Premier League

ရော်နယ်လ်ဒိုကို စီးရီးအေကနေ ထွက်သွားစေချင်ပြီလို့ မော်ရင်ဟို ဘာကြောင့်ပြောလိုက်သလဲ

ဂျူဗင်တပ်စ်နဲ့ ပေါ်တူဂီတိုက်စစ်မှူးခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ စီးရီးအေးကနေ အမြန်ဆုံးထွက်ခွာသင့်ပြီလို့ ရိုးမားနည်းပြသစ်ဖြစ်သူဂျိုဆေး မော်ရင်ဟိုက နောက်ပြောင်သွားခဲ့ပြီး ယူရို ၂၀၂၀ အုပ်စုတွင်းမှာ ထိပ်တိုက်တွေ့ဆုံမယ့် ရော်နယ်လ်ဒိုနဲ့ ဘန်ဇီမာတို့ရဲ့ ရီးရဲလ်မက်ဒရစ်အသင်းက အတွင်းရေးတွေကို လှစ်ဟသွားခဲ့ပါတယ်။

မော်ရင်ဟိုအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိ ၃ နှစ်တာအတွင်း နည်းပြခဲ့ရာမှာ ဥရောပနဲ့ လာလီဂါကို ဖိန့်ဖိန်တုန်စေခဲ့တဲ့ ရော်နယ်လ်ဒို+ဘန်ဇီမာအတွဲရဲ့ ဟန်ချက်ညီမျှမှုကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး လာလီဂါဖလားအပါအဝင် စပိန်ပြည်တွင်းဖလားအားလုံးကို သိမ်းပိုက်နိုင်ခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်မှာ ၉ နှစ်ကြာ တွဲကစားခဲ့ကြတဲ့ ရော်နယ်လ်ဒိုနဲ့ ဘန်ဇီမာတို့ဟာ ချန်ပီယံလိဂ် ဖလား ၄ လုံးအထိ သိမ်းပိုက်နိုင်ခဲ့ခြင်းက သမိုင်းတွင်တဲ့ တိုက်စစ်အတွဲအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာတော့ ယူရိုပြိုင်ပွဲရဲ့ အားအကောင်းဆုံး ၂ သင်းဖြစ်တဲ့ ပေါ်တူဂီနဲ့ ပြင်သစ်အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ သူတို့နှစ်ဦးရဲ့ အားပြိုင်မှုကိုလည်း မြင်တွေ့ရတော့မှာပါ။

” ကျွန်တော်ကတော့ ရော်နယ်လ်ဒိုကို စီးရီးအေကနေ ထွက်သွားစေချင်ပါပြီ။ ကျွန်တော်အေးအေးချမ်းချမ်း နည်းပြချင်လို့ပါ။ လူတွေက သူ့ကို ကျသွားပြီလို့ ပြောနေကြတယ်။ သူက တရာသီ ဂိုး ၅၀ သွင်းနိုင်တဲ့ ၂၅ နှစ်သား မဟုတ်တော့ပါဘူး။ အသက် ၃၆ မှာ တရာသီ ၃၅ ဂိုးသွင်းနေနိုင်ခြင်းက မယုံကြည်နိုင်စရာကောင်းပါတယ် ”

” မက်ဆီနဲ့ နှိုင်းပြီး သူ့ကို ဝေဖန်ကြတယ်ပေါ့လေ။ မက်ဆီလောက် မကောင်းတဲ့ကစားသမားပါပေါ့လေ။ ဒါပေမယ့် ရော်နယ်လ်ဒိုက ဒီလိုဝေဖန်မှုတွေကို ဒေါသမထွက်ပါဘူး။ သူ့အတွက် အားဖြစ်စေတာပါ။ ဒီလိုနှလုံးသွင်းပြီး ပိုလုပ်ပြတတ်သူပါ။ ”

” သူက ဂန္ထဝင်ဖြစ်ချင်တယ်။ ကမ္ဘာ့အကောင်းဆုံးမှတ်တမ်းနဲ့ အောင်မြင်မှုကို ဆာလောင်ငတ်မွတ်နေသူဖြစ်တယ်။ ခင်ဗျားသာ သူ့​ပြိုင်ဘက်ဆိုရင် စကားမမှားမိစေနဲ့။ သူ သူက အားပိုရှိသွားပါလိမ့်မယ်။ ဒီလိုမျိုး စိတ်ဓာတ်ပိုင်းဆိုင်ရာအရ အရမ်းကြံ့ခိုင်ပါတယ် ” လို့ မော်ရင်ဟိုက သူ့တပည့်ကျော်ကြီးကို ချီးကျူးသွားခဲ့တာပါ။

ဒါ့အပြင် ” ရော်နယ်လ်ဒိုက ဘန်ဇီမာကို အရမ်းချစ်ပါတယ်။ အကြောင်းကတော့ တိုက်စစ်မှူးအချင်းချင်း တကိုယ်ကောင်းမဆန်ဘဲ သူ့အတွက် အနစ်နာခံပြီး ပိုမိုပံ့ပိုးပေးတာကြောင့်ပါ။ ဘန်ဇီမာက ဟာရီကိန်းလို တိုက်စစ်မှူးမျိုးလို့ ကျွန်တော်က ညွှန်းချင်ပါတယ်။ ကစားပွဲကို အလွတ်လပ်ဆုံးကစားတယ်။ ဒါကြောင့် သူတို့အတွဲက ဟန်ချက်ညီမျှသလို ရော်နယ်လ်ဒိုက သူ့ကို သိပ်ချစ်ပါတယ် ” လို့ ရီးရဲလ်မက်ဒရစ်မှာ နာမည်ကျော်တိုက်စစ်အတွဲဖြစ်ခဲ့တဲ့ ရော်နယ်လ်ဒိုနဲ့ ဘန်ဇီမာတို့ရဲ့ အတွင်းရေးကိုလည်း ဖော်ထုတ်သွားခဲ့ပါသေးတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဂ်ဴဗင္တပ္စ္နဲ႔ ေပၚတူဂီတိုက္စစ္မႉးခရစၥတီယာႏို ေရာ္နယ္လ္ဒိုအေနနဲ႔ စီးရီးေအးကေန အျမန္ဆုံးထြက္ခြာသင့္ၿပီလို႔ ႐ိုးမားနည္းျပသစ္ျဖစ္သူဂ်ိဳေဆး ေမာ္ရင္ဟိုက ေနာက္ေျပာင္သြားခဲ့ၿပီး ယူ႐ို ၂၀၂၀ အုပ္စုတြင္းမွာ ထိပ္တိုက္ေတြ႕ဆုံမယ့္ ေရာ္နယ္လ္ဒိုနဲ႔ ဘန္ဇီမာတို႔ရဲ႕ ရီးရဲလ္မက္ဒရစ္အသင္းက အတြင္းေရးေတြကို လွစ္ဟသြားခဲ့ပါတယ္။

ေမာ္ရင္ဟိုအေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းကို ၂၀၁၀ ကေန ၂၀၁၃ ခုႏွစ္အထိ ၃ ႏွစ္တာအတြင္း နည္းျပခဲ့ရာမွာ ဥေရာပနဲ႔ လာလီဂါကို ဖိန္႔ဖိန္တုန္ေစခဲ့တဲ့ ေရာ္နယ္လ္ဒို+ဘန္ဇီမာအတြဲရဲ႕ ဟန္ခ်က္ညီမွ်မႈကို ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး လာလီဂါဖလားအပါအဝင္ စပိန္ျပည္တြင္းဖလားအားလုံးကို သိမ္းပိုက္ႏိုင္ခဲ့တာပါ။

ရီးရဲလ္မက္ဒရစ္မွာ ၉ ႏွစ္ၾကာ တြဲကစားခဲ့ၾကတဲ့ ေရာ္နယ္လ္ဒိုနဲ႔ ဘန္ဇီမာတို႔ဟာ ခ်န္ပီယံလိဂ္ ဖလား ၄ လုံးအထိ သိမ္းပိုက္ႏိုင္ခဲ့ျခင္းက သမိုင္းတြင္တဲ့ တိုက္စစ္အတြဲအျဖစ္ မွတ္တမ္းဝင္ခဲ့ျခင္းျဖစ္ၿပီး လက္ရွိမွာေတာ့ ယူ႐ိုၿပိဳင္ပြဲရဲ႕ အားအေကာင္းဆုံး ၂ သင္းျဖစ္တဲ့ ေပၚတူဂီနဲ႔ ျပင္သစ္အသင္းတို႔ရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈမွာ သူတို႔ႏွစ္ဦးရဲ႕ အားၿပိဳင္မႈကိုလည္း ျမင္ေတြ႕ရေတာ့မွာပါ။

” ကြၽန္ေတာ္ကေတာ့ ေရာ္နယ္လ္ဒိုကို စီးရီးေအကေန ထြက္သြားေစခ်င္ပါၿပီ။ ကြၽန္ေတာ္ေအးေအးခ်မ္းခ်မ္း နည္းျပခ်င္လို႔ပါ။ လူေတြက သူ႔ကို က်သြားၿပီလို႔ ေျပာေနၾကတယ္။ သူက တရာသီ ဂိုး ၅၀ သြင္းႏိုင္တဲ့ ၂၅ ႏွစ္သား မဟုတ္ေတာ့ပါဘူး။ အသက္ ၃၆ မွာ တရာသီ ၃၅ ဂိုးသြင္းေနႏိုင္ျခင္းက မယုံၾကည္ႏိုင္စရာေကာင္းပါတယ္ ”

” မက္ဆီနဲ႔ ႏႈိင္းၿပီး သူ႔ကို ေဝဖန္ၾကတယ္ေပါ့ေလ။ မက္ဆီေလာက္ မေကာင္းတဲ့ကစားသမားပါေပါ့ေလ။ ဒါေပမယ့္ ေရာ္နယ္လ္ဒိုက ဒီလိုေဝဖန္မႈေတြကို ေဒါသမထြက္ပါဘူး။ သူ႔အတြက္ အားျဖစ္ေစတာပါ။ ဒီလိုႏွလုံးသြင္းၿပီး ပိုလုပ္ျပတတ္သူပါ။ ”

” သူက ဂႏၴဝင္ျဖစ္ခ်င္တယ္။ ကမာၻ႔အေကာင္းဆုံးမွတ္တမ္းနဲ႔ ေအာင္ျမင္မႈကို ဆာေလာင္ငတ္မြတ္ေနသူျဖစ္တယ္။ ခင္ဗ်ားသာ သူ႔​ၿပိဳင္ဘက္ဆိုရင္ စကားမမွားမိေစနဲ႔။ သူ သူက အားပိုရွိသြားပါလိမ့္မယ္။ ဒီလိုမ်ိဳး စိတ္ဓာတ္ပိုင္းဆိုင္ရာအရ အရမ္းႀကံ့ခိုင္ပါတယ္ ” လို႔ ေမာ္ရင္ဟိုက သူ႔တပည့္ေက်ာ္ႀကီးကို ခ်ီးက်ဴးသြားခဲ့တာပါ။

ဒါ့အျပင္ ” ေရာ္နယ္လ္ဒိုက ဘန္ဇီမာကို အရမ္းခ်စ္ပါတယ္။ အေၾကာင္းကေတာ့ တိုက္စစ္မႉးအခ်င္းခ်င္း တကိုယ္ေကာင္းမဆန္ဘဲ သူ႔အတြက္ အနစ္နာခံၿပီး ပိုမိုပံ့ပိုးေပးတာေၾကာင့္ပါ။ ဘန္ဇီမာက ဟာရီကိန္းလို တိုက္စစ္မႉးမ်ိဳးလို႔ ကြၽန္ေတာ္က ၫႊန္းခ်င္ပါတယ္။ ကစားပြဲကို အလြတ္လပ္ဆုံးကစားတယ္။ ဒါေၾကာင့္ သူတို႔အတြဲက ဟန္ခ်က္ညီမွ်သလို ေရာ္နယ္လ္ဒိုက သူ႔ကို သိပ္ခ်စ္ပါတယ္ ” လို႔ ရီးရဲလ္မက္ဒရစ္မွာ နာမည္ေက်ာ္တိုက္စစ္အတြဲျဖစ္ခဲ့တဲ့ ေရာ္နယ္လ္ဒိုနဲ႔ ဘန္ဇီမာတို႔ရဲ႕ အတြင္းေရးကိုလည္း ေဖာ္ထုတ္သြားခဲ့ပါေသးတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.