Analysis Article Bundesliga Premier League Transfer News

ချဲလ်ဆီးနဲ့ နီးစပ်လာတဲ့ ဟားလန်း ဘယ်သူ့ခြေရာနင်းမှာလဲနဲ့ ရှေ့ကလူတွေရဲ့ Hit and Miss

ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့အတွက် အတော်လေး နီးစပ်လာခဲ့ပြီး အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ချ်ရဲ့ တားဂက်ဖြစ်တဲ့ တိုက်စစ်မှူး အာလင်း ဟားလန်းအနေနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကို ဒီရုရှားသူဌေးကြီး ရောက်ကတည်းက ဝယ်လိုက်သမျှ အဆုံးသတ်သမားတွေရဲ့ စာရင်းထဲမှာ အောင်မြင်မှုအဖြစ် သတ်မှတ်ခံရနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။ လက်ရှိအချိန်အထိဆိုရင် ဒီစာရင်းက ၂၂ ဦးအထိ ရှိနေခဲ့ပြီး ဒီထဲကမှ အသင်းကို အပြီးသတ် ပြောင်းရွှေ့ပြီး လူသိများတဲ့ တိုက်စစ်မှူးတချို့ရဲ့ Ratings တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဒီဒီယေး ဒရော့ဘာ (ပေါင် ၂၄ သန်း – မာဆေးလ်)
ချဲလ်ဆီးအသင်းရဲ့ ဂုဏ်အယူရဆုံး ခေါ်ယူမှုဟာ မော်ရင်ညိုရဲ့ အကောင်းဆုံး ခေါ်ယူမှုတစ်ရပ်လည်းဖြစ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် ရယူနိုင်ခဲ့သလို ပွဲပေါင်း ၃၄၁ ပွဲမှာ ၁၅၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဖလားကို ရယူပေးခဲ့တဲ့ အိုင်ဗရီကို့စ်သားဟာ မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းအတွက် အိပ်မက်ဆိုးလည်းဖြစ်ခဲ့ပြီး ဘာနဲ့ထိထိ ဂိုးဝင်တယ်ဆိုတဲ့ ပုံစံက ပြောစမှတ်လည်းဖြစ်ခဲ့ရပါတယ်။ HIT.

၂။ အန်ဒရီ ရှက်ဗ်ချန်ကို (ပေါင်သန်း ၃၀ – အေစီမီလန်)
အေဗရာမိုဗစ်ချ်နဲ့ သူငယ်ချင်းပေါင်းပေါင်းခဲ့တဲ့ ယူကရိန်းသားဟာ အေစီမီလန်နဲ့ စီးရီးအေ၊ ချန်ပီယံလိဂ်တွေကို ရယူခဲ့တဲ့သူဖြစ်ပေမယ့် ချဲလ်ဆီးနဲ့ ၇၇ ပွဲမှာ ၂၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး အသင်းဟောင်းဆီ ပြန်အငှားချရတဲ့အထိဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ၉ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး အသင်းရဲ့ တည်ဆောက်ပုံကို လှုပ်ခတ်စေရုံသာ တတ်နိုင်ခဲ့တာကတော့ အဆိုးပဲဖြစ်ခဲ့ရတာပါ။ MISS.

၃။ နီကိုလာ အနယ်လ်ကာ (ပေါင် ၁၅ သန်း – ဘော်လ်တန်)
ငယ်ဘဝက ခြေစွမ်းကို ပြန်လည်မြှင့်တင်နိုင်ခဲ့တဲ့ အနယ်လ်ကာဟာ အသက် ၂၈ နှစ်အရွယ်မှာမှ ချဲလ်ဆီးကို ရောက်ရှိလာပေမယ့် ဒရော့ဘာနဲ့ အတွဲညီညီ ဂိုးတွေ သွင်းယူပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်ကိုပါ သိမ်းပိုက်နိုင်ခဲ့တာပါ။ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားနှစ်ကြိမ်ကို ရရှိခဲ့တဲ့ ပြင်သစ်သားကတော့ အကျိုးရှိတဲ့ ခေါ်ယူမှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။ HIT.

၄။ ဖာနန်ဒို တောရက်စ် (ပေါင်သန်း ၅၀ – လီဗာပူးလ်)
အဲ့ဒီအချိန်တုန်းက လီဗာပူးလ်အသင်းမှာ ခြေစွမ်းပြနေတဲ့ တောရက်စ်ကို တစ်ချက်ခုတ် နှစ်ချက်ပြတ်သဘောနဲ့ ဆောင်းရာသီမှာ သိမ်းပိုက်ခဲ့တာဖြစ်ပေမယ့် Plan က Backfire ထွက်သွားခဲ့တာပါ။ လီဗာပူးလ်ကို ဆွာရက်ဇ်ကို ခေါ်နိုင်ဖို့ ပိုက်ဆံထုတ်ပေးလိုက်သလိုဖြစ်သွားစေခဲ့တဲ့ စပိန်သားဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ၁၇၂ ပွဲကစား ၄၅ ဂိုးသာ သွင်းခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဂဏန်းနှစ်လုံးပြည့်အောင် တစ်ရာသီမှ မှတ်တမ်းမထိုးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ MISS.

၅။ ရိုမီလူ လူကာကူး (ပေါင် ၁၂ သန်း – အန်ဒါလက်ချ်)
အသက် ၁၇ နှစ်အရွယ်မှာ ခြေစွမ်းကောင်းလွန်းနေတဲ့ လူကာကူးကို ၁၈ နှစ်အရွယ်မှာ ခေါ်ယူခဲ့ပြီး Timing မှားခဲ့တဲ့ ဘယ်လ်ဂျီယမ်သားဟာ ၁၅ ပွဲသာ ကစားခဲ့ပြီး တစ်ဂိုးမှ မသွင်းယူနိုင်ဘဲ ဝက်စ်ဘရွန်းမှာ အငှားနဲ့ တောက်ပ၊ အဲဗာတန်ကို တစ်ရာသီငှား၊ ပေါင် ၂၈ သန်းနဲ့ ရောက်သွားခဲ့ပြီး လေးနှစ်အကြာမှာ သူတို့ကို အမြတ်နှစ်ဆရှာပေးခဲ့ပေမယ့် ချဲလ်ဆီးနဲ့တော့ မှန်းသမျှ အကုန်လွဲခဲ့တာဖြစ်ပါတယ်။ MISS.

၆။ ဆမ်မြူယယ်လ် အီတူး (ပေါင် ၂ သန်း – အန်ဂျီ)
ရုရှားကလပ် အန်ဂျီကနေ မမျှော်လင့်ဘဲ ခေါ်ယူလိုက်တဲ့ ဝါရင့်တိုက်စစ်မှူးဟာ ဘာစီလိုနာ၊ အင်တာတို့က ခြေစွမ်းကို မမီခဲ့ပေမယ့် တစ်ရာသီ အတွင်း ၁၂ ဂိုးသွင်းပြီး သာမန်အထက် ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ ဒီထဲမှာ မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်းမှာ ဟက်ထရစ်သွင်းခဲ့တဲ့ ခြေစွမ်း ကတော့ ကိတ်မုန့်ပေါ်က အလှဆင်သစ်သီးလေး ဖြစ်ခဲ့တာပါ။ HIT.

၇။ ဒီယေဂို ကော်စတာ (ပေါင် ၃၂ သန်း – အက်သလက်တီကို)
ဒီဘရာဇီးလ်ဖွား စပိန်သား လူကြမ်းကြီးအတွက် မကောင်းပြောမယ့် ချဲလ်ဆီးပရိသတ်ဆိုတာ မရှိနိုင်ပါဘူး။ ပရီးမီးယားလိဂ် ခံစစ်မှူးတွေအဖို့ အိပ်မက်ဆိုးဖြစ်ခဲ့တဲ့ ဒီယေဂို ကော်စတာဟာ ပွဲပေါင်း ၁၂၀ မှာ ၅၉ ဂိုး သွင်းယူပေးခဲ့ပြီး အမှတ်ပေးချန်ပီယံနှစ်ကြိမ်နဲ့ လိဂ်ဖလား(လက်ရှိ ကာရာဘောင်း) တစ်ကြိမ်ကို ရယူပေးနိုင်ခဲ့ပါတယ်။ HIT.

၈။ မစ်ချီ ဘက်ရွှာယီ (ပေါင် ၃၃ သန်း – မာဆေးလ်)
ဒရော့ဘာနဲ့ လားရာတူခဲ့တဲ့ ဘယ်လ်ဂျီယမ်သားကတော့ ၂၀၁၆ ခုနှစ်က ရောက်လာခဲ့ အသင်းနဲ့ လက်ရှိအချိန်အထိ စာချုပ်ရှိဆဲဖြစ်ပါတယ်။ ၂၀၂၂ မှာ စာချုပ်ကုန်ဆုံးမယ့် တိုက်စစ်မှူးဟာ အငှားထွက်ကစားဖို့ ခေါ်ခဲ့တာလို့ ဆိုရမလိုဖြစ်နေပြီး လက်ရှိအချိန်အထိ အသင်းမှာ ၇၇ ပွဲသာ ကစားနိုင်ခဲ့သလို ဖလားပွဲသွင်းဂိုးအများစုနဲ့ ၂၅ ဂိုးတော့ ရရှိခဲ့ပါသေးတယ်။ MISS.

၉။ အဲလ်ဗာရို မိုရာတာ (ပေါင်သန်း ၆၀ – ရီးရဲလ်မက်ဒရစ်)
ဂျူဗင်တပ်စ်ကို ပြန်ခေါ်ခွင့်နဲ့ ရောင်းပြီးမှ ချဲလ်ဆီးဆီ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုးထည့်လိုက်တဲ့ စပိန်သားဟာ အတန်အသင့်တော့ ခြေစွမ်းပြခဲ့ပေမယ့် အသင်းက လိုချင်တဲ့ အဆုံးသတ်သမားမျိုးတော့ မဖြစ်ခဲ့တာပါ။ ၇၂ ပွဲမှာ ၂၄ ဂိုးသွင်းယူပြီး မာရီနာတို့အုပ်စု အရောင်းဘက်ပိုင်းမှာ ကျွမ်းကျင်ခဲ့လို့သာ အက်သလက်တီကိုဆီ ဆုံးရှုံးမှုမရှိသလောက်နဲ့ ရှင်းထုတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ MISS.

၁၀။ အိုလီဗီးယေး ဂျီရူး (ပေါင် ၁၈ သန်း – အာဆင်နယ်)
၂၀၁၈ ဆောင်းရာသီမှာတော့ အူဘာမီယန်းအတွက် အနစ်နာ ခံခဲ့ရတဲ့ ဂျီရူးဟာ စတမ်းဖို့ဒ်ဘရစ်ချ်ကို ရောက်လာပြီး အဲ့ဒီရာသီ ဒုတိယဝက်မှာ ၅ ဂိုးနဲ့ နောက်ပိုင်း ၃ ရာသီမှာ ၁၀ ဂိုးနဲ့အထက် အမြဲတမ်း သွင်းနိုင်ခဲ့တဲ့ တိုက်စစ်မှူးလည်းဖြစ်ပါတယ်။ နောက်တစ်ရာသီမှာ အာဆင်နယ်ကို ပြန်တီးပြီး ယူရိုပါလိဂ်ဖလားကို ယူပေးခဲ့သလို ဒီရာသီမှာ ရယူခဲ့တဲ့ ချန်ပီယံလိဂ်ရဲ့ အစောပိုင်းအဆင့်တွေမှာလည်း ၈ ပွဲမှာ ၆ ဂိုးအထိ သွင်းယူပေးခဲ့တာပါ။ HIT.

၁၁။ တီမို ဗာနာ (ပေါင် ၄၇.၅ သန်း – RB လိုက်ပ်ဇစ်)
ဒီတိုက်စစ်မှူးကတော့ ကောင်းသလားဆိုတော့ မကောင်းသလို ဆိုးသလားဆိုတော့လည်း မဆိုးဘူးလို့ ပြောရမှာပါ။ ဂိုးသွင်းခြေ ပျောက်ဆုံး နေပေမယ့် သူ့ရဲ့ လျင်မြန်မှုနဲ့ အကွက်မြင်မြင် ရွေ့လျားမှုတွေက အဆီတဝင်းဝင်းနဲ့ သဲတရှပ်ရှပ်ပါပဲ။ လာမယ့်ရာသီမှာ ပိုကောင်းလာမယ့်လို့ မျှော်လင့်ရပြီး ဘွန်ဒက်စ်လီဂါက ခြေစွမ်းကို Cloud Drive ထဲကနေ Download ပြန်လုပ်ယူနိုင်ဖို့ မျှော်လင့်ရမှာဖြစ်ပါတယ်။

ဒီကစားသမားတွေအပြင် ခြေစွမ်းမဆိုးခဲ့တဲ့ ဒမ်ဘာဘားနဲ့ ဆော်လမွန် ကာလူးတို့လို ကစားသမားတွေကိုတော့ HIT စာရင်းထဲ ထည့်နိုင်သလို ခရက်စ်ပိုကစလို့ မူတူး၊ ကက်ဇ်မန်း၊ ရီမီ၊ ပီဇာရို၊ စတာရစ်ချ်၊ ဖယ်လ်ကာအို၊ ပါတို၊ ဟီဂူအင်တို့လို ကစားသမားတွေကို MISS စာရင်းထဲ ထည့်ရမှာဖြစ်ပြီး ဒီအချိန်မှာ ရောက်လာနိုင်ဖို့ နီးစပ်နေတဲ့ ဟားလန်းကတော့ ဒရော့ဘာတို့လို အချိန်တိုအတွင်း HIT စာရင်းထဲ ဝင်လာဖို့တော့ ချဲလ်ဆီးပရိသတ်တွေနဲ့ ဘောလုံးပရိသတ်တွေကတော့ မျှော်လင့်နေကြကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ အေတာ္ေလး နီးစပ္လာခဲ့ၿပီး အသင္းပိုင္ရွင္ ႐ိုမန္ ေအဗရာမိုဗစ္ခ်္ရဲ႕ တားဂက္ျဖစ္တဲ့ တိုက္စစ္မႉး အာလင္း ဟားလန္းအေနနဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ဒီ႐ုရွားသူေဌးႀကီး ေရာက္ကတည္းက ဝယ္လိုက္သမွ် အဆုံးသတ္သမားေတြရဲ႕ စာရင္းထဲမွာ ေအာင္ျမင္မႈအျဖစ္ သတ္မွတ္ခံရႏိုင္မလားဆိုတာကေတာ့ စိတ္ဝင္စားစရာပါ။ လက္ရွိအခ်ိန္အထိဆိုရင္ ဒီစာရင္းက ၂၂ ဦးအထိ ရွိေနခဲ့ၿပီး ဒီထဲကမွ အသင္းကို အၿပီးသတ္ ေျပာင္းေ႐ႊ႕ၿပီး လူသိမ်ားတဲ့ တိုက္စစ္မႉးတခ်ိဳ႕ရဲ႕ Ratings ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ဒီဒီေယး ဒေရာ့ဘာ (ေပါင္ ၂၄ သန္း – မာေဆးလ္)
ခ်ဲလ္ဆီးအသင္းရဲ႕ ဂုဏ္အယူရဆုံး ေခၚယူမႈဟာ ေမာ္ရင္ညိဳရဲ႕ အေကာင္းဆုံး ေခၚယူမႈတစ္ရပ္လည္းျဖစ္ၿပီး ပရီးမီးယားလိဂ္ ခ်န္ပီယံအျဖစ္ ရယူႏိုင္ခဲ့သလို ပြဲေပါင္း ၃၄၁ ပြဲမွာ ၁၅၇ ဂိုးအထိ သြင္းယူႏိုင္ခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ဖလားကို ရယူေပးခဲ့တဲ့ အိုင္ဗရီကို႔စ္သားဟာ ၿမိဳ႕ခံၿပိဳင္ဘက္ အာဆင္နယ္အသင္းအတြက္ အိပ္မက္ဆိုးလည္းျဖစ္ခဲ့ၿပီး ဘာနဲ႔ထိထိ ဂိုးဝင္တယ္ဆိုတဲ့ ပုံစံက ေျပာစမွတ္လည္းျဖစ္ခဲ့ရပါတယ္။ HIT.

၂။ အန္ဒရီ ရွက္ဗ္ခ်န္ကို (ေပါင္သန္း ၃၀ – ေအစီမီလန္)
ေအဗရာမိုဗစ္ခ်္နဲ႔ သူငယ္ခ်င္းေပါင္းေပါင္းခဲ့တဲ့ ယူကရိန္းသားဟာ ေအစီမီလန္နဲ႔ စီးရီးေအ၊ ခ်န္ပီယံလိဂ္ေတြကို ရယူခဲ့တဲ့သူျဖစ္ေပမယ့္ ခ်ဲလ္ဆီးနဲ႔ ၇၇ ပြဲမွာ ၂၂ ဂိုးသာ သြင္းယူႏိုင္ခဲ့ၿပီး အသင္းေဟာင္းဆီ ျပန္အငွားခ်ရတဲ့အထိျဖစ္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္မွာ ၉ ဂိုးသာ သြင္းယူႏိုင္ခဲ့ၿပီး အသင္းရဲ႕ တည္ေဆာက္ပုံကို လႈပ္ခတ္ေစ႐ုံသာ တတ္ႏိုင္ခဲ့တာကေတာ့ အဆိုးပဲျဖစ္ခဲ့ရတာပါ။ MISS.

၃။ နီကိုလာ အနယ္လ္ကာ (ေပါင္ ၁၅ သန္း – ေဘာ္လ္တန္)
ငယ္ဘဝက ေျခစြမ္းကို ျပန္လည္ျမႇင့္တင္ႏိုင္ခဲ့တဲ့ အနယ္လ္ကာဟာ အသက္ ၂၈ ႏွစ္အ႐ြယ္မွာမွ ခ်ဲလ္ဆီးကို ေရာက္ရွိလာေပမယ့္ ဒေရာ့ဘာနဲ႔ အတြဲညီညီ ဂိုးေတြ သြင္းယူၿပီး ပရီးမီးယားလိဂ္ ေ႐ႊဖိနပ္ကိုပါ သိမ္းပိုက္ႏိုင္ခဲ့တာပါ။ ပရီးမီးယားလိဂ္နဲ႔ အက္ဖ္ေအဖလားႏွစ္ႀကိမ္ကို ရရွိခဲ့တဲ့ ျပင္သစ္သားကေတာ့ အက်ိဳးရွိတဲ့ ေခၚယူမႈတစ္ရပ္ျဖစ္ခဲ့ပါတယ္။ HIT.

၄။ ဖာနန္ဒို ေတာရက္စ္ (ေပါင္သန္း ၅၀ – လီဗာပူးလ္)
အဲ့ဒီအခ်ိန္တုန္းက လီဗာပူးလ္အသင္းမွာ ေျခစြမ္းျပေနတဲ့ ေတာရက္စ္ကို တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္သေဘာနဲ႔ ေဆာင္းရာသီမွာ သိမ္းပိုက္ခဲ့တာျဖစ္ေပမယ့္ Plan က Backfire ထြက္သြားခဲ့တာပါ။ လီဗာပူးလ္ကို ဆြာရက္ဇ္ကို ေခၚႏိုင္ဖို႔ ပိုက္ဆံထုတ္ေပးလိုက္သလိုျဖစ္သြားေစခဲ့တဲ့ စပိန္သားဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ၁၇၂ ပြဲကစား ၄၅ ဂိုးသာ သြင္းခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ဂဏန္းႏွစ္လုံးျပည့္ေအာင္ တစ္ရာသီမွ မွတ္တမ္းမထိုးႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ MISS.

၅။ ႐ိုမီလူ လူကာကူး (ေပါင္ ၁၂ သန္း – အန္ဒါလက္ခ်္)
အသက္ ၁၇ ႏွစ္အ႐ြယ္မွာ ေျခစြမ္းေကာင္းလြန္းေနတဲ့ လူကာကူးကို ၁၈ ႏွစ္အ႐ြယ္မွာ ေခၚယူခဲ့ၿပီး Timing မွားခဲ့တဲ့ ဘယ္လ္ဂ်ီယမ္သားဟာ ၁၅ ပြဲသာ ကစားခဲ့ၿပီး တစ္ဂိုးမွ မသြင္းယူႏိုင္ဘဲ ဝက္စ္ဘ႐ြန္းမွာ အငွားနဲ႔ ေတာက္ပ၊ အဲဗာတန္ကို တစ္ရာသီငွား၊ ေပါင္ ၂၈ သန္းနဲ႔ ေရာက္သြားခဲ့ၿပီး ေလးႏွစ္အၾကာမွာ သူတို႔ကို အျမတ္ႏွစ္ဆရွာေပးခဲ့ေပမယ့္ ခ်ဲလ္ဆီးနဲ႔ေတာ့ မွန္းသမွ် အကုန္လြဲခဲ့တာျဖစ္ပါတယ္။ MISS.

၆။ ဆမ္ျမဴယယ္လ္ အီတူး (ေပါင္ ၂ သန္း – အန္ဂ်ီ)
႐ုရွားကလပ္ အန္ဂ်ီကေန မေမွ်ာ္လင့္ဘဲ ေခၚယူလိုက္တဲ့ ဝါရင့္တိုက္စစ္မႉးဟာ ဘာစီလိုနာ၊ အင္တာတို႔က ေျခစြမ္းကို မမီခဲ့ေပမယ့္ တစ္ရာသီ အတြင္း ၁၂ ဂိုးသြင္းၿပီး သာမန္အထက္ ေျခစြမ္းကို ျပသႏိုင္ခဲ့ပါတယ္။ ဒီထဲမွာ မန္ခ်က္စတာယူႏိုက္တက္ကို အိမ္ကြင္းမွာ ဟက္ထရစ္သြင္းခဲ့တဲ့ ေျခစြမ္း ကေတာ့ ကိတ္မုန႔္ေပၚက အလွဆင္သစ္သီးေလး ျဖစ္ခဲ့တာပါ။ HIT.

၇။ ဒီေယဂို ေကာ္စတာ (ေပါင္ ၃၂ သန္း – အက္သလက္တီကို)
ဒီဘရာဇီးလ္ဖြား စပိန္သား လူၾကမ္းႀကီးအတြက္ မေကာင္းေျပာမယ့္ ခ်ဲလ္ဆီးပရိသတ္ဆိုတာ မရွိႏိုင္ပါဘူး။ ပရီးမီးယားလိဂ္ ခံစစ္မႉးေတြအဖို႔ အိပ္မက္ဆိုးျဖစ္ခဲ့တဲ့ ဒီေယဂို ေကာ္စတာဟာ ပြဲေပါင္း ၁၂၀ မွာ ၅၉ ဂိုး သြင္းယူေပးခဲ့ၿပီး အမွတ္ေပးခ်န္ပီယံႏွစ္ႀကိမ္နဲ႔ လိဂ္ဖလား(လက္ရွိ ကာရာေဘာင္း) တစ္ႀကိမ္ကို ရယူေပးႏိုင္ခဲ့ပါတယ္။ HIT.

၈။ မစ္ခ်ီ ဘက္႐ႊာယီ (ေပါင္ ၃၃ သန္း – မာေဆးလ္)
ဒေရာ့ဘာနဲ႔ လားရာတူခဲ့တဲ့ ဘယ္လ္ဂ်ီယမ္သားကေတာ့ ၂၀၁၆ ခုႏွစ္က ေရာက္လာခဲ့ အသင္းနဲ႔ လက္ရွိအခ်ိန္အထိ စာခ်ဳပ္ရွိဆဲျဖစ္ပါတယ္။ ၂၀၂၂ မွာ စာခ်ဳပ္ကုန္ဆုံးမယ့္ တိုက္စစ္မႉးဟာ အငွားထြက္ကစားဖို႔ ေခၚခဲ့တာလို႔ ဆိုရမလိုျဖစ္ေနၿပီး လက္ရွိအခ်ိန္အထိ အသင္းမွာ ၇၇ ပြဲသာ ကစားႏိုင္ခဲ့သလို ဖလားပြဲသြင္းဂိုးအမ်ားစုနဲ႔ ၂၅ ဂိုးေတာ့ ရရွိခဲ့ပါေသးတယ္။ MISS.

၉။ အဲလ္ဗာ႐ို မိုရာတာ (ေပါင္သန္း ၆၀ – ရီးရဲလ္မက္ဒရစ္)
ဂ်ဴဗင္တပ္စ္ကို ျပန္ေခၚခြင့္နဲ႔ ေရာင္းၿပီးမွ ခ်ဲလ္ဆီးဆီ ျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထိုးထည့္လိုက္တဲ့ စပိန္သားဟာ အတန္အသင့္ေတာ့ ေျခစြမ္းျပခဲ့ေပမယ့္ အသင္းက လိုခ်င္တဲ့ အဆုံးသတ္သမားမ်ိဳးေတာ့ မျဖစ္ခဲ့တာပါ။ ၇၂ ပြဲမွာ ၂၄ ဂိုးသြင္းယူၿပီး မာရီနာတို႔အုပ္စု အေရာင္းဘက္ပိုင္းမွာ ကြၽမ္းက်င္ခဲ့လို႔သာ အက္သလက္တီကိုဆီ ဆုံးရႈံးမႈမရွိသေလာက္နဲ႔ ရွင္းထုတ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ MISS.

၁၀။ အိုလီဗီးေယး ဂ်ီ႐ူး (ေပါင္ ၁၈ သန္း – အာဆင္နယ္)
၂၀၁၈ ေဆာင္းရာသီမွာေတာ့ အူဘာမီယန္းအတြက္ အနစ္နာ ခံခဲ့ရတဲ့ ဂ်ီ႐ူးဟာ စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ေရာက္လာၿပီး အဲ့ဒီရာသီ ဒုတိယဝက္မွာ ၅ ဂိုးနဲ႔ ေနာက္ပိုင္း ၃ ရာသီမွာ ၁၀ ဂိုးနဲ႔အထက္ အၿမဲတမ္း သြင္းႏိုင္ခဲ့တဲ့ တိုက္စစ္မႉးလည္းျဖစ္ပါတယ္။ ေနာက္တစ္ရာသီမွာ အာဆင္နယ္ကို ျပန္တီးၿပီး ယူ႐ိုပါလိဂ္ဖလားကို ယူေပးခဲ့သလို ဒီရာသီမွာ ရယူခဲ့တဲ့ ခ်န္ပီယံလိဂ္ရဲ႕ အေစာပိုင္းအဆင့္ေတြမွာလည္း ၈ ပြဲမွာ ၆ ဂိုးအထိ သြင္းယူေပးခဲ့တာပါ။ HIT.

၁၁။ တီမို ဗာနာ (ေပါင္ ၄၇.၅ သန္း – RB လိုက္ပ္ဇစ္)
ဒီတိုက္စစ္မႉးကေတာ့ ေကာင္းသလားဆိုေတာ့ မေကာင္းသလို ဆိုးသလားဆိုေတာ့လည္း မဆိုးဘူးလို႔ ေျပာရမွာပါ။ ဂိုးသြင္းေျခ ေပ်ာက္ဆုံး ေနေပမယ့္ သူ႔ရဲ႕ လ်င္ျမန္မႈနဲ႔ အကြက္ျမင္ျမင္ ေ႐ြ႕လ်ားမႈေတြက အဆီတဝင္းဝင္းနဲ႔ သဲတရွပ္ရွပ္ပါပဲ။ လာမယ့္ရာသီမွာ ပိုေကာင္းလာမယ့္လို႔ ေမွ်ာ္လင့္ရၿပီး ဘြန္ဒက္စ္လီဂါက ေျခစြမ္းကို Cloud Drive ထဲကေန Download ျပန္လုပ္ယူႏိုင္ဖို႔ ေမွ်ာ္လင့္ရမွာျဖစ္ပါတယ္။

ဒီကစားသမားေတြအျပင္ ေျခစြမ္းမဆိုးခဲ့တဲ့ ဒမ္ဘာဘားနဲ႔ ေဆာ္လမြန္ ကာလူးတို႔လို ကစားသမားေတြကိုေတာ့ HIT စာရင္းထဲ ထည့္ႏိုင္သလို ခရက္စ္ပိုကစလို႔ မူတူး၊ ကက္ဇ္မန္း၊ ရီမီ၊ ပီဇာ႐ို၊ စတာရစ္ခ်္၊ ဖယ္လ္ကာအို၊ ပါတို၊ ဟီဂူအင္တို႔လို ကစားသမားေတြကို MISS စာရင္းထဲ ထည့္ရမွာျဖစ္ၿပီး ဒီအခ်ိန္မွာ ေရာက္လာႏိုင္ဖို႔ နီးစပ္ေနတဲ့ ဟားလန္းကေတာ့ ဒေရာ့ဘာတို႔လို အခ်ိန္တိုအတြင္း HIT စာရင္းထဲ ဝင္လာဖို႔ေတာ့ ခ်ဲလ္ဆီးပရိသတ္ေတြနဲ႔ ေဘာလုံးပရိသတ္ေတြကေတာ့ ေမွ်ာ္လင့္ေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.