Premier League

ေပါင္သန္း ၁၅၀ နဲ႔မွ ရရွိႏုိင္မယ့္ တုိက္စစ္မွဴးမ်ဳိးကို လက္မလႊတ္ဖို႔ အာဆင္နယ္ေနာက္ခံလူေဟာင္း တိုက္တြန္း

အာဆင္နယ္အသင္းရဲ႕ ေနာက္ခံလူေဟာင္း ဘာကရီ ဆက္ဂ္ညာက အသင္းေခါင္းေဆာင္တုိက္စစ္မွဴး အူဘာမီယန္းဟာ လက္လႊတ္ဖို႔အတြက္ ခက္ခဲလြန္းသူျဖစ္ၿပီး သူ႕လို တုိက္စစ္မွဴးမ်ဳိးကို တျခားမွာ သြားရွာရင္ ေပါင္သန္း ၁၅၀ ေလာက္ ေပးရႏုိင္တာမို႔ လက္မလႊတ္ဘဲ နည္းမ်ဳိးစုံသုံးၿပီး ထိန္းသိမ္းထားဖို႔ တုိက္တြန္းလုိက္ပါတယ္။

ဒါ့အျပင္ ဆက္ဂ္ညာက သူ႕ရဲ႕ စိတ္ထဲမွာ အျမဲတမ္း မေက်မနပ္ျဖစ္ခဲ့ရတဲ့ ေရာ္ဘင္ ဗန္ပါစီကို မန္ခ်က္စတာယူႏုိက္တက္ဆီကို ေရာင္းခ်ခဲ့တဲ့ လုပ္ရပ္မ်ဳိးကို ေနာက္တစ္ႀကိမ္ မုိက္မဲစြာနဲ႔ မက်ဴးလြန္ဖို႔လည္း တားျမစ္သြားခဲ့ၿပီး အေကာင္းဆုံးကေတာ့ အူဘာမီယန္းကို အသင္းမွာ လိုခ်င္တဲ့ လစာေပးၿပီး ဆက္ထိန္းထားဖို႔ပဲလုိ႔လည္း ဆုိပါတယ္။

“အူဘာအေနနဲ႔ ခုခ်ိန္မွာ အသင္းက ထြက္ခြာသြားရင္ အားလုံးအတြက္ ဆုိးရြားသြားပါလိမ့္မယ္။ တကယ္လုပ္ေဆာင္ရမွာက သူ႕ကို ဝန္းရံၿပီး ေတာင့္တင္းတဲ့အသင္းကို အာဆင္နယ္အေနနဲ႔ တည္ေဆာက္သြားရမွာပါ။ သူလုိကစားသမားမ်ဳိးကို ျပန္ရွာရင္ ေပါင္သန္း ၁၅၀ ေလာက္ေပးရမယ့္ အခ်ိန္မွာ စာခ်ဳပ္သစ္အတြက္ ေပါင္သန္း ၅၀ ေလာက္ ရင္းႏွီးလုိက္တာကပဲ အေျဖျဖစ္မွာပါ”လို႔ ညာေနာက္ခံလူေဟာင္းက ဆုိပါတယ္။

အိုဇယ္ရ္၊ အာဆင္နယ္နဲ႔ မန္ခ်က္စတာစီးတီးအသင္းေတြမွာ ကစားခဲ့ၿပီး လက္ရွိမွာ ကစားသမားဘဝက အနားယူခဲ့ၿပီျဖစ္တဲ့ ေနာက္ခံလူက အူဘာမီယန္းဟာ အာဆင္နယ္ကို ေရာက္လာကတည္းက သြင္းယူေပးခဲ့တဲ့ သြင္းဂိုးေတြအရ ကမာၻ႕အဆင့္ကစားသမားလို႔ သံသယရွိစရာမလိုဘဲ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးတုိက္စစ္မွဴးလို႔လည္း ခ်ီးက်ဴးသြားခဲ့ပါတယ္။

ဆက္ဂ္ညာက အူဘာမီယန္းအေနနဲ႔ သူေတာင္းဆုိထားတဲ့ တစ္ပတ္လုပ္ခ ေပါင္သုံးသိန္းနဲ႔ ထုိက္တန္မွဳရွိၿပီး ဗန္ပါစီနဲ႔ မွားခဲ့တဲ့ အမွားမ်ဳိးကို ထပ္မက်ဴးလြန္ဘဲ တာဝန္ရွိသူေတြအေနနဲ႔ အသင္းမွာ ဆက္လက္ထိန္းသိမ္းသြားဖို႔ မျဖစ္မေနလုပ္ေဆာင္သြားရမွာျဖစ္တယ္လို႔လည္း တုိက္တြန္းသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ နောက်ခံလူဟောင်း ဘာကရီ ဆက်ဂ်ညာက အသင်းခေါင်းဆောင်တိုက်စစ်မှူး အူဘာမီယန်းဟာ လက်လွှတ်ဖို့အတွက် ခက်ခဲလွန်းသူဖြစ်ပြီး သူ့လို တိုက်စစ်မှူးမျိုးကို တခြားမှာ သွားရှာရင် ပေါင်သန်း ၁၅၀ လောက် ပေးရနိုင်တာမို့ လက်မလွှတ်ဘဲ နည်းမျိုးစုံသုံးပြီး ထိန်းသိမ်းထားဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် ဆက်ဂ်ညာက သူ့ရဲ့ စိတ်ထဲမှာ အမြဲတမ်း မကျေမနပ်ဖြစ်ခဲ့ရတဲ့ ရော်ဘင် ဗန်ပါစီကို မန်ချက်စတာယူနိုက်တက်ဆီကို ရောင်းချခဲ့တဲ့ လုပ်ရပ်မျိုးကို နောက်တစ်ကြိမ် မိုက်မဲစွာနဲ့ မကျူးလွန်ဖို့လည်း တားမြစ်သွားခဲ့ပြီး အကောင်းဆုံးကတော့ အူဘာမီယန်းကို အသင်းမှာ လိုချင်တဲ့ လစာပေးပြီး ဆက်ထိန်းထားဖို့ပဲလို့လည်း ဆိုပါတယ်။

“အူဘာအနေနဲ့ ခုချိန်မှာ အသင်းက ထွက်ခွာသွားရင် အားလုံးအတွက် ဆိုးရွားသွားပါလိမ့်မယ်။ တကယ်လုပ်ဆောင်ရမှာက သူ့ကို ဝန်းရံပြီး တောင့်တင်းတဲ့အသင်းကို အာဆင်နယ်အနေနဲ့ တည်ဆောက်သွားရမှာပါ။ သူလိုကစားသမားမျိုးကို ပြန်ရှာရင် ပေါင်သန်း ၁၅၀ လောက်ပေးရမယ့် အချိန်မှာ စာချုပ်သစ်အတွက် ပေါင်သန်း ၅၀ လောက် ရင်းနှီးလိုက်တာကပဲ အဖြေဖြစ်မှာပါ”လို့ ညာနောက်ခံလူဟောင်းက ဆိုပါတယ်။

အိုဇယ်ရ်၊ အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးအသင်းတွေမှာ ကစားခဲ့ပြီး လက်ရှိမှာ ကစားသမားဘဝက အနားယူခဲ့ပြီဖြစ်တဲ့ နောက်ခံလူက အူဘာမီယန်းဟာ အာဆင်နယ်ကို ရောက်လာကတည်းက သွင်းယူပေးခဲ့တဲ့ သွင်းဂိုးတွေအရ ကမ္ဘာ့အဆင့်ကစားသမားလို့ သံသယရှိစရာမလိုဘဲ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်မှူးလို့လည်း ချီးကျူးသွားခဲ့ပါတယ်။

ဆက်ဂ်ညာက အူဘာမီယန်းအနေနဲ့ သူတောင်းဆိုထားတဲ့ တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းနဲ့ ထိုက်တန်မှုရှိပြီး ဗန်ပါစီနဲ့ မှားခဲ့တဲ့ အမှားမျိုးကို ထပ်မကျူးလွန်ဘဲ တာဝန်ရှိသူတွေအနေနဲ့ အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားဖို့ မဖြစ်မနေလုပ်ဆောင်သွားရမှာဖြစ်တယ်လို့လည်း တိုက်တွန်းသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.