International Premier League

နယ်သာလန်အသင်းမှာ မကစားရဘဲနဲ့တောင် ပိုပြီး ရာထူးမြင့်မားသွားဦးမယ့် ဗန်ဒိုက်

လီဗာပူးလ်အသင်းရဲ့ တတိယအသင်းခေါင်းဆောင် ဗာဂျီးလ် ဗန်ဒိုက်အနေနဲ့ နယ်သာလန်အသင်းရဲ့ ယူရို ၂၀၂၁ ပြိုင်ပွဲဝင်လူစာရင်းကနေ ဒဏ်ရာကြောင့် နောက်ဆုတ်ခဲ့ရပေမယ့် လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းသွားဖို့ ရှိနေပြီး ပိုမိုအရေးပါတဲ့ အခန်းကဏ္ဍကနေ ပြိုင်ပွဲမှာ ပါဝင်လာဖို့ ရှိနေပါတယ်။

အသက် ၂၉ နှစ်အရွယ် ဒတ်ချ်နောက်ခံလူဟာ လီဗာပူးလ်အသင်းရဲ့ ပွဲစဉ်အတော်များများကို ဒူးဒဏ်ရာကြောင့် လွဲချော်ခဲ့ရသူဖြစ်ပြီး သူ့ရဲ့ လက်ရှိကြံ့ခိုင်မှု အနေအထားကလည်း ပွဲကစားဖို့ သင့်တော်တဲ့ အနေအထားမှာ မရှိခဲ့လို့ မာဆေးဆိုက်အသင်းရဲ့ ဆန္ဒကို နည်းပြ ဖရန့် ဒီဘိုးက လိုက်လျောပြီး ချန်လှပ်ခဲ့ရတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် ခေါင်းဆောင်မှုစွမ်းရည်ပြည့်ဝတဲ့ ဗန်ဒိုက်ကို အသင်းနဲ့အတူ ယူရိုပွဲစဉ်တွေကို ခေါ်ဆောင်သွားဖို့ ရှိနေပြီး အိုင်းယက်စ်နည်းပြဟောင်းက သူ့ရဲ့ ကပ္ပတိန်အနေနဲ့ လူစာရင်းမှာ မပါပေမယ့်လည်း ပိုမိုအရေးပါတဲ့ အခန်းကဏ္ဍကနေ အသင်းကို ထောက်ပံ့ကူညီသွားဖို့ ရှိနေတယ်လို့ ဆိုခဲ့တာပါ။

“ဗာဂျီးလ်က အသင်းအတွက် သိပ်ကို အရေးပါတဲ့သူဖြစ်ပြီး ကစားဖော်တွေကို စိတ်ဓာတ်မြှင့်တင်ပေးနိုင်သူမျိုးဖြစ်ပါတယ်။ သူ့ရဲ့ မောင်းနှင်နိုင်စွမ်းက ဒီက ကလေးတွေအတွက် အဓိကကျပြီး သူအတူရှိနေမှာကို သဘောမကျတဲ့သူမျိုး မရှိဘဲ အားလုံးက ချစ်မြတ်နိုးကြပါတယ်”လို့ ဒီဘိုးက ဆိုပါတယ်။

လက်ရှိအနေအထားမှာတော့ နယ်သာလန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ နည်းပြရဲ့ ထောက်ခံချက်အရ ဗန်ဒိုက်ကို ကွင်းထဲက အရန်ခုံတန်းဆီ ပါဝင်ခွင့်ရှိတဲ့ အသင်းရဲ့ တရားဝင်မဟုတ်တဲ့ နည်းပြအဖွဲ့ဝင် တစ်ဦးအဖြစ် ခေါ်ဆောင်သွားဖို့ ရှိနေပြီး သူ့ရဲ့ အရှိတရားဟာ အပြုသဘောဆောင်မယ်လို့ ယူဆနေကြတာလည်းဖြစ်ပါတယ်။

လီဗာပူးလ်ဗဟိုခံစစ်မှူးဟာ ဂျော်ဒန် ပစ်ခ်ဖို့ဒ်ရဲ့ မိုက်မဲတဲ့ ဖျက်ထုတ်မှုအပြီးမှာ မြက်ခင်းစိမ်းတွေကနေ ဝေးကွာနေခဲ့တာ ခုနစ်လကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး လာမယ့် ဘောလုံးရာသီအစမှာတော့ ပြန်လည်ကစားနိုင်ဖို့ ပစ်မှတ်ထားနေသလို အသင်းအနေနဲ့ သူ့ကို အလောတကြီး တွန်းအားပေးဖို့ မရှိဘဲ အစားဝင်နိုင်မယ့် နောက်ခံလူ အီဘရာဟီမာ ကိုနာတေကိုလည်း ခေါ်ယူထားခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းရဲ႕ တတိယအသင္းေခါင္းေဆာင္ ဗာဂ်ီးလ္ ဗန္ဒိုက္အေနနဲ႔ နယ္သာလန္အသင္းရဲ႕ ယူ႐ို ၂၀၂၁ ၿပိဳင္ပြဲဝင္လူစာရင္းကေန ဒဏ္ရာေၾကာင့္ ေနာက္ဆုတ္ခဲ့ရေပမယ့္ လက္ေ႐ြးစင္အသင္းနဲ႔ ပူးေပါင္းသြားဖို႔ ရွိေနၿပီး ပိုမိုအေရးပါတဲ့ အခန္းက႑ကေန ၿပိဳင္ပြဲမွာ ပါဝင္လာဖို႔ ရွိေနပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ ဒတ္ခ်္ေနာက္ခံလူဟာ လီဗာပူးလ္အသင္းရဲ႕ ပြဲစဥ္အေတာ္မ်ားမ်ားကို ဒူးဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ရသူျဖစ္ၿပီး သူ႔ရဲ႕ လက္ရွိႀကံ့ခိုင္မႈ အေနအထားကလည္း ပြဲကစားဖို႔ သင့္ေတာ္တဲ့ အေနအထားမွာ မရွိခဲ့လို႔ မာေဆးဆိုက္အသင္းရဲ႕ ဆႏၵကို နည္းျပ ဖရန႔္ ဒီဘိုးက လိုက္ေလ်ာၿပီး ခ်န္လွပ္ခဲ့ရတာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ ေခါင္းေဆာင္မႈစြမ္းရည္ျပည့္ဝတဲ့ ဗန္ဒိုက္ကို အသင္းနဲ႔အတူ ယူ႐ိုပြဲစဥ္ေတြကို ေခၚေဆာင္သြားဖို႔ ရွိေနၿပီး အိုင္းယက္စ္နည္းျပေဟာင္းက သူ႔ရဲ႕ ကပၸတိန္အေနနဲ႔ လူစာရင္းမွာ မပါေပမယ့္လည္း ပိုမိုအေရးပါတဲ့ အခန္းက႑ကေန အသင္းကို ေထာက္ပံ့ကူညီသြားဖို႔ ရွိေနတယ္လို႔ ဆိုခဲ့တာပါ။

“ဗာဂ်ီးလ္က အသင္းအတြက္ သိပ္ကို အေရးပါတဲ့သူျဖစ္ၿပီး ကစားေဖာ္ေတြကို စိတ္ဓာတ္ျမႇင့္တင္ေပးႏိုင္သူမ်ိဳးျဖစ္ပါတယ္။ သူ႔ရဲ႕ ေမာင္းႏွင္ႏိုင္စြမ္းက ဒီက ကေလးေတြအတြက္ အဓိကက်ၿပီး သူအတူရွိေနမွာကို သေဘာမက်တဲ့သူမ်ိဳး မရွိဘဲ အားလုံးက ခ်စ္ျမတ္ႏိုးၾကပါတယ္”လို႔ ဒီဘိုးက ဆိုပါတယ္။

လက္ရွိအေနအထားမွာေတာ့ နယ္သာလန္ေဘာလုံးအဖြဲ႕ခ်ဳပ္အေနနဲ႔ နည္းျပရဲ႕ ေထာက္ခံခ်က္အရ ဗန္ဒိုက္ကို ကြင္းထဲက အရန္ခုံတန္းဆီ ပါဝင္ခြင့္ရွိတဲ့ အသင္းရဲ႕ တရားဝင္မဟုတ္တဲ့ နည္းျပအဖြဲ႕ဝင္ တစ္ဦးအျဖစ္ ေခၚေဆာင္သြားဖို႔ ရွိေနၿပီး သူ႔ရဲ႕ အရွိတရားဟာ အျပဳသေဘာေဆာင္မယ္လို႔ ယူဆေနၾကတာလည္းျဖစ္ပါတယ္။

လီဗာပူးလ္ဗဟိုခံစစ္မႉးဟာ ေဂ်ာ္ဒန္ ပစ္ခ္ဖို႔ဒ္ရဲ႕ မိုက္မဲတဲ့ ဖ်က္ထုတ္မႈအၿပီးမွာ ျမက္ခင္းစိမ္းေတြကေန ေဝးကြာေနခဲ့တာ ခုနစ္လေက်ာ္ ၾကာျမင့္ခဲ့ၿပီျဖစ္ၿပီး လာမယ့္ ေဘာလုံးရာသီအစမွာေတာ့ ျပန္လည္ကစားႏိုင္ဖို႔ ပစ္မွတ္ထားေနသလို အသင္းအေနနဲ႔ သူ႔ကို အေလာတႀကီး တြန္းအားေပးဖို႔ မရွိဘဲ အစားဝင္ႏိုင္မယ့္ ေနာက္ခံလူ အီဘရာဟီမာ ကိုနာေတကိုလည္း ေခၚယူထားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.