Premier League

မိုဒရစ် အမုန်းခံခဲ့ရသလို ကွန်တေ ဓားစာခံဖြစ်တော့မယ့် ဘလွန်ဒေါနှစ်လား?

ချယ်လ်ဆီးကွင်းလယ်ခံစစ်ကစားသမား အန်ဂိုလို ကွန်တေသာ ဘလွန်ဒေါဆုနဲ့ ထိုက်တန်တယ်ဆိုရင် ချန်ပီယံလိဂ် ၃ နှစ်ဆက်ချန်ပီယံဖြစ်ခဲ့တဲ့ ရီးရဲလ်အသင်းရဲ့ ကွင်းလယ်အဖျက်ကစားသမား ကက်စမဲရိုးက ဒီဆုကို ၂ ကြိမ်ထက်မနည်းရသင့်ခဲ့ပြီးပြီဆိုတဲ့ အမုန်းစကားတွေ ပျံ့နှံ့လာချိန်မှာ ပြင်သစ်သားအတွက် အရာရာကို အချိန်ကသာ အဆုံးအဖြတ်ပေးသွားဖွယ်ရာ ရှိနေပါတယ်။

ရော်နယ်လ်ဒိုအရမ်းကောင်းခဲ့တဲ့နှစ်မှာ ၂၀၁၈ ခုနှစ် ဘလွန်ဒေါဆုရှင်ဟာ သူမဟုတ်ခဲ့ဘဲ မိုဒရစ်ကို အပ်နှင်းခဲ့ခြင်းမှာ ဘောလုံးပရိသတ်တွေ အခုချိန်ထိ အငြင်းပွားနေရာဆဲဖြစ်ပြီး တကယ်လည်း အဲဒီအချိန်က ခရိုအေးရှားကွင်းလယ်လူဟာ တကမ္ဘာလုံးရဲ့ အချစ်တော်ကစားသမားဘဝကနေ ပြောင်းပြန်လန်ကျသွားခဲ့တာ ဖြစ်ပါတယ်။

ဘလွန်ဒေါဆုရပြီးမှ ကမ္ဘာ့အမုန်းအခံရဆုံးဘွဲ့ကိုပါ လက်ခံလိုက်ရတဲ့ မိုဒရစ်ရဲ့အဖြစ်မှာ​တော့ ဒါဟာ သူ့အပြစ်မဟုတ်ခဲ့ပေမယ့် ရော်နယ်လ်ဒိုနဲ့ မက်ဆီကို ဗဟိုပြုပြီး လည်ပတ်နေတဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆိုတဲ့ စင်မြင့်ကတော့ တခြားလူသစ်တွေကို လက်ခံဖို့ ခဲယဥ်းနေတာပါ။

လက်ရှိမှာတော့ ဒီနှစ် ဘလွန်ဒေါဆုရှင်အဖြစ် ထိပ်ဆုံးက ရေပန်းစားလာတဲ့ အန်ဂိုလို ကွန်တေဟာ အဆိုပါကဆိုးမှုမျိုးကို ရင်ဆိုင်နေရပြီလို့ ဝေဖန်မှုတွေ ရှိလာချိန်မှာ မမေ့သင့်တဲ့တချက်က ပါရီမြို့ရဲ့လမ်းမတွေပေါ်မှာ အမှိုက်ကောက်ပြီး အသက်မွေးဝမ်းကျောင်းခဲ့ရတဲ့ သူ့အတွက်ကတော့ ဂုဏ်ဒြပ်၊ ဆုတံဆိပ်တွေဆိုတာ ဘောလုံးကစားပွဲတခုရဲ့ အလှအပရဲ့ မိုင်အဝေးတနေရာမှာ ရှိနေကြောင်း ဆုဖလားအောင်ပွဲခံမှုတွေမှာ သူက ရှက်ရွံ့စွာနဲ့ သက်သေပြခဲ့ပြီးဖြစ်တယ်။

ရော်နယ်လ်ဒိုရဲ့ စွမ်းဆောင်ရည်က အရမ်းကောင်းခဲ့လို့ ဘလွန်ဒေါကို အပိုင်တွက်ထားခဲ့ကြတဲ့ ကမ္ဘာတလွှားက အစွန်းရောကပရိသတ်တွေက မိုဒရစ်ကို မုန်းတီးခဲ့ကြချိန်မှာ ကွန်တေကတော့ ဒီလိုမုန်းတီးဖို့ မဖြစ်နိုင်လောက်အောင်ကို ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် GOAT တွေ မပါဝင်တော့တဲ့ ချန်ပီယံလိဂ်ကွာတားအဆင့်ကနေ တောက်လျှောက်ခြေစွမ်းပြခဲ့ပြီး တောက်ပလာခဲ့တာဖြစ်ပါတယ်။

ပေါ့ဘာရဲ့အဆိုအရ ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့နှစ်ဦး ကြီးစိုးလွှမ်းမိုးထားလွန်းတဲ့ ကမ္ဘာ့ဘောလုံးလောကဟာ အသင်းတသင်းရဲ့ အသက်သွေးကြောဖြစ်တဲ့ ကွင်းလယ်ကစားသမားတွေရဲ့ အခန်းကဏ္ဍကို မှေးမှိန်စေခဲ့လို့ ဒီနှစ်မှာ ပြည်တန်ပတ္တမြားတလုံးလို ဘောလုံးကွင်းထဲက ကစားသမားတဦးရဲ့ တန်ဖိုးအစစ်အမှန်ကို အရှိအရှိအတိုင်း မြင်တွေ့ခွင့်ရစေခဲ့တဲ့ ကွန်တေရဲ့ တောက်ပမှုအတွက် ဂုဏ်ယူကြောင်း ပြောသွားခဲ့ပါတယ်။

သူ့ရဲ့ သဘောမှာတော့ ကွန်တေကသာ ဒီနှစ်ဘလွန်ဒေါဆုရှင် ခြွင်းချက်မရှိ သတ်မှတ်ခံထားရပြီး ပြင်သစ်နည်းပြဒေးရွှမ့်ကတော့ ဂိုးမသွင်းနိုင်တဲ့ ကစားသမားတွေက ဘလွန်ဒေါဆုရှင်ဖြစ်ဖို့ အခွင့်အရေးနည်းပါးလွန်းလို့ ကွန်တေအနေနဲ့ ပြင်သစ်အသင်းနဲ့ ယူရိုချန်ပီယံဖြစ်လာမှာသာ ဒီဆုကို မျှော်မှန်းနိုင်မယ်လို့ လူကြီးလူကောင်းဆန်ဆန် သုံးသပ်သွားခဲ့ခြင်းကလည်း ဘောလုံးပရိသတ်တွေ အတော်များများရဲ့ အ​ငြင်းအခုံကိုလည်း ပြေလည်ကောင်းပြေလည်စေနိုင်လိမ့်မယ်လို့ ယူဆမိကြောင်း တင်ဆက်ပေးလိုက်ရချိန်မှာ ကလေးတယောက်လို ရိုးရှင်းဖြူစင်လွန်းတဲ့ ကွန်တေကတော့ ဒီအဖြစ်အပျက်၊ အရှုပ်အထွေးတွေအားလုံးကို ပြုံးဖြီးဖြီးကြီးသာ ထိုင်ကြည့်နေမှာဖြစ်ကြောင်း မြင်ယောင်မိနေကြောင်း ပြောပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ယ္လ္ဆီးကြင္းလယ္ခံစစ္ကစားသမား အန္ဂိုလို ကြန္ေတသာ ဘလြန္ေဒါဆုနဲ႔ ထိုက္တန္တယ္ဆိုရင္ ခ်န္ပီယံလိဂ္ ၃ ႏွစ္ဆက္ခ်န္ပီယံျဖစ္ခဲ့တဲ့ ရီးရဲလ္အသင္းရဲ႕ ကြင္းလယ္အဖ်က္ကစားသမား ကက္စမဲ႐ိုးက ဒီဆုကို ၂ ႀကိမ္ထက္မနည္းရသင့္ခဲ့ၿပီးၿပီဆိုတဲ့ အမုန္းစကားေတြ ပ်ံ႕ႏွံ႔လာခ်ိန္မွာ ျပင္သစ္သားအတြက္ အရာရာကို အခ်ိန္ကသာ အဆုံးအျဖတ္ေပးသြားဖြယ္ရာ ရွိေနပါတယ္။

ေရာ္နယ္လ္ဒိုအရမ္းေကာင္းခဲ့တဲ့ႏွစ္မွာ ၂၀၁၈ ခုႏွစ္ ဘလြန္ေဒါဆုရွင္ဟာ သူမဟုတ္ခဲ့ဘဲ မိုဒရစ္ကို အပ္ႏွင္းခဲ့ျခင္းမွာ ေဘာလုံးပရိသတ္ေတြ အခုခ်ိန္ထိ အျငင္းပြားေနရာဆဲျဖစ္ၿပီး တကယ္လည္း အဲဒီအခ်ိန္က ခ႐ိုေအးရွားကြင္းလယ္လူဟာ တကမာၻလုံးရဲ႕ အခ်စ္ေတာ္ကစားသမားဘဝကေန ေျပာင္းျပန္လန္က်သြားခဲ့တာ ျဖစ္ပါတယ္။

ဘလြန္ေဒါဆုရၿပီးမွ ကမာၻ႔အမုန္းအခံရဆုံးဘြဲ႕ကိုပါ လက္ခံလိုက္ရတဲ့ မိုဒရစ္ရဲ႕အျဖစ္မွာ​ေတာ့ ဒါဟာ သူ႔အျပစ္မဟုတ္ခဲ့ေပမယ့္ ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီကို ဗဟိုျပဳၿပီး လည္ပတ္ေနတဲ့ ကမာၻ႔အေကာင္းဆုံးကစားသမားဆိုတဲ့ စင္ျမင့္ကေတာ့ တျခားလူသစ္ေတြကို လက္ခံဖို႔ ခဲယဥ္းေနတာပါ။

လက္ရွိမွာေတာ့ ဒီႏွစ္ ဘလြန္ေဒါဆုရွင္အျဖစ္ ထိပ္ဆုံးက ေရပန္းစားလာတဲ့ အန္ဂိုလို ကြန္ေတဟာ အဆိုပါကဆိုးမႈမ်ိဳးကို ရင္ဆိုင္ေနရၿပီလို႔ ေဝဖန္မႈေတြ ရွိလာခ်ိန္မွာ မေမ့သင့္တဲ့တခ်က္က ပါရီၿမိဳ႕ရဲ႕လမ္းမေတြေပၚမွာ အမႈိက္ေကာက္ၿပီး အသက္ေမြးဝမ္းေက်ာင္းခဲ့ရတဲ့ သူ႔အတြက္ကေတာ့ ဂုဏ္ျဒပ္၊ ဆုတံဆိပ္ေတြဆိုတာ ေဘာလုံးကစားပြဲတခုရဲ႕ အလွအပရဲ႕ မိုင္အေဝးတေနရာမွာ ရွိေနေၾကာင္း ဆုဖလားေအာင္ပြဲခံမႈေတြမွာ သူက ရွက္႐ြံ႕စြာနဲ႔ သက္ေသျပခဲ့ၿပီးျဖစ္တယ္။

ေရာ္နယ္လ္ဒိုရဲ႕ စြမ္းေဆာင္ရည္က အရမ္းေကာင္းခဲ့လို႔ ဘလြန္ေဒါကို အပိုင္တြက္ထားခဲ့ၾကတဲ့ ကမာၻတလႊားက အစြန္းေရာကပရိသတ္ေတြက မိုဒရစ္ကို မုန္းတီးခဲ့ၾကခ်ိန္မွာ ကြန္ေတကေတာ့ ဒီလိုမုန္းတီးဖို႔ မျဖစ္ႏိုင္ေလာက္ေအာင္ကို ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ GOAT ေတြ မပါဝင္ေတာ့တဲ့ ခ်န္ပီယံလိဂ္ကြာတားအဆင့္ကေန ေတာက္ေလွ်ာက္ေျခစြမ္းျပခဲ့ၿပီး ေတာက္ပလာခဲ့တာျဖစ္ပါတယ္။

ေပါ့ဘာရဲ႕အဆိုအရ ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီတို႔ႏွစ္ဦး ႀကီးစိုးလႊမ္းမိုးထားလြန္းတဲ့ ကမာၻ႔ေဘာလုံးေလာကဟာ အသင္းတသင္းရဲ႕ အသက္ေသြးေၾကာျဖစ္တဲ့ ကြင္းလယ္ကစားသမားေတြရဲ႕ အခန္းက႑ကို ေမွးမွိန္ေစခဲ့လို႔ ဒီႏွစ္မွာ ျပည္တန္ပတၱျမားတလုံးလို ေဘာလုံးကြင္းထဲက ကစားသမားတဦးရဲ႕ တန္ဖိုးအစစ္အမွန္ကို အရွိအရွိအတိုင္း ျမင္ေတြ႕ခြင့္ရေစခဲ့တဲ့ ကြန္ေတရဲ႕ ေတာက္ပမႈအတြက္ ဂုဏ္ယူေၾကာင္း ေျပာသြားခဲ့ပါတယ္။

သူ႔ရဲ႕ သေဘာမွာေတာ့ ကြန္ေတကသာ ဒီႏွစ္ဘလြန္ေဒါဆုရွင္ ႁခြင္းခ်က္မရွိ သတ္မွတ္ခံထားရၿပီး ျပင္သစ္နည္းျပေဒး႐ႊမ့္ကေတာ့ ဂိုးမသြင္းႏိုင္တဲ့ ကစားသမားေတြက ဘလြန္ေဒါဆုရွင္ျဖစ္ဖို႔ အခြင့္အေရးနည္းပါးလြန္းလို႔ ကြန္ေတအေနနဲ႔ ျပင္သစ္အသင္းနဲ႔ ယူ႐ိုခ်န္ပီယံျဖစ္လာမွာသာ ဒီဆုကို ေမွ်ာ္မွန္းႏိုင္မယ္လို႔ လူႀကီးလူေကာင္းဆန္ဆန္ သုံးသပ္သြားခဲ့ျခင္းကလည္း ေဘာလုံးပရိသတ္ေတြ အေတာ္မ်ားမ်ားရဲ႕ အ​ျငင္းအခုံကိုလည္း ေျပလည္ေကာင္းေျပလည္ေစႏိုင္လိမ့္မယ္လို႔ ယူဆမိေၾကာင္း တင္ဆက္ေပးလိုက္ရခ်ိန္မွာ ကေလးတေယာက္လို ႐ိုးရွင္းျဖဴစင္လြန္းတဲ့ ကြန္ေတကေတာ့ ဒီအျဖစ္အပ်က္၊ အရႈပ္အေထြးေတြအားလုံးကို ၿပဳံးၿဖီးၿဖီးႀကီးသာ ထိုင္ၾကည့္ေနမွာျဖစ္ေၾကာင္း ျမင္ေယာင္မိေနေၾကာင္း ေျပာပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.