Premier League

12 Jun နောက်ဆုံးရ လီဗာပူးလ်အပြောင်းအရွှေ့နှင့် သတင်းများ စုစည်းမှု

အခုအပြောင်းအရွှေ့မှာ ဂီနီ ဗိုင်နယ်ဒမ်နေရာကို တိုက်ရိုက်အစားထိုးနိုင်တဲ့ ကွင်းလယ်ကစားသမားကို အဓိကရှာဖွေနေတဲ့ လီဗာပူးလ်အသင်းဟာ ကွင်းလယ်လူအမြောက်အမြားနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး မိုချန်ဂလာဘတ်က စွယ်စုံရ ဂျာမန်ကွင်းလယ်လူ Florian Neuhaus ကို ယူရိုသန်း ၄၀ နဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေသလို ဂျာမနီအသင်းနဲ့ ယူရိုပြိုင်ပွဲဝင်နေတဲ့ ကစားသမားကို ပထမအဆင့်ကမ်းလှမ်းမှုပြုလုပ်လိုက်ချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အားပြိုင်ရဖွယ်ရှိနေ။

နာမည်ကြီးကစားသမားတချို့ကို ရောင်းချပြီး ငွေရှာဖို့ ကြံစည်နေတဲ့ လာလီဂါချန်ပီယံ အက်တလီကိုမက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ကို ယူရို ၄၅ သန်းဝန်းကျင်နဲ့ ခေါ်ယူခွင့်ရှိလာသလို ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ရဲ့ အားပြိုင်မှုမှာ စပိန်သားရဲ့ဆန္ဒက အန်ဖီးလ်မြေရဲ့ ကမ်းလှမ်းလာမှုကိုသာ ပိုအားသာနေ။

ဒေါ့မန်အသင်းက သူတို့အသင်းရဲ့ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဟမ်ကို စာချုပ်သစ်တိုးဖို့ ဆွေးနွေးလာချိန်မှာ လီဗာပူးလ်အသင်းရဲ့ ကမ်းလှမ်းမှုတွေက ရောက်ရှိလာခဲ့ပြီး ဆန်ချိုကို ရောင်းချပြီးတဲ့အပြင် အင်္ဂလန်ကွင်းလယ်လူကိုပါ ရောင်းချနိုင်မလားဆိုတာတော့ ကလော့ပ်က သူ့အတွက် ပွဲထွက်ခွင့်အာမခံချက်တခု ပေးဖို့ လိုအပ်နေသလို ဒေါ့မန်ကိုင်ထားမယ့် စျေးကိုပါ အမီလိုက်ရဖွယ်ရှိနေ။

လီဗာပူးလ်နည်းပြကလော့ပ်ဟာ ဗိုင်နယ်ဒမ်ထွက်ခွာအပြီးမှာ လစ်လပ်သွားတဲ့ ရာထူးတနေရာကို မိုဆာလားအတွက် တိုးပေးသွားဖွယ် ရှိနေပြီး အသင်းခေါင်းဆောင်ဟန်ဒါဆန်၊ လက်ထောက်အသင်းခေါင်းဆောင် ဂျိမ်းစ်မီလ်နာနဲ့ ဗန်ဒိုက်တို့ပါဝင်တဲ့ အသင်းခေါင်းဆောင် ၄ ဦးစာရင်းမှာ အီဂျစ်ဖာရိုးကို ထည့်သွင်းသွားဖွယ်ရှိ။

လီဗာပူးလ်တိုက်စစ်မှူးဆာဒီယို မာနေးဟာ ဒါကာမြို့က နန်းတော်မှာ ဆီနီဂေါသမ္မတနဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ ဘမ်ဘာလီမှာ တည်ဆောက်မယ့် ဆေးရုံပရောဂျက်အတွက် အကူအညီတောင်းခံခဲ့ခြင်းဖြစ်တယ်လို့ သိရသလို လက်ရှိမှာလည်း သူ့ရဲ့မွေးရပ်​မြေမှာ စာသင်ကျောင်းဆောက်လုပ်လျက်ရှိ။

လီဗာပူးလ်နဲ့ အင်္ဂလန်ကွင်းလယ်လူ ဂျော်ဒန် ဟန်ဒါဆန်ဟာ ကိုဗစ်ကပ်ရောဂါဆိုးကာလမှာ အမျိုးသားကျန်းမာရေးဝန်ဆောင်မှုကို ပရဟိတအကျိုးပြုပေးနိုင်ခဲ့လို့ အင်္ဂလန်ဘုရင်မကြီး အယ်လိဇဘက်သ်ရဲ့ မွေးနေ့မှာ MBE ဘွဲ့ချီးမြှင့်ခံခဲ့ရတယ်လို့ သိရပြီး ၂၀၁၂ ခုနှစ်က စတီဗင်ဂျရတ်ရဲ့နောက်မှာ MBE ဘွဲ့နဲ့ သူကောင်းပြုခံရတဲ့ ဒုတိယမြောက် လီဗာပူးလ်အသင်းခေါင်ဆောင်ဖြစ်လာ။

လီဗာပူးလ်တိုက်စစ်မှုးမိုဆာလားဟာ ၂၀၂၀-၂၁ ပရီးမီးယားလိဂ်ရာသီရဲ့ တနှစ်တာအကောင်းဆုံး PFA ဆုနဲ့ လွဲချော်ခဲ့ပေမယ့် ပရိသတ်တွေက မဲပေးရွေးချယ်တဲ့ ပရိသတ်ဆန္ဒ PFA တနှစ်တာအကောင်းဆုံးကို ဆွတ်ခူးသွားခဲ့ကြောင်း သိရပြီး ပြီးခဲ့တဲ့နှစ်က မာနေးကပဲ ဒီဆုကို ချီးမြှင့်ခံခဲ့ရတဲ့နောက် လီဗာပူးလ်အသင်းကပဲ ၂ နှစ်ဆက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်လာ။

ကွင်းလယ်လူတွေကို အဓိထားအမဲလိုက်နေတဲ့ လီဗာပူးလ်ရဲ့ အခုအပြောင်းအရွှေ့ကာလထဲ ခုန်ဝင်လာတာနဲ့တပြိုင်နက် အကြီးအကျယ်ချိတ်ဆက်မှု ပြုလုပ်ခဲ့တဲ့ လက်စတာကွင်းလယ်လူ တီလီမန်းစ်ဟာ နံပါတ်တစ်ဦးစားပေးပစ်မှတ်အဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး ကလော့ပ်ရဲ့ အတည်ပေါက်လိုချင်မှုဟာ အဆိုပါ ၂၄ နှစ်သားဖြစ်နေပေမယ့် ယူရိုပြိုင်ပွဲကို အာရုံစိုက်ရတော့မယ့် ဘယ်လ်ဂျီယံသားကတော့ လီဗာပူးလ်ရဲ့ လက်နှေးမှုကို စိတ်မသက်မသာဖြစ်နေ။

ရိုးမားကွင်းလယ်လူ ပယ်လီဂရီနီကို အခိုင်အမာစိတ်ဝင်စားနေတဲ့ လီဗာပူးလ်အသင်းဟာ ယူရိုသန်း ၃၀ ဆိုတဲ့ ထိုက်သင့်တဲ့ ပြောင်းရွေ့ကြေးကိုလည်း သဘောကျနေချိန်မှာ ဘာစီလိုနာရဲ့ ယှဥ်ပြိုင်စျေးပေးမှုနဲ့ အခက်တွေ့လာရဖွယ်ရှိသလို ယူရိုပြိုင်ပွဲ အပြီးမသတ်ခင်မှာ အကြိုသဘောတူညီမှုရယူသွားနိုင်ဖို့ စိုင်းပြင်းနေ။

ဗန်ဒိုက်ကို တရာသီလုံးနားစေခဲ့တဲ့ ဒူးဒဏ်ရာအထိရရှိအောင် ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်ခဲ့တဲ့ အဲဗာတန်ဂိုးသမားဂျော်ဒန် ပစ်ခ်ဖို့ဒ်ကို လီဗာပူးလ်ဂိုးသမားဟောင်းဒေးဗစ်ဂျိမ်းစ်က ကာကွယ်ပေးသွားခဲ့ပြီး သူဟာ ပြစ်ဒဏ်ကျုးလွန်ခဲ့တာ မှန်ကန်ပေမယ့် နယ်သာလန်သားကို နာကျင်လိုစိတ်မရှိသလို လက်ရှိမှာ အဲဒီအချိန်ထက် အများကြီးရင့်ကျက်သွားခဲ့ပြီဖြစ်ကြောင်း ပြောသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အခုအေျပာင္းအေ႐ႊ႕မွာ ဂီနီ ဗိုင္နယ္ဒမ္ေနရာကို တိုက္႐ိုက္အစားထိုးႏိုင္တဲ့ ကြင္းလယ္ကစားသမားကို အဓိကရွာေဖြေနတဲ့ လီဗာပူးလ္အသင္းဟာ ကြင္းလယ္လူအေျမာက္အျမားနဲ႔ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနၿပီး မိုခ်န္ဂလာဘတ္က စြယ္စုံရ ဂ်ာမန္ကြင္းလယ္လူ Florian Neuhaus ကို ယူ႐ိုသန္း ၄၀ နဲ႔ ေခၚယူဖို႔ ပစ္မွတ္ထားေနသလို ဂ်ာမနီအသင္းနဲ႔ ယူ႐ိုၿပိဳင္ပြဲဝင္ေနတဲ့ ကစားသမားကို ပထမအဆင့္ကမ္းလွမ္းမႈျပဳလုပ္လိုက္ခ်ိန္မွာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ အားၿပိဳင္ရဖြယ္ရွိေန။

နာမည္ႀကီးကစားသမားတခ်ိဳ႕ကို ေရာင္းခ်ၿပီး ေငြရွာဖို႔ ႀကံစည္ေနတဲ့ လာလီဂါခ်န္ပီယံ အက္တလီကိုမက္ဒရစ္အသင္းရဲ႕ ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္ကို ယူ႐ို ၄၅ သန္းဝန္းက်င္နဲ႔ ေခၚယူခြင့္ရွိလာသလို ယူႏိုက္တက္နဲ႔ လီဗာပူးလ္တို႔ရဲ႕ အားၿပိဳင္မႈမွာ စပိန္သားရဲ႕ဆႏၵက အန္ဖီးလ္ေျမရဲ႕ ကမ္းလွမ္းလာမႈကိုသာ ပိုအားသာေန။

ေဒါ့မန္အသင္းက သူတို႔အသင္းရဲ႕ကြင္းလယ္လူ ဂ်ဳဒ္ဘယ္လင္ဟမ္ကို စာခ်ဳပ္သစ္တိုးဖို႔ ေဆြးေႏြးလာခ်ိန္မွာ လီဗာပူးလ္အသင္းရဲ႕ ကမ္းလွမ္းမႈေတြက ေရာက္ရွိလာခဲ့ၿပီး ဆန္ခ်ိဳကို ေရာင္းခ်ၿပီးတဲ့အျပင္ အဂၤလန္ကြင္းလယ္လူကိုပါ ေရာင္းခ်ႏိုင္မလားဆိုတာေတာ့ ကေလာ့ပ္က သူ႔အတြက္ ပြဲထြက္ခြင့္အာမခံခ်က္တခု ေပးဖို႔ လိုအပ္ေနသလို ေဒါ့မန္ကိုင္ထားမယ့္ ေစ်းကိုပါ အမီလိုက္ရဖြယ္ရွိေန။

လီဗာပူးလ္နည္းျပကေလာ့ပ္ဟာ ဗိုင္နယ္ဒမ္ထြက္ခြာအၿပီးမွာ လစ္လပ္သြားတဲ့ ရာထူးတေနရာကို မိုဆာလားအတြက္ တိုးေပးသြားဖြယ္ ရွိေနၿပီး အသင္းေခါင္းေဆာင္ဟန္ဒါဆန္၊ လက္ေထာက္အသင္းေခါင္းေဆာင္ ဂ်ိမ္းစ္မီလ္နာနဲ႔ ဗန္ဒိုက္တို႔ပါဝင္တဲ့ အသင္းေခါင္းေဆာင္ ၄ ဦးစာရင္းမွာ အီဂ်စ္ဖာ႐ိုးကို ထည့္သြင္းသြားဖြယ္ရွိ။

လီဗာပူးလ္တိုက္စစ္မႉးဆာဒီယို မာေနးဟာ ဒါကာၿမိဳ႕က နန္းေတာ္မွာ ဆီနီေဂါသမၼတနဲ႔ သြားေရာက္ေတြ႕ဆုံခဲ့ၿပီး သူ႔ရဲ႕ဇာတိၿမိဳ႕ျဖစ္တဲ့ ဘမ္ဘာလီမွာ တည္ေဆာက္မယ့္ ေဆး႐ုံပေရာဂ်က္အတြက္ အကူအညီေတာင္းခံခဲ့ျခင္းျဖစ္တယ္လို႔ သိရသလို လက္ရွိမွာလည္း သူ႔ရဲ႕ေမြးရပ္​ေျမမွာ စာသင္ေက်ာင္းေဆာက္လုပ္လ်က္ရွိ။

လီဗာပူးလ္နဲ႔ အဂၤလန္ကြင္းလယ္လူ ေဂ်ာ္ဒန္ ဟန္ဒါဆန္ဟာ ကိုဗစ္ကပ္ေရာဂါဆိုးကာလမွာ အမ်ိဳးသားက်န္းမာေရးဝန္ေဆာင္မႈကို ပရဟိတအက်ိဳးျပဳေပးႏိုင္ခဲ့လို႔ အဂၤလန္ဘုရင္မႀကီး အယ္လိဇဘက္သ္ရဲ႕ ေမြးေန႔မွာ MBE ဘြဲ႕ခ်ီးျမႇင့္ခံခဲ့ရတယ္လို႔ သိရၿပီး ၂၀၁၂ ခုႏွစ္က စတီဗင္ဂ်ရတ္ရဲ႕ေနာက္မွာ MBE ဘြဲ႕နဲ႔ သူေကာင္းျပဳခံရတဲ့ ဒုတိယေျမာက္ လီဗာပူးလ္အသင္းေခါင္ေဆာင္ျဖစ္လာ။

လီဗာပူးလ္တိုက္စစ္မႈးမိုဆာလားဟာ ၂၀၂၀-၂၁ ပရီးမီးယားလိဂ္ရာသီရဲ႕ တႏွစ္တာအေကာင္းဆုံး PFA ဆုနဲ႔ လြဲေခ်ာ္ခဲ့ေပမယ့္ ပရိသတ္ေတြက မဲေပးေ႐ြးခ်ယ္တဲ့ ပရိသတ္ဆႏၵ PFA တႏွစ္တာအေကာင္းဆုံးကို ဆြတ္ခူးသြားခဲ့ေၾကာင္း သိရၿပီး ၿပီးခဲ့တဲ့ႏွစ္က မာေနးကပဲ ဒီဆုကို ခ်ီးျမႇင့္ခံခဲ့ရတဲ့ေနာက္ လီဗာပူးလ္အသင္းကပဲ ၂ ႏွစ္ဆက္သိမ္းပိုက္ႏိုင္ခဲ့ျခင္းျဖစ္လာ။

ကြင္းလယ္လူေတြကို အဓိထားအမဲလိုက္ေနတဲ့ လီဗာပူးလ္ရဲ႕ အခုအေျပာင္းအေ႐ႊ႕ကာလထဲ ခုန္ဝင္လာတာနဲ႔တၿပိဳင္နက္ အႀကီးအက်ယ္ခ်ိတ္ဆက္မႈ ျပဳလုပ္ခဲ့တဲ့ လက္စတာကြင္းလယ္လူ တီလီမန္းစ္ဟာ နံပါတ္တစ္ဦးစားေပးပစ္မွတ္အျဖစ္ ဆက္လက္ရွိေနဆဲျဖစ္ၿပီး ကေလာ့ပ္ရဲ႕ အတည္ေပါက္လိုခ်င္မႈဟာ အဆိုပါ ၂၄ ႏွစ္သားျဖစ္ေနေပမယ့္ ယူ႐ိုၿပိဳင္ပြဲကို အာ႐ုံစိုက္ရေတာ့မယ့္ ဘယ္လ္ဂ်ီယံသားကေတာ့ လီဗာပူးလ္ရဲ႕ လက္ေႏွးမႈကို စိတ္မသက္မသာျဖစ္ေန။

႐ိုးမားကြင္းလယ္လူ ပယ္လီဂရီနီကို အခိုင္အမာစိတ္ဝင္စားေနတဲ့ လီဗာပူးလ္အသင္းဟာ ယူ႐ိုသန္း ၃၀ ဆိုတဲ့ ထိုက္သင့္တဲ့ ေျပာင္းေ႐ြ႕ေၾကးကိုလည္း သေဘာက်ေနခ်ိန္မွာ ဘာစီလိုနာရဲ႕ ယွဥ္ၿပိဳင္ေစ်းေပးမႈနဲ႔ အခက္ေတြ႕လာရဖြယ္ရွိသလို ယူ႐ိုၿပိဳင္ပြဲ အၿပီးမသတ္ခင္မွာ အႀကိဳသေဘာတူညီမႈရယူသြားႏိုင္ဖို႔ စိုင္းျပင္းေန။

ဗန္ဒိုက္ကို တရာသီလုံးနားေစခဲ့တဲ့ ဒူးဒဏ္ရာအထိရရွိေအာင္ ၾကမ္းၾကမ္းတမ္းတမ္းဖ်က္ထုတ္ခဲ့တဲ့ အဲဗာတန္ဂိုးသမားေဂ်ာ္ဒန္ ပစ္ခ္ဖို႔ဒ္ကို လီဗာပူးလ္ဂိုးသမားေဟာင္းေဒးဗစ္ဂ်ိမ္းစ္က ကာကြယ္ေပးသြားခဲ့ၿပီး သူဟာ ျပစ္ဒဏ္က်ဳးလြန္ခဲ့တာ မွန္ကန္ေပမယ့္ နယ္သာလန္သားကို နာက်င္လိုစိတ္မရွိသလို လက္ရွိမွာ အဲဒီအခ်ိန္ထက္ အမ်ားႀကီးရင့္က်က္သြားခဲ့ၿပီျဖစ္ေၾကာင္း ေျပာသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.