Premier League Transfer News

12 Jun နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းရဲ့ ဘယ်တောင်ပံကစားသမား ရာဟင်းမ် စတာလင်ဟာ ဗြိတိန်ဘုရင်မကြီးရဲ့ မွေးနေ့ပွဲမှာ နှစ်စဉ်နှစ်တိုင်း ချီးမြှင့်တဲ့ Member of British Empire MBE ဘွဲ့ကို ရရှိခဲ့ပြီး လူမျိုးရေးခွဲခြားမှုတွေကို တွန်းလှန်ပြီး သာတူညီမျှဖြစ်ကြောင်း လုပ်ဆောင်ခဲ့ရာမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့အတွက် ဒီဆု လီဗာပူးလ်ရဲ့ ဟန်ဒါဆန်၊ ပဲလေ့စ်နည်းပြဟောင်း ရွိုင်းဟော့ဆန်တို့နဲ့အတူ ရရှိခဲ့။

– စပါးစ်အသင်းကနေ ထွက်ခွာတော့မယ့် တိုက်စစ်မှူး ဟာရီကိန်းဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့မှာ မဟုတ်ဘူးဆိုရင် မန်ချက်စတာ အသင်းနှစ်သင်းဆီပဲ ရောက်ရှိသွားလိမ့်မယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်နေကြပြီး စီးတီးတို့အနေနဲ့ မြို့ခံပြိုင်ဘက်ဆီ မရောက်အောင် ဆွဲဆောင်စည်းရုံးနိုင်ဖို့ အဓိကကျနေ။

– တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်ကို ဂျူဗင်တပ်စ်အသင်းဆီ တစ်ရာသီအငှားနဲ့ အပြီးသတ်ခေါ်ယူနိုင်ခွင့် ထည့်သွင်းပြီး အငှားချမယ့် အစီအစဉ်ကို မန်စီးတီးပရိသတ်တွေက ဒေါသထွက်နေကြပြီး အသင်းအားကစားဒါရိုက်တာ ဘီဂီရီစတိန်းအနေနဲ့ နုတ်ထွက်သင့်တဲ့ အပြုအမူမျိုးကို လုပ်လိုက်တာလို့ ပေါက်ကွဲနေကြ။

– မန်ချက်စတာစီးတီးအသင်းနည်းပြ ဂွါဒီယိုလာအနေနဲ့ ကောင်းရင် ကောင်းလွန်းပြီး ညံ့ရင်လည်း ကွင်းထဲ ပါမှန်းတောင် မသိရတဲ့ တောင်ပံကစားသမား ရီယက် မာရက်ဇ်ရဲ့ တစ်နေ့ရွှေ တစ်နေ့ငွေ ပုံစံကို စိတ်ပျက်နေပြီး ကမ်းလှမ်းမှုရှိလာရင် ရောင်းထုတ်သွားဖို့ စဉ်းစားနေ။

– ဘာစီလိုနာအသင်းအနေနဲ့ မန်ချက်စတာစီးတီးကစားသမားနှစ်ဦးဖြစ်တဲ့ ဆာဂျီယို အဂွေရိုနဲ့ အဲရစ် ဂါစီယာတို့ကို အလွတ်ပြောင်းနဲ့ ခေါ်ယူအပြီးမှာ မကျေနပ်နိုင်သေးဘဲ ပြင်သစ်ကနေ စပိန်လက်ရွေးစင်အဖြစ် ပြောင်းလဲခံယူခဲ့တဲ့ နောက်ခံလူ အေးမရစ် လာပေါ့တ်ကို ခေါ်ယူဖို့ လက်ရှိကစားသမားတွေကို ရောင်းထုတ်နိုင်မှုအပေါ် မူတည်ပြီး ကမ်းလှမ်းသွားဖို့ လုပ်ဆောင်နေ။

– လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ရဲ့ ချီးကျူးမှုအကြီးကြီးကို ရရှိထားဖူးတဲ့ အက်စတန်ဗီလာကွင်းလယ်လူ ဂျက်ခ် ဂရီးလစ်ရှ်အနေနဲ့ ယူရိုပြိုင်ပွဲအပြီးမှာ မန်ချက်စတာစီးတီးအသင်းဆီ ပြောင်းရွှေ့သွားလိုနေပြီး ဘွင်ဒီယာကို ခေါ်ယူထားတဲ့ ဘာမင်ဂမ်အခြေစိုက်အသင်းနဲ့ ပြောင်းရွှေ့ကြေး ဆွေးနွေးသွားရဖို့ရှိနေ။

– ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါမှာ ဂတ်မူလာရဲ့ သွင်းဂိုး ၄၀ စံချိန်ကို ၂၀၂၀-၂၁ ရာသီအပြီးမှာ တစ်ဂိုးအသာနဲ့ ချိုးဖျက်ခဲ့တဲ့ တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးရဲ့ အသင်းပြောင်းရွှေ့နိုင်ခြေကို နည်းပြ ဂွါဒီယိုလာအနေနဲ့ စောင့်ကြည့်နေပြီး ယူရိုပြိုင်ပွဲအပြီးမှာ ချဉ်းကပ်သွားဖို့ စီစဉ်နေ။

– မန်ချက်စတာစီးတီးကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားအနေနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ရရှိခဲ့တဲ့ မျက်နှာဒဏ်ရာကြောင့် ရုရှားအသင်းနဲ့ စနေနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်ကို လွဲချော်မှာဖြစ်ပြီး ဘယ်လ်ဂျီယမ်နည်းပြ ရောဘတ်တို မာတီနက်ဇ်အနေနဲ့ လာမယ့် အုပ်စု ပွဲစဉ်(၂) ဒိန်းမတ်နဲ့ ပွဲမှာတော့ သူ့ကို တစ်စိတ်တစ်ပိုင်း ထည့်သွင်းအသုံးပြုနိုင်ဖို့ မျှော်လင့်နေ။

– မန်စီးတီးပရိသတ်တွေအနေနဲ့ တောင်ပံကစားသမား မာရက်ဇ်နဲ့ စတာလင်၊ နောက်ခံလူ လာပေါ့တ်တို့ကို ရောင်းထုတ်ပြီး ဟာရီကိန်းနဲ့ ဂရီးလစ်ရှ်တို့အတွက် ပြောင်းရွှေ့ကြေး ရန်ပုံငွေ ရှာဖွေသွားမယ့် အသင်းရဲ့ အစီအစဉ်ကို စိတ်ပျက်နေကြပြီး ငါတို့အသင်း ဒီလောက်တောင် စုတ်ပြတ်သွားပြီလားလို့ ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြ။

– ချန်ပီယံလိဂ်မှာ နောက်ဆုံးခြေလှမ်းကို ခြေချော်ခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းအနေနဲ့ ခက်ခဲတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရဖွယ်ရှိနေပြီး ကစားသမားကောင်းတွေကို ဥရောပအသင်းကြီးတွေရဲ့ ဝိုင်းဝန်းအမဲဖျက်နိုင်မှုနဲ့ ကြုံတွေ့နေရသလို ဘာနာဒို ဆေးလ်ဗားနဲ့ အစ်လ်ကေ ဂွန်ဒိုးဝမ်တို့ကို ဆက်ထိန်းထားနိုင်ဖို့ အသည်းအသန် ကြိုးစားရဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ဘယ္ေတာင္ပံကစားသမား ရာဟင္းမ္ စတာလင္ဟာ ၿဗိတိန္ဘုရင္မႀကီးရဲ႕ ေမြးေန႔ပြဲမွာ ႏွစ္စဥ္ႏွစ္တိုင္း ခ်ီးျမႇင့္တဲ့ Member of British Empire MBE ဘြဲ႕ကို ရရွိခဲ့ၿပီး လူမ်ိဳးေရးခြဲျခားမႈေတြကို တြန္းလွန္ၿပီး သာတူညီမွ်ျဖစ္ေၾကာင္း လုပ္ေဆာင္ခဲ့ရာမွာ တက္တက္ႂကြႂကြ ပါဝင္ခဲ့တဲ့အတြက္ ဒီဆု လီဗာပူးလ္ရဲ႕ ဟန္ဒါဆန္၊ ပဲေလ့စ္နည္းျပေဟာင္း ႐ြိဳင္းေဟာ့ဆန္တို႔နဲ႔အတူ ရရွိခဲ့။

– စပါးစ္အသင္းကေန ထြက္ခြာေတာ့မယ့္ တိုက္စစ္မႉး ဟာရီကိန္းဟာ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕မွာ မဟုတ္ဘူးဆိုရင္ မန္ခ်က္စတာ အသင္းႏွစ္သင္းဆီပဲ ေရာက္ရွိသြားလိမ့္မယ္လို႔ ကြၽမ္းက်င္သူေတြ သုံးသပ္ေနၾကၿပီး စီးတီးတို႔အေနနဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ဆီ မေရာက္ေအာင္ ဆြဲေဆာင္စည္း႐ုံးႏိုင္ဖို႔ အဓိကက်ေန။

– တိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးစ္ကို ဂ်ဴဗင္တပ္စ္အသင္းဆီ တစ္ရာသီအငွားနဲ႔ အၿပီးသတ္ေခၚယူႏိုင္ခြင့္ ထည့္သြင္းၿပီး အငွားခ်မယ့္ အစီအစဥ္ကို မန္စီးတီးပရိသတ္ေတြက ေဒါသထြက္ေနၾကၿပီး အသင္းအားကစားဒါ႐ိုက္တာ ဘီဂီရီစတိန္းအေနနဲ႔ ႏုတ္ထြက္သင့္တဲ့ အျပဳအမူမ်ိဳးကို လုပ္လိုက္တာလို႔ ေပါက္ကြဲေနၾက။

– မန္ခ်က္စတာစီးတီးအသင္းနည္းျပ ဂြါဒီယိုလာအေနနဲ႔ ေကာင္းရင္ ေကာင္းလြန္းၿပီး ညံ့ရင္လည္း ကြင္းထဲ ပါမွန္းေတာင္ မသိရတဲ့ ေတာင္ပံကစားသမား ရီယက္ မာရက္ဇ္ရဲ႕ တစ္ေန႔ေ႐ႊ တစ္ေန႔ေငြ ပုံစံကို စိတ္ပ်က္ေနၿပီး ကမ္းလွမ္းမႈရွိလာရင္ ေရာင္းထုတ္သြားဖို႔ စဥ္းစားေန။

– ဘာစီလိုနာအသင္းအေနနဲ႔ မန္ခ်က္စတာစီးတီးကစားသမားႏွစ္ဦးျဖစ္တဲ့ ဆာဂ်ီယို အေဂြ႐ိုနဲ႔ အဲရစ္ ဂါစီယာတို႔ကို အလြတ္ေျပာင္းနဲ႔ ေခၚယူအၿပီးမွာ မေက်နပ္ႏိုင္ေသးဘဲ ျပင္သစ္ကေန စပိန္လက္ေ႐ြးစင္အျဖစ္ ေျပာင္းလဲခံယူခဲ့တဲ့ ေနာက္ခံလူ ေအးမရစ္ လာေပါ့တ္ကို ေခၚယူဖို႔ လက္ရွိကစားသမားေတြကို ေရာင္းထုတ္ႏိုင္မႈအေပၚ မူတည္ၿပီး ကမ္းလွမ္းသြားဖို႔ လုပ္ေဆာင္ေန။

– လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ ခ်ီးက်ဴးမႈအႀကီးႀကီးကို ရရွိထားဖူးတဲ့ အက္စတန္ဗီလာကြင္းလယ္လူ ဂ်က္ခ္ ဂရီးလစ္ရွ္အေနနဲ႔ ယူ႐ိုၿပိဳင္ပြဲအၿပီးမွာ မန္ခ်က္စတာစီးတီးအသင္းဆီ ေျပာင္းေ႐ႊ႕သြားလိုေနၿပီး ဘြင္ဒီယာကို ေခၚယူထားတဲ့ ဘာမင္ဂမ္အေျခစိုက္အသင္းနဲ႔ ေျပာင္းေ႐ႊ႕ေၾကး ေဆြးေႏြးသြားရဖို႔ရွိေန။

– ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔အတူ ဘြန္ဒက္စ္လီဂါမွာ ဂတ္မူလာရဲ႕ သြင္းဂိုး ၄၀ စံခ်ိန္ကို ၂၀၂၀-၂၁ ရာသီအၿပီးမွာ တစ္ဂိုးအသာနဲ႔ ခ်ိဳးဖ်က္ခဲ့တဲ့ တိုက္စစ္မႉး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးရဲ႕ အသင္းေျပာင္းေ႐ႊ႕ႏိုင္ေျခကို နည္းျပ ဂြါဒီယိုလာအေနနဲ႔ ေစာင့္ၾကည့္ေနၿပီး ယူ႐ိုၿပိဳင္ပြဲအၿပီးမွာ ခ်ဥ္းကပ္သြားဖို႔ စီစဥ္ေန။

– မန္ခ်က္စတာစီးတီးကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားအေနနဲ႔ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ ရရွိခဲ့တဲ့ မ်က္ႏွာဒဏ္ရာေၾကာင့္ ႐ုရွားအသင္းနဲ႔ စေနေန႔ညမွာ ယွဥ္ၿပိဳင္ကစားမယ့္ ပြဲစဥ္ကို လြဲေခ်ာ္မွာျဖစ္ၿပီး ဘယ္လ္ဂ်ီယမ္နည္းျပ ေရာဘတ္တို မာတီနက္ဇ္အေနနဲ႔ လာမယ့္ အုပ္စု ပြဲစဥ္(၂) ဒိန္းမတ္နဲ႔ ပြဲမွာေတာ့ သူ႔ကို တစ္စိတ္တစ္ပိုင္း ထည့္သြင္းအသုံးျပဳႏိုင္ဖို႔ ေမွ်ာ္လင့္ေန။

– မန္စီးတီးပရိသတ္ေတြအေနနဲ႔ ေတာင္ပံကစားသမား မာရက္ဇ္နဲ႔ စတာလင္၊ ေနာက္ခံလူ လာေပါ့တ္တို႔ကို ေရာင္းထုတ္ၿပီး ဟာရီကိန္းနဲ႔ ဂရီးလစ္ရွ္တို႔အတြက္ ေျပာင္းေ႐ႊ႕ေၾကး ရန္ပုံေငြ ရွာေဖြသြားမယ့္ အသင္းရဲ႕ အစီအစဥ္ကို စိတ္ပ်က္ေနၾကၿပီး ငါတို႔အသင္း ဒီေလာက္ေတာင္ စုတ္ျပတ္သြားၿပီလားလို႔ ဝိုင္းဝန္းေလွာင္ေျပာင္ခဲ့ၾက။

– ခ်န္ပီယံလိဂ္မွာ ေနာက္ဆုံးေျခလွမ္းကို ေျခေခ်ာ္ခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ခက္ခဲတဲ့ စိန္ေခၚမႈေတြကို ရင္ဆိုင္ရဖြယ္ရွိေနၿပီး ကစားသမားေကာင္းေတြကို ဥေရာပအသင္းႀကီးေတြရဲ႕ ဝိုင္းဝန္းအမဲဖ်က္ႏိုင္မႈနဲ႔ ႀကဳံေတြ႕ေနရသလို ဘာနာဒို ေဆးလ္ဗားနဲ႔ အစ္လ္ေက ဂြန္ဒိုးဝမ္တို႔ကို ဆက္ထိန္းထားႏိုင္ဖို႔ အသည္းအသန္ ႀကိဳးစားရဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.