Premier League Transfer News

9 Jun ညနေခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

လာဇီယိုနည်းပြသစ်အဖြစ် ခန့်အပ်ခံရဖွယ်ရှိနေတယ်လို့ သတင်းတွေပြေးနေတဲ့ ချယ်လ်ဆီးနည်းပြဟောင်းဆာရီဟာ တူဟယ်လ်ကို တောင်းဆိုမှု ပြုလုပ်သွားဖွယ်ရှိနေပြီး တပည့်ဟောင်းမားကို့စ် အလွန်ဆိုနဲ့ လော့ဖ်တပ်စ်ချိခ်တို့ကို ဒီနွေရာသီမှာ လာဇီယိုအတွက် အတွဲလိုက် ခေါ်ယူသွားဖို့ရှိနေတယ်လို့ သိရှိရ။

ချယ်လ်ဆီးအသင်းနဲ့ တောင်ပံတိုက်စစ်မှူးဟပ်ဆန် အိုဒွိုင်းကို ရောင်းချသွားဖို့ ကမ်းလှမ်းမှုတွေကို တံခါးဖွင့်လိုက်ပြီလို့ သိရှိထားရပြီး သူ့ကို အဓိကစိတ်ဝင်စားနေသူက ဂျာမန်ဘီလူး ဘိုင်ယန်မြူးနစ်ဖြစ်တယ်လို့ လတ်တလောထွက်ပေါ်လာမှုတွေက အင်္ဂလန်သားရဲ့အနာဂတ်အတွက် ဆုံးဖြတ်ချက်ချရဖို့ ဖြစ်လာချိန်မှာ ဂျေဒွန် ဆန်ချိုရဲ့လမ်းစဥ်ကို လိုက်သင့်တယ်လို့ အကြံပြုခံထားရ။

အေစီမီလန်အသင်းမှာ အငှားချခံထားရတဲ့ ချယ်လ်ဆီးကစားသမားတိုမိုရီဟာ ဆန်စီရိုကို အပြီးသတ်ပြောင်းရွှေ့သွားခဲ့ပြီလို့ နာမည်ကြီး အပြောင်းအရွှေ့ဂုရု ဖာဘရီဇီယို ရိုမာနိုက အတည်ပြုသွားခဲ့ပြီး ၄ ကြိမ်အထိ အငှားထွက်ကစားခဲ့ရတဲ့ ချယ်လ်ဆီးအကယ်ဒမီထွက်ကစားသမားကို ပြောင်းရွှေ့ကြေးပေါင် ၂၄ သန်းနဲ့ စာချုပ်ချုပ်ဆိုနိိုင်ခဲ့ခြင်းဖြစ်။

ချယ်လ်ဆီးအသင်းဟာ ဒေါ့မန်အသင်းရဲ့ ဂိုးသွင်းစက် အာလင်း ဟာလန်းကို ခေါ်ယူဖို့ ခြေလှမ်းကို နောက်တဆင့်မြှင့်တင်လာခဲ့ပြီဖြစ်ပြီး နော်ဝေသားကို ချဥ်းကပ်မှုတွေမှာ ဒီအသင်းနဲ့ တူဟယ်လ်ရဲ့လက်အောက်မှာ ကစားရမယ်ဆိုတာ သူ့ရဲ့ဆန္ဒနဲ့ဘဝ တထပ်တည်းကျနေတယ်လို့ ခံစားချက်ပွင့်အံလာချိန်မှာ အသင်းပိုင်ရှင်အေဘရာမိုဗစ်ချ်ရဲ့ တန်ကြေး ပေါင်သန်း ၁၅၀ ကို ရက်ရက်ရောရောထုတ်သုံးသွားမှာဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အကောင်းမြင်ခံထားရ။

ချယ်လ်ဆီးအသင်းဟာ အင်တာမီလန်ကစားသမား ဟာကီမီကို တရားဝင်ကမ်းလှမ်းလိုက်ပြီဖြစ်ကြောင်း ဒီမာဇီယိုသတင်းက ဖော်ပြသွားခဲ့သလို အပြိုင်လိုက်နေတဲ့ PSG ကို ကျော်ဖြတ်ပြီး ပြောင်းရွေ့ကြေး ပေါင်သန်း ၅၀ ဝန်းကျင်သုံးစွဲဖို့ ရှိနေချိန်မှာ အီမာဆန်နဲ့ ခရစ္စတန်ဆန်တို့ တစ်ဦးကိုပါ အလိုက်ပေးသွားဖို့လည်းရှိနေ။

ချယ်လ်ဆီးကွင်းလယ်လူအန်ဂိုလို ကွန်တေဟာ ဒီနှစ်ရဲ့ ဘလွန်ဒေါဆုရှင်ဖြစ်မယ်ဆိုတဲ့ မစားရဝခမန်း ခန့်မှန်းချက်တွေကို ခပ်ပြတ်ပြတ် ပယ်ချသွားခဲ့ပြီး ဘောလုံးရာသီ ၆ လကြာ ကစားရဖို့ ရှိနေသေးတာမို့ အခုချိန်မှာ လေသံပစ်ပြီး အရသာခံနေတာတွေကို လက်ခံသွားမှာမဟုတ်သလို ပြင်သစ်အသင်းနဲ့ ယူရိုချန်ပီယံဖြစ်ဖို့သာ ပစ်မှတ်ထားအာရုံစိုက်နေကြောင်းပြောသွား။

ချန်ပီယံလိဂ်ချန်ပီယံဖြစ်ခဲ့ပြီးတဲ့ တီမို ဗာနာစာ ဘယ်သူမှ ထင်မှတ်မထားလောက်အောင် ပေါက်ကွဲအားပြင်းတဲ့ ဗာနာအသစ်စက်စက်ဖြစ်လာလိမ့်မယ်လို့ ဂျာမနီလက်ရွေးစင်အသင်းဖော်ဟောင်းဂျရေမီ ဘိုတန်က သုံးသပ်ချီးကျူးသွားခဲ့ပြီး လာမယ့်ယူရိုပြိုင်ပွဲမှာ ကျားတကောင်လို မာန်ဖီပြီး ဆာလောင်နေတဲ့ ပုံစံကို မြင်ရလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်။

ကွန်တေရဲ့ ချယ်လ်ဆီးအသင်းမှာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ပရိသတ်တွေကို အမှာ​ပါးသွားခဲ့ပြီး အသက် ၃၀ အရွယ်ကွင်းလယ်လူဟာ သူ့အနေနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကို စွန့်ခွာလိုစိတ်မရှိတဲ့သူဖြစ်တယ်လို့ ဝန်ခံခဲ့ပြီး ၅ နှစ်တာ သံ​ယောဇဥ်ကြီးခဲ့တဲ့အသင်းနဲ့အတူ အောင်မြင်မှုအသစ်တွေကို စိန်ခေါ်သွားလိုကြောင်း ပြောကြားလိုက်ချိန်မှာ ယူနိုက်တက်တိုက်စစ်မှူးဟောင်းဝိန်းရွန်နီက ကွန်တေဟာ ယာယာ တိုရေးနဲ့ မက်ခေလေလေကို ပေါင်းစပ်ထားတဲ့ လက်ရှိကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူလို့ ချီးကျူးသွား။

လာမယ့်ရာသီသစ်မှာ ဂိုးပိုသွင်းသွားမယ်လို့ မေဆန်မောင့်က ပရိသတ်တွေကို ကတိပေးသွားခဲ့ပြီး ချယ်လ်ဆီးအတွက် အနိမ့်ဆုံး ၁၀ ဂိုးသွင်းမှာဖြစ်တယ်လို့ ကြုံးဝါးသွားခဲ့သလို ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ညိုကတော့ သူ့ကို ဘောလုံးဉာဏ်ကြီးရှင်တဦးဖြစ်တယ်လို့ ညွှန်းသွားခဲ့ကာ မိမိဟာ မောင့်ရဲ့ပရိသတ်ဖြစ်တယ်လို့ ဝန်ခံသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လာဇီယိုနည္းျပသစ္အျဖစ္ ခန္႔အပ္ခံရဖြယ္ရွိေနတယ္လို႔ သတင္းေတြေျပးေနတဲ့ ခ်ယ္လ္ဆီးနည္းျပေဟာင္းဆာရီဟာ တူဟယ္လ္ကို ေတာင္းဆိုမႈ ျပဳလုပ္သြားဖြယ္ရွိေနၿပီး တပည့္ေဟာင္းမားကို႔စ္ အလြန္ဆိုနဲ႔ ေလာ့ဖ္တပ္စ္ခ်ိခ္တို႔ကို ဒီေႏြရာသီမွာ လာဇီယိုအတြက္ အတြဲလိုက္ ေခၚယူသြားဖို႔ရွိေနတယ္လို႔ သိရွိရ။

ခ်ယ္လ္ဆီးအသင္းနဲ႔ ေတာင္ပံတိုက္စစ္မႉးဟပ္ဆန္ အိုဒြိဳင္းကို ေရာင္းခ်သြားဖို႔ ကမ္းလွမ္းမႈေတြကို တံခါးဖြင့္လိုက္ၿပီလို႔ သိရွိထားရၿပီး သူ႔ကို အဓိကစိတ္ဝင္စားေနသူက ဂ်ာမန္ဘီလူး ဘိုင္ယန္ျမဴးနစ္ျဖစ္တယ္လို႔ လတ္တေလာထြက္ေပၚလာမႈေတြက အဂၤလန္သားရဲ႕အနာဂတ္အတြက္ ဆုံးျဖတ္ခ်က္ခ်ရဖို႔ ျဖစ္လာခ်ိန္မွာ ေဂ်ဒြန္ ဆန္ခ်ိဳရဲ႕လမ္းစဥ္ကို လိုက္သင့္တယ္လို႔ အႀကံျပဳခံထားရ။

ေအစီမီလန္အသင္းမွာ အငွားခ်ခံထားရတဲ့ ခ်ယ္လ္ဆီးကစားသမားတိုမိုရီဟာ ဆန္စီ႐ိုကို အၿပီးသတ္ေျပာင္းေ႐ႊ႕သြားခဲ့ၿပီလို႔ နာမည္ႀကီး အေျပာင္းအေ႐ႊ႕ဂု႐ု ဖာဘရီဇီယို ႐ိုမာႏိုက အတည္ျပဳသြားခဲ့ၿပီး ၄ ႀကိမ္အထိ အငွားထြက္ကစားခဲ့ရတဲ့ ခ်ယ္လ္ဆီးအကယ္ဒမီထြက္ကစားသမားကို ေျပာင္းေ႐ႊ႕ေၾကးေပါင္ ၂၄ သန္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုနိိုင္ခဲ့ျခင္းျဖစ္။

ခ်ယ္လ္ဆီးအသင္းဟာ ေဒါ့မန္အသင္းရဲ႕ ဂိုးသြင္းစက္ အာလင္း ဟာလန္းကို ေခၚယူဖို႔ ေျခလွမ္းကို ေနာက္တဆင့္ျမႇင့္တင္လာခဲ့ၿပီျဖစ္ၿပီး ေနာ္ေဝသားကို ခ်ဥ္းကပ္မႈေတြမွာ ဒီအသင္းနဲ႔ တူဟယ္လ္ရဲ႕လက္ေအာက္မွာ ကစားရမယ္ဆိုတာ သူ႔ရဲ႕ဆႏၵနဲ႔ဘဝ တထပ္တည္းက်ေနတယ္လို႔ ခံစားခ်က္ပြင့္အံလာခ်ိန္မွာ အသင္းပိုင္ရွင္ေအဘရာမိုဗစ္ခ်္ရဲ႕ တန္ေၾကး ေပါင္သန္း ၁၅၀ ကို ရက္ရက္ေရာေရာထုတ္သုံးသြားမွာျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ႕ အေကာင္းျမင္ခံထားရ။

ခ်ယ္လ္ဆီးအသင္းဟာ အင္တာမီလန္ကစားသမား ဟာကီမီကို တရားဝင္ကမ္းလွမ္းလိုက္ၿပီျဖစ္ေၾကာင္း ဒီမာဇီယိုသတင္းက ေဖာ္ျပသြားခဲ့သလို အၿပိဳင္လိုက္ေနတဲ့ PSG ကို ေက်ာ္ျဖတ္ၿပီး ေျပာင္းေ႐ြ႕ေၾကး ေပါင္သန္း ၅၀ ဝန္းက်င္သုံးစြဲဖို႔ ရွိေနခ်ိန္မွာ အီမာဆန္နဲ႔ ခရစၥတန္ဆန္တို႔ တစ္ဦးကိုပါ အလိုက္ေပးသြားဖို႔လည္းရွိေန။

ခ်ယ္လ္ဆီးကြင္းလယ္လူအန္ဂိုလို ကြန္ေတဟာ ဒီႏွစ္ရဲ႕ ဘလြန္ေဒါဆုရွင္ျဖစ္မယ္ဆိုတဲ့ မစားရဝခမန္း ခန္႔မွန္းခ်က္ေတြကို ခပ္ျပတ္ျပတ္ ပယ္ခ်သြားခဲ့ၿပီး ေဘာလုံးရာသီ ၆ လၾကာ ကစားရဖို႔ ရွိေနေသးတာမို႔ အခုခ်ိန္မွာ ေလသံပစ္ၿပီး အရသာခံေနတာေတြကို လက္ခံသြားမွာမဟုတ္သလို ျပင္သစ္အသင္းနဲ႔ ယူ႐ိုခ်န္ပီယံျဖစ္ဖို႔သာ ပစ္မွတ္ထားအာ႐ုံစိုက္ေနေၾကာင္းေျပာသြား။

ခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္ခဲ့ၿပီးတဲ့ တီမို ဗာနာစာ ဘယ္သူမွ ထင္မွတ္မထားေလာက္ေအာင္ ေပါက္ကြဲအားျပင္းတဲ့ ဗာနာအသစ္စက္စက္ျဖစ္လာလိမ့္မယ္လို႔ ဂ်ာမနီလက္ေ႐ြးစင္အသင္းေဖာ္ေဟာင္းဂ်ေရမီ ဘိုတန္က သုံးသပ္ခ်ီးက်ဴးသြားခဲ့ၿပီး လာမယ့္ယူ႐ိုၿပိဳင္ပြဲမွာ က်ားတေကာင္လို မာန္ဖီၿပီး ဆာေလာင္ေနတဲ့ ပုံစံကို ျမင္ရလိမ့္မယ္လို႔ ေဟာကိန္းထုတ္လိုက္။

ကြန္ေတရဲ႕ ခ်ယ္လ္ဆီးအသင္းမွာ သူ႔ရဲ႕အနာဂတ္နဲ႔ ပတ္သက္လို႔ ပရိသတ္ေတြကို အမွာ​ပါးသြားခဲ့ၿပီး အသက္ ၃၀ အ႐ြယ္ကြင္းလယ္လူဟာ သူ႔အေနနဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္ကို စြန္႔ခြာလိုစိတ္မရွိတဲ့သူျဖစ္တယ္လို႔ ဝန္ခံခဲ့ၿပီး ၅ ႏွစ္တာ သံ​ေယာဇဥ္ႀကီးခဲ့တဲ့အသင္းနဲ႔အတူ ေအာင္ျမင္မႈအသစ္ေတြကို စိန္ေခၚသြားလိုေၾကာင္း ေျပာၾကားလိုက္ခ်ိန္မွာ ယူႏိုက္တက္တိုက္စစ္မႉးေဟာင္းဝိန္း႐ြန္နီက ကြန္ေတဟာ ယာယာ တိုေရးနဲ႔ မက္ေခေလေလကို ေပါင္းစပ္ထားတဲ့ လက္ရွိကမာၻ႔အေကာင္းဆုံးကြင္းလယ္လူလို႔ ခ်ီးက်ဴးသြား။

လာမယ့္ရာသီသစ္မွာ ဂိုးပိုသြင္းသြားမယ္လို႔ ေမဆန္ေမာင့္က ပရိသတ္ေတြကို ကတိေပးသြားခဲ့ၿပီး ခ်ယ္လ္ဆီးအတြက္ အနိမ့္ဆုံး ၁၀ ဂိုးသြင္းမွာျဖစ္တယ္လို႔ ႀကဳံးဝါးသြားခဲ့သလို ခ်ယ္လ္ဆီးနည္းျပေဟာင္း ဗမာ္ရင္ညိဳကေတာ့ သူ႔ကို ေဘာလုံးဉာဏ္ႀကီးရွင္တဦးျဖစ္တယ္လို႔ ၫႊန္းသြားခဲ့ကာ မိမိဟာ ေမာင့္ရဲ႕ပရိသတ္ျဖစ္တယ္လို႔ ဝန္ခံသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.