Premier League

9 Jun နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဂျူဗင်တပ်စ်အသင်းကနေ အတ္တလန်တာအသင်းဆီ အငှားချထားတဲ့ နောက်ခံလူ ခရစ္စတီယန် ရိုမဲရိုးကို ခေါ်ယူနိုင်ဖို့ အရှိန်မြှင့် ကြိုးစားနေပြီး အာဂျင်တီးနားသားရဲ့ အပြောင်းအရွှေ့က သူ့ကို ယူရို ၁၆ သန်းနဲ့ ခေါ်ယူခွင့်ရှိထားတဲ့ အတ္တလန်တာအတွက်ကြောင့် အနည်းငယ်ရှုပ်ထွေးဖွယ်ရှိနေ။

– ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းအနေနဲ့ သူတို့ရဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို ရောင်းချဖို့အတွက် ဇူလိုင်လကုန်အထိပဲ အခွင့်အရေး ပေးသွားမှာဖြစ်ပြီး ဒီကြားထဲမှာ နှစ်လအတွင်း သဘောတူညီမှု မရှိရင်တော့ နောက်တစ်ရာသီ ဆက်လက် ထိန်းသိမ်းသွားမှာဖြစ်ကြောင်း ယူနိုက်တက်ဘက်ကို သတိပေး။

– ပြီးခဲ့တဲ့ ဘူလ်ဂေးရီးယားနဲ့ပွဲမှာ ပွဲချိန်ပြည့် မိနစ် ၉၀ လုံးလုံး ပါဝင်ကစားသွားခဲ့ပြီး ခြေစွမ်းပြ ပေးပို့မှုတွေ ပြုလုပ်နိုင်ခဲ့တဲ့ ကွင်းလယ်လူ ပေါ့ဘာရဲ့ ပြင်သစ်အသင်းနဲ့ စွမ်းဆောင်ရည်တွေကို ယူနိုက်တက် ပရိသတ်တွေက သဘောကျနေကြပြီး အသင်းမှ ဆက်လက် ထိန်းသိမ်းဖို့ ဆန္ဒပြုနေကြ။

– မန်ချက်စတာယူနိုက်တက်ရဲ့ နွေရာသီ ကစားသမားခေါ်ယူမှုတွေကို စောင့်ကြည့်ပြီးမှ စာချုပ်သက်တမ်းတိုးမယ်လို့ ဆိုထားခဲ့ပြီး ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်အနေနဲ့ သူ့ရဲ့ စံပြကစားသမား ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ကလပ်အသင်းမှာ တွဲကစားခွင့်ကို ရချင်သေးကြောင်း အရိပ်အမြွက်ဆိုသွားခဲ့။

– ဝက်စ်ဟမ်းယူနိုက်တက်အသင်းအနေနဲ့ ယူနိုက်တက်ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်ကို အပြီးသတ်ခေါ်ယူဖို့ ကြိုးစားနေပေမယ့် အိုးလ်ထရက်ဖို့ဒ်ဘက်က တောင်းဆိုတဲ့ ဈေးကြောင့် ခက်ခဲနေချိန်မှာ နည်းပြ ဒေးဗစ် မွိုက်စ်အနေနဲ့ ဂဠုန်ဆားချက်ဖို့ စီစဉ်နေပြီး နောက်ထပ်တစ်ရာသီ အငှားနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေ။

– ယူရို ၂၀၂၀ ပြိုင်ပွဲဝင် နယ်သာလန်အသင်းနဲ့ လေ့ကျင့်နေခဲ့တဲ့ ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်အနေနဲ့ ဒဏ်ရာကြောင့် ရုန်းကန်နေကြောင်း လက်ရွေးစင်အသင်းနည်းပြ ဖရန့် ဒီဘိုးက အတည်ပြုလိုက်ပြီး မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြန်လည်စေလွှတ်လိုက်ပြီလို့ သိရ။

– စပါးစ်အသင်းကနေ ထွက်ခွာပြီး မန်ချက်စတာယူနိုက်တက်နဲ့ စီးတီးနှစ်သင်းအနက် တစ်သင်းကို ရွေးချယ်ရဖို့ ရှိနေတဲ့ တိုက်စစ်မှူး ဟာရီကိန်းအတွက် နည်းပြဟောင်း ဂျိုဆေး မော်ရင်ညိုက အကြံပေးလိုက်ပြီး ပိုပျော်မယ့်အသင်းမျိုးကို ရွေးသင့်တယ်လို့ ဆိုခဲ့တာကြောင့် အထောင်တိုက်စစ်မှူးတွေ ရုန်းကန်ရလေ့ရှိတဲ့ အစ်တီဟတ်အစား အိုးလ်ထရက်ဖို့ဒ်ကို တွန်းပို့သလိုမျိုးဖြစ်လာ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ စီးရီးအေ ဖီအိုရင်တီးနားအသင်းမှာ ခြေစွမ်းပြသနေတဲ့ တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ချ်ကို ဈေးသက်သာတဲ့ ရွေးချယ်စရာတစ်ခုအဖြစ် စောင့်ကြည့်နေပြီး ဟာရီကိန်းနဲ့ ဟားလန်းတို့အတွက် ခက်ခဲမယ်ဆိုရင် ဆားဘီးယားသားကို ပြောင်းလဲခေါ်ယူသွားဖွယ်ရှိနေ။

– ဘာစီလိုနာအသင်းအနေနဲ့ ယူနိုက်တက်တို့ရဲ့ ရေဒါထဲက တောင်ပံတိုက်စစ်မှူး အူစမန် ဒမ်ဘီလီကို ရောင်းချသွားဖို့ အစီအစဉ်ထဲမှာ ထည့်သွင်းထားတယ်လို့ ထုတ်ဖော်သွားခဲ့ပြီး အသက် ၂၄ နှစ်အရွယ် တောင်ပံကစားသမားကို ယူရိုသန်း ၅၀ ကနေ ၆၀ ကြားမှာ လက်လွှတ်သွားဖို့ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဂ်ဴဗင္တပ္စ္အသင္းကေန အတၱလန္တာအသင္းဆီ အငွားခ်ထားတဲ့ ေနာက္ခံလူ ခရစၥတီယန္ ႐ိုမဲ႐ိုးကို ေခၚယူႏိုင္ဖို႔ အရွိန္ျမႇင့္ ႀကိဳးစားေနၿပီး အာဂ်င္တီးနားသားရဲ႕ အေျပာင္းအေ႐ႊ႕က သူ႔ကို ယူ႐ို ၁၆ သန္းနဲ႔ ေခၚယူခြင့္ရွိထားတဲ့ အတၱလန္တာအတြက္ေၾကာင့္ အနည္းငယ္ရႈပ္ေထြးဖြယ္ရွိေန။

– ဂ်ာမန္ဘြန္ဒက္စ္လီဂါကလပ္ ေဒါ့မြန္အသင္းအေနနဲ႔ သူတို႔ရဲ႕ ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ိဳကို ေရာင္းခ်ဖို႔အတြက္ ဇူလိုင္လကုန္အထိပဲ အခြင့္အေရး ေပးသြားမွာျဖစ္ၿပီး ဒီၾကားထဲမွာ ႏွစ္လအတြင္း သေဘာတူညီမႈ မရွိရင္ေတာ့ ေနာက္တစ္ရာသီ ဆက္လက္ ထိန္းသိမ္းသြားမွာျဖစ္ေၾကာင္း ယူႏိုက္တက္ဘက္ကို သတိေပး။

– ၿပီးခဲ့တဲ့ ဘူလ္ေဂးရီးယားနဲ႔ပြဲမွာ ပြဲခ်ိန္ျပည့္ မိနစ္ ၉၀ လုံးလုံး ပါဝင္ကစားသြားခဲ့ၿပီး ေျခစြမ္းျပ ေပးပို႔မႈေတြ ျပဳလုပ္ႏိုင္ခဲ့တဲ့ ကြင္းလယ္လူ ေပါ့ဘာရဲ႕ ျပင္သစ္အသင္းနဲ႔ စြမ္းေဆာင္ရည္ေတြကို ယူႏိုက္တက္ ပရိသတ္ေတြက သေဘာက်ေနၾကၿပီး အသင္းမွ ဆက္လက္ ထိန္းသိမ္းဖို႔ ဆႏၵျပဳေနၾက။

– မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေႏြရာသီ ကစားသမားေခၚယူမႈေတြကို ေစာင့္ၾကည့္ၿပီးမွ စာခ်ဳပ္သက္တမ္းတိုးမယ္လို႔ ဆိုထားခဲ့ၿပီး ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္အေနနဲ႔ သူ႔ရဲ႕ စံျပကစားသမား ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ကလပ္အသင္းမွာ တြဲကစားခြင့္ကို ရခ်င္ေသးေၾကာင္း အရိပ္အႁမြက္ဆိုသြားခဲ့။

– ဝက္စ္ဟမ္းယူႏိုက္တက္အသင္းအေနနဲ႔ ယူႏိုက္တက္ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္ကို အၿပီးသတ္ေခၚယူဖို႔ ႀကိဳးစားေနေပမယ့္ အိုးလ္ထရက္ဖို႔ဒ္ဘက္က ေတာင္းဆိုတဲ့ ေဈးေၾကာင့္ ခက္ခဲေနခ်ိန္မွာ နည္းျပ ေဒးဗစ္ မြိဳက္စ္အေနနဲ႔ ဂဠဳန္ဆားခ်က္ဖို႔ စီစဥ္ေနၿပီး ေနာက္ထပ္တစ္ရာသီ အငွားနဲ႔ ေခၚယူဖို႔ ျပင္ဆင္ေန။

– ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲဝင္ နယ္သာလန္အသင္းနဲ႔ ေလ့က်င့္ေနခဲ့တဲ့ ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္အေနနဲ႔ ဒဏ္ရာေၾကာင့္ ႐ုန္းကန္ေနေၾကာင္း လက္ေ႐ြးစင္အသင္းနည္းျပ ဖရန႔္ ဒီဘိုးက အတည္ျပဳလိုက္ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းဆီ ျပန္လည္ေစလႊတ္လိုက္ၿပီလို႔ သိရ။

– စပါးစ္အသင္းကေန ထြက္ခြာၿပီး မန္ခ်က္စတာယူႏိုက္တက္နဲ႔ စီးတီးႏွစ္သင္းအနက္ တစ္သင္းကို ေ႐ြးခ်ယ္ရဖို႔ ရွိေနတဲ့ တိုက္စစ္မႉး ဟာရီကိန္းအတြက္ နည္းျပေဟာင္း ဂ်ိဳေဆး ေမာ္ရင္ညိဳက အႀကံေပးလိုက္ၿပီး ပိုေပ်ာ္မယ့္အသင္းမ်ိဳးကို ေ႐ြးသင့္တယ္လို႔ ဆိုခဲ့တာေၾကာင့္ အေထာင္တိုက္စစ္မႉးေတြ ႐ုန္းကန္ရေလ့ရွိတဲ့ အစ္တီဟတ္အစား အိုးလ္ထရက္ဖို႔ဒ္ကို တြန္းပို႔သလိုမ်ိဳးျဖစ္လာ။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ စီးရီးေအ ဖီအိုရင္တီးနားအသင္းမွာ ေျခစြမ္းျပသေနတဲ့ တိုက္စစ္မႉး ဒူဆန္ ဗလာဟိုဗစ္ခ်္ကို ေဈးသက္သာတဲ့ ေ႐ြးခ်ယ္စရာတစ္ခုအျဖစ္ ေစာင့္ၾကည့္ေနၿပီး ဟာရီကိန္းနဲ႔ ဟားလန္းတို႔အတြက္ ခက္ခဲမယ္ဆိုရင္ ဆားဘီးယားသားကို ေျပာင္းလဲေခၚယူသြားဖြယ္ရွိေန။

– ဘာစီလိုနာအသင္းအေနနဲ႔ ယူႏိုက္တက္တို႔ရဲ႕ ေရဒါထဲက ေတာင္ပံတိုက္စစ္မႉး အူစမန္ ဒမ္ဘီလီကို ေရာင္းခ်သြားဖို႔ အစီအစဥ္ထဲမွာ ထည့္သြင္းထားတယ္လို႔ ထုတ္ေဖာ္သြားခဲ့ၿပီး အသက္ ၂၄ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားကို ယူ႐ိုသန္း ၅၀ ကေန ၆၀ ၾကားမွာ လက္လႊတ္သြားဖို႔ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.