Analysis La Liga Serie A

ရော်နယ်လ်ဒိုကို ခပ်ချေချေလုပ်ထားပြီး အဝေးမှာ ချန်ထားနိုင်ခဲ့တဲ့ မက်ဆီရဲ့စံချိန် ၅ ခု

၅။ အကြိမ်ရေအမျာဆုံး ဥရောပရွှေဖိနပ်ဆုရှင်
မက်ဆီက ဥရောပရွှေဖိနပ်ဆုရှင်အဖြစ် ၆ ကြိမ်တိတိ ဗိုလ်ဝင်ခံထားချိန်မှာ ရော်နယ်လ်ဒိုကတော့ ၂၀၀၇-၀၈ ရာသီမှာ ဒီဆုကို မက်ဆီထက်အရင် ဆွတ်ခူးခဲ့တာဖြစ်ပေမယ့် ကစားသမားဘဝအကောင်းဆုံးအချိန်မှာ စုစုပေါင်း ၄ ကြိမ်သာ ရှိခဲ့ပြီး နောက်ကောက်ချခဲ့ရတယ်။ ၃၆ နှစ်သားအနေနဲ့ မက်ဆီကို ကျော်ဖြတ်ဖို့ဆိုရင်တော့ နောက်ထပ် ၃ ကြိမ်ဆွတ်ခူးဖို့ကတော့ မဖြစ်နိုင်တော့တာပါ။

၄။ ၄ နှစ်ဆက် ဘလွန်ဒေါဆုရှင်
ဒီစံချိန်ဟာလည်း ရော်နယ်လ်ဒို ငေးရုံသာ ငေးနေနိုင်ပြီး မြင်သာမြင် မကြင်နိုင်တော့တဲ့ မက်ဆီရဲ့ အကောင်းဆုံးစံချိန်တွေထဲက တခုပါ။ သူ့အနေနဲ့ အရွယ်လွန်သွားခဲ့ချိန်မှာ မက်ဆီခေတ်ကောင်းခဲ့စဥ်က ၂၀၀၉ ကနေ ၂၀၁၂ ခုနှစ်အထိ ဘလွန်ဒေါဆုကို ၄ နှစ်ဆက် ပြန်လည်သိမ်းပိုက်ပြ ဖို့ဆိုတာမျိုးက နတ်ပြည်ကအပ်တစင်းနဲ့ လူ့ပြည်ကအပ်တစင်းဆုံဖို့ဆိုရင်တောင် လွယ်ကူနေလိမ့်ဦးမယ့် အခြေအနေမျိုးပါ။

၃။ ကလပ်အသင်းတသင်းမှာ ဂိုးအများဆုံးသွင်းသူ
ရီးရဲလ်မှာ ၄၃၈ ပွဲကစားပြီး ဂိုး ၄၅၀ သွင်းခဲ့တဲ့ ရော်နယ်လ်ဒိုက မက်ဆီရဲ့ ဘာစီလိုနာအတွက် ၆၇၂ ဂိုးဆိုတဲ့ စံချိန်မျိုးကို မီဖို့ဆိုတာ ဆုတောင်းနေရုံမှတပါး အခြားမရှိတော့ခြင်းပါ။ ရီးရဲကနေ ထွက်ခွာခဲ့ရပြီဖြစ်တဲ့ သူ့အတွက်တော့ မက်ဆီရဲ့ တဘဝလုံးကို နှစ်မြှုပ်လာတဲ့ ဘာစီလိုနာက သွင်းဂိုးစံချိန်ကို လိုက်မမီနိုင်ဘူးဆိုတာဟာ အရမ်းတော့ မခါးသီးလှဘဲ သဘာဝကျကျတော့ လက်သင့်ခံနိုင်ဖို့လည်း ရှိနေတာပါ။

၂။ ပြက္ခဒိန်နှစ်တနှစ်အတွင်း ဂိုးအများဆုံးသွင်းသူ
ဘောလုံးကို ညက်ညက်ညောညောနဲ့ ထိန်းသိမ်းပြီး ပြိုင်ဘက်တိုင်းကို မှော်ဆန်ဆန်လှည့်စားသွားတတ်တဲ့ မက်ဆီရဲ့ အကောင်းဆုံးအချိန်အခါက ၂၀၁၂ ခုနှစ်မှာ ရောက်ရှိခဲ့ပါတယ်။ ဘလွန်ဒေါဆုကို ၄ နှစ်ဆက်အဖြစ် ဆွတ်ခူးခဲ့တဲ့ မက်ဆီရဲ့ ဘောလုံးသမိုင်းအလှပဆုံးနှစ်လည်းဖြစ်တယ်။

အဲဒီနှစ်မှာ သူက ၉၁ ဂိုးအထိ သွင်းခဲ့တယ်။ ဂတ်မူလာရဲ့ ၈၅ ဂိုးစံချိန်ကို ရိုက်ချိုးခဲ့တာကို တွေ့ရတယ်။ ဒါက လာမယ့်နှစ်ပေါင်းများစွာအထိ တည့်တံ့နေဦးမယ့် မော်ကွန်းစံချိန်ဖြစ်တယ်။ ရော်နယ်လ်ဒိုမဆိုထားနဲ့၊ နောင်မျိုးဆက်သစ်ကစားသမားတွေတောင် လိုက်မီဖို့ အတော်လေးကြိုးပမ်းမှ ဖြစ်နိုင်တော့မယ့် မက်ဆီရဲ့ လှပတဲ့သမိိုင်းဖြစ်​ပါတယ်။

၁။ ဘလွန်ဒေါအများဆုံး ပိုင်ဆိုင်ထားသူ
ဒါကတော့ မက်ဆီနဲ့ ရော်နယ်လ်ဒိုပရိသတ်တွေကြား မကြာခဏဆိုသလို ငြင်းခုန်ကြရပြီး ဘယ်လိုပဲဖြစ်ဖြစ် အမှန်တရားတရပ်အတွက် မက်ဆီပရိသတ်တွေကသာ အနိုင်ရသွားတတ်တာကို တွေ့ရမှာပါ။ မက်ဆီက ၂၀၁၉ ခုနှစ်မှာ ဘလွန်​ဒေါ ၆ ဆုရှင်ဖြစ်လာတယ်။

အဲဒီရှေ့ပိုင်းနှစ်တွေမှာတော့ ရော်နယ်လ်ဒိုက မက်ဆီရဲ့ ဘလွန်ဒေါ ၅ ဆုကို လိုက်မီထားလို့ ရော်နယ်လ်ဒိုပရိသတ်တွေဆီက ခြေရာလိုက်တိုင်းတဲ့ စကားဆိုးများနဲ့ ဆူညံနေချိန်မှာ နှာနုကို ဖြတ်ရိုက်သလို အသံတွေကို တိတ်ဆိတ်သွားစေခဲ့တဲ့ မက်ဆီရဲ့အစွမ်းက အကောင်းဆုံးအရွယ်ရဲ့ ဟိုတဖက်ကမ်းကို လွန်နေပြီဖြစ်တဲ့ ရော်နယ်လ်ဒိုလက်မှိုင်ချဖို့သာ ရှိနေတော့ပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၅။ အႀကိမ္ေရအမ်ာဆုံး ဥေရာပေ႐ႊဖိနပ္ဆုရွင္
မက္ဆီက ဥေရာပေ႐ႊဖိနပ္ဆုရွင္အျဖစ္ ၆ ႀကိမ္တိတိ ဗိုလ္ဝင္ခံထားခ်ိန္မွာ ေရာ္နယ္လ္ဒိုကေတာ့ ၂၀၀၇-၀၈ ရာသီမွာ ဒီဆုကို မက္ဆီထက္အရင္ ဆြတ္ခူးခဲ့တာျဖစ္ေပမယ့္ ကစားသမားဘဝအေကာင္းဆုံးအခ်ိန္မွာ စုစုေပါင္း ၄ ႀကိမ္သာ ရွိခဲ့ၿပီး ေနာက္ေကာက္ခ်ခဲ့ရတယ္။ ၃၆ ႏွစ္သားအေနနဲ႔ မက္ဆီကို ေက်ာ္ျဖတ္ဖို႔ဆိုရင္ေတာ့ ေနာက္ထပ္ ၃ ႀကိမ္ဆြတ္ခူးဖို႔ကေတာ့ မျဖစ္ႏိုင္ေတာ့တာပါ။

၄။ ၄ ႏွစ္ဆက္ ဘလြန္ေဒါဆုရွင္
ဒီစံခ်ိန္ဟာလည္း ေရာ္နယ္လ္ဒို ေငး႐ုံသာ ေငးေနႏိုင္ၿပီး ျမင္သာျမင္ မၾကင္ႏိုင္ေတာ့တဲ့ မက္ဆီရဲ႕ အေကာင္းဆုံးစံခ်ိန္ေတြထဲက တခုပါ။ သူ႔အေနနဲ႔ အ႐ြယ္လြန္သြားခဲ့ခ်ိန္မွာ မက္ဆီေခတ္ေကာင္းခဲ့စဥ္က ၂၀၀၉ ကေန ၂၀၁၂ ခုႏွစ္အထိ ဘလြန္ေဒါဆုကို ၄ ႏွစ္ဆက္ ျပန္လည္သိမ္းပိုက္ျပ ဖို႔ဆိုတာမ်ိဳးက နတ္ျပည္ကအပ္တစင္းနဲ႔ လူ႔ျပည္ကအပ္တစင္းဆုံဖို႔ဆိုရင္ေတာင္ လြယ္ကူေနလိမ့္ဦးမယ့္ အေျခအေနမ်ိဳးပါ။

၃။ ကလပ္အသင္းတသင္းမွာ ဂိုးအမ်ားဆုံးသြင္းသူ
ရီးရဲလ္မွာ ၄၃၈ ပြဲကစားၿပီး ဂိုး ၄၅၀ သြင္းခဲ့တဲ့ ေရာ္နယ္လ္ဒိုက မက္ဆီရဲ႕ ဘာစီလိုနာအတြက္ ၆၇၂ ဂိုးဆိုတဲ့ စံခ်ိန္မ်ိဳးကို မီဖို႔ဆိုတာ ဆုေတာင္းေန႐ုံမွတပါး အျခားမရွိေတာ့ျခင္းပါ။ ရီးရဲကေန ထြက္ခြာခဲ့ရၿပီျဖစ္တဲ့ သူ႔အတြက္ေတာ့ မက္ဆီရဲ႕ တဘဝလုံးကို ႏွစ္ျမႇဳပ္လာတဲ့ ဘာစီလိုနာက သြင္းဂိုးစံခ်ိန္ကို လိုက္မမီႏိုင္ဘူးဆိုတာဟာ အရမ္းေတာ့ မခါးသီးလွဘဲ သဘာဝက်က်ေတာ့ လက္သင့္ခံႏိုင္ဖို႔လည္း ရွိေနတာပါ။

၂။ ျပကၡဒိန္ႏွစ္တႏွစ္အတြင္း ဂိုးအမ်ားဆုံးသြင္းသူ
ေဘာလုံးကို ညက္ညက္ေညာေညာနဲ႔ ထိန္းသိမ္းၿပီး ၿပိဳင္ဘက္တိုင္းကို ေမွာ္ဆန္ဆန္လွည့္စားသြားတတ္တဲ့ မက္ဆီရဲ႕ အေကာင္းဆုံးအခ်ိန္အခါက ၂၀၁၂ ခုႏွစ္မွာ ေရာက္ရွိခဲ့ပါတယ္။ ဘလြန္ေဒါဆုကို ၄ ႏွစ္ဆက္အျဖစ္ ဆြတ္ခူးခဲ့တဲ့ မက္ဆီရဲ႕ ေဘာလုံးသမိုင္းအလွပဆုံးႏွစ္လည္းျဖစ္တယ္။

အဲဒီႏွစ္မွာ သူက ၉၁ ဂိုးအထိ သြင္းခဲ့တယ္။ ဂတ္မူလာရဲ႕ ၈၅ ဂိုးစံခ်ိန္ကို ႐ိုက္ခ်ိဳးခဲ့တာကို ေတြ႕ရတယ္။ ဒါက လာမယ့္ႏွစ္ေပါင္းမ်ားစြာအထိ တည့္တံ့ေနဦးမယ့္ ေမာ္ကြန္းစံခ်ိန္ျဖစ္တယ္။ ေရာ္နယ္လ္ဒိုမဆိုထားနဲ႔၊ ေနာင္မ်ိဳးဆက္သစ္ကစားသမားေတြေတာင္ လိုက္မီဖို႔ အေတာ္ေလးႀကိဳးပမ္းမွ ျဖစ္ႏိုင္ေတာ့မယ့္ မက္ဆီရဲ႕ လွပတဲ့သမိိုင္းျဖစ္​ပါတယ္။

၁။ ဘလြန္ေဒါအမ်ားဆုံး ပိုင္ဆိုင္ထားသူ
ဒါကေတာ့ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုပရိသတ္ေတြၾကား မၾကာခဏဆိုသလို ျငင္းခုန္ၾကရၿပီး ဘယ္လိုပဲျဖစ္ျဖစ္ အမွန္တရားတရပ္အတြက္ မက္ဆီပရိသတ္ေတြကသာ အႏိုင္ရသြားတတ္တာကို ေတြ႕ရမွာပါ။ မက္ဆီက ၂၀၁၉ ခုႏွစ္မွာ ဘလြန္​ေဒါ ၆ ဆုရွင္ျဖစ္လာတယ္။

အဲဒီေရွ႕ပိုင္းႏွစ္ေတြမွာေတာ့ ေရာ္နယ္လ္ဒိုက မက္ဆီရဲ႕ ဘလြန္ေဒါ ၅ ဆုကို လိုက္မီထားလို႔ ေရာ္နယ္လ္ဒိုပရိသတ္ေတြဆီက ေျခရာလိုက္တိုင္းတဲ့ စကားဆိုးမ်ားနဲ႔ ဆူညံေနခ်ိန္မွာ ႏွာႏုကို ျဖတ္႐ိုက္သလို အသံေတြကို တိတ္ဆိတ္သြားေစခဲ့တဲ့ မက္ဆီရဲ႕အစြမ္းက အေကာင္းဆုံးအ႐ြယ္ရဲ႕ ဟိုတဖက္ကမ္းကို လြန္ေနၿပီျဖစ္တဲ့ ေရာ္နယ္လ္ဒိုလက္မႈိင္ခ်ဖို႔သာ ရွိေနေတာ့ပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.