Premier League Transfer News

7 Jun ညနေခင်း နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

ချယ်လ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ်တောင်ပံတိုက်စစ်မှူး ကင်စလေ ကိုမွန်ကို ခေါ်ယူဖို့ အကြိတ်အနယ်ဆွေးနွေးနေတယ်လို့ သိရပြီးဘရသလောက် ဈေးဆစ်ချင်နေသေးတဲ့ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ ပြင်သစ်သားအတွက် ပေါင် ၅၅ သန်းဆိုတဲ့ တန်ကြေးကိုပေးဖို့လည်း လက်တွန့်နေဖွယ်မရှိလို့ ဒီနွေမှာ အသင်းကိုရောက်ရှိလာဖွယ်ရှိနေ။

အခုနွေရာသီမှာ တိုက်စစ်မှူးစစ်စစ်တဦးကို သည်းကြီးမည်းကြီးလိုက်နေတဲ့ တပြိုင်နက်တည်းမှာပဲ ချယ်လ်ဆီးအသင်းဟာ စပါးစ်တိုက်စစ်မှူး ဟာရီကိန်းက တွဲကစားလိုကြောင်း ထုတ်ပြောထားတဲ့ အေတီကိုကွင်းလယ်လူ ဆာအူးလ္ ညီးရက္ဇ္ကိုပါ စိတ်ဝင်တစားကမ်းလှမ်းနေပြီး တူဟယ်လ်အနေနဲ့ PSG အသင်းနဲ့ အပြိုင်လုရဖို့ ရှိနေ။

ဆီဗီလားအသင်းရဲ့ ပြင်သစ်ဗဟိုခံစစ်မှူးဂျူးလ် ကွန်ဒီကို ခေါ်ယူချင်နေတဲ့ တူဟယ်လ်ရဲ့ စိတ်ကူးဟာ ရာမို့စ်နဲ့ ဗာရွန်းတို့ထဲက တဦးကို လက်လွှတ်ရဖွယ်ရှိနေလို့ ဈေးကွက်ထဲ အချိန်မီခုန်ဝင်လာတဲ့ ရီးရဲလ်နည်းပြ အန်ဆလော့တီကြောင့် ပျက်ပြားဖို့ ရှိနေပြီး ရီးရဲလ်က သူ့ကို လက်ဦးသွားနိုင်ချိန်မှာ ဗီလာရီးရဲလ်ဗဟိုခံစစ်မှူး ပေါ် တောရက်စ်ကို ဆက်လက်ကြိုးပမ်းသွားဖို့ရှိနေ။

ဟာလန်း၊ ဟာရီကိန်းနဲ့ လူကာကူတို့ ၃ ဦးထဲကို တဦးကို မဖြစ်မနေဝယ်ယူသွားမယ်လို့ သိရပြီး ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ဂုရု မာရီနာရဲ့အစီအမံထဲမှာ ပေါင်သန်း ၁၀၀ ဝန်းကျင် သေချာပေါက်သုံးပြီး ပရိသတ်ကိုအလိုလိုက်နိုင်မယ့် ပရီးမီးယားလိဂ်ဖလားကို သရဖူဆောင်းဖို့ဟာ ပြတ်သားတဲ့ပစ်မှတ်တခုဖြစ်နေ။

ဘလွန်းဒေါခရီးဟာ ဝေးသေးတယ်လို့ အန်ဂိုလို ကွန်တေက နှိမ့်ချစွာပဲ ဝန်ခံသွားခဲ့ပြီး နည်းပြသစ်တူဟယ်လ်ကြောင့်သာ ကွင်းထဲမှာ ပိုကြီးစိုးခွင့်ပေးခဲ့လို့ လွတ်လွတ်လပ်လပ် ပေါက်ကွဲခွင့်ရပြီး အခုလို ခြေစွမ်းပြနိုင်တာလို့ ကျေးဇူးတင်နေချိန်မှာ ပြင်သစ်အသင်းဖော် ပေါ့ဘာကတော့ ဘလွန်ဒေါဆုဟာ ကွန်တေအတွက်ပဲဖြစ်ရမယ်လို့ အတပ်ပြောသွားခဲ့။

နည်းပြဟောင်း လမ်းပတ်ကို အသင်းက ထုတ်ပယ်လိုက်တဲ့အချိန်ဟာ မိမိအတွက် အလွန်တရာခက်ခဲခဲ့ကြောင်း မေဆန်မောင့်က ဝန်ခံသွားခဲ့ပြီး မြန်ဆန်လှတဲ့ အဖြစ်အပျက်တွေကြားမှာ “လမ်းပတ်သား”ဆိုတဲ့အထိ တင်စားခံခဲ့ရတဲ့အထိ ဒါဘီကောင်တီမှာကတည်းက လက်တွဲလာခဲ့တဲ့ သူတို့နှစ်ဦးကြားက ရင်းနှီးတဲ့ဆက်ဆံရေးအတွက် ချယ်လ်ဆီးမှာ အလုပ်ပိုကြိုးစားခဲ့ကြောင်းပြောသွား။

အခုနွေအပြောင်းအရွှေ့မှာ အသင်းကနေ ရှင်းထုတ်ခံရတော့မယ်လို့ သတင်းကြီးနေတဲ့ ဟာကင်းမ် ဇီးယက်ရှ်ရဲ့ အနာဂတ်ကို တရာသီတည်းနဲ့ ဆုံးဖြတ်တာဟာ မမျှတသလို ဆန္ဒစောလွန်းတယ်လို့ ယူဆခံထားရသလို သူ့ကို ဆက်ထိန်းထားဖို့ ချယ်လ်ဆီးပရိသတ်တွေက နည်းပြတူဟယ်လ်ကို တောင်းဆိုသွားခဲ့ကြပြီး အင်္ဂလန်မှာ အထိုင်ကျဖို့ နောက်တရာသီ အခွင့်အရေးပေးထားသင့်ကြောင်း တိုက်တွန်းသွားခဲ့။

ဘာစီလိုနာအသင်းရဲ့ လူငယ်ကြယ်ပွင့်လေး မိုရီဘာကို စပါးစ်၊ အာဆင်နယ်အသင်းတို့နဲ့အပြိုင် ချယ်လ်ဆီး၊ မန်စီးတီးအသင်းတွေကလည်း စိတ်ဝင်စားလာခဲ့ပြီလို့ သိရပြီး လာမာစီယာအကယ်ဒမီထွက် ကွင်းလယ်လူ ဆယ်ကျော်သက်လေးဟာ ဘာစီလိုနာရဲ့ ငွေဖော်စာရင်းထဲမှာ ထည့်သွင်းခံလာရလို့ တူဟယ်လ်ရဲ့ အနာဂတ်စီမံကိန်းမှာ ပစ်မှတ်တခုဖြစ်လာ။

ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ နွေရာသီအဝယ်စာရင်းမှာ ဘွန်ဒက်စ်လီဂါကလပ် မွန်ချန်ဂလာဘက်ချ်အသင်းရဲ့ ကွင်းလယ်လူ ယိုနာ့စ် ဟော့ဖ်မန်းကိုလည်း ထည့်သွင်းထားပြီး အသက် ၂၈ နှစ်အရွယ် ဂျာမန်ကွင်းလယ်လူအတွက် ပေါင် ၃၅ သန်းခန့် ကျသင့်ဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ယ္လ္ဆီးအသင္းဟာ ဘိုင္ယန္ျမဴးနစ္ေတာင္ပံတိုက္စစ္မႉး ကင္စေလ ကိုမြန္ကို ေခၚယူဖို႔ အႀကိတ္အနယ္ေဆြးေႏြးေနတယ္လို႔ သိရၿပီးဘရသေလာက္ ေဈးဆစ္ခ်င္ေနေသးတဲ့ ယူႏိုက္တက္ရဲ႕ စိတ္ဝင္စားမႈကို ရရွိေနတဲ့ ျပင္သစ္သားအတြက္ ေပါင္ ၅၅ သန္းဆိုတဲ့ တန္ေၾကးကိုေပးဖို႔လည္း လက္တြန႔္ေနဖြယ္မရွိလို႔ ဒီေႏြမွာ အသင္းကိုေရာက္ရွိလာဖြယ္ရွိေန။

အခုေႏြရာသီမွာ တိုက္စစ္မႉးစစ္စစ္တဦးကို သည္းႀကီးမည္းႀကီးလိုက္ေနတဲ့ တၿပိဳင္နက္တည္းမွာပဲ ခ်ယ္လ္ဆီးအသင္းဟာ စပါးစ္တိုက္စစ္မႉး ဟာရီကိန္းက တြဲကစားလိုေၾကာင္း ထုတ္ေျပာထားတဲ့ ေအတီကိုကြင္းလယ္လူ ဆာအူးလ္ ညီးရကၨၠိဳပါ စိတ္ဝင္တစားကမ္းလွမ္းေနၿပီး တူဟယ္လ္အေနနဲ႔ PSG အသင္းနဲ႔ အၿပိဳင္လုရဖို႔ ရွိေန။

ဆီဗီလားအသင္းရဲ႕ ျပင္သစ္ဗဟိုခံစစ္မႉးဂ်ဴးလ္ ကြန္ဒီကို ေခၚယူခ်င္ေနတဲ့ တူဟယ္လ္ရဲ႕ စိတ္ကူးဟာ ရာမို႔စ္နဲ႔ ဗာ႐ြန္းတို႔ထဲက တဦးကို လက္လႊတ္ရဖြယ္ရွိေနလို႔ ေဈးကြက္ထဲ အခ်ိန္မီခုန္ဝင္လာတဲ့ ရီးရဲလ္နည္းျပ အန္ဆေလာ့တီေၾကာင့္ ပ်က္ျပားဖို႔ ရွိေနၿပီး ရီးရဲလ္က သူ႔ကို လက္ဦးသြားႏိုင္ခ်ိန္မွာ ဗီလာရီးရဲလ္ဗဟိုခံစစ္မႉး ေပၚ ေတာရက္စ္ကို ဆက္လက္ႀကိဳးပမ္းသြားဖို႔ရွိေန။

ဟာလန္း၊ ဟာရီကိန္းနဲ႔ လူကာကူတို႔ ၃ ဦးထဲကို တဦးကို မျဖစ္မေနဝယ္ယူသြားမယ္လို႔ သိရၿပီး ခ်ယ္လ္ဆီးအသင္းရဲ႕ အေျပာင္းအေ႐ႊ႕ဂု႐ု မာရီနာရဲ႕အစီအမံထဲမွာ ေပါင္သန္း ၁၀၀ ဝန္းက်င္ ေသခ်ာေပါက္သုံးၿပီး ပရိသတ္ကိုအလိုလိုက္ႏိုင္မယ့္ ပရီးမီးယားလိဂ္ဖလားကို သရဖူေဆာင္းဖို႔ဟာ ျပတ္သားတဲ့ပစ္မွတ္တခုျဖစ္ေန။

ဘလြန္းေဒါခရီးဟာ ေဝးေသးတယ္လို႔ အန္ဂိုလို ကြန္ေတက ႏွိမ့္ခ်စြာပဲ ဝန္ခံသြားခဲ့ၿပီး နည္းျပသစ္တူဟယ္လ္ေၾကာင့္သာ ကြင္းထဲမွာ ပိုႀကီးစိုးခြင့္ေပးခဲ့လို႔ လြတ္လြတ္လပ္လပ္ ေပါက္ကြဲခြင့္ရၿပီး အခုလို ေျခစြမ္းျပႏိုင္တာလို႔ ေက်းဇူးတင္ေနခ်ိန္မွာ ျပင္သစ္အသင္းေဖာ္ ေပါ့ဘာကေတာ့ ဘလြန္ေဒါဆုဟာ ကြန္ေတအတြက္ပဲျဖစ္ရမယ္လို႔ အတပ္ေျပာသြားခဲ့။

နည္းျပေဟာင္း လမ္းပတ္ကို အသင္းက ထုတ္ပယ္လိုက္တဲ့အခ်ိန္ဟာ မိမိအတြက္ အလြန္တရာခက္ခဲခဲ့ေၾကာင္း ေမဆန္ေမာင့္က ဝန္ခံသြားခဲ့ၿပီး ျမန္ဆန္လွတဲ့ အျဖစ္အပ်က္ေတြၾကားမွာ “လမ္းပတ္သား”ဆိုတဲ့အထိ တင္စားခံခဲ့ရတဲ့အထိ ဒါဘီေကာင္တီမွာကတည္းက လက္တြဲလာခဲ့တဲ့ သူတို႔ႏွစ္ဦးၾကားက ရင္းႏွီးတဲ့ဆက္ဆံေရးအတြက္ ခ်ယ္လ္ဆီးမွာ အလုပ္ပိုႀကိဳးစားခဲ့ေၾကာင္းေျပာသြား။

အခုေႏြအေျပာင္းအေ႐ႊ႕မွာ အသင္းကေန ရွင္းထုတ္ခံရေတာ့မယ္လို႔ သတင္းႀကီးေနတဲ့ ဟာကင္းမ္ ဇီးယက္ရွ္ရဲ႕ အနာဂတ္ကို တရာသီတည္းနဲ႔ ဆုံးျဖတ္တာဟာ မမွ်တသလို ဆႏၵေစာလြန္းတယ္လို႔ ယူဆခံထားရသလို သူ႔ကို ဆက္ထိန္းထားဖို႔ ခ်ယ္လ္ဆီးပရိသတ္ေတြက နည္းျပတူဟယ္လ္ကို ေတာင္းဆိုသြားခဲ့ၾကၿပီး အဂၤလန္မွာ အထိုင္က်ဖို႔ ေနာက္တရာသီ အခြင့္အေရးေပးထားသင့္ေၾကာင္း တိုက္တြန္းသြားခဲ့။

ဘာစီလိုနာအသင္းရဲ႕ လူငယ္ၾကယ္ပြင့္ေလး မိုရီဘာကို စပါးစ္၊ အာဆင္နယ္အသင္းတို႔နဲ႔အၿပိဳင္ ခ်ယ္လ္ဆီး၊ မန္စီးတီးအသင္းေတြကလည္း စိတ္ဝင္စားလာခဲ့ၿပီလို႔ သိရၿပီး လာမာစီယာအကယ္ဒမီထြက္ ကြင္းလယ္လူ ဆယ္ေက်ာ္သက္ေလးဟာ ဘာစီလိုနာရဲ႕ ေငြေဖာ္စာရင္းထဲမွာ ထည့္သြင္းခံလာရလို႔ တူဟယ္လ္ရဲ႕ အနာဂတ္စီမံကိန္းမွာ ပစ္မွတ္တခုျဖစ္လာ။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူတို႔ရဲ႕ ေႏြရာသီအဝယ္စာရင္းမွာ ဘြန္ဒက္စ္လီဂါကလပ္ မြန္ခ်န္ဂလာဘက္ခ်္အသင္းရဲ႕ ကြင္းလယ္လူ ယိုနာ့စ္ ေဟာ့ဖ္မန္းကိုလည္း ထည့္သြင္းထားၿပီး အသက္ ၂၈ ႏွစ္အ႐ြယ္ ဂ်ာမန္ကြင္းလယ္လူအတြက္ ေပါင္ ၃၅ သန္းခန႔္ က်သင့္ဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.