Premier League

မက်ဆီ ထာဝရ လိုက်မမီနိုင်တော့တဲ့ ရော်နယ်လ်ဒိုရဲ့ စံချိန် ၅ ခု

၅။ ၆ နှစ်ဆက် ချန်ပီယံလိဂ်ရွှေဖိနပ်ဆုရှင်
ချန်ပီယံလိဂ်လိုအဆင့်မှာ ဂိုးသွင်းဖို့တောင် မလွယ်ကူတဲ့အချိန်မှာ ရော်နယ်လ်ဒိုကတော့ ထမင်းစား ရေသောက်သလို ဂိုးတွေတဒိုင်းဒိုင်းသွင်းခဲ့တဲ့ ၂၀၁၂-၁၃ ရာသီကနေ ၂၀၁၇-၁၈ ရာသီအထိ ၆ နှစ်ဆက် ရွှေဖိနပ်ဆုရှင်ဖြစ်ခဲ့သလို မက်ဆီကတော့ ၂၀၀၈-၀၉ ရာသီကနေ ၂၀၁၁-၁၂ ရာသီအထိ ၄ နှစ်ဆက်သာ ချန်ပီယံလိဂ်ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နိုင်ခဲ့တာကို တွေ့ရပါတယ်။

၄။ ဥရောပထိပ်သီးလိဂ် ၃ ခုရဲ့ ချန်ပီယံ
ရော်နယ်လ်ဒိုက ဥရောပထိပ်သီးလိဂ် ၃ ခုဖြစ်တဲ့ ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ စီးရီးအေမှာ အမှတ်ပေးဖလားချန်ပီယံဖြစ်ထားချိန်မှာ ပရီးမီးယားလိဂ် ၃ လုံး၊ လာလီဂါ ၂ လုံးနဲ့ စီးရီးအေဖလား ၂ လုံးကို ကိုင်မြှောက်ထားတာပါ။ မက်ဆီကတော့ ဘာစီလိုနာတသင်းတည်းနဲ့သာ လာလီဂါဖလား ၁၀ လုံးရယူထားနိုင်တာက မက်ဆီပရိသတ်တွေ အောင့်သက်သက်နဲ့ လက်သင့်ခံရမယ့် ဆေးခါးကြီးလည်း ဖြစ်နေပါတယ်။

၃။ ဥရောပထိပ်သီးလိဂ် ၃ ခုရဲ့ ရွှေဖိနပ်ဆုရှင်
ယူနိုက်တက်အသင်း၊ ရီးရဲလ်မက်ဒရစ်အသင်း၊ ဂျူဗင်တပ်စ်အသင်းတို့နဲ့ အင်္ဂလန်၊ စပိန်နဲ့ အီတလီမှာ နယ်ချဲ့ကြီးစိုးခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ ရွှေဖိနပ်ဆုအောင်မြင်မှုက တဦးချင်းမှတ်တမ်းအရ မက်ဆီရဲ့ ကျဆုံးမှုဖြစ်နေတယ်။ သူက ရီးရဲလ်မှာလည်း ထာဝရဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်ထားနိုင်သူပါ။

ပေါ်တူဂီ GOAT က ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ၁ ကြိမ်၊ လာလီဂါရဲ့ ပီချီချီဆု ၃ ကြိမ်နဲ့ စီးရီးအေရွှေဖိနပ်ဆု ၁ ကြိမ် သိမ်းပိုက်ထားတာကို တွေ့ရပြီး မက်ဆီကတော့ လာလီဂါမှာသာ အရိုးထုတ်ပြီး ဘာစီလိုနာနဲ့ ပီချီချီဆု ၈ ကြိမ်ဆိုတဲ့ စိန်ခေါ်မှုအသစ်မရှိတဲ့ ကိုယ့်ဝပ်ကျင်းလေးထဲမှာ ပျော်ရွှင်နေခဲ့တာပါ။

၂။ နိုင်ငံတကာသွင်းဂိုး ၁၀၀ ပြည့်မှတ်တိုင်
ရော်နယ်လ်ဒိုက ပေါ်တူဂီအသင်းအတွက် ၁၀၃ ဂိုးသွင်းယူပြီး နိုင်ငံတကာသွင်းဂိုး ၁၀၀ ပြည့်မှတ်တိုင်ကို စိုက်ထူထားပြီး ယူရိုဖလားနဲ့ UEFA နေရှင်းလိဂ်ဖလားတွေကို ဗိုလ်ဝင်ခံထားချိန်မှာ မက်ဆီကတော့ အာဂျင်တီးနားအသင်းနဲ့အတူ ၇၂ ဂိုးသာ သွင်းယူထားနိုင်တဲ့ မှတ်တမ်းကလည်း အနည်းငယ် ရုပ်ပျက်ဆင်းပျက်ရလဒ်ဖြစ်နေတယ်လို့ ဆိုရပါမယ်။

၁။ မတူညီတဲ့ အသင်း ၂ သင်းနဲ့ ဘလွန်ဒေါဆုရှင်
မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ ၂ ဦးသာ နှစ်စဥ်မောင်ပိုင်စီးထားတဲ့ ဘလွန်ဒေါဆုစင်မြင့်ဟာ သူတို့ရဲ့ အမာခံပရိသတ်တွေကြား အမြဲငြင်းခုံစရာဖြစ်ခဲ့ပြီး ခါးသီးမှုတွေရော ရင်ခုန်မှုတွေရော အမြဲရောစပ်ပါဝင်နေခဲ့တာဟာ ပရိသတ်မဟုတ်တဲ့သူတွေက အပြင်ကနေ ထွက်ကြည့်ရင်တော့ မက်ဆီက ဘာစီလိုနာတသင်းတည်းမှာပဲ ကစားတတ်တာလားဆိုတဲ့ မေးခွန်းကတော့ ဘယ်လိုပဲဖြစ်ဖြစ် ရင်ခံချင်စရာကောင်းနေဆဲပါ။

ခရစ္စတီယာနို ရော်နယ်လ်ဒိုက ယူနိုက်တက်အသင်းနဲ့အတူ အမြင့်ပျံခဲ့တဲ့ ၂၀၀၇-၀၈ ရာသီမှာ တကြိမ် ဘလွန်ဒေါဆုရှင်ဖြစ်ခဲ့သလို ရီးရဲလ်မက်ဒရစ် အသင်းနဲ့အတူ ဘလွန်ဒေါဆု ၄ ကြိမ်သိမ်းပိုက်ခဲ့တာက ဘာစီလိုနာနဲ့သာ ၆ ကြိမ်အထိ ဘလွန်ဒေါဆုရှင်ဖြစ်ခဲ့တဲ့ မက်ဆီထက် အနှစ်သာရပိုင်းအားဖြင့် ကွာခြားမှုတွေရှိနေတယ်ဆိုတဲ့ အကဲဖြတ်မှုတွေကို ခံယူထားရပါတယ်။

ဘယ်လိုပဲဖြစ်ပါစေ၊ နောက်ပိုင်းနှစ်တွေရဲ့ ဘလွန်းဒေါဆုဟာတော့ မက်ဆီနဲ့ ရော်နယ်လ်ဒို နှစ်ဦးတည်းပြေးတဲ့ မြင်းပြိုင်ပွဲမဟုတ်တော့တာ ထင်ရှားလာခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ မိုဒရစ်၊ ၂၀၁၉ မှာ မက်ဆီ ဘလွန်ဒေါဆုရှင်ဖြစ်ခဲ့ခြင်းနဲ့အတူ ၂၀၂၀ ဘလွန်ဒေါဆုပေးပွဲသာ ကျင်းပနိုင်ခဲ့ရင် လီဗန်ဒေါစကီးကသာ ထိုက်တန်သူအဖြစ် သတ်မှတ်ခံထားရချိန်မှာ အခုလာမယ့် ၂၀၂၁ ဘလွန်ဒေါဆုဟာ ချယ်လ်ဆီးကွင်းလယ်လူ အန်ဂိုလို ကွန်တေအတွက်သာ ဖြစ်သင့်တယ်လို့ သုံးသပ်မှုတွေက မက်ဆီနဲ့ ရော်နယ်လ်ဒိုနှစ်ယောက်သားကို ဒီဆုနဲ့ မျက်စိစပ်နေကြသူအတွက်လည်း ကြားချင်နေတဲ့ သတင်းကောင်းဖြစ်လာခဲ့​ကြောင်း တင်ဆက်ပေးပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၅။ ၆ ႏွစ္ဆက္ ခ်န္ပီယံလိဂ္ေ႐ႊဖိနပ္ဆုရွင္
ခ်န္ပီယံလိဂ္လိုအဆင့္မွာ ဂိုးသြင္းဖို႔ေတာင္ မလြယ္ကူတဲ့အခ်ိန္မွာ ေရာ္နယ္လ္ဒိုကေတာ့ ထမင္းစား ေရေသာက္သလို ဂိုးေတြတဒိုင္းဒိုင္းသြင္းခဲ့တဲ့ ၂၀၁၂-၁၃ ရာသီကေန ၂၀၁၇-၁၈ ရာသီအထိ ၆ ႏွစ္ဆက္ ေ႐ႊဖိနပ္ဆုရွင္ျဖစ္ခဲ့သလို မက္ဆီကေတာ့ ၂၀၀၈-၀၉ ရာသီကေန ၂၀၁၁-၁၂ ရာသီအထိ ၄ ႏွစ္ဆက္သာ ခ်န္ပီယံလိဂ္ဂိုးအမ်ားဆုံးသြင္းသူအျဖစ္ ရပ္တည္ႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။

၄။ ဥေရာပထိပ္သီးလိဂ္ ၃ ခုရဲ႕ ခ်န္ပီယံ
ေရာ္နယ္လ္ဒိုက ဥေရာပထိပ္သီးလိဂ္ ၃ ခုျဖစ္တဲ့ ပရီးမီးယားလိဂ္၊ လာလီဂါနဲ႔ စီးရီးေအမွာ အမွတ္ေပးဖလားခ်န္ပီယံျဖစ္ထားခ်ိန္မွာ ပရီးမီးယားလိဂ္ ၃ လုံး၊ လာလီဂါ ၂ လုံးနဲ႔ စီးရီးေအဖလား ၂ လုံးကို ကိုင္ေျမႇာက္ထားတာပါ။ မက္ဆီကေတာ့ ဘာစီလိုနာတသင္းတည္းနဲ႔သာ လာလီဂါဖလား ၁၀ လုံးရယူထားႏိုင္တာက မက္ဆီပရိသတ္ေတြ ေအာင့္သက္သက္နဲ႔ လက္သင့္ခံရမယ့္ ေဆးခါးႀကီးလည္း ျဖစ္ေနပါတယ္။

၃။ ဥေရာပထိပ္သီးလိဂ္ ၃ ခုရဲ႕ ေ႐ႊဖိနပ္ဆုရွင္
ယူႏိုက္တက္အသင္း၊ ရီးရဲလ္မက္ဒရစ္အသင္း၊ ဂ်ဴဗင္တပ္စ္အသင္းတို႔နဲ႔ အဂၤလန္၊ စပိန္နဲ႔ အီတလီမွာ နယ္ခ်ဲ႕ႀကီးစိုးခဲ့တဲ့ ေရာ္နယ္လ္ဒိုရဲ႕ ေ႐ႊဖိနပ္ဆုေအာင္ျမင္မႈက တဦးခ်င္းမွတ္တမ္းအရ မက္ဆီရဲ႕ က်ဆုံးမႈျဖစ္ေနတယ္။ သူက ရီးရဲလ္မွာလည္း ထာဝရဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ထားႏိုင္သူပါ။

ေပၚတူဂီ GOAT က ပရီးမီးယားလိဂ္ ေ႐ႊဖိနပ္ဆု ၁ ႀကိမ္၊ လာလီဂါရဲ႕ ပီခ်ီခ်ီဆု ၃ ႀကိမ္နဲ႔ စီးရီးေအေ႐ႊဖိနပ္ဆု ၁ ႀကိမ္ သိမ္းပိုက္ထားတာကို ေတြ႕ရၿပီး မက္ဆီကေတာ့ လာလီဂါမွာသာ အ႐ိုးထုတ္ၿပီး ဘာစီလိုနာနဲ႔ ပီခ်ီခ်ီဆု ၈ ႀကိမ္ဆိုတဲ့ စိန္ေခၚမႈအသစ္မရွိတဲ့ ကိုယ့္ဝပ္က်င္းေလးထဲမွာ ေပ်ာ္႐ႊင္ေနခဲ့တာပါ။

၂။ ႏိုင္ငံတကာသြင္းဂိုး ၁၀၀ ျပည့္မွတ္တိုင္
ေရာ္နယ္လ္ဒိုက ေပၚတူဂီအသင္းအတြက္ ၁၀၃ ဂိုးသြင္းယူၿပီး ႏိုင္ငံတကာသြင္းဂိုး ၁၀၀ ျပည့္မွတ္တိုင္ကို စိုက္ထူထားၿပီး ယူ႐ိုဖလားနဲ႔ UEFA ေနရွင္းလိဂ္ဖလားေတြကို ဗိုလ္ဝင္ခံထားခ်ိန္မွာ မက္ဆီကေတာ့ အာဂ်င္တီးနားအသင္းနဲ႔အတူ ၇၂ ဂိုးသာ သြင္းယူထားႏိုင္တဲ့ မွတ္တမ္းကလည္း အနည္းငယ္ ႐ုပ္ပ်က္ဆင္းပ်က္ရလဒ္ျဖစ္ေနတယ္လို႔ ဆိုရပါမယ္။

၁။ မတူညီတဲ့ အသင္း ၂ သင္းနဲ႔ ဘလြန္ေဒါဆုရွင္
မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ ၂ ဦးသာ ႏွစ္စဥ္ေမာင္ပိုင္စီးထားတဲ့ ဘလြန္ေဒါဆုစင္ျမင့္ဟာ သူတို႔ရဲ႕ အမာခံပရိသတ္ေတြၾကား အၿမဲျငင္းခုံစရာျဖစ္ခဲ့ၿပီး ခါးသီးမႈေတြေရာ ရင္ခုန္မႈေတြေရာ အၿမဲေရာစပ္ပါဝင္ေနခဲ့တာဟာ ပရိသတ္မဟုတ္တဲ့သူေတြက အျပင္ကေန ထြက္ၾကည့္ရင္ေတာ့ မက္ဆီက ဘာစီလိုနာတသင္းတည္းမွာပဲ ကစားတတ္တာလားဆိုတဲ့ ေမးခြန္းကေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ ရင္ခံခ်င္စရာေကာင္းေနဆဲပါ။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက ယူႏိုက္တက္အသင္းနဲ႔အတူ အျမင့္ပ်ံခဲ့တဲ့ ၂၀၀၇-၀၈ ရာသီမွာ တႀကိမ္ ဘလြန္ေဒါဆုရွင္ျဖစ္ခဲ့သလို ရီးရဲလ္မက္ဒရစ္ အသင္းနဲ႔အတူ ဘလြန္ေဒါဆု ၄ ႀကိမ္သိမ္းပိုက္ခဲ့တာက ဘာစီလိုနာနဲ႔သာ ၆ ႀကိမ္အထိ ဘလြန္ေဒါဆုရွင္ျဖစ္ခဲ့တဲ့ မက္ဆီထက္ အႏွစ္သာရပိုင္းအားျဖင့္ ကြာျခားမႈေတြရွိေနတယ္ဆိုတဲ့ အကဲျဖတ္မႈေတြကို ခံယူထားရပါတယ္။

ဘယ္လိုပဲျဖစ္ပါေစ၊ ေနာက္ပိုင္းႏွစ္ေတြရဲ႕ ဘလြန္းေဒါဆုဟာေတာ့ မက္ဆီနဲ႔ ေရာ္နယ္လ္ဒို ႏွစ္ဦးတည္းေျပးတဲ့ ျမင္းၿပိဳင္ပြဲမဟုတ္ေတာ့တာ ထင္ရွားလာခဲ့ၿပီး ၂၀၁၈ ခုႏွစ္မွာ မိုဒရစ္၊ ၂၀၁၉ မွာ မက္ဆီ ဘလြန္ေဒါဆုရွင္ျဖစ္ခဲ့ျခင္းနဲ႔အတူ ၂၀၂၀ ဘလြန္ေဒါဆုေပးပြဲသာ က်င္းပႏိုင္ခဲ့ရင္ လီဗန္ေဒါစကီးကသာ ထိုက္တန္သူအျဖစ္ သတ္မွတ္ခံထားရခ်ိန္မွာ အခုလာမယ့္ ၂၀၂၁ ဘလြန္ေဒါဆုဟာ ခ်ယ္လ္ဆီးကြင္းလယ္လူ အန္ဂိုလို ကြန္ေတအတြက္သာ ျဖစ္သင့္တယ္လို႔ သုံးသပ္မႈေတြက မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုႏွစ္ေယာက္သားကို ဒီဆုနဲ႔ မ်က္စိစပ္ေနၾကသူအတြက္လည္း ၾကားခ်င္ေနတဲ့ သတင္းေကာင္းျဖစ္လာခဲ့​ေၾကာင္း တင္ဆက္ေပးပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.