Premier League Transfer News

8 Jun နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အက်သလက်တီကို မက်ဒရစ်ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ကို တရားဝင် ချိတ်ဆက် စုံစမ်းလာခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင် ၁၁၅၀၀၀ ရရှိနေတဲ့ ၂၆ နှစ်သားအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ လုပ်ခနှစ်ဆနဲ့အထက် ရရှိနိုင်။

– ဂျေဒန် ဆန်ချိုအတွက် ဒေါ့မွန်ဘက်က ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ နဲ့ အနာဂတ်ခံစားခွင့်တွေ အလိုရှိနေချိန်မှာ ယူနိုက်တက်တို့အနေနဲ့ သဘောတူညီမှု ရယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိလာခဲ့ပြီး အက်ဒ် ဝုဒ်ဝဒ်နဲ့ တာဝန်ရှိသူတွေ ပြီးမြောက်အောင်မြင်ဖို့ လုပ်ဆောင်နိုင်ဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အသင်းမှာ အနာဂတ် မရေရာသေးတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကြောင့် အာရုံများနေရပြီး တိုက်စစ်နဲ့ ခံစစ်ပစ်မှတ်တွေကို အရှိန်မြှင့် ကြိုးစားရမယ့်အစား လက်စတာစီးတီးရဲ့ ကွင်းလယ်လူ ယူရီ တီးလီးမန်းစ်ရဲ့ အနေအထားကိုပါ စောင့်ကြည့်နေရ။

– ရိုမေးနီးယားနဲ့ ချစ်ကြည်ရေးပွဲမှာ ပင်နယ်တီကနေ ဂိုးသွင်းယူနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်အနေနဲ့ သူ့ရဲ့ ကလပ်နဲ့ နိုင်ငံပွဲစဉ်တွေ စုစုပေါင်းမှာ ဂိုး ၁၀၀ ပြည့်သွားခဲ့ပြီး သရဲနီတွေအတွက် ၈၈ ဂိုးနဲ့ ခြင်္သေ့သုံးကောင်တို့အတွက် ၁၂ ဂိုး သွင်းယူနိုင်ခဲ့။

– အာဆင်နယ်အသင်းကလည်း ချိတ်ဆက်နေခဲ့တဲ့ အက်သလက်တီကိုနောက်ခံလူ ကီရန် ထရစ်ပီယာအတွက် ယူနိုက်တက်တို့ရဲ့ ကမ်းလှမ်းမှုက လာမယ့်ရက်ပိုင်းအတွင်း စတင်ဖွယ်ရှိနေပြီး အင်္ဂလန်လက်ရွေးစင်အနေနဲ့ နိုင်ငံအနောက်မြောက်ပိုင်းဒေသမှာ အိမ်ရှာနေပြီလို့လည်း မီဒီယာတွေက ဖော်ပြခဲ့ကြ။

– မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်၊ အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတွေက စိတ်ဝင်စားနေခဲ့တဲ့ အင်္ဂလန်နောက်ခံလူ ဘန်ဝှိုက်အတွက် ဘရိုက်တန်ဘက်က ပေါင်သန်း ၅၀ သတ်မှတ်လိုက်ပြီး ခေါ်ယူဖို့အတွက်တော့ ဈေးနှုန်းအရ နှစ်ခါပြန်စဉ်းစားရဖွယ်ရှိလာ။

– ပြီးခဲ့တဲ့ ရာသီက အတ္တလန်တာအသင်းမှာ အငှားနဲ့ သွားရောက်ကစားပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ အာဂျင်တီးနားနောက်ခံလူ ခရစ္စတီယန် ရိုမဲရိုးအတွက် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ မိခင်ကလပ် ဂျူဗင်တပ်စ်အသင်းဆီ ပေါင် ၃၉ သန်းနဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေ။

– ယူနိုက်တက်တို့အနေနဲ့ အာလင်း ဟားလန်းကို ခေါ်ယူနိုင်ဖို့အတွက် ချဲလ်ဆီးအသင်းရဲ့ ရန်ကို ခုခံတွန်းလှန်ရဖွယ်ရှိနေပြီး နည်းပြ သောမတ်စ် တူဟယ်လ်၊ အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကားယာတို့အနေနဲ့ ဒေါ့မွန်တိုက်စစ်မှူးကို အလျင်အမြန် ကမ်းလှမ်းဖို့ ရှိနေချိန်မှာ အိုးလ်ထရက်ဖို့ဒ် တာဝန်ရှိသူတွေအနေနဲ့ ဆန်ချိုကိစ္စကို အမြန်အပြတ်ဖြတ်ရဖို့ တွန်းအားဖြစ်လာ။

– ဥရောပ ဘောလုံးအချက်အလက်နဲ့ စာရင်းအင်း လေ့လာရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CIES ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ တန်ဖိုး သတ်မှတ်မှုမှာ ယူနိုက်တက်ကစားသမား သုံးဦးအနေနဲ့ ယူရိုသန်း ၁၅၀ အနည်းဆုံး တန်ကြေးရှိခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်က ၁၅၄ သန်း၊ မားကပ်စ် ရက်ရှ်ဖို့ဒ်က ၁၅၉ သန်းနဲ့ မေဆန် ဂရင်းဝုဒ်က ၁၇၈ သန်း အသီးသီးတန်ကြေးရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ အက္သလက္တီကို မက္ဒရစ္ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္ကို တရားဝင္ ခ်ိတ္ဆက္ စုံစမ္းလာခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး တစ္ပတ္လုပ္ခ ေပါင္ ၁၁၅၀၀၀ ရရွိေနတဲ့ ၂၆ ႏွစ္သားအေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ လုပ္ခႏွစ္ဆနဲ႔အထက္ ရရွိႏိုင္။

– ေဂ်ဒန္ ဆန္ခ်ိဳအတြက္ ေဒါ့မြန္ဘက္က ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၈၀ နဲ႔ အနာဂတ္ခံစားခြင့္ေတြ အလိုရွိေနခ်ိန္မွာ ယူႏိုက္တက္တို႔အေနနဲ႔ သေဘာတူညီမႈ ရယူႏိုင္ဖို႔ အနီးစပ္ဆုံး အေျခအေနကို ေရာက္ရွိလာခဲ့ၿပီး အက္ဒ္ ဝုဒ္ဝဒ္နဲ႔ တာဝန္ရွိသူေတြ ၿပီးေျမာက္ေအာင္ျမင္ဖို႔ လုပ္ေဆာင္ႏိုင္ဖြယ္ရွိေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ အသင္းမွာ အနာဂတ္ မေရရာေသးတဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာေၾကာင့္ အာ႐ုံမ်ားေနရၿပီး တိုက္စစ္နဲ႔ ခံစစ္ပစ္မွတ္ေတြကို အရွိန္ျမႇင့္ ႀကိဳးစားရမယ့္အစား လက္စတာစီးတီးရဲ႕ ကြင္းလယ္လူ ယူရီ တီးလီးမန္းစ္ရဲ႕ အေနအထားကိုပါ ေစာင့္ၾကည့္ေနရ။

– ႐ိုေမးနီးယားနဲ႔ ခ်စ္ၾကည္ေရးပြဲမွာ ပင္နယ္တီကေန ဂိုးသြင္းယူႏိုင္ခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္အေနနဲ႔ သူ႔ရဲ႕ ကလပ္နဲ႔ ႏိုင္ငံပြဲစဥ္ေတြ စုစုေပါင္းမွာ ဂိုး ၁၀၀ ျပည့္သြားခဲ့ၿပီး သရဲနီေတြအတြက္ ၈၈ ဂိုးနဲ႔ ျခေသၤ့သုံးေကာင္တို႔အတြက္ ၁၂ ဂိုး သြင္းယူႏိုင္ခဲ့။

– အာဆင္နယ္အသင္းကလည္း ခ်ိတ္ဆက္ေနခဲ့တဲ့ အက္သလက္တီကိုေနာက္ခံလူ ကီရန္ ထရစ္ပီယာအတြက္ ယူႏိုက္တက္တို႔ရဲ႕ ကမ္းလွမ္းမႈက လာမယ့္ရက္ပိုင္းအတြင္း စတင္ဖြယ္ရွိေနၿပီး အဂၤလန္လက္ေ႐ြးစင္အေနနဲ႔ ႏိုင္ငံအေနာက္ေျမာက္ပိုင္းေဒသမွာ အိမ္ရွာေနၿပီလို႔လည္း မီဒီယာေတြက ေဖာ္ျပခဲ့ၾက။

– မန္ခ်က္စတာယူႏိုက္တက္၊ လီဗာပူးလ္၊ အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးအသင္းေတြက စိတ္ဝင္စားေနခဲ့တဲ့ အဂၤလန္ေနာက္ခံလူ ဘန္ဝႈိက္အတြက္ ဘ႐ိုက္တန္ဘက္က ေပါင္သန္း ၅၀ သတ္မွတ္လိုက္ၿပီး ေခၚယူဖို႔အတြက္ေတာ့ ေဈးႏႈန္းအရ ႏွစ္ခါျပန္စဥ္းစားရဖြယ္ရွိလာ။

– ၿပီးခဲ့တဲ့ ရာသီက အတၱလန္တာအသင္းမွာ အငွားနဲ႔ သြားေရာက္ကစားၿပီး ေျခစြမ္းျပႏိုင္ခဲ့တဲ့ အာဂ်င္တီးနားေနာက္ခံလူ ခရစၥတီယန္ ႐ိုမဲ႐ိုးအတြက္ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ မိခင္ကလပ္ ဂ်ဴဗင္တပ္စ္အသင္းဆီ ေပါင္ ၃၉ သန္းနဲ႔ ကမ္းလွမ္းသြားဖို႔ ျပင္ဆင္ေန။

– ယူႏိုက္တက္တို႔အေနနဲ႔ အာလင္း ဟားလန္းကို ေခၚယူႏိုင္ဖို႔အတြက္ ခ်ဲလ္ဆီးအသင္းရဲ႕ ရန္ကို ခုခံတြန္းလွန္ရဖြယ္ရွိေနၿပီး နည္းျပ ေသာမတ္စ္ တူဟယ္လ္၊ အေျပာင္းအေ႐ႊ႕အႀကီးအကဲ မာရီနာ ဂရာေနာ့ဗ္စကားယာတို႔အေနနဲ႔ ေဒါ့မြန္တိုက္စစ္မႉးကို အလ်င္အျမန္ ကမ္းလွမ္းဖို႔ ရွိေနခ်ိန္မွာ အိုးလ္ထရက္ဖို႔ဒ္ တာဝန္ရွိသူေတြအေနနဲ႔ ဆန္ခ်ိဳကိစၥကို အျမန္အျပတ္ျဖတ္ရဖို႔ တြန္းအားျဖစ္လာ။

– ဥေရာပ ေဘာလုံးအခ်က္အလက္နဲ႔ စာရင္းအင္း ေလ့လာေရး အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ CIES ရဲ႕ ေနာက္ဆုံးထုတ္ျပန္ခ်က္အရ တန္ဖိုး သတ္မွတ္မႈမွာ ယူႏိုက္တက္ကစားသမား သုံးဦးအေနနဲ႔ ယူ႐ိုသန္း ၁၅၀ အနည္းဆုံး တန္ေၾကးရွိခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္က ၁၅၄ သန္း၊ မားကပ္စ္ ရက္ရွ္ဖို႔ဒ္က ၁၅၉ သန္းနဲ႔ ေမဆန္ ဂရင္းဝုဒ္က ၁၇၈ သန္း အသီးသီးတန္ေၾကးရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.