Bundesliga Premier League Transfer News

ဆန်ချိုအတွက် ဆယ်သန်းပဲ ကွာတော့တဲ့ ဒေါ့မွန်နဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ တောင်ပံကစားသမား ဂျေဆန် ဆန်ချိုအတွက် သဘောတူညီမှုရဖို့ ပိုင်ရှင် ဒေါ့မွန်အသင်းနဲ့ ညှိနှိုင်းမှုတွေမှာ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၀ သန်းသာ ကွာဟတော့တာကြောင့် ခေါ်ယူဖို့ ၇၅ ရာခိုင်နှုန်းလောက် သေချာပြီလို့ ဆိုနိုင်တဲ့ အနေအထားကို ရောက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ယူနိုက်တက်ဘက်က ဖွင့်လှစ်လိုက်တဲ့ ပထမအကြိမ် ကမ်းလှမ်းမှု ပေါင် ၆၇ သန်းကို ဒေါ့မွန်ဘက်က ပယ်ချခဲ့တာဖြစ်ပေမယ့် မိခင်မြေက အသင်းတစ်သင်းနဲ့ ကာလကြာရှည်ချိတ်ဆက်မှုတွေ ရှိနေတဲ့ ကစားသမားတစ်ယောက်ကို အသင်းမှာ ဆက်ထိန်းထားလို့ သိပ်ပြီး ကောင်းကျိုးမရှိတာကြောင့် စိတ်ရှည်ရှည်နဲ့ ဆက်လက်ဆွေးနွေးသွားဖို့လည်း ရှိနေပါတယ်။

ဂျာမန်ကလပ်ဘက်ကတော့ အသက် ၂၁ နှစ်အရွယ် တောင်ပံတိုက်စစ်မှူးအတွက် ပေါင် ၈၆ သန်းကို အလိုရှိနေတာဖြစ်ပြီး ယူနိုက်တက်ရဲ့ ကနဦး ကမ်းလှမ်းမှုကတော့ အနာဂတ်ခံစားခွင့်တွေပါ ထည့်သွင်းရင် ဒီ ၆၇ သန်းက ၇၅ သန်းအထိ မြင့်တက်သွားနိုင်တာဖြစ်လို့ နှစ်သင်းကြားမှာ အနည်းငယ် လိုတိုးပိုလျှော့လုပ်ပြီးရင် အဆင်ပြေသွားမယ်လို့လည်း ဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ရာသီက ပေါင် ၁၀၈ သန်းဆိုတဲ့ ခေါ်ဈေးထက်စာရင် လက်ရှိမှာ ပေါင် ၂၂ သန်းအထိ ဒေါ့မွန်ဘက်က လျှော့ချပေးထားတာကြောင့် ယူနိုက်တက်တို့အနေနဲ့ ကိုယ့်ပရိသတ်တွေနဲ့ အင်္ဂလန်က ပြိုင်ဘက်အသင်းကြီးတွေကြားမှာ ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး ခေါ်ယူရဖို့ ရှိနေသလို အသံသာထွက်ပြီး အလုပ်မဖြစ်ဘူးဆိုတဲ့ နာမည်ဆိုးမျိုးကို နှစ်ရာသီဆက် မဖြစ်ရအောင် တားဆီးသွားမှာလည်းဖြစ်ပါတယ်။

ဆန်ချိုနဲ့ ယူနိုက်တက်တို့ကြား ပုဂ္ဂိုလ်ရေးသဘောတူညီမှုအရ သူ့အတွက် အိုးလ်ထရက်ဖို့ဒ်မှာ တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းခွဲ ပေးချေသွားဖို့ ရှိနေပြီး ငါးနှစ်စာချုပ် ချုပ်ဆိုသွားဖို့ ရှိနေသလို သူတို့တွေရဲ့ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်မှာ ဒုတိယနေရာက လွဲချော်ခဲ့ရတဲ့ ပြီးခဲ့တဲ့ ရာသီကလိုမျိုး ထပ်မဖြစ်ဖို့နဲ့ ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ ပထမခြေလှမ်းကို မကြာခင် ရက်ပိုင်းအတွင်းမှာ လှမ်းနိုင်တော့မှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ တောင်ပံကစားသမား ဂျေဆန် ဆန်ချိုအတွက် သဘောတူညီမှုရဖို့ ပိုင်ရှင် ဒေါ့မွန်အသင်းနဲ့ ညှိနှိုင်းမှုတွေမှာ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၀ သန်းသာ ကွာဟတော့တာကြောင့် ခေါ်ယူဖို့ ၇၅ ရာခိုင်နှုန်းလောက် သေချာပြီလို့ ဆိုနိုင်တဲ့ အနေအထားကို ရောက်လာခဲ့ပါတယ်။



