Premier League

ပပ်ရဲ့ မိကျောင်းမျက်ရည်ကြောင့် အပြာထက် အနီရောင်ကို ပိုချစ်တယ်လို့ အဂွယ်ရိုဆိုခဲ့လေသလား

မန်စီးတီးအသင်းနဲ့ ၁၀ စုနှစ်တခုအကြာ ခိုင်မြဲခဲ့တဲ့ သံယောဇဉ်ကို လက်တွဲဖြုတ်ပြီး ဘာစီလိုနာမြို့ဆီ ဖုတ်ဖတ်ခါပြီး ထွက်ခွာသွားခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဆာဂျီယို အဂွယ်ရိုဟာ အခုအခါမှာလည်းအနီရောင်ကို အပြာရောင်ထက် ပိုချစ်တယ်လို့ ပြောထွက်ခဲ့တဲ့ သူ့ရဲ့စကားကြောင့် မန်စီးတီးပရိသတ်တွေအတွက် ယမ်းပုံမီးကျ ဒေါသပေါက်ကွဲစရာဖြစ်လာခဲ့ပါတယ်။

မန်စီးတီးအသင်းရဲ့ ဂိုးသွင်းစံချိန်ရှင်ဖြစ်တဲ့ အာဂျင်တီးနားတိုက်စစ်မှူးဟာ အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၅ လုံး သိမ်းပိုက်ထားသလို ဂိုးပေါိင်း ၂၆၀ သွင်းယူထားခဲ့သူပါ။ ဒါကြောင့် အသင်းပရိသတ်တွေက သူ့ကို ဂန္ထဝင်အဖြစ် မှတ်ယူထားချိန်မှာ အသင်းက ခွာပြဲအပြီး နှုတ်ဖွာခဲ့တာကြောင့် မျက်မုန်းကျိုးသွားခဲ့ရတယ်လို့ သိရပါတယ်။

အင်္ဂလန်ကလာတဲ့သတင်းတွေအရ အဂွယ်ရိုဘက်က မန်စီးတီးမှာ ကစားသမားဘဝကုန်ဆုံးချင်ခဲ့ဖြစ်ပေမယ့် အသင်းတာဝန်ရှိသူတွေဘက်ကတော့ သူ့ကို စာချုပ်သက်တမ်းတိုးဖို့ ငြင်းပယ်ခဲ့တာဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုခဲ့ခြင်းဟာ နည်းပြပပ်ဂွာဒီယိုလာရဲ့ စနက်ဖြစ်တယ်လို့ သူ့ရဲ့ဖခင်ကလည်း စွပ်စွဲမှု ပြုလုပ်သွားခဲ့တာပါ။

နူးကမ့်ကစားဖြစ်လာခဲ့တဲ့ အသက် ၃၂ နှစ်သားဟာ ဘာစီလိုနာအသင်းရဲ့ You Tube Channel အတွက် ” စက္ကန့် ၉၀ အတွင်း စိန်ခေါ်မှု” ဆိုတဲ့ အမေးအဖြေအစီအစဉ်မှာ ပရိသတ်တဦးက မေးခွန်းထုတ်ခဲ့တဲ့ အနီလား အပြာလားဆိုတဲ့ မေးခွန်းမှာ အနီလို့ ရွေးချယ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းက ပျံ့နှံ့လာခဲ့ပြီးနောက် မန်စီးတီးအမာခံတွေကို ခါးသီးသွားစေခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် သူ့ရဲ့ဖခင်ဖြစ်သူ လီယွန်နယ် ဒယ်လ်ကတ်စတီလိုက အဂွယ်ရိုကိုယ်တိုင် ၂ ဂိုးသွင်းယူခဲ့ပြီး အဲဗာတန်ကို ၅ ဂိုးပြတ်အနိုင်ရခဲ့တဲ့ သူ့ရဲ့ အီတီဟတ်ကို နောက်ဆုံးနှုတ်ဆက်တဲ့ပွဲစဉ်မှာ ” အဂွယ်ရိုဟာ ဘယ်တော့မှ အစားထိုးလို့ မရတော့မယ့် တကယ့်ကိုစပါယ်ရှယ်တိုက်စစ်မှူးပါ ” လို့ မျက်ရည်လည်ရွှဲနဲ့ ဆိုခဲ့တဲ့ ပပ်ရဲ့စကားက အမှုန့်ကြိတ်ချင်စရာ အလိမ်အညာဟန်ဆောင် မိကျောင်းမျက်ရည်ကျပြတဲ့ စကားသက်သက်သာ ဖြစ်ကြောင်း ပေါက်ကွဲသွားခဲ့ဖူးပါသေးတယ်။

” သူ့မျက်ရည်တွေကို ကျွန်တော်ကတော့ အယုံအကြည်မရှိဘူး။ ကျွန်တော့်စိတ်ထင် သူက ကွန်(အဂွယ်ရို) ကို ဘယ်တုန်းကမှ အလိုမရှိခဲ့ဘူး။ သူက အသင်းတသင်းမှာ မင်းသားဖြစ်ချင်တာပါ။ ကစားသမားတွေကို သူမချစ်ခင်ပါဘူး။ ဒါကြောင့် သူ့အပေါ် တစက်ကလေးမှ အယုံအကြည်မရှိဘူး။ ”

” နောက်ပြီး သူက ချန်ပီယံလိဂ်ဖလားကို မန်စီးတီးအတွက် ယူပေးချင်တာ မဟုတ်ဘူး။ အသင်းတိုင်းမှာ သူအောင်မြင်တယ်၊ သူကသာ ဇာတ်လိုက်ဖြစ်တယ်ဆိုတာကို ပြသချင်နေတဲ့သူပါ။ အဂွယ်ရိုအတွက် သူကျတဲ့မျက်ရည်ဆိုတာ ဟန်ဆောင်မျက်ရည်တွေပါ။ ပပ်ဂွာဒီယိုလာဆိုတာ တကယ့်ကို ဟန်ဆောင်ကောင်းလွန်းတဲ့သူဖြစ်ပါတယ် ” လို့ အဂွယ်ရိုနဲ့ မန်စီးတီးတို့ရဲ့ လမ်းခွဲခရီးမှာ သူက ရင်ထဲအရှိအတိုင်း ပြောခဲ့ကြောင်းလည်း သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္စီးတီးအသင္းနဲ႔ ၁၀ စုႏွစ္တခုအၾကာ ခိုင္ၿမဲခဲ့တဲ့ သံေယာဇဥ္ကို လက္တြဲျဖဳတ္ၿပီး ဘာစီလိုနာၿမိဳ႕ဆီ ဖုတ္ဖတ္ခါၿပီး ထြက္ခြာသြားခဲ့တယ္လို႔ စြပ္စြဲခံထားရတဲ့ ဆာဂ်ီယို အဂြယ္႐ိုဟာ အခုအခါမွာလည္းအနီေရာင္ကို အျပာေရာင္ထက္ ပိုခ်စ္တယ္လို႔ ေျပာထြက္ခဲ့တဲ့ သူ႔ရဲ႕စကားေၾကာင့္ မန္စီးတီးပရိသတ္ေတြအတြက္ ယမ္းပုံမီးက် ေဒါသေပါက္ကြဲစရာျဖစ္လာခဲ့ပါတယ္။

မန္စီးတီးအသင္းရဲ႕ ဂိုးသြင္းစံခ်ိန္ရွင္ျဖစ္တဲ့ အာဂ်င္တီးနားတိုက္စစ္မႉးဟာ အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ဖလား ၅ လုံး သိမ္းပိုက္ထားသလို ဂိုးေပါိင္း ၂၆၀ သြင္းယူထားခဲ့သူပါ။ ဒါေၾကာင့္ အသင္းပရိသတ္ေတြက သူ႔ကို ဂႏၴဝင္အျဖစ္ မွတ္ယူထားခ်ိန္မွာ အသင္းက ခြာၿပဲအၿပီး ႏႈတ္ဖြာခဲ့တာေၾကာင့္ မ်က္မုန္းက်ိဳးသြားခဲ့ရတယ္လို႔ သိရပါတယ္။

အဂၤလန္ကလာတဲ့သတင္းေတြအရ အဂြယ္႐ိုဘက္က မန္စီးတီးမွာ ကစားသမားဘဝကုန္ဆုံးခ်င္ခဲ့ျဖစ္ေပမယ့္ အသင္းတာဝန္ရွိသူေတြဘက္ကေတာ့ သူ႔ကို စာခ်ဳပ္သက္တမ္းတိုးဖို႔ ျငင္းပယ္ခဲ့တာျဖစ္ၿပီး အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ျပဳခဲ့ျခင္းဟာ နည္းျပပပ္ဂြာဒီယိုလာရဲ႕ စနက္ျဖစ္တယ္လို႔ သူ႔ရဲ႕ဖခင္ကလည္း စြပ္စြဲမႈ ျပဳလုပ္သြားခဲ့တာပါ။

ႏူးကမ့္ကစားျဖစ္လာခဲ့တဲ့ အသက္ ၃၂ ႏွစ္သားဟာ ဘာစီလိုနာအသင္းရဲ႕ You Tube Channel အတြက္ ” စကၠန႔္ ၉၀ အတြင္း စိန္ေခၚမႈ” ဆိုတဲ့ အေမးအေျဖအစီအစဥ္မွာ ပရိသတ္တဦးက ေမးခြန္းထုတ္ခဲ့တဲ့ အနီလား အျပာလားဆိုတဲ့ ေမးခြန္းမွာ အနီလို႔ ေ႐ြးခ်ယ္ခဲ့တဲ့ ႐ုပ္သံမွတ္တမ္းက ပ်ံ႕ႏွံ႔လာခဲ့ၿပီးေနာက္ မန္စီးတီးအမာခံေတြကို ခါးသီးသြားေစခဲ့ေၾကာင္း သိရပါတယ္။

ဒါ့အျပင္ သူ႔ရဲ႕ဖခင္ျဖစ္သူ လီယြန္နယ္ ဒယ္လ္ကတ္စတီလိုက အဂြယ္႐ိုကိုယ္တိုင္ ၂ ဂိုးသြင္းယူခဲ့ၿပီး အဲဗာတန္ကို ၅ ဂိုးျပတ္အႏိုင္ရခဲ့တဲ့ သူ႔ရဲ႕ အီတီဟတ္ကို ေနာက္ဆုံးႏႈတ္ဆက္တဲ့ပြဲစဥ္မွာ ” အဂြယ္႐ိုဟာ ဘယ္ေတာ့မွ အစားထိုးလို႔ မရေတာ့မယ့္ တကယ့္ကိုစပါယ္ရွယ္တိုက္စစ္မႉးပါ ” လို႔ မ်က္ရည္လည္႐ႊဲနဲ႔ ဆိုခဲ့တဲ့ ပပ္ရဲ႕စကားက အမႈန႔္ႀကိတ္ခ်င္စရာ အလိမ္အညာဟန္ေဆာင္ မိေက်ာင္းမ်က္ရည္က်ျပတဲ့ စကားသက္သက္သာ ျဖစ္ေၾကာင္း ေပါက္ကြဲသြားခဲ့ဖူးပါေသးတယ္။

” သူ႔မ်က္ရည္ေတြကို ကြၽန္ေတာ္ကေတာ့ အယုံအၾကည္မရွိဘူး။ ကြၽန္ေတာ့္စိတ္ထင္ သူက ကြန္(အဂြယ္႐ို) ကို ဘယ္တုန္းကမွ အလိုမရွိခဲ့ဘူး။ သူက အသင္းတသင္းမွာ မင္းသားျဖစ္ခ်င္တာပါ။ ကစားသမားေတြကို သူမခ်စ္ခင္ပါဘူး။ ဒါေၾကာင့္ သူ႔အေပၚ တစက္ကေလးမွ အယုံအၾကည္မရွိဘူး။ ”

” ေနာက္ၿပီး သူက ခ်န္ပီယံလိဂ္ဖလားကို မန္စီးတီးအတြက္ ယူေပးခ်င္တာ မဟုတ္ဘူး။ အသင္းတိုင္းမွာ သူေအာင္ျမင္တယ္၊ သူကသာ ဇာတ္လိုက္ျဖစ္တယ္ဆိုတာကို ျပသခ်င္ေနတဲ့သူပါ။ အဂြယ္႐ိုအတြက္ သူက်တဲ့မ်က္ရည္ဆိုတာ ဟန္ေဆာင္မ်က္ရည္ေတြပါ။ ပပ္ဂြာဒီယိုလာဆိုတာ တကယ့္ကို ဟန္ေဆာင္ေကာင္းလြန္းတဲ့သူျဖစ္ပါတယ္ ” လို႔ အဂြယ္႐ိုနဲ႔ မန္စီးတီးတို႔ရဲ႕ လမ္းခြဲခရီးမွာ သူက ရင္ထဲအရွိအတိုင္း ေျပာခဲ့ေၾကာင္းလည္း သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.