Premier League Transfer News

8 Jun နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– စတုတ်စီးတီးအသင်းအနေနဲ့ သူတို့ရဲ့ လူငယ်ကြယ်ပွင့်နောက်ခံလူ နာသန် ကောလင်းစ်အတွက် ပေါင်သန်း ၂၀ အလိုရှိနေပြီး ဒါဟာလည်း ငယ်မွေးခြံပေါက်တွေရဲ့ သတ်မှတ်ချက်အရ များတယ်လို့ မဆိုနိုင်ချိန်မှာ အာဆင်နယ်ပရိသတ်တွေကတော့ တာဝန်ရှိသူ တွေကို ရီးစ် နယ်လ်ဆန် + ပေါင် ၅ သန်းနဲ့ ကမ်းလှမ်းဖို့ တိုက်တွန်းနေကြ။

– နော်ဝေကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂရိလက်ရွေးစင်အသင်းနဲ့ ဒုတိယမြောက်နိုင်ငံတကာပွဲကစားခွင့်ကို ရရှိပြီး ခြေစွမ်းပြခဲ့တဲ့ နောက်ခံလူ ဒီနို့စ် မာဗရိုပါနို့စ်ကို လာမယ့်ရာသီမှာ ပွဲထွက်ခွင့်ပေးပြီး ပြန်လည်သုံးစွဲဖို့ အာဆင်နယ်ပရိသတ်တွေက အလိုရှိနေကြပြီး နည်းပြ မီခယ်လ် အာတီတာအတွက်တော့ သူနဲ့ ဆာလီဘာတို့ဟာ ခေါင်းခဲစရာတွေ ဖြစ်လာနေ။

– အာဆင်နယ်အသင်းအနေနဲ့ အေစီမီလန်အသင်းကနေ အလွတ်ထွက်ခွာလာမယ့် တူရကီ ကွင်းလယ်လူ ဟာကန် ချယ်လ်ဟာနိုးလူးကို အလိုရှိနေပြီး အပြောင်းအရွှေ့ဈေးကွက်မှာ အလဲလဲအကွဲကွဲဖြစ်နေတဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ သတင်းဌာနတွေရဲ့ မြှောက်ပင့်ရေးသားမှုတွေကို လိုက်မီနိုင်အောင် ကြိုးစားနိုင်မလား စောင့်ကြည့်ရဖို့ရှိလာ။

– အီမီလီယာနို ဘွင်ဒီယာကို ခေါ်ယူဖို့အတွက် အက်စတန်ဗီလာအသင်းနဲ့ ပြိုင်ပွဲမှာ အလဲထိုးခံခဲ့ရတဲ့ အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ အငှားကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်ကို ပြန်လည်ကြိုးစားဖို့ ပြင်ဆင်နေပြီး ပြီးခဲ့တဲ့ ရာသီဝက်က ပြသထားနိုင်တဲ့ ခြေစွမ်းနဲ့ နည်းပြ ကာလို အန်ဆယ်လော့တီတို့ကြောင့် ပေါင်သန်း ၅၀ နဲ့အထက် ပေးချေရဖွယ်ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ပထမအသင်းကြီးမှာ ရှားပါးစ ပြုလာနေတဲ့ Homegrown ကစားသမား အရေအတွက်ကြောင့် ဘရိုက်တန်ရဲ့ ဂိုးသမား မက်သယူး ရိုင်ယန်ကို ခေါ်ယူမယ့်အစား ဒီအခန်းကဏ္ဍထဲကို ပါဝင်မယ့်သူတစ်ဦးကိုပဲ အလိုရှိနေပြီး ဆွမ်းဆီးမှာ ကစားနေတဲ့ နယူးကာဆယ်လ်ဂိုးသမား ဖရက်ဒီ ဝုဒ်မန်းဘက်ကို ပြန်လှည့်လာ။

– အေစီမီလန်အသင်းကနေ အလွတ်ပြောင်းရွှေ့တော့မယ့် ဂိုးသမား ဂျန်လွီဂီ ဒွန်နာရမ်မာနဲ့ ကောလဟာလတွေ ထွက်နေခဲ့ပေမယ့် အာဆင်နယ်အသင်းဆီကို ရောက်ရှိဖို့ဆိုတာကတော့ မဖြစ်နိုင်ဘဲ သူတို့ရဲ့ ဂိုးသမား ဘန်းဒ် လီနိုရဲ့ အနာဂတ်ကို ရှင်းလင်းရဦးမှာဖြစ်သလို အီတလီလက်ရွေးစင်ရဲ့ လားရာဟာ ပါရီမြို့ပဲဖြစ်မယ်လို့ ဖာဘရီဇီယို ရိုမာနို ပြောကြား။

– ရိုးမားအသင်းအနေနဲ့ သူတို့ရဲ့ နွေရာသီ ပထမဆုံး ခေါ်ယူမှုအဖြစ် ကွင်းလယ်လူ ဂရာနစ် ချာကာကို ရရှိဖို့ နီးစပ်နေပြီလို့ ဂျာနယ်လစ် ခရစ္စ ဝှီတ်လီက ဖော်ပြခဲ့ပြီး ပြောင်းရွှေ့ကြေးအတွက်တော့ ဘယ်လိုမျိုး သဘောတူညီနိုင်မယ်ဆိုတာကို ကွဲကွဲပြားပြား မသိရသေး။

– ဆွစ်ဇာလန်ကွင်းလယ်လူ ချာကာ ထွက်ခွာသွားမယ့် အခြေအနေမှာ အာဆင်နယ်အသင်းအနေနဲ့ ပေါင်သန်း ၃၀ အသုံးပြုရုံနဲ့ အရန်သင့် အစားထိုးနိုင်မယ့်သူကို ရရှိမယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးခဲ့ကြပြီး ပြီးခဲ့တဲ့ ရာသီက တစ်ပွဲပျမ်းမျှ တိုက်စစ်ကို ပေးပို့မှု ၁၂.၈၉ ကြိမ်ရှိတဲ့ ဆာဆူအိုလိုကွင်းလယ်လူ မန်ညူယယ် လိုကာတယ်လီကို ညွှန်ပြခဲ့ကြ။

– အာဆင်နယ်အသင်းက အလိုရှိနေပြီး အင်္ဂလန်အသင်းရဲ့ နောက်ဆုံးပွဲမှာ ကစားထားခဲ့သလို အီယန်ရိုက်ရဲ့ ချီးကျူးမှုကို ရရှိထားခဲ့တဲ့ နောက်ခံလူ ဘန်ဝှိုက်အတွက် ဘရိုက်တန်အသင်းက ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၅၀ သတ်မှတ်သွားခဲ့။

– ဂွါဒီယိုလာရဲ့ အကောင်းဆုံးကွင်းလယ်ကစားသမားတစ်ဦးလို့ ချီးကျူးခြင်း ခံခဲ့ရတဲ့ ကွင်းလယ်လူ ရူဘင် နီဗက်စ်အတွက် အာဆင်နယ်တို့ ချီတုံချတုံဖြစ်နေစရာမလိုဘဲ လျင်လျင်မြန်မြန် ခေါ်ယူဖို့ ကြိုးစားသင့်ကြောင်း Football London က ရေးသားခဲ့ပြီး ပေါ်တူဂီသားကို လီဗာပူးလ်ကလည်း စောင့်ကြည့်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– စတုတ္စီးတီးအသင္းအေနနဲ႔ သူတို႔ရဲ႕ လူငယ္ၾကယ္ပြင့္ေနာက္ခံလူ နာသန္ ေကာလင္းစ္အတြက္ ေပါင္သန္း ၂၀ အလိုရွိေနၿပီး ဒါဟာလည္း ငယ္ေမြးၿခံေပါက္ေတြရဲ႕ သတ္မွတ္ခ်က္အရ မ်ားတယ္လို႔ မဆိုႏိုင္ခ်ိန္မွာ အာဆင္နယ္ပရိသတ္ေတြကေတာ့ တာဝန္ရွိသူ ေတြကို ရီးစ္ နယ္လ္ဆန္ + ေပါင္ ၅ သန္းနဲ႔ ကမ္းလွမ္းဖို႔ တိုက္တြန္းေနၾက။

– ေနာ္ေဝကို အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ဂရိလက္ေ႐ြးစင္အသင္းနဲ႔ ဒုတိယေျမာက္ႏိုင္ငံတကာပြဲကစားခြင့္ကို ရရွိၿပီး ေျခစြမ္းျပခဲ့တဲ့ ေနာက္ခံလူ ဒီႏို႔စ္ မာဗ႐ိုပါႏို႔စ္ကို လာမယ့္ရာသီမွာ ပြဲထြက္ခြင့္ေပးၿပီး ျပန္လည္သုံးစြဲဖို႔ အာဆင္နယ္ပရိသတ္ေတြက အလိုရွိေနၾကၿပီး နည္းျပ မီခယ္လ္ အာတီတာအတြက္ေတာ့ သူနဲ႔ ဆာလီဘာတို႔ဟာ ေခါင္းခဲစရာေတြ ျဖစ္လာေန။

– အာဆင္နယ္အသင္းအေနနဲ႔ ေအစီမီလန္အသင္းကေန အလြတ္ထြက္ခြာလာမယ့္ တူရကီ ကြင္းလယ္လူ ဟာကန္ ခ်ယ္လ္ဟာႏိုးလူးကို အလိုရွိေနၿပီး အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ အလဲလဲအကြဲကြဲျဖစ္ေနတဲ့ နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ သတင္းဌာနေတြရဲ႕ ေျမႇာက္ပင့္ေရးသားမႈေတြကို လိုက္မီႏိုင္ေအာင္ ႀကိဳးစားႏိုင္မလား ေစာင့္ၾကည့္ရဖို႔ရွိလာ။

– အီမီလီယာႏို ဘြင္ဒီယာကို ေခၚယူဖို႔အတြက္ အက္စတန္ဗီလာအသင္းနဲ႔ ၿပိဳင္ပြဲမွာ အလဲထိုးခံခဲ့ရတဲ့ အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ အငွားကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္ကို ျပန္လည္ႀကိဳးစားဖို႔ ျပင္ဆင္ေနၿပီး ၿပီးခဲ့တဲ့ ရာသီဝက္က ျပသထားႏိုင္တဲ့ ေျခစြမ္းနဲ႔ နည္းျပ ကာလို အန္ဆယ္ေလာ့တီတို႔ေၾကာင့္ ေပါင္သန္း ၅၀ နဲ႔အထက္ ေပးေခ်ရဖြယ္ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ပထမအသင္းႀကီးမွာ ရွားပါးစ ျပဳလာေနတဲ့ Homegrown ကစားသမား အေရအတြက္ေၾကာင့္ ဘ႐ိုက္တန္ရဲ႕ ဂိုးသမား မက္သယူး ႐ိုင္ယန္ကို ေခၚယူမယ့္အစား ဒီအခန္းက႑ထဲကို ပါဝင္မယ့္သူတစ္ဦးကိုပဲ အလိုရွိေနၿပီး ဆြမ္းဆီးမွာ ကစားေနတဲ့ နယူးကာဆယ္လ္ဂိုးသမား ဖရက္ဒီ ဝုဒ္မန္းဘက္ကို ျပန္လွည့္လာ။

– ေအစီမီလန္အသင္းကေန အလြတ္ေျပာင္းေ႐ႊ႕ေတာ့မယ့္ ဂိုးသမား ဂ်န္လြီဂီ ဒြန္နာရမ္မာနဲ႔ ေကာလဟာလေတြ ထြက္ေနခဲ့ေပမယ့္ အာဆင္နယ္အသင္းဆီကို ေရာက္ရွိဖို႔ဆိုတာကေတာ့ မျဖစ္ႏိုင္ဘဲ သူတို႔ရဲ႕ ဂိုးသမား ဘန္းဒ္ လီႏိုရဲ႕ အနာဂတ္ကို ရွင္းလင္းရဦးမွာျဖစ္သလို အီတလီလက္ေ႐ြးစင္ရဲ႕ လားရာဟာ ပါရီၿမိဳ႕ပဲျဖစ္မယ္လို႔ ဖာဘရီဇီယို ႐ိုမာႏို ေျပာၾကား။

– ႐ိုးမားအသင္းအေနနဲ႔ သူတို႔ရဲ႕ ေႏြရာသီ ပထမဆုံး ေခၚယူမႈအျဖစ္ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာကို ရရွိဖို႔ နီးစပ္ေနၿပီလို႔ ဂ်ာနယ္လစ္ ခရစၥ ဝွီတ္လီက ေဖာ္ျပခဲ့ၿပီး ေျပာင္းေ႐ႊ႕ေၾကးအတြက္ေတာ့ ဘယ္လိုမ်ိဳး သေဘာတူညီႏိုင္မယ္ဆိုတာကို ကြဲကြဲျပားျပား မသိရေသး။

– ဆြစ္ဇာလန္ကြင္းလယ္လူ ခ်ာကာ ထြက္ခြာသြားမယ့္ အေျခအေနမွာ အာဆင္နယ္အသင္းအေနနဲ႔ ေပါင္သန္း ၃၀ အသုံးျပဳ႐ုံနဲ႔ အရန္သင့္ အစားထိုးႏိုင္မယ့္သူကို ရရွိမယ္လို႔ ကြၽမ္းက်င္သူေတြက အႀကံေပးခဲ့ၾကၿပီး ၿပီးခဲ့တဲ့ ရာသီက တစ္ပြဲပ်မ္းမွ် တိုက္စစ္ကို ေပးပို႔မႈ ၁၂.၈၉ ႀကိမ္ရွိတဲ့ ဆာဆူအိုလိုကြင္းလယ္လူ မန္ညဴယယ္ လိုကာတယ္လီကို ၫႊန္ျပခဲ့ၾက။

– အာဆင္နယ္အသင္းက အလိုရွိေနၿပီး အဂၤလန္အသင္းရဲ႕ ေနာက္ဆုံးပြဲမွာ ကစားထားခဲ့သလို အီယန္႐ိုက္ရဲ႕ ခ်ီးက်ဴးမႈကို ရရွိထားခဲ့တဲ့ ေနာက္ခံလူ ဘန္ဝႈိက္အတြက္ ဘ႐ိုက္တန္အသင္းက ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ေပါင္သန္း ၅၀ သတ္မွတ္သြားခဲ့။

– ဂြါဒီယိုလာရဲ႕ အေကာင္းဆုံးကြင္းလယ္ကစားသမားတစ္ဦးလို႔ ခ်ီးက်ဴးျခင္း ခံခဲ့ရတဲ့ ကြင္းလယ္လူ ႐ူဘင္ နီဗက္စ္အတြက္ အာဆင္နယ္တို႔ ခ်ီတုံခ်တုံျဖစ္ေနစရာမလိုဘဲ လ်င္လ်င္ျမန္ျမန္ ေခၚယူဖို႔ ႀကိဳးစားသင့္ေၾကာင္း Football London က ေရးသားခဲ့ၿပီး ေပၚတူဂီသားကို လီဗာပူးလ္ကလည္း ေစာင့္ၾကည့္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.