Premier League Transfer News

9 Jun နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းက အလိုရှိနေတဲ့ ကွင်းလယ်လူတွေထဲက တစ်ဦးဖြစ်တဲ့ ဘရိုက်တန်ကစားသမား အိဗ်စ် ဘီဆူးမားအနေနဲ့ အသင်း ပြောင်းရွှေ့လိုနေပြီး အမ်းမရိတ်ဘက်က အခြေအနေကို စုံစမ်းဖို့ သူ့ရဲ့ အေးဂျင့်ဖြစ်သူကို တာဝန်ပေးလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်လာ။

– ဝုလ်ဗာဟမ့်ပ်တန်ကွင်းလယ်လူ ရူဘင် နီဗက်စ်ကို ကမ်းလှမ်းဖို့ အမြန်ဆုံးလုပ်ဆောင်နေတယ်လို့ သတင်းထွက်လာချိန်မှာ ပရိသတ်တွေအနေနဲ့ ပေါင်သန်း ၃၀ ဝန်းကျင်ကိုတော့ တတ်နိုင်ကောင်းပါရဲ့လို့ မျှော်လင့်နေကြပြီး ပေါ်တူဂီနဲ့ ပရီးမီးယားလိဂ်စီနီယာ ဂျိုဆေး ဖွန်တေကတော့ ဒီလို အရည်အသွေးမြင့်ကစားသမားအတွက် ပြောင်းရွှေ့သင့်တဲ့ နေရာသစ်လို့ ထောက်ခံသွား။

– ဂျူဗင်တပ်စ်အသင်းအနေနဲ့ အာဆင်နယ်အသင်းက ထွက်ခွာတော့မယ်လို့ သတင်းပြေးနေတဲ့ ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်ကို ခေါ်ယူလိုနေပြီး သူတို့ရဲ့ ကွင်းလယ်လူ အာရွန် ရမ်ဆေးနဲ့ အလိုက်ပေးကမ်းလှမ်းသွားဖို့ ရှိနေပြီး နည်းပြ အာတီတာဘက်ကတော့ ပိုမိုငယ်ရွယ်တဲ့ ကစားသမားမျိုးကိုပဲ အလိုရှိနေ။

– ကွင်းလယ်လူ အိန်းစလီ မိတ်လန်းနိုင်းလ်စ်က သူ့ရဲ့ အနာဂတ်က ဘာဆိုတာ ရှင်းရှင်းလင်းလင်း သိရအောင် အာဆင်နယ်အသင်းဆီ တောင်းဆိုလိုက်ပြီး လက်ရှိမှာ သူ့ကို ဝုလ်ဗ်စ်အသင်းက စိတ်ဝင်စားနေတဲ့အတွက် ရူဘင် နီဗက်စ်ရဲ့ အပြောင်းအရွှေ့တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်သွားမလားဆိုတာ စိတ်ဝင်စားစရာဖြစ်လာ။

– အာဆင်နယ်အသင်းကို လွှဲပြောင်းဝယ်ယူဖို့ ပေါင် ၁.၈ သန်းနဲ့ ပထမအကြိမ် ကမ်းလှမ်းမှုက ခရိုယန်ကီတွေရဲ့ ပယ်ချခံခဲ့ရအပြီးမှာ ဆွီဒင်ဘီလီယံနာ ဒန်နီယယ်လ် အီယက်ခ်အနေနဲ့ ပေါင် ၂ သန်းအထက် တန်ဖိုးရှိမယ့် ကမ်းလှမ်းမှုကို ဒုတိယမြောက် လုပ်ဆောင်သွားဖို့ ပြင်ဆင်နေ။

– အာဆင်နယ်အသင်းအနေနဲ့ လက်ရှိဂိုးသမားတွေကို အားမရကြောင်းနဲ့ နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ဒီနေရာကို အားဖြည့်ပြီး လူသစ်ခေါ်ယူသွားဖို့ ပြင်ဆင်နေတာ မှန်ကန်ကြောင်း ဗြိတိန်အပြောင်းအရွှေ့ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဒန်ကန် ကတ်ဆယ်လ်က အတည်ပြုသွားခဲ့။

– ဟက်တာ ဘယ်လာရင်ကို ခေါ်ယူလိုနေတဲ့ ရီးရဲလ်ဘက်တစ်အသင်းရဲ့ ကွင်းလယ်တိုက်စစ်သမား နာဘီလ် ဖီကီယာကို အာဆင်နယ်အသင်းဘက်က စိတ်ဝင်စားမှု ပြန်လည်ပြသခဲ့ပေမယ့် ပရိသတ်တွေအတွက်တော့ စိုးရိမ်စရာဖြစ်နေပြီး နောက်ဆုံး လေးရာသီမှာ ပြိုင်ပွဲစုံ ပွဲ ၄၀ ထက် ပိုမကစားဖူးတဲ့ ပြင်သစ်သားရဲ့ ဒဏ်ရာအလွန် ကြံ့ခိုင်မှုအခြေအနေက အင်္ဂလိပ်ဘောလုံးလောကရဲ့ ပွဲစိပ်မှုနဲ့ မေးခွန်းထုတ်စရာဖြစ်နေ။

– ဘယ်လာရင်ကို ခေါ်ယူလိုနေတဲ့ အသင်းတွေထဲမှာ စပိန်ကလပ်အသင်းတွေလည်း ထပ်တိုးလာခဲ့ပြီး အက်သလက်တီကို မက်ဒရစ်၊ ဘက်တစ်ရဲ့ မြို့ခံပြိုင်ဘက် ဆီဗီလာနဲ့ ယူရိုပါလိဂ်ချန်ပီယံ အာဆင်နယ်နည်းပြဟောင်း အူနိုင်း အမ်မရီ ကိုင်တွယ်နေတဲ့ ဗီလာရီးရဲလ်အသင်းတွေလည်း ပါဝင်လာ။

– ကွင်းလယ်လူ ဂရာနစ် ချာကာရဲ့ အာဆင်နယ်ကစားသမားဘဝ ပြီးဆုံးဖို့ နီးကပ်လာနေသလို ရိုးမားနဲ့ နှစ်သင်းကြား အဆင်ပြေမယ့် သဘောတူညီမှု ရရှိဖို့ နီးစပ်လာခဲ့ပြီး ၂၀၂၀ ဆောင်းရာသီတုန်းက ပြောခဲ့တဲ့ သူ့ရဲ့ ဒီအသင်းနဲ့ သံယောဇဉ်က ပြီးဆုံးသွားခဲ့ပြီး နည်းပြ အာတီတာအတွက် ကစားပေးနေတာပဲဖြစ်တယ်ဆိုတဲ့ စကားက အသက်ဝင်လာခဲ့။

– အိုလံပီယာကော့စ်ကို ထွက်ခွာတော့မယ်လို့ သတင်းပြေးနေတဲ့ လူငယ်တောင်ပံကစားသမား ရီးစ် နယ်လ်ဆန်အနေနဲ့ သူ့ရဲ့ ဦးတည်ချက်ကို ပြောင်းလဲသွားနိုင်ပြီး ဟော့ဖန်ဟိုင်းမ်နဲ့ အောင်မြင်ခဲ့ဖူးတဲ့ ဘွန်ဒက်စ်လီဂါဘက်က အသင်းသုံးလေးသင်းရဲ့ စိတ်ဝင်စားမှုတွေ ရရှိထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းက အလိုရွိေနတဲ့ ကြင္းလယ္လူေတြထဲက တစ္ဦးျဖစ္တဲ့ ဘ႐ိုက္တန္ကစားသမား အိဗ္စ္ ဘီဆူးမားအေနနဲ႔ အသင္း ေျပာင္းေ႐ႊ႕လိုေနၿပီး အမ္းမရိတ္ဘက္က အေျခအေနကို စုံစမ္းဖို႔ သူ႔ရဲ႕ ေအးဂ်င့္ျဖစ္သူကို တာဝန္ေပးလိုက္ၿပီလို႔ သတင္းေတြ ထြက္ေပၚလာ။

– ဝုလ္ဗာဟမ့္ပ္တန္ကြင္းလယ္လူ ႐ူဘင္ နီဗက္စ္ကို ကမ္းလွမ္းဖို႔ အျမန္ဆုံးလုပ္ေဆာင္ေနတယ္လို႔ သတင္းထြက္လာခ်ိန္မွာ ပရိသတ္ေတြအေနနဲ႔ ေပါင္သန္း ၃၀ ဝန္းက်င္ကိုေတာ့ တတ္ႏိုင္ေကာင္းပါရဲ႕လို႔ ေမွ်ာ္လင့္ေနၾကၿပီး ေပၚတူဂီနဲ႔ ပရီးမီးယားလိဂ္စီနီယာ ဂ်ိဳေဆး ဖြန္ေတကေတာ့ ဒီလို အရည္အေသြးျမင့္ကစားသမားအတြက္ ေျပာင္းေ႐ႊ႕သင့္တဲ့ ေနရာသစ္လို႔ ေထာက္ခံသြား။

– ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ အာဆင္နယ္အသင္းက ထြက္ခြာေတာ့မယ္လို႔ သတင္းေျပးေနတဲ့ ညာေနာက္ခံလူ ဟက္တာ ဘယ္လာရင္ကို ေခၚယူလိုေနၿပီး သူတို႔ရဲ႕ ကြင္းလယ္လူ အာ႐ြန္ ရမ္ေဆးနဲ႔ အလိုက္ေပးကမ္းလွမ္းသြားဖို႔ ရွိေနၿပီး နည္းျပ အာတီတာဘက္ကေတာ့ ပိုမိုငယ္႐ြယ္တဲ့ ကစားသမားမ်ိဳးကိုပဲ အလိုရွိေန။

– ကြင္းလယ္လူ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္က သူ႔ရဲ႕ အနာဂတ္က ဘာဆိုတာ ရွင္းရွင္းလင္းလင္း သိရေအာင္ အာဆင္နယ္အသင္းဆီ ေတာင္းဆိုလိုက္ၿပီး လက္ရွိမွာ သူ႔ကို ဝုလ္ဗ္စ္အသင္းက စိတ္ဝင္စားေနတဲ့အတြက္ ႐ူဘင္ နီဗက္စ္ရဲ႕ အေျပာင္းအေ႐ႊ႕တစ္စိတ္တစ္ပိုင္းအျဖစ္ ပါဝင္သြားမလားဆိုတာ စိတ္ဝင္စားစရာျဖစ္လာ။

– အာဆင္နယ္အသင္းကို လႊဲေျပာင္းဝယ္ယူဖို႔ ေပါင္ ၁.၈ သန္းနဲ႔ ပထမအႀကိမ္ ကမ္းလွမ္းမႈက ခ႐ိုယန္ကီေတြရဲ႕ ပယ္ခ်ခံခဲ့ရအၿပီးမွာ ဆြီဒင္ဘီလီယံနာ ဒန္နီယယ္လ္ အီယက္ခ္အေနနဲ႔ ေပါင္ ၂ သန္းအထက္ တန္ဖိုးရွိမယ့္ ကမ္းလွမ္းမႈကို ဒုတိယေျမာက္ လုပ္ေဆာင္သြားဖို႔ ျပင္ဆင္ေန။

– အာဆင္နယ္အသင္းအေနနဲ႔ လက္ရွိဂိုးသမားေတြကို အားမရေၾကာင္းနဲ႔ နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ဒီေနရာကို အားျဖည့္ၿပီး လူသစ္ေခၚယူသြားဖို႔ ျပင္ဆင္ေနတာ မွန္ကန္ေၾကာင္း ၿဗိတိန္အေျပာင္းအေ႐ႊ႕ကြၽမ္းက်င္သူတစ္ဦးျဖစ္တဲ့ ဒန္ကန္ ကတ္ဆယ္လ္က အတည္ျပဳသြားခဲ့။

– ဟက္တာ ဘယ္လာရင္ကို ေခၚယူလိုေနတဲ့ ရီးရဲလ္ဘက္တစ္အသင္းရဲ႕ ကြင္းလယ္တိုက္စစ္သမား နာဘီလ္ ဖီကီယာကို အာဆင္နယ္အသင္းဘက္က စိတ္ဝင္စားမႈ ျပန္လည္ျပသခဲ့ေပမယ့္ ပရိသတ္ေတြအတြက္ေတာ့ စိုးရိမ္စရာျဖစ္ေနၿပီး ေနာက္ဆုံး ေလးရာသီမွာ ၿပိဳင္ပြဲစုံ ပြဲ ၄၀ ထက္ ပိုမကစားဖူးတဲ့ ျပင္သစ္သားရဲ႕ ဒဏ္ရာအလြန္ ႀကံ့ခိုင္မႈအေျခအေနက အဂၤလိပ္ေဘာလုံးေလာကရဲ႕ ပြဲစိပ္မႈနဲ႔ ေမးခြန္းထုတ္စရာျဖစ္ေန။

– ဘယ္လာရင္ကို ေခၚယူလိုေနတဲ့ အသင္းေတြထဲမွာ စပိန္ကလပ္အသင္းေတြလည္း ထပ္တိုးလာခဲ့ၿပီး အက္သလက္တီကို မက္ဒရစ္၊ ဘက္တစ္ရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ ဆီဗီလာနဲ႔ ယူ႐ိုပါလိဂ္ခ်န္ပီယံ အာဆင္နယ္နည္းျပေဟာင္း အူႏိုင္း အမ္မရီ ကိုင္တြယ္ေနတဲ့ ဗီလာရီးရဲလ္အသင္းေတြလည္း ပါဝင္လာ။

– ကြင္းလယ္လူ ဂရာနစ္ ခ်ာကာရဲ႕ အာဆင္နယ္ကစားသမားဘဝ ၿပီးဆုံးဖို႔ နီးကပ္လာေနသလို ႐ိုးမားနဲ႔ ႏွစ္သင္းၾကား အဆင္ေျပမယ့္ သေဘာတူညီမႈ ရရွိဖို႔ နီးစပ္လာခဲ့ၿပီး ၂၀၂၀ ေဆာင္းရာသီတုန္းက ေျပာခဲ့တဲ့ သူ႔ရဲ႕ ဒီအသင္းနဲ႔ သံေယာဇဥ္က ၿပီးဆုံးသြားခဲ့ၿပီး နည္းျပ အာတီတာအတြက္ ကစားေပးေနတာပဲျဖစ္တယ္ဆိုတဲ့ စကားက အသက္ဝင္လာခဲ့။

– အိုလံပီယာေကာ့စ္ကို ထြက္ခြာေတာ့မယ္လို႔ သတင္းေျပးေနတဲ့ လူငယ္ေတာင္ပံကစားသမား ရီးစ္ နယ္လ္ဆန္အေနနဲ႔ သူ႔ရဲ႕ ဦးတည္ခ်က္ကို ေျပာင္းလဲသြားႏိုင္ၿပီး ေဟာ့ဖန္ဟိုင္းမ္နဲ႔ ေအာင္ျမင္ခဲ့ဖူးတဲ့ ဘြန္ဒက္စ္လီဂါဘက္က အသင္းသုံးေလးသင္းရဲ႕ စိတ္ဝင္စားမႈေတြ ရရွိထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.