La Liga Premier League Serie A

မက်ဆီနဲ့ ရော်နယ်လ်ဒို ဘယ်သူသာသာ ကလေးတွေလို့ပဲ ထင်နေတဲ့ နောက်ခံလူဟောင်း

မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ အိုးထရက်ဖို့ဒ်မြေမှာ ၇ နှစ်တာ အချိန်ကုန်ဆုံးခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးဘလွန်ဒေါဆုရှင်အဖြစ် ရပ်တည်နေဆဲဖြစ်တဲ့ လက်ရှိဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုက သူ့အတွက် ရင်ဆိုင်ရ အခက်ခဲဆုံးကစားသမားက အက်ရှ်လေကိုးလ်ဖြစ်တယ်လို့ ၂ ကြိမ်တိုင်တိုင် ဖွင့်ဟခဲ့ဖူးတာပါ။

သူ့အနေနဲ့ ရီးရဲလ်တိုက်စစ်မှူးဘဝနဲ့ ပေါ်တူဂီလက်ရွေးစင်အဆင့်မှာ ယူနိုက်တက်ကစားသမား ရီယို ဖာဒီနန်၊ နီမန်ညာ ဗီဒစ်ချ်နဲ့ ဂျွန်တယ်ရီတို့လို ကမ္ဘာ့အမာကျောဆုံးခံစစ်မှူးတွေကို သူအကြောက်ရဆုံး ကစားသမားစာရင်းထဲမှာ ထည့်မပြောခဲ့ခြင်းက အံ့သြစရာလည်းကောင်းခဲ့သလို ကိုးလ်ကိုမှ ဘာကြောင့်ကြောက်ခဲ့ရသလဲဆိုတဲ့ အကြောင်းအရင်းကလည်း ပရိသတ်တွေအတွက် ထူးဆန်းစရာဖြစ်ခဲ့ပါတယ်။

“ကျွန်တော် အက်ရှ်လေကိုးလ်နဲ့ ထိပ်တိုက်တွေ့ရတဲ့နှစ်တွေမှာ တကယ့်ကို စိန်ခေါ်မှုတွေပါဗျာ။ သူက ခင်ဗျားကို အသက်ရှုချိန် တစက္ကန့်လေးတောင် မပေးတဲ့သူမျိုးပါ။ သူက တကယ့်ကို ကျားကုတ်ကျားခဲ ကစားတတ်တဲ့ ကစားသမားဖြစ်ပါတယ်”

“သူ့ရဲ့အကောင်းဆုံးအချိန်တွေတုန်းက အရမ်းမာကျောတယ်။ လျင်မြန်တယ်။ ဘောလုံးဖျက်ထုတ်တာ ကြမ်းတယ်။ ခင်ဗျား သူနဲ့ရင်ဆိုင်ရတိုင်း ဒီပွဲက မလွယ်ကူတော့ဘူးဆိုတာ အမြဲတစေ ခံစားမိစေပါတယ်”လို့ ရော်နယ်လ်ဒိုက အက်ရှ်လေကိုးလ်နဲ့ ပတ်သက်ပြီး သူဘယ်လိုဖြုံရလဲဆိုတာကို ဝန်ခံသွားခဲ့တယ်။

ရယ်စရာကောင်းတဲ့အချက်တခုကတော့ အက်ရှ်လေကိုးလ်အတွက် အခက်ခဲဆုံးကစားသမားကတော့ ရော်နယ်လ်ဒိုမဟုတ်ဘဲ မက်ဆီဖြစ်ကြောင်း ကိုးလ်ကိုယ်တိုင်ကိုယ်ကျ ဝန်ခံထားခဲ့တာက ရော်နယ်လ်ဒိုအတွက် ရင်ထဲနင့်စရာလည်း ကောင်းသွားခဲ့တာပါ။

ရော်နယ်လ်ဒိုနဲ့ မက်ဆီမှာ ဘယ်သူက ပိုရင်ဆိုင်ရခက်တဲ့ ကစားသမားလဲဆိုတဲ့ မေးခွန်းကိုတော့ သူက “မက်ဆီပဲဖြစ်ရမှာပေါ့ဗျာ။ လူတွေက ရော်နယ်လ်ဒိုလို့ ထင်တဲ့သူ များနေတယ်။ ကျွန်တော်က သူ့ကို ကောင်းကောင်းကိုင်ပစ်ခဲ့ဖူးတာကိုး။ ကျွန်တော့်အထင်ကတော့ မက်ဆီပါ။ သူ့ရဲ့အချိန်အခါကောင်းမှာ သိပ်ကိုစွမ်းလွန်းခဲ့ပါတယ်”လို့ ဖြေကြားသွားခဲ့တာပါ။

“ဒါပေမယ့် မက်ဆီက ကျွန်တော့်ကိုကျော်ပြီး တခါမှ ဂိုးမသွင်းနိုင်ခဲ့ပါဘူး”လို့ ကိုးလ်က မက်ဆီရော ရော်နယ်လ်ဒိုကိုပါ မှတ်ချက်ပေးသွားရင်း ကလိတိတိလှောင်ပြောင်သွားခဲ့ပုံက သူ့ခေတ်သူအခါက ကွင်းထဲမှာ ရော်နယ်လ်ဒိုကို ငရဲပို့ခဲ့ဖူးသလို မက်ဆီကိုလည်း ဂိုးမရစေခဲ့ဖူးသူမို့ အမှန်တရားက ခါးပြန်ပြီလို့သာဆိုရင်း လက်သင့်ခံသွားရမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔အတူ အိုးထရက္ဖို႔ဒ္ေျမမွာ ၇ ႏွစ္တာ အခ်ိန္ကုန္ဆုံးခဲ့ၿပီး ပရီးမီးယားလိဂ္ရဲ႕ ေနာက္ဆုံးဘလြန္ေဒါဆုရွင္အျဖစ္ ရပ္တည္ေနဆဲျဖစ္တဲ့ လက္ရွိဂ်ဴဗင္တပ္စ္တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက သူ႔အတြက္ ရင္ဆိုင္ရ အခက္ခဲဆုံးကစားသမားက အက္ရွ္ေလကိုးလ္ျဖစ္တယ္လို႔ ၂ ႀကိမ္တိုင္တိုင္ ဖြင့္ဟခဲ့ဖူးတာပါ။

သူ႔အေနနဲ႔ ရီးရဲလ္တိုက္စစ္မႉးဘဝနဲ႔ ေပၚတူဂီလက္ေ႐ြးစင္အဆင့္မွာ ယူႏိုက္တက္ကစားသမား ရီယို ဖာဒီနန္၊ နီမန္ညာ ဗီဒစ္ခ်္နဲ႔ ဂြၽန္တယ္ရီတို႔လို ကမာၻ႔အမာေက်ာဆုံးခံစစ္မႉးေတြကို သူအေၾကာက္ရဆုံး ကစားသမားစာရင္းထဲမွာ ထည့္မေျပာခဲ့ျခင္းက အံ့ၾသစရာလည္းေကာင္းခဲ့သလို ကိုးလ္ကိုမွ ဘာေၾကာင့္ေၾကာက္ခဲ့ရသလဲဆိုတဲ့ အေၾကာင္းအရင္းကလည္း ပရိသတ္ေတြအတြက္ ထူးဆန္းစရာျဖစ္ခဲ့ပါတယ္။

“ကြၽန္ေတာ္ အက္ရွ္ေလကိုးလ္နဲ႔ ထိပ္တိုက္ေတြ႕ရတဲ့ႏွစ္ေတြမွာ တကယ့္ကို စိန္ေခၚမႈေတြပါဗ်ာ။ သူက ခင္ဗ်ားကို အသက္ရႈခ်ိန္ တစကၠန္႔ေလးေတာင္ မေပးတဲ့သူမ်ိဳးပါ။ သူက တကယ့္ကို က်ားကုတ္က်ားခဲ ကစားတတ္တဲ့ ကစားသမားျဖစ္ပါတယ္”

“သူ႔ရဲ႕အေကာင္းဆုံးအခ်ိန္ေတြတုန္းက အရမ္းမာေက်ာတယ္။ လ်င္ျမန္တယ္။ ေဘာလုံးဖ်က္ထုတ္တာ ၾကမ္းတယ္။ ခင္ဗ်ား သူနဲ႔ရင္ဆိုင္ရတိုင္း ဒီပြဲက မလြယ္ကူေတာ့ဘူးဆိုတာ အၿမဲတေစ ခံစားမိေစပါတယ္”လို႔ ေရာ္နယ္လ္ဒိုက အက္ရွ္ေလကိုးလ္နဲ႔ ပတ္သက္ၿပီး သူဘယ္လိုၿဖဳံရလဲဆိုတာကို ဝန္ခံသြားခဲ့တယ္။

ရယ္စရာေကာင္းတဲ့ အခ်က္တခုကေတာ့ အက္ရွ္ေလကိုးလ္အတြက္ အခက္ခဲဆုံးကစားသမားကေတာ့ ေရာ္နယ္လ္ဒိုမဟုတ္ဘဲ မက္ဆီျဖစ္ေၾကာင္း ကိုးလ္ကိုယ္တိုင္ကိုယ္က် ဝန္ခံထားခဲ့တာက ေရာ္နယ္လ္ဒိုအတြက္ ရင္ထဲနင့္စရာလည္း ေကာင္းသြားခဲ့တာပါ။

ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီမွာ ဘယ္သူက ပိုရင္ဆိုင္ရခက္တဲ့ ကစားသမားလဲဆိုတဲ့ ေမးခြန္းကိုေတာ့ သူက “မက္ဆီပဲျဖစ္ရမွာေပါ့ဗ်ာ။ လူေတြက ေရာ္နယ္လ္ဒိုလို႔ ထင္တဲ့သူ မ်ားေနတယ္။ ကြၽန္ေတာ္က သူ႔ကို ေကာင္းေကာင္းကိုင္ပစ္ခဲ့ဖူးတာကိုး။ ကြၽန္ေတာ့္အထင္ကေတာ့ မက္ဆီပါ။ သူ႔ရဲ႕အခ်ိန္အခါေကာင္းမွာ သိပ္ကိုစြမ္းလြန္းခဲ့ပါတယ္”လို႔ ေျဖၾကားသြားခဲ့တာပါ။

“ဒါေပမယ့္ မက္ဆီက ကြၽန္ေတာ့္ကိုေက်ာ္ၿပီး တခါမွ ဂိုးမသြင္းႏိုင္ခဲ့ပါဘူး”လို႔ ကိုးလ္က မက္ဆီေရာ ေရာ္နယ္လ္ဒိုကိုပါ မွတ္ခ်က္ေပးသြားရင္း ကလိတိတိေလွာင္ေျပာင္သြားခဲ့ပုံက သူ႔ေခတ္သူအခါက ကြင္းထဲမွာ ေရာ္နယ္လ္ဒိုကို ငရဲပို႔ခဲ့ဖူးသလို မက္ဆီကိုလည္း ဂိုးမရေစခဲ့ဖူးသူမို႔ အမွန္တရားက ခါးျပန္ၿပီလို႔သာဆိုရင္း လက္သင့္ခံသြားရမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.