Premier League

ချစ်စနိုးခေါ်နေတဲ့ “ငရုတ်သီးနီလေး” နာမည်ပြောင်နဲ့ ပတ်သက်ပြီးရှင်းပြသွားတဲ့ ဆာကာ

ယူရို ၂၀၂၀၊ အုပ်စု D အဖွင့်ပွဲစဥ်၊ ခရိုအေးရှားနဲ့ပွဲမတိုင်မီမှာ အာဆင်နယ်နဲ့ အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့် ဘူကာယို ဆာကာက သူ့နာမည်ပြောင်ရဲ့ အဓိပ္ပါယ်နဲ့ ပတ်သက်ပြီး ရှင်းပြသွားခဲ့ပြီး ဒီနာမည်ပြောင်ကို ချစ်စနိုးနဲ့ ခေါ်တွင်စေခဲ့သူက အာဆင်နယ်အသင်းခေါင်းဆောင်အူဘာမီယန်းဖြစ်တယ်လို့ ထုတ်ဖော်ပြောပြသွားခဲ့တာပါ။

ဒီနာမည်ပြောင်ဟာတော့ ” ငရုတ်သီးနီလေး ” လို့ ဖွင့်ဆိုနိုင်ပြီး ဆာကာအတွက် ဂိုးလာဘ်ပွင့်စေဖို့ အထိမ်းအမှတ်နဲ့ အူဘာမီယန်းက အဓိပ္ပါယ်ရှိရှိ သတ်မှတ်ပေးခဲ့တာဖြစ်သလို ၁၉ နှစ်သားအနေနဲ့ လာမယ့်ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့အတူ ငရုတ်သီးတတောင့်ရဲ့ ပူစပ်ပေါက်ကွဲမှုအတိုင်း ပြိုင်ဘက်တွေ ဂိုးတွေနဲ့ ပေါက်ကွဲပြီး ပူစပ်သွားစေဖို့ ရည်ရွယ်မျှော်လင့်ထားကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် ပေါက်ကွဲအားပြင်းတဲ့ ဆာကာရဲ့ ဂိုးသွင်းစွမ်းရည်ကို အူဘာက ဦးညွှတ်ခဲ့ခြင်းရဲ့ အဓိပ္ပါယ်အဖြစ်လည်း ညွှန်းဆိုနိုင်ပြီး ငရုတ်သီးလေးကတော့ ဒီနာမည်ကို အထူးတလည် ကြိုက်နှစ်သက်နေတယ်လို့ သိရပါတယ်။ ဆာကာဟာ ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီရဲ့ အာဆင်နယ်အသင်းရဲ့ တနှစ်တာအကောင်းဆုံးကစားသမားလည်း ဖြစ်ခဲ့တာပါ။

ဒါအ့ပြင် အသင်းမှာ နေရာမရွေး အံဝင်စွာ ကစားနိုင်တဲ့ သူ့ရဲ့ စွယ်စုံရမှု၊ တစိုက်မတ်မတ်အားထုတ်မှုတွေကြောင့် အာဆင်နယ်နည်းပြအာတီတာရဲ့ တန်ဖိုးအထားရဆုံး အချစ်တော်ကစားသမားဖြစ်လာချိန်မှာ အင်္ဂလန်နဲ့အတူ နိုင်ငံတကာမြင်ကွင်းမှာ ဝင်ဆံ့လာခဲ့ပြီး နည်းပြဆောက်ဂိတ်ရဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ၂၆ ဦး လူစာရင်းမှာ အပြီးသတ်ရွေးချယ်ခံခဲ့ရတာဟာ အရွယ်နဲ့ မလိုက်အောင် အလုပ်ကြိုးစားလွန်းတဲ့ သူ့အတွက် ရလဒ်ကောင်းထွက်ခဲ့တဲ့ သက်သေပါ။

” ကျွန်တော့်နာမည်ပြောင်က အူဘာကြောင့် ဖြစ်ပေါ်လာတာပါ။ သူကတော့ ပြင်သစ်လို ပြောခဲ့တယ်။ တရက်သားပေါ့…. ကျွန်တော်တို့ လေ့ကျင့်ရေးအစီအစဥ်မှာ အဆုံးသတ်ပိုင်းလေ့ကျင့်နေတုန်း သူက ဟေ့ ငရုတ်သီးလေးလို့ ကျွန်တော့်ကို ဆက်တိုက်ခေါ်နေခဲ့တယ်။ သူတခါခေါ်တိုင်း ကျွန်တော်ကလည်း ဆက်တိုက်ကို ဂိုးတွေသွင်းနေခဲ့တာပါ။ ”

” သိပ်ကို ပြင်းထန်အားပါတဲ့ ဂိုးတွေသွင်းနိုင်ခဲ့တာပါ။ ကျွန်တော်က သူ ပြင်သစ်လိုပြောတာကို အဓိပ္ပာယ်မေးကြည့်တော့ ” ငရုတ်သီးလေး ” တဲ့။ သူက ဒီလို ခေါ်ပါများလာတော့ ကျွန်တော့်အတွက် ကြီးမြတ်တဲ့အရာတခုဖြစ်လာပြီး တကယ်လည်း အစွမ်းထက်ခဲ့ပါတယ်”

” လူတိုင်းက ကျွန်တော့်ကို အဲ့လို ခေါ်တွင်နေကြပါပြီ။ ကျွန်တော် အင်စတေဂရမ်မှာ တင်ထားတဲ့ ချိန်းကြိုးလေး တွေ့ဖူးကြတယ်မဟုတ်လား။ အဲဒါ ၂၀၂၀ မှာ ချယ်လ်ဆီးကို အနိုင်ယူပြီး ကျွန်တော်တို့ FA ဘုရင်ဖြစ်တော့ သူက ကတိပေးထားတဲ့အတိုင်း ရတနာနဲ့လုပ်ထားတဲ့ ငရုတ်သီးအနီတောင့်ကို ကျွန်တော့်အတွက် လက်ဆောင်ချီးမြှင့်ခဲ့တာပါ ” လို့ ဆာကာက ခရိုအေးရှားနဲ့ ကစားရမယ့် ယူရိုပွဲကြိုမှာ ရင်တွင်းစကားကို ပြောကြားသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ယူ႐ို ၂၀၂၀၊ အုပ္စု D အဖြင့္ပြဲစဥ္၊ ခ႐ိုေအးရွားနဲ႔ပြဲမတိုင္မီမွာ အာဆင္နယ္နဲ႔ အဂၤလန္လက္ေ႐ြးစင္ၾကယ္ပြင့္ ဘူကာယို ဆာကာက သူ႔နာမည္ေျပာင္ရဲ႕ အဓိပၸါယ္နဲ႔ ပတ္သက္ၿပီး ရွင္းျပသြားခဲ့ၿပီး ဒီနာမည္ေျပာင္ကို ခ်စ္စႏိုးနဲ႔ ေခၚတြင္ေစခဲ့သူက အာဆင္နယ္အသင္းေခါင္းေဆာင္အူဘာမီယန္းျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာျပသြားခဲ့တာပါ။

ဒီနာမည္ေျပာင္ဟာေတာ့ ” င႐ုတ္သီးနီေလး ” လို႔ ဖြင့္ဆိုႏိုင္ၿပီး ဆာကာအတြက္ ဂိုးလာဘ္ပြင့္ေစဖို႔ အထိမ္းအမွတ္နဲ႔ အူဘာမီယန္းက အဓိပၸါယ္ရွိရွိ သတ္မွတ္ေပးခဲ့တာျဖစ္သလို ၁၉ ႏွစ္သားအေနနဲ႔ လာမယ့္ယူ႐ိုၿပိဳင္ပြဲမွာ အဂၤလန္အသင္းနဲ႔အတူ င႐ုတ္သီးတေတာင့္ရဲ႕ ပူစပ္ေပါက္ကြဲမႈအတိုင္း ၿပိဳင္ဘက္ေတြ ဂိုးေတြနဲ႔ ေပါက္ကြဲၿပီး ပူစပ္သြားေစဖို႔ ရည္႐ြယ္ေမွ်ာ္လင့္ထားေၾကာင္းလည္း သိရပါတယ္။

ဒါ့အျပင္ ေပါက္ကြဲအားျပင္းတဲ့ ဆာကာရဲ႕ ဂိုးသြင္းစြမ္းရည္ကို အူဘာက ဦးၫႊတ္ခဲ့ျခင္းရဲ႕ အဓိပၸါယ္အျဖစ္လည္း ၫႊန္းဆိုႏိုင္ၿပီး င႐ုတ္သီးေလးကေတာ့ ဒီနာမည္ကို အထူးတလည္ ႀကိဳက္ႏွစ္သက္ေနတယ္လို႔ သိရပါတယ္။ ဆာကာဟာ ၿပီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီရဲ႕ အာဆင္နယ္အသင္းရဲ႕ တႏွစ္တာအေကာင္းဆုံးကစားသမားလည္း ျဖစ္ခဲ့တာပါ။

ဒါအ့ျပင္ အသင္းမွာ ေနရာမေ႐ြး အံဝင္စြာ ကစားႏိုင္တဲ့ သူ႔ရဲ႕ စြယ္စုံရမႈ၊ တစိုက္မတ္မတ္အားထုတ္မႈေတြေၾကာင့္ အာဆင္နယ္နည္းျပအာတီတာရဲ႕ တန္ဖိုးအထားရဆုံး အခ်စ္ေတာ္ကစားသမားျဖစ္လာခ်ိန္မွာ အဂၤလန္နဲ႔အတူ ႏိုင္ငံတကာျမင္ကြင္းမွာ ဝင္ဆံ့လာခဲ့ၿပီး နည္းျပေဆာက္ဂိတ္ရဲ႕ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲရဲ႕ ၂၆ ဦး လူစာရင္းမွာ အၿပီးသတ္ေ႐ြးခ်ယ္ခံခဲ့ရတာဟာ အ႐ြယ္နဲ႔ မလိုက္ေအာင္ အလုပ္ႀကိဳးစားလြန္းတဲ့ သူ႔အတြက္ ရလဒ္ေကာင္းထြက္ခဲ့တဲ့ သက္ေသပါ။

” ကြၽန္ေတာ့္နာမည္ေျပာင္က အူဘာေၾကာင့္ ျဖစ္ေပၚလာတာပါ။ သူကေတာ့ ျပင္သစ္လို ေျပာခဲ့တယ္။ တရက္သားေပါ့…. ကြၽန္ေတာ္တို႔ ေလ့က်င့္ေရးအစီအစဥ္မွာ အဆုံးသတ္ပိုင္းေလ့က်င့္ေနတုန္း သူက ေဟ့ င႐ုတ္သီးေလးလို႔ ကြၽန္ေတာ့္ကို ဆက္တိုက္ေခၚေနခဲ့တယ္။ သူတခါေခၚတိုင္း ကြၽန္ေတာ္ကလည္း ဆက္တိုက္ကို ဂိုးေတြသြင္းေနခဲ့တာပါ။ ”

” သိပ္ကို ျပင္းထန္အားပါတဲ့ ဂိုးေတြသြင္းႏိုင္ခဲ့တာပါ။ ကြၽန္ေတာ္က သူ ျပင္သစ္လိုေျပာတာကို အဓိပၸာယ္ေမးၾကည့္ေတာ့ ” င႐ုတ္သီးေလး ” တဲ့။ သူက ဒီလို ေခၚပါမ်ားလာေတာ့ ကြၽန္ေတာ့္အတြက္ ႀကီးျမတ္တဲ့အရာတခုျဖစ္လာၿပီး တကယ္လည္း အစြမ္းထက္ခဲ့ပါတယ္”

” လူတိုင္းက ကြၽန္ေတာ့္ကို အဲ့လို ေခၚတြင္ေနၾကပါၿပီ။ ကြၽန္ေတာ္ အင္စေတဂရမ္မွာ တင္ထားတဲ့ ခ်ိန္းႀကိဳးေလး ေတြ႕ဖူးၾကတယ္မဟုတ္လား။ အဲဒါ ၂၀၂၀ မွာ ခ်ယ္လ္ဆီးကို အႏိုင္ယူၿပီး ကြၽန္ေတာ္တို႔ FA ဘုရင္ျဖစ္ေတာ့ သူက ကတိေပးထားတဲ့အတိုင္း ရတနာနဲ႔လုပ္ထားတဲ့ င႐ုတ္သီးအနီေတာင့္ကို ကြၽန္ေတာ့္အတြက္ လက္ေဆာင္ခ်ီးျမႇင့္ခဲ့တာပါ ” လို႔ ဆာကာက ခ႐ိုေအးရွားနဲ႔ ကစားရမယ့္ ယူ႐ိုပြဲႀကိဳမွာ ရင္တြင္းစကားကို ေျပာၾကားသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.