Premier League

ဇြန္လမွာ ပရီးမီးယားလိဂ္ ျပန္စႏုိင္ဖို႔ အစိုးရနဲ႔ တာဝန္ရွိသူေတြ ေဆြးေႏြးေန

လက္ရွိ COVID-19 ကပ္ေရာဂါေၾကာင့္ ပယ္ဖ်က္လုိက္ရမယ္ဆုိရင္ ေပါင္ဘီလီယံနဲ႔ခ်ီၿပီး ေလ်ာ္ရႏိုင္လို႔ အရွဳံးေပၚသြားႏုိင္တဲ့ ပရီးမီးယားလိဂ္ အေနနဲ႔ ဒါေတြကို အထိုက္အေလ်ာက္ ကာကြယ္မိေစဖို႔ ဇြန္လမွာ ႐ုပ္သံေတြကေနပဲ ၾကည့္ရွဳရမယ့္ ကြင္းပိတ္ပြဲစဥ္ေတြကို ျပန္လည္စတင္ႏုိင္ဖို႔ ၿဗိတိန္ႏုိင္ငံအစိုးရနဲ႔ ေဆြးေႏြးေနၿပီလို႔ ဆုိပါတယ္။

ပရီးမီးယားလိဂ္အေနနဲ႔ေတာ့ ႏိုင္ငံအစိုးရက ခ်မွတ္ထားတဲ့ တင္းက်ပ္တဲ့ လမ္းညႊန္ခ်က္ေတြေအာက္မွာ လုိက္နာၿပီး ေဘာလုံးပြဲေတြကို ျပန္လည္စတင္သြားဖို႔ကို ဇြန္လလယ္ေလာက္မွာ ပစ္မွတ္ထားေနၿပီး ေမလအတြင္းမွာေတာ့ ကစားသမားေတြနဲ႔ အသင္းေတြရဲ႕ ထရိန္နင္ေတြ စတင္ဖို႔ အလိုရွိေနတာလည္းျဖစ္ပါတယ္။

လက္ရွိအေျခအေနေတြအရေတာ့ ၿဗိတိန္ႏုိင္ငံတြင္းမွာ ကူးစက္မွဳေပါင္း ၄၇၈၀၆ ခု ရွိခဲ့ရာမွာ ျပန္လည္သက္သာသူ ၁၃၅ ေယာက္သာ ရွိေသးၿပီး ေသဆုံးသူကေတာ့ ၄၉၃၄ ေယာက္အထိ ရွိသြားခဲ့ၿပီျဖစ္ပါတယ္။ ဒီအေျခအေနမွာ ေဘာလုံးပြဲေတြ ျပန္လည္စတင္ႏုိင္ဖို႔ကေတာ့ စြန္႔စားရာက်မွာျဖစ္ၿပီး ပစ္မွတ္ထားတဲ့ အခ်ိန္ကေတာ့ ႏွစ္လေက်ာ္ေလာက္ ၾကာဦးမွာျဖစ္လို႔ အဆင္သင့္အေနအထားနဲ႔ ေစာင့္ၾကည့္႐ုံပဲ ရွိေနပါတယ္။

ေမရာသတင္းစာရဲ႕ ေဖာ္ျပခ်က္အရေတာ့ ပရီးမီးယားလိဂ္ကို ကြင္းပိတ္က်င္းပသြားဖို႔ စီစဥ္ေနၿပီး ႐ုပ္သံကေန ျပန္လည္ထုတ္လႊင့္ႏုိင္ဖို႔ စီစဥ္ေနသလို လူထုနဲ႔ ေဝးေဝးမွာ ေဘာလုံးသမားေတြကို ထားၿပီး ၿပဳိင္ပြဲေတြကို ျပန္လည္အသက္သြင္းဖို႔ စီစဥ္ေနၿပီး VAR အဖြဲ႕ေတြကိုေတာ့ ပယ္ဖ်က္သြားဖို႔ ရွိေနပါတယ္။

ဒါ့အျပင္ ပရီးမီးယားလိဂ္အေနနဲ႔ ကစားသမားေတြ ႀကံ့ခိုင္မွဳ အခက္အခဲေတြ႕ႏုိင္တဲ့ အေျခအေနအတြက္လည္း ပြဲခ်ိန္မိနစ္ ၉၀ အတြင္းမွာ လူစားဝင္ကစားသမား ၅ ဦးအထိ ခြင့္ျပဳသြားဖို႔ လက္က်န္ပြဲစဥ္ေတြအားလုံးအတြက္ အထူးကိစၥအေနနဲ႔ ခြင့္ျပဳဖို႔ စီစဥ္ေနၿပီး ဇြန္လလယ္ေလာက္မွာ ေဘာလုံးခ်စ္ပရိသတ္ေတြအတြက္ ပြဲစဥ္ေတြကို ျပန္လည္ယူေဆာင္လာႏုိင္မလား ေစာင့္ၾကည့္ရဖို႔ ေဖာ္ျပေပးလုိက္ပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လက်ရှိ COVID-19 ကပ်ရောဂါကြောင့် ပယ်ဖျက်လိုက်ရမယ်ဆိုရင် ပေါင်ဘီလီယံနဲ့ချီပြီး လျော်ရနိုင်လို့ အရှုံးပေါ်သွားနိုင်တဲ့ ပရီးမီးယားလိဂ် အနေနဲ့ ဒါတွေကို အထိုက်အလျောက် ကာကွယ်မိစေဖို့ ဇွန်လမှာ ရုပ်သံတွေကနေပဲ ကြည့်ရှုရမယ့် ကွင်းပိတ်ပွဲစဉ်တွေကို ပြန်လည်စတင်နိုင်ဖို့ ဗြိတိန်နိုင်ငံအစိုးရနဲ့ ဆွေးနွေးနေပြီလို့ ဆိုပါတယ်။

ပရီးမီးယားလိဂ်အနေနဲ့တော့ နိုင်ငံအစိုးရက ချမှတ်ထားတဲ့ တင်းကျပ်တဲ့ လမ်းညွှန်ချက်တွေအောက်မှာ လိုက်နာပြီး ဘောလုံးပွဲတွေကို ပြန်လည်စတင်သွားဖို့ကို ဇွန်လလယ်လောက်မှာ ပစ်မှတ်ထားနေပြီး မေလအတွင်းမှာတော့ ကစားသမားတွေနဲ့ အသင်းတွေရဲ့ ထရိန်နင်တွေ စတင်ဖို့ အလိုရှိနေတာလည်းဖြစ်ပါတယ်။

လက်ရှိအခြေအနေတွေအရတော့ ဗြိတိန်နိုင်ငံတွင်းမှာ ကူးစက်မှုပေါင်း ၄၇၈၀၆ ခု ရှိခဲ့ရာမှာ ပြန်လည်သက်သာသူ ၁၃၅ ယောက်သာ ရှိသေးပြီး သေဆုံးသူကတော့ ၄၉၃၄ ယောက်အထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒီအခြေအနေမှာ ဘောလုံးပွဲတွေ ပြန်လည်စတင်နိုင်ဖို့ကတော့ စွန့်စားရာကျမှာဖြစ်ပြီး ပစ်မှတ်ထားတဲ့ အချိန်ကတော့ နှစ်လကျော်လောက် ကြာဦးမှာဖြစ်လို့ အဆင်သင့်အနေအထားနဲ့ စောင့်ကြည့်ရုံပဲ ရှိနေပါတယ်။

မေရာသတင်းစာရဲ့ ဖော်ပြချက်အရတော့ ပရီးမီးယားလိဂ်ကို ကွင်းပိတ်ကျင်းပသွားဖို့ စီစဉ်နေပြီး ရုပ်သံကနေ ပြန်လည်ထုတ်လွှင့်နိုင်ဖို့ စီစဉ်နေသလို လူထုနဲ့ ဝေးဝေးမှာ ဘောလုံးသမားတွေကို ထားပြီး ပြိုင်ပွဲတွေကို ပြန်လည်အသက်သွင်းဖို့ စီစဉ်နေပြီး VAR အဖွဲ့တွေကိုတော့ ပယ်ဖျက်သွားဖို့ ရှိနေပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်အနေနဲ့ ကစားသမားတွေ ကြံ့ခိုင်မှု အခက်အခဲတွေ့နိုင်တဲ့ အခြေအနေအတွက်လည်း ပွဲချိန်မိနစ် ၉၀ အတွင်းမှာ လူစားဝင်ကစားသမား ၅ ဦးအထိ ခွင့်ပြုသွားဖို့ လက်ကျန်ပွဲစဉ်တွေအားလုံးအတွက် အထူးကိစ္စအနေနဲ့ ခွင့်ပြုဖို့ စီစဉ်နေပြီး ဇွန်လလယ်လောက်မှာ ဘောလုံးချစ်ပရိသတ်တွေအတွက် ပွဲစဉ်တွေကို ပြန်လည်ယူဆောင်လာနိုင်မလား စောင့်ကြည့်ရဖို့ ဖော်ပြပေးလိုက်ပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.