Premier League

လာမယ့်ရာသီသစ်မှာ အဓိပ္ပါယ်မရှိ မျက်မုန်းကျိုးလွန်းလှတဲ့ စည်းမျဉ်းတွေကို ပြင်ဆင်လာတော့မယ့် VAR

လာမယ့် ၂၀၂၁-၂၂ ဘောလုံးရာသီသစ်မှာတော့ ပရီးမီးယားလိဂ်ဟာ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံနေရပြီး အကြိမ်​ပေါင်းများစွာ ရှုံ့ချခံရနေတဲ့ VAR စနစ်ကို အကြီးအကျယ် ပြောင်းလဲသွားတော့မှာဖြစ်ပြီး ပရိသတ်တွေ မျက်မုန်းကျိုးလွန်းလှတဲ့ လူကျွံဘောဥပဒေကို အသစ်တဖန် ရေးဆွဲပြင်ဆင်နေကြောင်း သိရပါတယ်။

VAR ပြင်ဆင်မှုအသစ်မှာ​တော့ တိုက်စစ်ဆင်နေတဲ့အသင်းက ကစားသမားရဲ့ လက်မောင်းစွန်းနဲ့ ခြေဖျားစွန်း လူကျွံဘောသတ်မှတ်မှုကို ပယ်ဖျက်လိုက်မှာဖြစ်ပြီး ပိုပြီးမျှတမှုရှိတဲ့ VAR လိုင်းအထူတွေကို ရေးဆွဲပြီး တိုက်စစ်မှူးတွေအတွက် သံသယအကျိုးကို ခံစားခွင့်ပေးသွားမယ်လို့ သိရပါတယ်။

ဒါက နည်းပညာကို လာမယ့်ရာသီသစ်မှာပဲ စတင်သက်ရောက်သွားစေမှာဖြစ်သလို ဒီစနစ်ကို UEFA နဲ့ ဒတ်ချ်လိဂ်ကလည်း သဘောတူခဲ့ပြီး လက်ခံနိုင်သော အမှားပမာဏ ၁၀ စင်တီမီတာဘောင်အတွင်းမှာ လက်ထောက်ဒိုင်က ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ VAR ကြောင့် အနစ်နာဆုံးဖြစ်ခဲ့ရတဲ့အသင်းက အချက်အလက်တွေအရ အာဆင်နယ်ဖြစ်တယ်လို့ ထွက်ပေါ်လာခဲ့ပြီး ၂၆ နှစ့်တွင်း ပထမဆုံးအကြိမ် ဥရောပွဲမကစားရခြင်းမှာ ဘယ်အသင်းထက်မဆို ဂန်းနားတို့က ပိုမိုနစ်နာခဲ့ရခြင်းလည်းဖြစ်ပါတယ်။

ESPN က ဒေးလ်ဂျွန်ဆန်ရဲ့ VAR ကိန်းဂဏန်းအချက်အလက်တွေကို လေ့လာထားမှုအရ အာဆင်နယ်အသင်းအနေနဲ့ VAR စနစ်ကြောင့် အကျိုးခံစားခွင့်ရခဲ့တာဟာ ပြိုင်ဘက်အသင်းရဲ့ သွင်းဂိုး ၂ ဂိုးကို ပယ်ဖျက်ပေးခံခဲ့ရခြင်းသာ ရှိနေပြီး ဒါဟာ ဘယ်အသင်းထက်မဆို အခွင့်အရေးနိမ့်ပါးခဲ့တဲ့ အနေအထားပါ။

ဒါ့အပြင် VAR ကြောင့် ပြိုင်ဘက်အသင်းကို အကျိုးခံစားခွင့် အများဆုံးပေးခဲ့ရတဲ့ အသင်းစာရင်းမှာ အာဆင်နယ်​က အဆင့် ၂ နေရာမှာ ရှိနေပြီး ပြိုင်ဘက်ကို အသာစီးရစေတဲ့ ဆုံးဖြတ်ချက်တွေကိုသာ ခါးသီးစွာလက်ခံခဲ့ရတဲ့ အဆင့် ၁ အသင်းကတော့ လီဗာပူးလ်ဖြစ်နေတာပါ။

“VAR ကို ကောင်းကောင်းပြန်ပြင်ဆင်သင့်တယ်။ အားကိုးတကြီးသုံးရတဲ့ နည်းပညာဟာ အခုလို လွဲချော်နေတာ မြင်မကောင်းပါဘူး။ ဘောလုံးကစားရခြင်းရဲ့ အကောင်းဆုံး ခံစားချက်ဖြစ်တဲ့ ဂိုးသွင်းမှုကို လူကျွံဘောဆိုပြီး လွယ်လွယ်လေး ပယ်ဖျက်နေတာပါ”

“VAR စနစ်ဝင်လာတော့ ပရိသတ်တွေက တော်တော်မျှော်လင့်ထားခဲ့ကြတာပါ။ အနီကတ်ဆိုရင် မျှတတဲ့ အနီကတ်ပဲ ဖြစ်တော့မယ်ပေါ့လေ။ အခုတော့ ဆုံးဖြတ်ချက်တွေ ချနေခြင်းက ရေရေရာရာ မရှိလှပါဘူး။ ၅၀-၅၀ ဆိုတဲ့ အနေအထားတွေမှာ ဘာကိုမှ ပိုင်ပိုင်နိုင်နိုင် မလုပ်​ပြနိုင်သေးတာကို တွေ့ရတယ်”

“လူကျွံဘောသတ်မှတ်မှုမှာ လက်ခံနိုင်တဲ့ အမှားပမာဏက ကျဥ်းမြောင်းလွန်းနေကို ​မဖြစ်မနေပြင်ကို ပြင်ရပါမယ်”လို့ ဝေဖန်ထားခဲ့တဲ့ စပါးစ်တိုက်စစ်မှူး ဟာရီကိန်းရဲ့ ပညာရှိဆန်တဲ့ စကားက အကောင်အထည်ပေါ်လာခဲ့ပြီဖြစ်ကြောင်းလည်း တင်ဆက်ပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လာမယ့္ ၂၀၂၁-၂၂ ေဘာလုံးရာသီသစ္မွာေတာ့ ပရီးမီးယားလိဂ္ဟာ ျပင္းထန္တဲ့ ေဝဖန္မႈေတြကို ခံေနရၿပီး အႀကိမ္​ေပါင္းမ်ားစြာ ရႈံ႕ခ်ခံရေနတဲ့ VAR စနစ္ကို အႀကီးအက်ယ္ ေျပာင္းလဲသြားေတာ့မွာျဖစ္ၿပီး ပရိသတ္ေတြ မ်က္မုန္းက်ိဳးလြန္းလွတဲ့ လူကြၽံေဘာဥပေဒကို အသစ္တဖန္ ေရးဆြဲျပင္ဆင္ေနေၾကာင္း သိရပါတယ္။

VAR ျပင္ဆင္မႈအသစ္မွာ​ေတာ့ တိုက္စစ္ဆင္ေနတဲ့အသင္းက ကစားသမားရဲ႕ လက္ေမာင္းစြန္းနဲ႔ ေျခဖ်ားစြန္း လူကြၽံေဘာသတ္မွတ္မႈကို ပယ္ဖ်က္လိုက္မွာျဖစ္ၿပီး ပိုၿပီးမွ်တမႈရွိတဲ့ VAR လိုင္းအထူေတြကို ေရးဆြဲၿပီး တိုက္စစ္မႉးေတြအတြက္ သံသယအက်ိဳးကို ခံစားခြင့္ေပးသြားမယ္လို႔ သိရပါတယ္။

ဒါက နည္းပညာကို လာမယ့္ရာသီသစ္မွာပဲ စတင္သက္ေရာက္သြားေစမွာျဖစ္သလို ဒီစနစ္ကို UEFA နဲ႔ ဒတ္ခ်္လိဂ္ကလည္း သေဘာတူခဲ့ၿပီး လက္ခံႏိုင္ေသာ အမွားပမာဏ ၁၀ စင္တီမီတာေဘာင္အတြင္းမွာ လက္ေထာက္ဒိုင္က ဆက္လက္ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။

ၿပီးခဲ့တဲ့ရာသီမွာ VAR ေၾကာင့္ အနစ္နာဆုံးျဖစ္ခဲ့ရတဲ့အသင္းက အခ်က္အလက္ေတြအရ အာဆင္နယ္ျဖစ္တယ္လို႔ ထြက္ေပၚလာခဲ့ၿပီး ၂၆ ႏွစ့္တြင္း ပထမဆုံးအႀကိမ္ ဥေရာပြဲမကစားရျခင္းမွာ ဘယ္အသင္းထက္မဆို ဂန္းနားတို႔က ပိုမိုနစ္နာခဲ့ရျခင္းလည္းျဖစ္ပါတယ္။

ESPN က ေဒးလ္ဂြၽန္ဆန္ရဲ႕ VAR ကိန္းဂဏန္းအခ်က္အလက္ေတြကို ေလ့လာထားမႈအရ အာဆင္နယ္အသင္းအေနနဲ႔ VAR စနစ္ေၾကာင့္ အက်ိဳးခံစားခြင့္ရခဲ့တာဟာ ၿပိဳင္ဘက္အသင္းရဲ႕ သြင္းဂိုး ၂ ဂိုးကို ပယ္ဖ်က္ေပးခံခဲ့ရျခင္းသာ ရွိေနၿပီး ဒါဟာ ဘယ္အသင္းထက္မဆို အခြင့္အေရးနိမ့္ပါးခဲ့တဲ့ အေနအထားပါ။

ဒါ့အျပင္ VAR ေၾကာင့္ ၿပိဳင္ဘက္အသင္းကို အက်ိဳးခံစားခြင့္ အမ်ားဆုံးေပးခဲ့ရတဲ့ အသင္းစာရင္းမွာ အာဆင္နယ္​က အဆင့္ ၂ ေနရာမွာ ရွိေနၿပီး ၿပိဳင္ဘက္ကို အသာစီးရေစတဲ့ ဆုံးျဖတ္ခ်က္ေတြကိုသာ ခါးသီးစြာလက္ခံခဲ့ရတဲ့ အဆင့္ ၁ အသင္းကေတာ့ လီဗာပူးလ္ျဖစ္ေနတာပါ။

“VAR ကို ေကာင္းေကာင္းျပန္ျပင္ဆင္သင့္တယ္။ အားကိုးတႀကီးသုံးရတဲ့ နည္းပညာဟာ အခုလို လြဲေခ်ာ္ေနတာ ျမင္မေကာင္းပါဘူး။ ေဘာလုံးကစားရျခင္းရဲ႕ အေကာင္းဆုံး ခံစားခ်က္ျဖစ္တဲ့ ဂိုးသြင္းမႈကို လူကြၽံေဘာဆိုၿပီး လြယ္လြယ္ေလး ပယ္ဖ်က္ေနတာပါ”

“VAR စနစ္ဝင္လာေတာ့ ပရိသတ္ေတြက ေတာ္ေတာ္ေမွ်ာ္လင့္ထားခဲ့ၾကတာပါ။ အနီကတ္ဆိုရင္ မွ်တတဲ့ အနီကတ္ပဲ ျဖစ္ေတာ့မယ္ေပါ့ေလ။ အခုေတာ့ ဆုံးျဖတ္ခ်က္ေတြ ခ်ေနျခင္းက ေရေရရာရာ မရွိလွပါဘူး။ ၅၀-၅၀ ဆိုတဲ့ အေနအထားေတြမွာ ဘာကိုမွ ပိုင္ပိုင္ႏိုင္ႏိုင္ မလုပ္​ျပႏိုင္ေသးတာကို ေတြ႕ရတယ္”

“လူကြၽံေဘာသတ္မွတ္မႈမွာ လက္ခံႏိုင္တဲ့ အမွားပမာဏက က်ဥ္းေျမာင္းလြန္းေနကို ​မျဖစ္မေနျပင္ကို ျပင္ရပါမယ္”လို႔ ေဝဖန္ထားခဲ့တဲ့ စပါးစ္တိုက္စစ္မႉး ဟာရီကိန္းရဲ႕ ပညာရွိဆန္တဲ့ စကားက အေကာင္အထည္ေပၚလာခဲ့ၿပီျဖစ္ေၾကာင္းလည္း တင္ဆက္ေပးလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.