Analysis International

ပြန်လည်မွေးဖွားလာတဲ့ အမေ့လျော့ခံ အဇူရီတွေ ယူရိုမှာ ရေပန်းမစားပေမယ့် ဘာလို့ ဗိုလ်စွဲသွားနိုင်သလဲ?

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်ခဲ့တဲ့ အီတလီအသင်းဟာ လက်ရှိယူရိုပြိုင်ပွဲ ဝင်ရောက်နိုင်ဖို့ နည်းပြ ရောဘတ်တို မန်ချီနီက ၃ နှစ်နီးပါး အချိန်ယူကာ ပြင်ဆင်တည်ဆောက်လာခဲ့တာဖြစ်ပြီး အခုအချိန်မှာ ပြင်သစ်၊ ပေါ်တူဂီ၊ ဂျာမနီ၊ စပိန်၊ အင်္ဂလန်အသင်းတွေက ချန်ပီယံဖြစ်ဖို့ ထိပ်ဆုံးက တစ်ပြေးပြီး ရေပန်းစားနေချိန်မှာ အီတလီအသင်းကတော့ အမေ့လျော့ခံဖြစ်နေပါတယ်။

ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ချန်ပီယံနဲ့ သိပ်မနီးစပ်သူအဖြစ်သာ လူအများရဲ့ ယူဆခြင်းခံထားရတဲ့ အီတလီအတွက် နိုင်ငံတကာ ဥရောပဖလားအတွက် ပြန်လည်မွေးဖွားလာမှုဟာ တော်ရိလျော်ရိ အခြေအနေမဟုတ်ဘူးဆိုတာ ပရိသတ်တွေနဲ့ ဘောလုံးဝါသနာအိုးတွေက ​ကြိုတင်သိရှိနေကြပြီးဖြစ်ပါတယ်။

မန်ချီနီ ကိုင်တွယ်ပြီးနောက်ပိုင်း အီတလီအသင်းဟာ ၂၀၁၈ စက်တင်ဘာက စတင်လို့ အခုအချိန်အထိ ၃ နှစ်နီးပါ တပွဲမှ မရှုံးတော့တာဖြစ်သလို ၂၇ ပွဲဆက် ရှုံးပွဲမရှိစံချိန်နဲ့ ဂုဏ်ဆာချင်စရာအနေအထားဖြစ်နေတာက ယူရိုခြေစစ်ပွဲအဆင့်မှာ ပွဲတိုင်းကို အနိုင်ကစားထားခဲ့ခြင်းလည်းဖြစ်တယ်။

ဒီ ၂၇ ပွဲမှာ ၇ ဂိုးသာပေးထားရသလို တိုက်စစ်ပိုင်းက ၇၅ ဂိုးအထိ သွင်းပြီး အစွမ်းထက်နေခြင်းမှာ အီတလီဆိုတာ ခံစစ်ဘုရင်ဆိုတဲ့ အစဥ်အလာပိုင်းကိုပါ နောက်တဆင့်ထပ်မြှင့်ပြီး တိုက်စစ်ဘုရင်ဖြစ်လာတာပါ။ ဒွန်နာရာမာကာကွယ်ထားတဲ့ ဂိုးပေါက်နဲ့ ဘိုနူချီဦးဆောင်တဲ့ ခံစစ်ကြောင်းက အသင်းကို တံတိုင်းတခုလို အုပ်မိုးပြီး လုံခြုံထားစေပါတယ်။

နည်းပြ မန်ချီနီရဲ့ အားအကိုးရဆုံးလည်းဖြစ်သလို အီတလီအတွက် အင်တာမီလန်အသင်းရဲ့ အဓိကကွင်းလယ်လူ ဘာရယ်လာနဲ့အတူ တိုက်စစ်ပိုင်းမှာ ချီယေဆာ၊ ဘယ်လော့တီ၊ အင်မိုဘီလီ၊ မွိုက်စ် ကီးန်တို့ရဲ့ ပေါင်းစည်းခြင်း​က ဘယ်အသင်းကိုမဆို ဖြိုချနိုင်စွမ်းတဲ့ မာကျောမှုကို အပြည့်အဝ ပိုင်ဆိုင်ထားတာကို တွေ့ရပါတယ်။

ဒီလိုအဆိပ်ပြင်းတဲ့အသင်းမှာ ဝါရင့်သမ္ဘာရင့်ကစားသမားတွေနဲ့ စွဲမက်စရာ လူငယ်ပါရမီရှင်တွေကို အချိုးကျကျပေါင်းစပ်ထားလို့ ရိုးမာနည်းပြသစ် ဂျိုဆေး မော်ရင်ညိုကတော့ မန်ချီနီလက်ထဲမှာ တရိပ်ရိပ်တိုးတက်လာခဲ့တဲ့ အီတလီအသင်းဟာ လူမြင်ကွင်းထဲက ပျောက်နေခဲ့ပေမယ့် လျှော့တွက်ရမယ့်အသင်းမဟုတ်ကြောင်း ယူရိုပြိုင်ပွဲဝင်အသင်းတွေကို သတိပေးသွားခဲ့ပါသေးတယ်။

“အီတလီအသင်းဆိုတာက ပျော့ကွက်ရှာဖို့ သိပ်ခက်တဲ့အသင်းပါ။ ကျွန်တော်ကတော့ ကျွန်တော့်ရိုးမားအသင်းသားတွေဖြစ်တဲ့ စပီနက်ဇိုလာ၊ ခရစ္စတန်တေနဲ့ ပယ်လီဂရီနီတို့ကို အဓိကအာရုံစိုက်ပြီး အားပေးသွားပါမယ်။ အဇူရီဆိုတာ ပွဲတပွဲကို ဘယ်လိုအနိုင်ယူရမလဲ ကောင်းကောင်းသိနားလည်ထားတဲ့သူတွေပါ”

“ဒီအသင်းက သမ္ဘာရင့်ကစားသမားကောင်းတွေနဲ့ ရောမွှေထားတဲ့ အသင်းမျိုးဖြစ်လို့ သိပ်ကို အားကောင်းပါတယ်။ နည်းပြကို ကြည့်ရင်မန်ချီနီက အင်မတန် အတွေ့အကြုံ ပြည့်ဝတဲ့သူပါ။ ကမ္ဘာ့အကောင်းဆုံးထိပ်သီးလိဂ်တွေမှာ နှစ် ၂၀ လောက် နည်းပြလာတဲ့သူဖြစ်ပါတယ်”

“ခြေစစ်ပွဲအဆင့်မှာတင် သူ့အသင်း ဘယ်လောက်ကောင်းလဲဆိုတာ ခင်ဗျားတို့ မြင်နေရပြီ။ သူက ဒီယူရိုပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။ အီတလီအသင်းသားတွေက ဘောလုံးပါရမီကောင်းရုံတင် မဟုတ်ဘူး၊ နည်းဗျူဟာအရ အသိဉာဏ်မြင့်မားတဲ့သူတွေပါ။ ကျွန်တော့်အမြင်အရ သူတို့ ဆီမီးဖိုင်နယ်၊ နောက်ဆုံး ၄ သင်းအဆင့်အထိ ကျိန်းသေပေါက်ရောက်လာမှာပါ”လို့ အီတလီအသင်းကို မော်ရင်ညိုက ထောက်ခံချက်ပေးသွားခဲ့တာလည်းဖြစ်ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၂၀၁၈ ကမာၻ႔ဖလားေျခစစ္ပြဲ မေအာင္ခဲ့တဲ့ အီတလီအသင္းဟာ လက္ရွိယူ႐ိုၿပိဳင္ပြဲ ဝင္ေရာက္ႏိုင္ဖို႔ နည္းျပ ေရာဘတ္တို မန္ခ်ီနီက ၃ ႏွစ္နီးပါး အခ်ိန္ယူကာ ျပင္ဆင္တည္ေဆာက္လာခဲ့တာျဖစ္ၿပီး အခုအခ်ိန္မွာ ျပင္သစ္၊ ေပၚတူဂီ၊ ဂ်ာမနီ၊ စပိန္၊ အဂၤလန္အသင္းေတြက ခ်န္ပီယံျဖစ္ဖို႔ ထိပ္ဆုံးက တစ္ေျပးၿပီး ေရပန္းစားေနခ်ိန္မွာ အီတလီအသင္းကေတာ့ အေမ့ေလ်ာ့ခံျဖစ္ေနပါတယ္။

ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲရဲ႕ ခ်န္ပီယံနဲ႔ သိပ္မနီးစပ္သူအျဖစ္သာ လူအမ်ားရဲ႕ ယူဆျခင္းခံထားရတဲ့ အီတလီအတြက္ ႏိုင္ငံတကာ ဥေရာပဖလားအတြက္ ျပန္လည္ေမြးဖြားလာမႈဟာ ေတာ္ရိေလ်ာ္ရိ အေျခအေနမဟုတ္ဘူးဆိုတာ ပရိသတ္ေတြနဲ႔ ေဘာလုံးဝါသနာအိုးေတြက ​ႀကိဳတင္သိရွိေနၾကၿပီးျဖစ္ပါတယ္။

မန္ခ်ီနီ ကိုင္တြယ္ၿပီးေနာက္ပိုင္း အီတလီအသင္းဟာ ၂၀၁၈ စက္တင္ဘာက စတင္လို႔ အခုအခ်ိန္အထိ ၃ ႏွစ္နီးပါ တပြဲမွ မရႈံးေတာ့တာျဖစ္သလို ၂၇ ပြဲဆက္ ရႈံးပြဲမရွိစံခ်ိန္နဲ႔ ဂုဏ္ဆာခ်င္စရာအေနအထားျဖစ္ေနတာက ယူ႐ိုေျခစစ္ပြဲအဆင့္မွာ ပြဲတိုင္းကို အႏိုင္ကစားထားခဲ့ျခင္းလည္းျဖစ္တယ္။

ဒီ ၂၇ ပြဲမွာ ၇ ဂိုးသာေပးထားရသလို တိုက္စစ္ပိုင္းက ၇၅ ဂိုးအထိ သြင္းၿပီး အစြမ္းထက္ေနျခင္းမွာ အီတလီဆိုတာ ခံစစ္ဘုရင္ဆိုတဲ့ အစဥ္အလာပိုင္းကိုပါ ေနာက္တဆင့္ထပ္ျမႇင့္ၿပီး တိုက္စစ္ဘုရင္ျဖစ္လာတာပါ။ ဒြန္နာရာမာကာကြယ္ထားတဲ့ ဂိုးေပါက္နဲ႔ ဘိုႏူခ်ီဦးေဆာင္တဲ့ ခံစစ္ေၾကာင္းက အသင္းကို တံတိုင္းတခုလို အုပ္မိုးၿပီး လုံၿခဳံထားေစပါတယ္။

နည္းျပ မန္ခ်ီနီရဲ႕ အားအကိုးရဆုံးလည္းျဖစ္သလို အီတလီအတြက္ အင္တာမီလန္အသင္းရဲ႕ အဓိကကြင္းလယ္လူ ဘာရယ္လာနဲ႔အတူ တိုက္စစ္ပိုင္းမွာ ခ်ီေယဆာ၊ ဘယ္ေလာ့တီ၊ အင္မိုဘီလီ၊ မြိဳက္စ္ ကီးန္တို႔ရဲ႕ ေပါင္းစည္းျခင္း​က ဘယ္အသင္းကိုမဆို ၿဖိဳခ်ႏိုင္စြမ္းတဲ့ မာေက်ာမႈကို အျပည့္အဝ ပိုင္ဆိုင္ထားတာကို ေတြ႕ရပါတယ္။

ဒီလိုအဆိပ္ျပင္းတဲ့အသင္းမွာ ဝါရင့္သမာၻရင့္ကစားသမားေတြနဲ႔ စြဲမက္စရာ လူငယ္ပါရမီရွင္ေတြကို အခ်ိဳးက်က်ေပါင္းစပ္ထားလို႔ ႐ိုးမာနည္းျပသစ္ ဂ်ိဳေဆး ေမာ္ရင္ညိဳကေတာ့ မန္ခ်ီနီလက္ထဲမွာ တရိပ္ရိပ္တိုးတက္လာခဲ့တဲ့ အီတလီအသင္းဟာ လူျမင္ကြင္းထဲက ေပ်ာက္ေနခဲ့ေပမယ့္ ေလွ်ာ့တြက္ရမယ့္အသင္းမဟုတ္ေၾကာင္း ယူ႐ိုၿပိဳင္ပြဲဝင္အသင္းေတြကို သတိေပးသြားခဲ့ပါေသးတယ္။

“အီတလီအသင္းဆိုတာက ေပ်ာ့ကြက္ရွာဖို႔ သိပ္ခက္တဲ့အသင္းပါ။ ကြၽန္ေတာ္ကေတာ့ ကြၽန္ေတာ့္႐ိုးမားအသင္းသားေတြျဖစ္တဲ့ စပီနက္ဇိုလာ၊ ခရစၥတန္ေတနဲ႔ ပယ္လီဂရီနီတို႔ကို အဓိကအာ႐ုံစိုက္ၿပီး အားေပးသြားပါမယ္။ အဇူရီဆိုတာ ပြဲတပြဲကို ဘယ္လိုအႏိုင္ယူရမလဲ ေကာင္းေကာင္းသိနားလည္ထားတဲ့သူေတြပါ”

“ဒီအသင္းက သမာၻရင့္ကစားသမားေကာင္းေတြနဲ႔ ေရာေမႊထားတဲ့ အသင္းမ်ိဳးျဖစ္လို႔ သိပ္ကို အားေကာင္းပါတယ္။ နည္းျပကို ၾကည့္ရင္မန္ခ်ီနီက အင္မတန္ အေတြ႕အႀကဳံ ျပည့္ဝတဲ့သူပါ။ ကမာၻ႔အေကာင္းဆုံးထိပ္သီးလိဂ္ေတြမွာ ႏွစ္ ၂၀ ေလာက္ နည္းျပလာတဲ့သူျဖစ္ပါတယ္”

“ေျခစစ္ပြဲအဆင့္မွာတင္ သူ႔အသင္း ဘယ္ေလာက္ေကာင္းလဲဆိုတာ ခင္ဗ်ားတို႔ ျမင္ေနရၿပီ။ သူက ဒီယူ႐ိုၿပိဳင္ပြဲအတြက္ အဆင္သင့္ျဖစ္ေနပါၿပီ။ အီတလီအသင္းသားေတြက ေဘာလုံးပါရမီေကာင္း႐ုံတင္ မဟုတ္ဘူး၊ နည္းဗ်ဴဟာအရ အသိဉာဏ္ျမင့္မားတဲ့သူေတြပါ။ ကြၽန္ေတာ့္အျမင္အရ သူတို႔ ဆီမီးဖိုင္နယ္၊ ေနာက္ဆုံး ၄ သင္းအဆင့္အထိ က်ိန္းေသေပါက္ေရာက္လာမွာပါ”လို႔ အီတလီအသင္းကို ေမာ္ရင္ညိဳက ေထာက္ခံခ်က္ေပးသြားခဲ့တာလည္းျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.