်ိန္အထိ ဒဏ္ရာျပႆနာတခ်ဳိ႕ေၾကာင့္ ၁၅ ပြဲသာ ပါဝင္ကစားႏုိင္ခဲ့တဲ့ အသက္ ၃၁ ႏွစ္အရြယ္ ခ်ီလီတုိက္စစ္မွဴးဟာ ၁၅ ပြဲမွာ ပြဲထြက္ခြင့္ ၇ ပြဲ ရရွိခဲ့ၿပီး ၁ ဂိုးသြင္း ၃ ဂိုးဖန္တီးမွဳေတြကိုသာ စြမ္းေဆာင္ႏုိင္ခဲ့ၿပီး နည္းျပ အန္တိုနီယို ကြန္တီကိုေတာ့ စိတ္ဝင္စားေအာင္လုပ္မျပႏုိင္ခဲ့တာပါ။

မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ေတာ့ သူတုိ႔ရဲ႕ကစားသမားကို မေရာင္းခ်ႏိုင္ခ်ိန္မွာ အသင္းကေန စာခ်ဳပ္ျပည့္ေအာင္ ဆက္ေနတဲ့ Loyalty Bonus ေပါင္တစ္သန္းေက်ာ္ကို ေပးေခ်ရဦးမွာျဖစ္ၿပီး လက္ရွိအခ်ိန္အထိ သူတုိ႔ဟာ ဆန္းခ်က္ဇ္အတြက္ ေပါင္ ၆၅ သန္းေလာက္ ကုန္က်ခဲ့ၿပီးၿပီလို႔လည္း ဆုိပါတယ္။

အာဆင္နယ္အသင္းကေန သူ႕ကို ေခၚယူဖို႔ ကြင္းလယ္လူ ဟင္းနရစ္ မစ္ခီတာရီယန္နဲ႔ အလဲအလွယ္လုပ္ခဲ့ေပမယ့္ ႏွစ္ဦးစလုံး သက္ဆုိင္ရာအသင္းေတြမွာ ေျခစြမ္းမျပႏုိင္ခဲ့လုိ႔ အီတလီကို အငွားပုိ႔ခဲ့ရခ်ိန္မွာ အာေမးနီးယားသားက ေျခစြမ္းျပေနေပမယ့္ ခ်ီလီသားကေတာ့ ပုံစံေကာင္းမရဘဲျဖစ္ေနပါတယ္။

ဆန္းခ်က္ဇ္အေနနဲ႔ သူ႕ကို ဆက္သြယ္ေနတဲ့ ဝက္စ္ဟမ္းယူႏုိက္တက္အသင္းနဲ႔ သေဘာတူညီမွဳ ရရွိဖို႔ဆုိရင္ေတာ့ လက္ရွိလစာေငြရဲ႕ ထက္ဝက္ေက်ာ္ ေလွ်ာ့ယူရႏုိင္ၿပီး ေျပာင္းေရႊ႕ေၾကးအျဖစ္ေတာ့ အုိးလ္ထရက္ဖို႔ဒ္အသင္းဘက္က ေပါင္ ၁၅ သန္းကေန ၂၀ ၾကား ေတာင္းဆုိသြားႏုိင္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL & SPORTS WITNESS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းကနေ အင်တာမီလန်အသင်းကို အငှားနဲ့ သွားကစားပြီး အောင်မြင်မှု မရရှိခဲ့တဲ့ အလက်ဆစ် ဆန်းချက်ဇ်ကို စီးရီးအေကလပ်ဘက်က အပြီးသတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်မဝင်စားတော့ချိန်မှာ သူ့ရဲ့အေးဂျင့်အနေနဲ့ ဝက်စ်ဟမ်းယူနိုက်တက်နဲ့ ချိတ်ဆက်နေခဲ့ပါတယ်။

အင်တာမီလန်အသင်းကို သွားရောက်ကစားခဲ့ချိန်မှာ လက်ရှိအချိန်အထိ ဒဏ်ရာပြဿနာတချို့ကြောင့် ၁၅ ပွဲသာ ပါဝင်ကစားနိုင်ခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် ချီလီတိုက်စစ်မှူးဟာ ၁၅ ပွဲမှာ ပွဲထွက်ခွင့် ၇ ပွဲ ရရှိခဲ့ပြီး ၁ ဂိုးသွင်း ၃ ဂိုးဖန်တီးမှုတွေကိုသာ စွမ်းဆောင်နိုင်ခဲ့ပြီး နည်းပြ အန်တိုနီယို ကွန်တီကိုတော့ စိတ်ဝင်စားအောင်လုပ်မပြနိုင်ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အနေနဲ့တော့ သူတို့ရဲ့ကစားသမားကို မရောင်းချနိုင်ချိန်မှာ အသင်းကနေ စာချုပ်ပြည့်အောင် ဆက်နေတဲ့ Loyalty Bonus ပေါင်တစ်သန်းကျော်ကို ပေးချေရဦးမှာဖြစ်ပြီး လက်ရှိအချိန်အထိ သူတို့ဟာ ဆန်းချက်ဇ်အတွက် ပေါင် ၆၅ သန်းလောက် ကုန်ကျခဲ့ပြီးပြီလို့လည်း ဆိုပါတယ်။

အာဆင်နယ်အသင်းကနေ သူ့ကို ခေါ်ယူဖို့ ကွင်းလယ်လူ ဟင်းနရစ် မစ်ခီတာရီယန်နဲ့ အလဲအလှယ်လုပ်ခဲ့ပေမယ့် နှစ်ဦးစလုံး သက်ဆိုင်ရာအသင်းတွေမှာ ခြေစွမ်းမပြနိုင်ခဲ့လို့ အီတလီကို အငှားပို့ခဲ့ရချိန်မှာ အာမေးနီးယားသားက ခြေစွမ်းပြနေပေမယ့် ချီလီသားကတော့ ပုံစံကောင်းမရဘဲဖြစ်နေပါတယ်။

ဆန်းချက်ဇ်အနေနဲ့ သူ့ကို ဆက်သွယ်နေတဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းနဲ့ သဘောတူညီမှု ရရှိဖို့ဆိုရင်တော့ လက်ရှိလစာငွေရဲ့ ထက်ဝက်ကျော် လျှော့ယူရနိုင်ပြီး ပြောင်းရွှေ့ကြေးအဖြစ်တော့ အိုးလ်ထရက်ဖို့ဒ်အသင်းဘက်က ပေါင် ၁၅ သန်းကနေ ၂၀ ကြား တောင်းဆိုသွားနိုင်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL & SPORTS WITNESS
PHOTOS CREDIT TO OWNERS
SPORTS A2Z.