Premier League

ပေါင်မုန့်လို ခံစစ်ကြောင့် ဒဟဲယား တရားခံဖြစ်နေတာလို့ ဆိုးလ်ရှားကို နည်းပြဟောင်းအပြစ်တင်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမား ဒေးဗစ် ဒဟဲဟားရဲ့ ဂိုးနည်းပြဟောင်းတဦးဖြစ်တဲ့ ဂါဘီနို ရိုဒရီးရက်ဇ်က အသင်းရဲ့ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ် ကျဆုံးမှုတွေမှာ သူ့တပည့်ရဲ့ စနက်ကြောင့်လို့ အပြစ်ပုံချခံနေရတာဟာ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားရဲ့ ပေါင်မုန့်ထက်တောင် ပျော့ညံ့လွန်းတဲ့ ခံစစ်ညံ့ဖျင်းမှုက အဓိကတရားခံဖြစ်ကြောင်း အပြစ်တင်သွားခဲ့ပါတယ်။

ယူနိက်တက်အသင်းရဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲ ပြိုလဲမှုမှာ ပင်နယ်တီမဝင်ခဲ့တဲ့ ဒဟဲယားရဲ့ အမှားလို့ ကဲ့ရဲ့သမုတ်နေကြပေမယ့် အဖြစ်မှန်ကတော့ အခြေမခိုင်တဲ့တည်ဆောက်ပုံဖြစ်တယ်လို့ သူက ဆိုသွားခဲ့တာဖြစ်ပြီး အောင်မြင်မှုမရခြင်းဟာ ဒဟဲယားရဲ့ လက်စွမ်းကျဆင်းမှုကြောင့် မဟုတ်ဘဲ နည်းပြရဲ့ အသင်းတည်ဆောက်မှုမှာ ဖြတ်လမ်းလိုက်ခဲ့တဲ့ လွဲမှားမှုဒဏ်ကို ခံနေရတာလို့ ချက်ကောင်းကို ထိုးနှက်သွားခဲ့ပါတယ်။

ဒဟဲဟားနဲ့အတူ စပိန် ယူ-၂၁ အသင်းမှာ တွဲခဲ့ဖူးတဲ့ ရိုဒရီးရက်ဇ်အနေနဲ့ နော်ဝေသားရဲ့ အသင်းအောင်မြင်မှုအတွက် အာမခံချက်မရှိတဲ့ လုပ်ဆောင်မှုတွေကို မျက်မုန်းကျိုးကာ ပြင်းပြင်းထန်ထန် ထိုးနှက်သွားခဲ့တာဖြစ်ပြီး တသင်းလုံးထက်စာရင် ကာဗာနီက အကောင်းဆုံးခံစစ်မှူးဖြစ်တယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။

“အသင်းတသင်းဆိုတာ နည်းပြရဲ့ စရိုက်ကို ပြသနေတာပဲ။ အညှာအတာမဲ့ကစားခဲ့တဲ့ ဆာအဲလက်စ်ရဲ့ အသင်းနဲ့ ခင်ဗျား ပြန်ယှဥ်ကြည့်လိုက်ဗျာ။ လက်ရှိအသင်းက ပေါင်မုန့်ထက်တောင် ပျော့ညံလွန်းသေးတယ်ဗျာ။ အဓိကပြဿနာက သူတို့ခံစစ်ရဲ့ ညံ့ဖျင်းမှုပဲ။ ဒဟဲယားက ဒီအကျိုးဆက်တွေကို ခံစားနေရတာပါ။ ယူနိုက်တက်မှာ ခင်ဗျားကြည့်လိုက်ဦး… ကွင်းလယ်နဲ့ ခံစစ်ကြားက နေရာလွတ်နဲ့ ယိုပေါက်တွေက ဟောင်းလောင်းတွေချည်းပဲ”

“ဘယ်လိုလုပ် ဂိုးသမားက ဒါတွေကို အကုန်ကိုင်တွယ်နိုင်မှာတုန်း။ ဗဟိုခံစစ်မှူးနှစ်ယောက်က လေးလွန်း၊ နှေးကွေးလွန်းတယ်။ ပြိုင်ဘက်အသင်းတွေက အထာနပ်နေကြပြီ။ ဒီချို့ယွင်းချက်တွေကြောင့်ပဲ အသင်းရဲ့ အရည်အသွေးအမြင့်ဆုံး ဂိုးသမားဖြစ်တဲ့ ဒဟဲယားရဲ့ တန်ဖိုးက လျော့ကျသွားခဲ့တာပါ။ ကျွန်တော်အတွက်တော့ ဆိုးလ်ရှားရဲ့ ကစားကွက်က ပုံကို မလာပါဘူး”လို့ ဆိုခဲ့တာပါ။

ဒါ့အပြင် သူ့အနေနဲ့ လက်ရှိယူနိုက်တက်အသင်းဟာ ဆာအဲလက်စ် ဖာဂူဆန်ရဲ့အသင်းနဲ့ များစွာခြားနားသွားခဲ့ပြီဖြစ်သလို ဆုံး​ဖြတ်ချက် ပိုင်းဖြတ်မှု အားနည်းလွန်း​​ပြီး အသင်းတသင်းမှာ လိုအပ်တဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု၊ သတ္တိနဲ့ မာကျောမှုတွေ ပျောက်ဆုံးခဲ့ပြီဖြစ်ကြောင်း ထောက်ပြသွားခဲ့သလို ဈေးကြီးပေးပြီး ခေါ်ယူထားတဲ့ ခံစစ်မှူးတွေဟာ အလုပ်မဖြစ်တဲ့သူတွေလို့ စွပ်စွဲသွားခဲ့တာပါ။

“ယူနိုက်တက်ခေတ်ဟောင်းကို ခင်ဗျားပြန်ကြည့်လိုက်။ ပေါလ်စခိုးလ်နဲ့ ရွိုင်ကိိန်းတို့က ကွင်းလယ်မှာတင် အုပ်စိုးနေရုံ မဟုတ်ဘူး။ လိုအပ်တဲ့ ခပ်ကြမ်းကြမ်းဖျက်ထုတ်မှုတွေ ပြုလုပ်တယ်။ ဘောလုံးကို ခံစစ်အထိ ပေါက်မသွားအောင် ကျောရိုးတိုင်တခုလို ကာကွယ်ပေးထားကြတယ်။ ဒီအသင်းမှာတော့ ဒီအလုပ်ကို လုပ်နေတာက ကာဗာနီတယောက်ပဲရှိတယ်။ သူက အကောင်းဆုံးခံစစ်မှူးဖြစ်နေတယ်”လို့ ရိုဒရီဂွက်ဇ်က သူ့အမြင်ကို ဖွင့်ချခဲ့ပြီး ပရိသတ်တွေကြးကို ဆူးလှည်းမောင်းဝင်ခဲ့တာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဂိုးသမား ေဒးဗစ္ ဒဟဲဟားရဲ႕ ဂိုးနည္းျပေဟာင္းတဦးျဖစ္တဲ့ ဂါဘီႏို ႐ိုဒရီးရက္ဇ္က အသင္းရဲ႕ ပရီးမီးယားလိဂ္နဲ႔ ယူ႐ိုပါလိဂ္ က်ဆုံးမႈေတြမွာ သူ႔တပည့္ရဲ႕ စနက္ေၾကာင့္လို႔ အျပစ္ပုံခ်ခံေနရတာဟာ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားရဲ႕ ေပါင္မုန္႔ထက္ေတာင္ ေပ်ာ့ညံ့လြန္းတဲ့ ခံစစ္ညံ့ဖ်င္းမႈက အဓိကတရားခံျဖစ္ေၾကာင္း အျပစ္တင္သြားခဲ့ပါတယ္။

ယူနိက္တက္အသင္းရဲ႕ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲ ၿပိဳလဲမႈမွာ ပင္နယ္တီမဝင္ခဲ့တဲ့ ဒဟဲယားရဲ႕ အမွားလို႔ ကဲ့ရဲ႕သမုတ္ေနၾကေပမယ့္ အျဖစ္မွန္ကေတာ့ အေျခမခိုင္တဲ့တည္ေဆာက္ပုံျဖစ္တယ္လို႔ သူက ဆိုသြားခဲ့တာျဖစ္ၿပီး ေအာင္ျမင္မႈမရျခင္းဟာ ဒဟဲယားရဲ႕ လက္စြမ္းက်ဆင္းမႈေၾကာင့္ မဟုတ္ဘဲ နည္းျပရဲ႕ အသင္းတည္ေဆာက္မႈမွာ ျဖတ္လမ္းလိုက္ခဲ့တဲ့ လြဲမွားမႈဒဏ္ကို ခံေနရတာလို႔ ခ်က္ေကာင္းကို ထိုးႏွက္သြားခဲ့ပါတယ္။

ဒဟဲဟားနဲ႔အတူ စပိန္ ယူ-၂၁ အသင္းမွာ တြဲခဲ့ဖူးတဲ့ ႐ိုဒရီးရက္ဇ္အေနနဲ႔ ေနာ္ေဝသားရဲ႕ အသင္းေအာင္ျမင္မႈအတြက္ အာမခံခ်က္မရွိတဲ့ လုပ္ေဆာင္မႈေတြကို မ်က္မုန္းက်ိဳးကာ ျပင္းျပင္းထန္ထန္ ထိုးႏွက္သြားခဲ့တာျဖစ္ၿပီး တသင္းလုံးထက္စာရင္ ကာဗာနီက အေကာင္းဆုံးခံစစ္မႉးျဖစ္တယ္လို႔လည္း ေျပာၾကားသြားခဲ့ပါတယ္။

“အသင္းတသင္းဆိုတာ နည္းျပရဲ႕ စ႐ိုက္ကို ျပသေနတာပဲ။ အညႇာအတာမဲ့ကစားခဲ့တဲ့ ဆာအဲလက္စ္ရဲ႕ အသင္းနဲ႔ ခင္ဗ်ား ျပန္ယွဥ္ၾကည့္လိုက္ဗ်ာ။ လက္ရွိအသင္းက ေပါင္မုန္႔ထက္ေတာင္ ေပ်ာ့ညံလြန္းေသးတယ္ဗ်ာ။ အဓိကျပႆနာက သူတို႔ခံစစ္ရဲ႕ ညံ့ဖ်င္းမႈပဲ။ ဒဟဲယားက ဒီအက်ိဳးဆက္ေတြကို ခံစားေနရတာပါ။ ယူႏိုက္တက္မွာ ခင္ဗ်ားၾကည့္လိုက္ဦး… ကြင္းလယ္နဲ႔ ခံစစ္ၾကားက ေနရာလြတ္နဲ႔ ယိုေပါက္ေတြက ေဟာင္းေလာင္းေတြခ်ည္းပဲ”

“ဘယ္လိုလုပ္ ဂိုးသမားက ဒါေတြကို အကုန္ကိုင္တြယ္ႏိုင္မွာတုန္း။ ဗဟိုခံစစ္မႉးႏွစ္ေယာက္က ေလးလြန္း၊ ေႏွးေကြးလြန္းတယ္။ ၿပိဳင္ဘက္အသင္းေတြက အထာနပ္ေနၾကၿပီ။ ဒီခ်ိဳ႕ယြင္းခ်က္ေတြေၾကာင့္ပဲ အသင္းရဲ႕ အရည္အေသြးအျမင့္ဆုံး ဂိုးသမားျဖစ္တဲ့ ဒဟဲယားရဲ႕ တန္ဖိုးက ေလ်ာ့က်သြားခဲ့တာပါ။ ကြၽန္ေတာ္အတြက္ေတာ့ ဆိုးလ္ရွားရဲ႕ ကစားကြက္က ပုံကို မလာပါဘူး”လို႔ ဆိုခဲ့တာပါ။

ဒါ့အျပင္ သူ႔အေနနဲ႔ လက္ရွိယူႏိုက္တက္အသင္းဟာ ဆာအဲလက္စ္ ဖာဂူဆန္ရဲ႕အသင္းနဲ႔ မ်ားစြာျခားနားသြားခဲ့ၿပီျဖစ္သလို ဆုံး​ျဖတ္ခ်က္ ပိုင္းျဖတ္မႈ အားနည္းလြန္း​​ၿပီး အသင္းတသင္းမွာ လိုအပ္တဲ့ စိတ္ဓာတ္ႀကံ့ခိုင္မႈ၊ သတၱိနဲ႔ မာေက်ာမႈေတြ ေပ်ာက္ဆုံးခဲ့ၿပီျဖစ္ေၾကာင္း ေထာက္ျပသြားခဲ့သလို ေဈးႀကီးေပးၿပီး ေခၚယူထားတဲ့ ခံစစ္မႉးေတြဟာ အလုပ္မျဖစ္တဲ့သူေတြလို႔ စြပ္စြဲသြားခဲ့တာပါ။

“ယူႏိုက္တက္ေခတ္ေဟာင္းကို ခင္ဗ်ားျပန္ၾကည့္လိုက္။ ေပါလ္စခိုးလ္နဲ႔ ႐ြိဳင္ကိိန္းတို႔က ကြင္းလယ္မွာတင္ အုပ္စိုးေန႐ုံ မဟုတ္ဘူး။ လိုအပ္တဲ့ ခပ္ၾကမ္းၾကမ္းဖ်က္ထုတ္မႈေတြ ျပဳလုပ္တယ္။ ေဘာလုံးကို ခံစစ္အထိ ေပါက္မသြားေအာင္ ေက်ာ႐ိုးတိုင္တခုလို ကာကြယ္ေပးထားၾကတယ္။ ဒီအသင္းမွာေတာ့ ဒီအလုပ္ကို လုပ္ေနတာက ကာဗာနီတေယာက္ပဲရွိတယ္။ သူက အေကာင္းဆုံးခံစစ္မႉးျဖစ္ေနတယ္”လို႔ ႐ိုဒရီဂြက္ဇ္က သူ႔အျမင္ကို ဖြင့္ခ်ခဲ့ၿပီး ပရိသတ္ေတြၾကးကို ဆူးလွည္းေမာင္းဝင္ခဲ့တာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.