Analysis International

ယူရိုချန်ပီယံ ဘယ်သူဖြစ်မလဲဆိုတဲ့ အမြင်တွေကို ပြောပြသွားတဲ့ မော်ရင်ညို

နည်းပြကြီးဟိုဆေး မော်ရင်ဟိုက လာမယ့်ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဘယ်အသင်းချန်ပီယံဖြစ်မလဲဆိုတာကို ခန့်မှန်းသွားခဲ့ပြီး ဒါက အများယူဆနေတဲ့ ရော်နယ်လ်ဒိုဦးဆောင်လာမယ့် ဒိတ်ဒိတ်ကြဲလူစာရင်းနဲ့ ၂၀၁၆ ယူရိုဘုရင် ပေါ်တူဂီအသင်းမဟုတ်ခဲ့ခြင်းက ထူးဆန်းခဲ့သလို သူ့အနေနဲ့ တပည့်ဟောင်းတွေဖြစ်တဲ့ ဟာရီကိန်း၊ ဂါရက်ဘ်ဘေးလ်နဲ့ မက်တော်မီနေးတို့ ဘယ်လိုခြေစွမ်းတွေပြမလဲဆိုတာကိုပါ ဟောကိန်းထုတ်သွားခဲ့တာပါ။

သူက အင်္ဂလန်အသင်းရဲ့လူစာရင်းနဲ့ ပတ်သက်ပြီး “လူအင်အားသိပ်​တောင့်တင်းတယ်။ အရာရာကို အောင်နိုင်တဲ့အသင်းမျိုးပဲ။ အင်္ဂလန်အသင်းမှာ ကျွန်တော်ပြောစရာရှိတာကတော့ ဟာရီကိန်းပဲ။ သူက အသင်းကို အများကြီးထမ်းပိုးထားတယ်။ အင်္ဂလန်တနိုင်ငံလုံးရဲ့ မျှော်လင့်ချက်တွေက သူ့ဆီမှာ ရောက်နေတယ်”

“ကလပ်အသင်းမှာ မအောင်မြင်သေးတာကို အင်္ဂလန်အသင်းနဲ့ သူချေဖျက်ပြချင်နေလိမ့်မယ်ဆိုတာ သိပ်သေချာတယ်။ အင်္ဂလန်ဆိုတာတော့ ဘရာဇီးလ်လို နှစ်တိုင်းနာမည်ကြီးပြီး များစွာအမျှော်လင့်ခံရတဲ့အသင်းမျိုးပါ။ ဒါက ဖိအားတခုလို အားနည်းချက်ဖြစ်နေတယ်။ ဒါကို နည်းပြ ဆောက်ဂိတ်အနေနဲ့ ဘာလုပ်ပြမလဲဆို ကျွန်တော်ကြည့်ချင်ပါတယ်”လို့ သုံးသပ်သွားခဲ့ပါတယ်။

“ဘန်ဒေးဗီးစ်၊ ဂျိုးရိုဒွန်တို့လို ပရီးမီးယားလိဂ်နာမည်ကျော်တွေအပြင် ဂါရက်သ်ဘေးလ်နဲ့ အာရွန် ရမ်ဆေးတို့ ဦးဆောင်လာမယ့် ဝေးလ်စ်အသင်းကတော့ တကယ်တမ်းမှာ ဒန်ဂျိမ်းစ်ကို မှီခိုသွားရပါလိမ့်မယ်။ တကယ်တမ်းမှာ လျင်မြန်လွန်းလှတဲ့ ဂျိမ်းစ်က တကယ်ဆရာကျလာလိမ့်မယ်”

“သူက ပြိုင်ဘက်ခံစစ်မှူးတွေကို ကောင်းကောင်းအလုပ်ရှုပ်သွားစေမယ်။ ဒဏ်ရာသားကောင်တွေဖြစ်နေတဲ့ ဘေးလ်နဲ့ ရမ်ဆေးတို့ထက် သူက အသင်းမှာ အများကြီးအားကိုးရလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ထင်ပါတယ်။ ဒီအသင်းက နောက်တဆင့်မတက်နိုင်ပါဘူး”လို့ ဝေးလ်စ်အသင်းနဲ့အတူ တပည့်ဟောင်းဘေးလ်နဲ့ ယူနိုက်တက်ကစားသမား ဒန်ဂျိမ်းစ်တို့အပေါ် သူ့အမြင်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောသွားခဲ့တာပါ။

ဒါ့အပြင် အင်္ဂလန်နဲ့ စကော့တလန်တို့ အားပြိုင်မယ့် အုပ်စု D မှာ ပရီးမီးယားလိဂ်အဆင့်မြင့် ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ စကော့တလန်က အဆင့် ၂ နေရာနဲ့ အုပ်စုတက်လိမ့်မယ်ဆိုတဲ့ သုံးသပ်ချက်မှာ ကီရန် တီယာနေး၊ အန်ဒီ ရော်ဘတ်ဆန်နဲ့ မက်တော်မီနေးတို့လို ကစားသမားတွေက အဆင့်အတန်းမြင့်လှပေမယ့် ဟာရီကိန်း၊ အမ်ဘာပေတို့ထက် တဆင့်နိမ့်တဲ့ စိန့်တိုက်စစ်မှူး ရှေအဒမ်စ်ကို အားကိုးရမယ့်အသင်းဖြစ်လို့ ဘယ်လောက်နာမည်ကြီးကြီး အသင်းကြီးတွေကြား ဝင်တိုးဖို့တော့ မဖြစ်နိုင်လှကြောင်း ဆိုသွားခဲ့တယ်။

မော်ရင်ညိုက အဆုံးသတ်မှာတော့ ဒီနှစ်ယူရိုဘုရင်ဘယ်သူဖြစ်မလဲဆိုတဲ့ ဟောကိန်းထုတ်သွားခဲ့ပုံက “ပြစ်ချက်မရှိအောင် ကောင်းနေတဲ့ ပြင်သစ်အသင်းပဲပေါ့ဗျာ။ သူတို့အသင်းချန်ပီယံဖြစ်အောင် နည်းပြ ဒီဒီယာ ဒေးရွှမ့်က လုပ်ပြသွားပါလိမ့်မယ်။ အမ်ဘာပေ၊ ဘန်ဇီမာ၊ ဂရိဇ်မန်း… ဘယ်သူ့ကို သုံးမလဲဆိုတဲ့ လူရွေးထုတ်မှုကတော့ သူ့ခေါင်းကို တော်တော်ခဲစေမှာတော့ အမှန်ပါ။ အဆင့်မီကစားသမားတွေများလွန်းလို့ တယောက်ချန်ထားခဲ့တာနဲ့ ဝေဖန်ခံရမှာကိုတော့ သူတောင့်ခံထားဖို့လိုတယ်”လို့ ဆိုသွားခဲ့ကိုလည်း ကြားသိခဲ့ရကြောင်း ဖော်ပြပေးပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နည္းျပႀကီးဟိုေဆး ေမာ္ရင္ဟိုက လာမယ့္ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ ဘယ္အသင္းခ်န္ပီယံျဖစ္မလဲဆိုတာကို ခန္႔မွန္းသြားခဲ့ၿပီး ဒါက အမ်ားယူဆေနတဲ့ ေရာ္နယ္လ္ဒိုဦးေဆာင္လာမယ့္ ဒိတ္ဒိတ္ႀကဲလူစာရင္းနဲ႔ ၂၀၁၆ ယူ႐ိုဘုရင္ ေပၚတူဂီအသင္းမဟုတ္ခဲ့ျခင္းက ထူးဆန္းခဲ့သလို သူ႔အေနနဲ႔ တပည့္ေဟာင္းေတြျဖစ္တဲ့ ဟာရီကိန္း၊ ဂါရက္ဘ္ေဘးလ္နဲ႔ မက္ေတာ္မီေနးတို႔ ဘယ္လိုေျခစြမ္းေတြျပမလဲဆိုတာကိုပါ ေဟာကိန္းထုတ္သြားခဲ့တာပါ။

သူက အဂၤလန္အသင္းရဲ႕လူစာရင္းနဲ႔ ပတ္သက္ၿပီး “လူအင္အားသိပ္​ေတာင့္တင္းတယ္။ အရာရာကို ေအာင္ႏိုင္တဲ့အသင္းမ်ိဳးပဲ။ အဂၤလန္အသင္းမွာ ကြၽန္ေတာ္ေျပာစရာရွိတာကေတာ့ ဟာရီကိန္းပဲ။ သူက အသင္းကို အမ်ားႀကီးထမ္းပိုးထားတယ္။ အဂၤလန္တႏိုင္ငံလုံးရဲ႕ ေမွ်ာ္လင့္ခ်က္ေတြက သူ႔ဆီမွာ ေရာက္ေနတယ္”

“ကလပ္အသင္းမွာ မေအာင္ျမင္ေသးတာကို အဂၤလန္အသင္းနဲ႔ သူေခ်ဖ်က္ျပခ်င္ေနလိမ့္မယ္ဆိုတာ သိပ္ေသခ်ာတယ္။ အဂၤလန္ဆိုတာေတာ့ ဘရာဇီးလ္လို ႏွစ္တိုင္းနာမည္ႀကီးၿပီး မ်ားစြာအေမွ်ာ္လင့္ခံရတဲ့အသင္းမ်ိဳးပါ။ ဒါက ဖိအားတခုလို အားနည္းခ်က္ျဖစ္ေနတယ္။ ဒါကို နည္းျပ ေဆာက္ဂိတ္အေနနဲ႔ ဘာလုပ္ျပမလဲဆို ကြၽန္ေတာ္ၾကည့္ခ်င္ပါတယ္”လို႔ သုံးသပ္သြားခဲ့ပါတယ္။

“ဘန္ေဒးဗီးစ္၊ ဂ်ိဳး႐ိုဒြန္တို႔လို ပရီးမီးယားလိဂ္နာမည္ေက်ာ္ေတြအျပင္ ဂါရက္သ္ေဘးလ္နဲ႔ အာ႐ြန္ ရမ္ေဆးတို႔ ဦးေဆာင္လာမယ့္ ေဝးလ္စ္အသင္းကေတာ့ တကယ္တမ္းမွာ ဒန္ဂ်ိမ္းစ္ကို မွီခိုသြားရပါလိမ့္မယ္။ တကယ္တမ္းမွာ လ်င္ျမန္လြန္းလွတဲ့ ဂ်ိမ္းစ္က တကယ္ဆရာက်လာလိမ့္မယ္”

“သူက ၿပိဳင္ဘက္ခံစစ္မႉးေတြကို ေကာင္းေကာင္းအလုပ္ရႈပ္သြားေစမယ္။ ဒဏ္ရာသားေကာင္ေတြျဖစ္ေနတဲ့ ေဘးလ္နဲ႔ ရမ္ေဆးတို႔ထက္ သူက အသင္းမွာ အမ်ားႀကီးအားကိုးရလိမ့္မယ္။ ဒါေပမယ့္ ကြၽန္ေတာ္ထင္ပါတယ္။ ဒီအသင္းက ေနာက္တဆင့္မတက္ႏိုင္ပါဘူး”လို႔ ေဝးလ္စ္အသင္းနဲ႔အတူ တပည့္ေဟာင္းေဘးလ္နဲ႔ ယူႏိုက္တက္ကစားသမား ဒန္ဂ်ိမ္းစ္တို႔အေပၚ သူ႔အျမင္ကို ပြင့္ပြင့္လင္းလင္းပဲ ေျပာသြားခဲ့တာပါ။

ဒါ့အျပင္ အဂၤလန္နဲ႔ စေကာ့တလန္တို႔ အားၿပိဳင္မယ့္ အုပ္စု D မွာ ပရီးမီးယားလိဂ္အဆင့္ျမင့္ ကစားသမားေတြနဲ႔ ဖြဲ႕စည္းထားတဲ့ စေကာ့တလန္က အဆင့္ ၂ ေနရာနဲ႔ အုပ္စုတက္လိမ့္မယ္ဆိုတဲ့ သုံးသပ္ခ်က္မွာ ကီရန္ တီယာေနး၊ အန္ဒီ ေရာ္ဘတ္ဆန္နဲ႔ မက္ေတာ္မီေနးတို႔လို ကစားသမားေတြက အဆင့္အတန္းျမင့္လွေပမယ့္ ဟာရီကိန္း၊ အမ္ဘာေပတို႔ထက္ တဆင့္နိမ့္တဲ့ စိန္႔တိုက္စစ္မႉး ေရွအဒမ္စ္ကို အားကိုးရမယ့္အသင္းျဖစ္လို႔ ဘယ္ေလာက္နာမည္ႀကီးႀကီး အသင္းႀကီးေတြၾကား ဝင္တိုးဖို႔ေတာ့ မျဖစ္ႏိုင္လွေၾကာင္း ဆိုသြားခဲ့တယ္။

ေမာ္ရင္ညိဳက အဆုံးသတ္မွာေတာ့ ဒီႏွစ္ယူ႐ိုဘုရင္ဘယ္သူျဖစ္မလဲဆိုတဲ့ ေဟာကိန္းထုတ္သြားခဲ့ပုံက “ျပစ္ခ်က္မရွိေအာင္ ေကာင္းေနတဲ့ ျပင္သစ္အသင္းပဲေပါ့ဗ်ာ။ သူတို႔အသင္းခ်န္ပီယံျဖစ္ေအာင္ နည္းျပ ဒီဒီယာ ေဒး႐ႊမ့္က လုပ္ျပသြားပါလိမ့္မယ္။ အမ္ဘာေပ၊ ဘန္ဇီမာ၊ ဂရိဇ္မန္း… ဘယ္သူ႔ကို သုံးမလဲဆိုတဲ့ လူေ႐ြးထုတ္မႈကေတာ့ သူ႔ေခါင္းကို ေတာ္ေတာ္ခဲေစမွာေတာ့ အမွန္ပါ။ အဆင့္မီကစားသမားေတြမ်ားလြန္းလို႔ တေယာက္ခ်န္ထားခဲ့တာနဲ႔ ေဝဖန္ခံရမွာကိုေတာ့ သူေတာင့္ခံထားဖို႔လိုတယ္”လို႔ ဆိုသြားခဲ့ကိုလည္း ၾကားသိခဲ့ရေၾကာင္း ေဖာ္ျပေပးပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.