Analysis International

ပေါ်တူဂီ၊ ဂျာမနီ၊ ပြင်သစ်တို့ရဲ့ ယူရို မရဏအုပ်စု F ကနေ ဘယ်သူတွေ ရှင်သန်နိုင်ကြမလဲ

၂၀၂၁ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှာ ကျင်းပမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ အုပ်စု F မှာတော့ မရဏအုပ်စုသတ်မှတ်ခံထားရပြီး လက်ရှိ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်၊ ယူရို ၂၀၁၆ ချန်ပီယံ ပေါ်တူဂီအသင်းနဲ့ ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမဏီအသင်းနဲ့ အိမ်ဖြည့်အဖြစ် သတ်မှတ်ခံထားရတဲ့ ဟန်ဂေရီအသင်းတို့ တအုပ်စုတည်း ကျရောက်လို့နေခြင်းက ကမ္ဘာ့ဂုဏ်သိက္ခာအမြင့်ဆုံး နောက်ဆုံးပြိုင်ပွဲကြီး ၃ ခုရဲ့ နောက်ဆုံးချန်ပီယံ ၃ သင်း ထိပ်တိုက်တွေ့ဆုံကြတော့မှာမို့ စိတ်ဝင်စားစရာကောင်းလွန်းနေတာပါ။

အုပ်စုအဆင့်ကနေ ထိပ်ဆုံးနှစ်သင်းက ရှူံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပြီး အုပ်စုတတိယရတဲ့အသင်းကလည်း နောက်တဆင့်တက်ဖို့ အခွင့်အရေး ၆၆.၆၆ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတာကိုလည်း တွေ့ကြရမှာပါ။

ပြိုင်ပွဲရဲ့စည်းမျဉ်းအရ တသင်းကို လူစားလဲခွင့် ၅ ကြိမ်ရရှိမှာဖြစ်ပြီး အချိန်ပိုကစားရရင်တော့ တကြိမ်ထပ်ဆောင်း လူစားလဲနိုင်ဦးမှာပါ။ ဒီသက်ရောက်မှာအရ အသင်းရဲ့လူစာရင်း ၂၆ ဦးချင်းတူပေမယ့် ကြံ့ခိုင်မှုပြည့်ဝပြီး အရည်အသွေးမြင့်ကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံအသင်းတွေကပဲ ချန်ပီယံဖြစ်လာနိုင်ခြေကတော့ မမှားယွင်းတဲ့ အယူအဆလို့ ဆိုနိုင်ပါတယ်။

၁။ ပြင်သစ်
နည်းပြဒေးရွှမ့်ရဲ့ “ရထားထက် မြန်တဲ့သူ”လို့ဆိုခဲ့တဲ့ လက်ရှိချန်ပီယံလိဂ်ချန်ပီယံ အန်ဂိုလို ကွန်တေကို ပိုင်ဆိုင်ထားတဲ့ ပြင်သစ်အသင်းက ယူရို ၂၀၂၀ ရဲ့ ချန်ပီယံအသင်းဖြစ်လာဖို့ ရေပန်းအစားဆုံးဖြစ်နေတယ်။ ဘာကြောင့်ရေပန်းအစားဆုံးဖြစ်နေလဲဆိုရင် အသင်းရဲ့နေရာစုံမှာ အတောင့်တင်းဆုံးလူစာရင်းက ထင်းခနဲဖြစ်တေယ်။

၄-၂-၃-၁ ကိုပဲ အထိုင်ချမယ့် ပြင်သစ် အထောင်တိုက်စစ်မှူးအဖြစ် ဘန်ဇီမာကို အားဖြည့်ထားတယ်။ ဂျရူးက သူ့ရဲ့အရန်အဖြစ် ရှိနေမယ်။ အမ်ဘာပေရဲ့ အမြန်နှုန်းကို ညာခြမ်းကနေ အသုံးချမယ်။ ဘယ်ခြမ်းမှာ ရာဗျိုသို့ ဂရိဇ်မန်းကို သုံးမယ်။

ကွင်းလယ်အထိုင်မှာ ပေါ့ဘာ+ကွန်တေဆိုတဲ့ ကမ္ဘာ့ဟန်ချက်အညီဆုံးကွင်းလယ်အတွဲနဲ့အတူ ခံစစ်ကြောင်းမှာ ဗာရန်း+ကင်ဘမ်ပေရဲ့ ဗဟိုခံစစ်အတွဲ၊ လူးကပ်စ် ဟာနန်ဒက်စ်+ပါဗက်ရဲ့ နောက်ခံဘယ်ညာတောင်ပံတစုံက ဘယ်အသင်းကိုမဆို ဖြိုဖျက်ပစ်နိုင်စွမ်းမြင့်လို့ အဆင့် ၁ နဲ့ အုပ်စုကျွတ်မယ်လို့ ခန့်မှန်းထားချင်ပါတယ်။

၂။ ဂျာမနီ
နည်းပြ ယိုအာခင်မ် လို့ဗ်ရဲ့ ဂျာမနီနဲ့ နောက်ဆုံးပြိုင်ပွဲကြီးအဖြစ် ဇာတ်သိမ်းလှမလားဆိုတာက စိတ်ဝင်စားမှုတွေ မြင့်တက်နေတာပါ။ ဒီပြိုင်ပွဲမှာ သူက ၄၃၃ နဲ့အတူ သောမတ်စ် မူလာပြန်လည်ပါဝင်ခြင်းမှာ ၄-၂-၃-၁ ကိုလည်း အထိုင်ချ အသုံးပြုသွားဖွယ် ရှိနေပါတယ်။

ရှေ့တန်းမှာတော့ ပြိုင်ဘက်ခံစစ်ကို ကွင်းဘေးစည်းအထိ ဆွဲဖြဲနိုင်တဲ့ လီရွိုင်း ဆာနေး၊ အရွေ့နဲ့ လှုပ်ရှားမှုလာဘ်မြင်တဲ့ တီမို ဗာနာ၊ နေရာယူတတ်တဲ့ ဉာဏ်ကြီးရှင် သောမတ်စ် မူလာနဲ့ နိုင်ငံတကာပွဲ ၂၀ မှာ ၁၅ ဂိုးထိရှိတဲ့ ဂိုးသွင်းအားမြင်တဲ့ ဂနာဘရီတို့က ဦးဆောင်လာခြင်းက ဆွဲဆောင်နိုင်စွမ်းမြင့်နေပါတယ်။

ညာနောက်ခံအစွန်လူနေရာကို ဂျိုရှုအာ ကင်းမစ်ချနဲ့ ဘယ်နောက်ခံအတွက် အတ္တလန်တာနဲ့ တောက်ပလာတဲ့ ရော်ဘင် ဂိုဆန်စ်တို့ကို သုံးစွဲသွားဖွယ်ရှိနေပြီး အင်ဂျင်တွေ စုံလင်များပြားလွန်းတဲ့ ဂျာမနီရဲ့ကွင်းလယ်ပိုင်းမှာတော့ စိတ်ပူစရာတွေ ရှိမနေဘဲ တိုနီ ကရူးစ်၊ ဂွန်းဒိုဝမ်နဲ့ ဂေါ်ရက်ဇ်ကာတို့က အတောင့်တင်းဆုံးအတွဲအဖက်အဖြစ် ပွဲထုတ်ခံရမှာပါ။

ဂျာမနီမှာ ပြန်အရွေးချယ်ခံလိုက်ရတဲ့ မတ်ထ်စ် ဟမ်းမဲလ်စ်က ရူဒီဂါနဲ့ ဗဟိုခံစစ်ပါတနာဖြစ်လာဖို့ ရှိနေပြီး နစ်ကလပ်စ် ဆူလားနဲ့ ရိုဘင် ကို့ချ်တို့ရဲ့အတွဲလို စပိန်ကို ဂိုးဒါဇင်ဝက်ပေးလိုက်ရနိုင်တဲ့ အတွဲကို အရန်အြဖစ် သတ်မှတ်ခံထားရချိန်မှာ နည်းပြရဲ့ လူရွေးချယ်မှုကြောင့် အုပ်စုအဆင့်ကနေ မပြုတ်တန်ကောင်းသေးတဲ့ အနေအထားပါ။

၃။ ပေါ်တူဂီ
ပေါင်းစည်းညီညွတ်မှုနဲ့ ဟန်ချက်ညီမှုကို ကိုယ်စားပြုနေတဲ့ ပေါ်တူဂီလူစာရင်းကလည်း သဘာဝလွန်ဖြစ်ရပ်ဆန်းကြယ်တွေကို ယူဆောင်လာနိုင်တဲ့အထိ သည်းထိတ်ရင်ဖိုဖြစ်ချင်စရာပါ။ နည်းပြဆန်းတို့စ်ရဲ့ ရွေးချယ်မှုမှာ ၄-၃-၃ က ထိပ်ဆုံးကရှိနေတယ်လို့ သိရပြီး ဒါက ဒီလူစာရင်းနဲ့ အသင့်တော်ဆုံးလည်းဖြစ်နေတယ်

ရော်နယ်လ်ဒိုဦးဆောင်လာမယ့် ပေါ်တူဂီအသင်းမှာတော့ ယူရို ၂၀၁၆ ချန်ပီယံအသင်းထက် နောက်တဆင့်မြင့်နေတဲ့ လူအင်အားက ရော်နယ်ဒိုက ဗဟိုတိုက်စစ်မှုး၊ ဘယ်ခြမ်းမှာ ဂျိုတာ၊ ညာခြမ်းမှာ ဘာနတ်ဒို ဆေးလ်ဗားတို့ရဲ့အတွဲအဖက်ကို ကွင်းလယ်ဖန်တီးရှင် ဘရူနို ဖာနန်ဒက်စ်က နောက်က ပံ့ပိုးပေးလာဖို့ ရှိနေပြီး အရန်မှာ ခဏထိုင်ရဦးမယ့် ဂျာအို ဖီးလစ်နဲ့ အန်ဒရေ ဆေးလ်ဗားတို့ရဲ့တို့ရဲ့ ပြိုင်ဘက်တိုင်း ဖြုံရလောက်တဲ့ တိုက်စစ်ပိုင်းကို ပိုင်ဆိုင်ထားတယ်။

ဆာဂျီယို အိုလီဗီယားရား၊ ပယ်လင်ညာ၊ ရူဘင် နာဗက်စ်၊ ဂွီဒက်စ်၊ ဒန်နီလို ပါရဲရား၊ ဂျိုတာ၊ မော်တင်ဟို၊ ရီနာတို ဆန်းချက်ဇ်တို့ရဲ့ ကွင်းလယ်က နည်းပြဆန်းတို့စ်ကို ခေါင်းကိုက်စေလောက်အောင် ရွေးချယ်ရခက်စေဦးမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးရဲ့ ရူဘင် ဒီယာ့စ်၊နဲ့ သမ္ဘာ့ရင့်ပီပီတို့ရဲ့ ပေါင်းစပ်မှုက ဗဟိုခံစစ်ပိုင်းကို စွဲမက်စရာဖြစ်စေသလို ဘယ်သူမှ ဂိုးမဝင်နိုင်တော့မယ့် ဂိုးပေါက်ကို ကာကွယ်ဖို့လားလို့ အမွှမ်းတင်ခံထားရချိန်မှာ ညာနောက်ခံလူမှာ ကန်ဆယ်လို၊ ဘယ်နောက်ခံလူနေရာမှာ ဂွာရဲရိုး၊ သူ့ရဲ့ အရန်ဖြစ်လာမယ့် နူနို မန်ဒက်စ်တို့ရဲ့ တိုက်စစ်လိုက်ပါမှုအားက ဒီပြိုင်ပွဲမှာ အန္တရာယ်အကြီးမားဆုံး အတွဲအဖက်ဖြစ်နေခြင်းက ပေါ်တူဂီက နောက်တဆင့်မတက်ခဲ့ရင်တော့ ဝမ်းနည်းစရာအကောင်းဆုံးဖြစ်လာမှာပါ။

၄။ ဟန်ဂေရီ
အိမ်ဖြည့်အသင်းလို့ ဆိုပေမယ့် အုပ်စုအဖွဲ့ ၂ ပွဲကို အိမ်ကွင်းမှာ ဆက်တိုက်ကစားရမယ့် အားသာချက်ရှိနေတဲ့ ဟန်ဂေရီက ဖျက်မြင်းအသင်းအဖြစ် ဘယ်ကတ်တွေကို ထုတ်သုံးလာမလဲလို့ စောင့်ကြည့်စရာရှိနေပြီး အသင်းရဲ့အကောင်းဆုံးကစားသမား ဒေါမနစ် ဆိုဘော့ဆ်လိုင်း ပေါင်ဒဏ်ရာကြောင့် လွဲချော်ချိန်မှာ RB လိုက်ပ်ဇ်အသင်းရဲ့ ဂိုးသမား ပီတာ ဂူလာချီ၊ ဗဟိုခံစစ်မှူး ဝီလီ အော်ဘန်တို့နဲအတူ တိုက်စစ်ပိုင်းမှာ အဒမ် ဇာလိုင်းနဲ့ ရိုလန် ဆယ်လိုင်းတို့က အသင်းကို ဦးဆောင်လာမှာဖြစ်ကြောင်း တင်ဆက်ပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၂၀၂၁ ခုႏွစ္ ဇြန္လ ၁၄ ရက္ေန႔မွာ က်င္းပမယ့္ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲရဲ႕ အုပ္စု F မွာေတာ့ မရဏအုပ္စုသတ္မွတ္ခံထားရၿပီး လက္ရွိ ၂၀၁၈ ကမာၻ႔ဖလားခ်န္ပီယံ ျပင္သစ္၊ ယူ႐ို ၂၀၁၆ ခ်န္ပီယံ ေပၚတူဂီအသင္းနဲ႔ ၂၀၁၄ ကမာၻ႔ဖလားခ်န္ပီယံ ဂ်ာမဏီအသင္းနဲ႔ အိမ္ျဖည့္အျဖစ္ သတ္မွတ္ခံထားရတဲ့ ဟန္ေဂရီအသင္းတို႔ တအုပ္စုတည္း က်ေရာက္လို႔ေနျခင္းက ကမာၻ႔ဂုဏ္သိကၡာအျမင့္ဆုံး ေနာက္ဆုံးၿပိဳင္ပြဲႀကီး ၃ ခုရဲ႕ ေနာက္ဆုံးခ်န္ပီယံ ၃ သင္း ထိပ္တိုက္ေတြ႕ဆုံၾကေတာ့မွာမို႔ စိတ္ဝင္စားစရာေကာင္းလြန္းေနတာပါ။

အုပ္စုအဆင့္ကေန ထိပ္ဆုံးႏွစ္သင္းက ရႉံးထြက္ ၁၆ သင္းအဆင့္ကို တက္ေရာက္ႏိုင္မွာျဖစ္ၿပီး အုပ္စုတတိယရတဲ့အသင္းကလည္း ေနာက္တဆင့္တက္ဖို႔ အခြင့္အေရး ၆၆.၆၆ ရာခိုင္ႏႈန္း ပိုင္ဆိုင္ထားတာကိုလည္း ေတြ႕ၾကရမွာပါ။

ၿပိဳင္ပြဲရဲ႕စည္းမ်ဥ္းအရ တသင္းကို လူစားလဲခြင့္ ၅ ႀကိမ္ရရွိမွာျဖစ္ၿပီး အခ်ိန္ပိုကစားရရင္ေတာ့ တႀကိမ္ထပ္ေဆာင္း လူစားလဲႏိုင္ဦးမွာပါ။ ဒီသက္ေရာက္မွာအရ အသင္းရဲ႕လူစာရင္း ၂၆ ဦးခ်င္းတူေပမယ့္ ႀကံ့ခိုင္မႈျပည့္ဝၿပီး အရည္အေသြးျမင့္ကစားသမားေတြကို ပိုင္ဆိုင္ထားတဲ့ ႏိုင္ငံအသင္းေတြကပဲ ခ်န္ပီယံျဖစ္လာႏိုင္ေျခကေတာ့ မမွားယြင္းတဲ့ အယူအဆလို႔ ဆိုႏိုင္ပါတယ္။

၁။ ျပင္သစ္
နည္းျပေဒး႐ႊမ့္ရဲ႕ “ရထားထက္ ျမန္တဲ့သူ”လို႔ဆိုခဲ့တဲ့ လက္ရွိခ်န္ပီယံလိဂ္ခ်န္ပီယံ အန္ဂိုလို ကြန္ေတကို ပိုင္ဆိုင္ထားတဲ့ ျပင္သစ္အသင္းက ယူ႐ို ၂၀၂၀ ရဲ႕ ခ်န္ပီယံအသင္းျဖစ္လာဖို႔ ေရပန္းအစားဆုံးျဖစ္ေနတယ္။ ဘာေၾကာင့္ေရပန္းအစားဆုံးျဖစ္ေနလဲဆိုရင္ အသင္းရဲ႕ေနရာစုံမွာ အေတာင့္တင္းဆုံးလူစာရင္းက ထင္းခနဲျဖစ္ေတယ္။

၄-၂-၃-၁ ကိုပဲ အထိုင္ခ်မယ့္ ျပင္သစ္ အေထာင္တိုက္စစ္မႉးအျဖစ္ ဘန္ဇီမာကို အားျဖည့္ထားတယ္။ ဂ်႐ူးက သူ႔ရဲ႕အရန္အျဖစ္ ရွိေနမယ္။ အမ္ဘာေပရဲ႕ အျမန္ႏႈန္းကို ညာျခမ္းကေန အသုံးခ်မယ္။ ဘယ္ျခမ္းမွာ ရာဗ်ိဳသို႔ ဂရိဇ္မန္းကို သုံးမယ္။

ကြင္းလယ္အထိုင္မွာ ေပါ့ဘာ+ကြန္ေတဆိုတဲ့ ကမာၻ႔ဟန္ခ်က္အညီဆုံးကြင္းလယ္အတြဲနဲ႔အတူ ခံစစ္ေၾကာင္းမွာ ဗာရန္း+ကင္ဘမ္ေပရဲ႕ ဗဟိုခံစစ္အတြဲ၊ လူးကပ္စ္ ဟာနန္ဒက္စ္+ပါဗက္ရဲ႕ ေနာက္ခံဘယ္ညာေတာင္ပံတစုံက ဘယ္အသင္းကိုမဆို ၿဖိဳဖ်က္ပစ္ႏိုင္စြမ္းျမင့္လို႔ အဆင့္ ၁ နဲ႔ အုပ္စုကြၽတ္မယ္လို႔ ခန႔္မွန္းထားခ်င္ပါတယ္။

၂။ ဂ်ာမနီ
နည္းျပ ယိုအာခင္မ္ လို႔ဗ္ရဲ႕ ဂ်ာမနီနဲ႔ ေနာက္ဆုံးၿပိဳင္ပြဲႀကီးအျဖစ္ ဇာတ္သိမ္းလွမလားဆိုတာက စိတ္ဝင္စားမႈေတြ ျမင့္တက္ေနတာပါ။ ဒီၿပိဳင္ပြဲမွာ သူက ၄၃၃ နဲ႔အတူ ေသာမတ္စ္ မူလာျပန္လည္ပါဝင္ျခင္းမွာ ၄-၂-၃-၁ ကိုလည္း အထိုင္ခ် အသုံးျပဳသြားဖြယ္ ရွိေနပါတယ္။

ေရွ႕တန္းမွာေတာ့ ၿပိဳင္ဘက္ခံစစ္ကို ကြင္းေဘးစည္းအထိ ဆြဲၿဖဲႏိုင္တဲ့ လီ႐ြိဳင္း ဆာေနး၊ အေ႐ြ႕နဲ႔ လႈပ္ရွားမႈလာဘ္ျမင္တဲ့ တီမို ဗာနာ၊ ေနရာယူတတ္တဲ့ ဉာဏ္ႀကီးရွင္ ေသာမတ္စ္ မူလာနဲ႔ ႏိုင္ငံတကာပြဲ ၂၀ မွာ ၁၅ ဂိုးထိရွိတဲ့ ဂိုးသြင္းအားျမင္တဲ့ ဂနာဘရီတို႔က ဦးေဆာင္လာျခင္းက ဆြဲေဆာင္ႏိုင္စြမ္းျမင့္ေနပါတယ္။

ညာေနာက္ခံအစြန္လူေနရာကို ဂ်ိဳရႈအာ ကင္းမစ္ခ်နဲ႔ ဘယ္ေနာက္ခံအတြက္ အတၱလန္တာနဲ႔ ေတာက္ပလာတဲ့ ေရာ္ဘင္ ဂိုဆန္စ္တို႔ကို သုံးစြဲသြားဖြယ္ရွိေနၿပီး အင္ဂ်င္ေတြ စုံလင္မ်ားျပားလြန္းတဲ့ ဂ်ာမနီရဲ႕ကြင္းလယ္ပိုင္းမွာေတာ့ စိတ္ပူစရာေတြ ရွိမေနဘဲ တိုနီ က႐ူးစ္၊ ဂြန္းဒိုဝမ္နဲ႔ ေဂၚရက္ဇ္ကာတို႔က အေတာင့္တင္းဆုံးအတြဲအဖက္အျဖစ္ ပြဲထုတ္ခံရမွာပါ။

ဂ်ာမနီမွာ ျပန္အေ႐ြးခ်ယ္ခံလိုက္ရတဲ့ မတ္ထ္စ္ ဟမ္းမဲလ္စ္က ႐ူဒီဂါနဲ႔ ဗဟိုခံစစ္ပါတနာျဖစ္လာဖို႔ ရွိေနၿပီး နစ္ကလပ္စ္ ဆူလားနဲ႔ ႐ိုဘင္ ကို႔ခ်္တို႔ရဲ႕အတြဲလို စပိန္ကို ဂိုးဒါဇင္ဝက္ေပးလိုက္ရႏိုင္တဲ့ အတြဲကို အရန္ျအဖစ္ သတ္မွတ္ခံထားရခ်ိန္မွာ နည္းျပရဲ႕ လူေ႐ြးခ်ယ္မႈေၾကာင့္ အုပ္စုအဆင့္ကေန မျပဳတ္တန္ေကာင္းေသးတဲ့ အေနအထားပါ။

၃။ ေပၚတူဂီ
ေပါင္းစည္းညီၫြတ္မႈနဲ႔ ဟန္ခ်က္ညီမႈကို ကိုယ္စားျပဳေနတဲ့ ေပၚတူဂီလူစာရင္းကလည္း သဘာဝလြန္ျဖစ္ရပ္ဆန္းၾကယ္ေတြကို ယူေဆာင္လာႏိုင္တဲ့အထိ သည္းထိတ္ရင္ဖိုျဖစ္ခ်င္စရာပါ။ နည္းျပဆန္းတို႔စ္ရဲ႕ ေ႐ြးခ်ယ္မႈမွာ ၄-၃-၃ က ထိပ္ဆုံးကရွိေနတယ္လို႔ သိရၿပီး ဒါက ဒီလူစာရင္းနဲ႔ အသင့္ေတာ္ဆုံးလည္းျဖစ္ေနတယ္

ေရာ္နယ္လ္ဒိုဦးေဆာင္လာမယ့္ ေပၚတူဂီအသင္းမွာေတာ့ ယူ႐ို ၂၀၁၆ ခ်န္ပီယံအသင္းထက္ ေနာက္တဆင့္ျမင့္ေနတဲ့ လူအင္အားက ေရာ္နယ္ဒိုက ဗဟိုတိုက္စစ္မႈး၊ ဘယ္ျခမ္းမွာ ဂ်ိဳတာ၊ ညာျခမ္းမွာ ဘာနတ္ဒို ေဆးလ္ဗားတို႔ရဲ႕အတြဲအဖက္ကို ကြင္းလယ္ဖန္တီးရွင္ ဘ႐ူႏို ဖာနန္ဒက္စ္က ေနာက္က ပံ့ပိုးေပးလာဖို႔ ရွိေနၿပီး အရန္မွာ ခဏထိုင္ရဦးမယ့္ ဂ်ာအို ဖီးလစ္နဲ႔ အန္ဒေရ ေဆးလ္ဗားတို႔ရဲ႕တို႔ရဲ႕ ၿပိဳင္ဘက္တိုင္း ၿဖဳံရေလာက္တဲ့ တိုက္စစ္ပိုင္းကို ပိုင္ဆိုင္ထားတယ္။

ဆာဂ်ီယို အိုလီဗီယားရား၊ ပယ္လင္ညာ၊ ႐ူဘင္ နာဗက္စ္၊ ဂြီဒက္စ္၊ ဒန္နီလို ပါရဲရား၊ ဂ်ိဳတာ၊ ေမာ္တင္ဟို၊ ရီနာတို ဆန္းခ်က္ဇ္တို႔ရဲ႕ ကြင္းလယ္က နည္းျပဆန္းတို႔စ္ကို ေခါင္းကိုက္ေစေလာက္ေအာင္ ေ႐ြးခ်ယ္ရခက္ေစဦးမွာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ခ်န္ပီယံမန္စီးတီးရဲ႕ ႐ူဘင္ ဒီယာ့စ္၊နဲ႔ သမာၻ႔ရင့္ပီပီတို႔ရဲ႕ ေပါင္းစပ္မႈက ဗဟိုခံစစ္ပိုင္းကို စြဲမက္စရာျဖစ္ေစသလို ဘယ္သူမွ ဂိုးမဝင္ႏိုင္ေတာ့မယ့္ ဂိုးေပါက္ကို ကာကြယ္ဖို႔လားလို႔ အမႊမ္းတင္ခံထားရခ်ိန္မွာ ညာေနာက္ခံလူမွာ ကန္ဆယ္လို၊ ဘယ္ေနာက္ခံလူေနရာမွာ ဂြာရဲ႐ိုး၊ သူ႔ရဲ႕ အရန္ျဖစ္လာမယ့္ ႏူႏို မန္ဒက္စ္တို႔ရဲ႕ တိုက္စစ္လိုက္ပါမႈအားက ဒီၿပိဳင္ပြဲမွာ အႏၲရာယ္အႀကီးမားဆုံး အတြဲအဖက္ျဖစ္ေနျခင္းက ေပၚတူဂီက ေနာက္တဆင့္မတက္ခဲ့ရင္ေတာ့ ဝမ္းနည္းစရာအေကာင္းဆုံးျဖစ္လာမွာပါ။

၄။ ဟန္ေဂရီ
အိမ္ျဖည့္အသင္းလို႔ ဆိုေပမယ့္ အုပ္စုအဖြဲ႕ ၂ ပြဲကို အိမ္ကြင္းမွာ ဆက္တိုက္ကစားရမယ့္ အားသာခ်က္ရွိေနတဲ့ ဟန္ေဂရီက ဖ်က္ျမင္းအသင္းအျဖစ္ ဘယ္ကတ္ေတြကို ထုတ္သုံးလာမလဲလို႔ ေစာင့္ၾကည့္စရာရွိေနၿပီး အသင္းရဲ႕အေကာင္းဆုံးကစားသမား ေဒါမနစ္ ဆိုေဘာ့ဆ္လိုင္း ေပါင္ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခ်ိန္မွာ RB လိုက္ပ္ဇ္အသင္းရဲ႕ ဂိုးသမား ပီတာ ဂူလာခ်ီ၊ ဗဟိုခံစစ္မႉး ဝီလီ ေအာ္ဘန္တို႔နဲအတူ တိုက္စစ္ပိုင္းမွာ အဒမ္ ဇာလိုင္းနဲ႔ ႐ိုလန္ ဆယ္လိုင္းတို႔က အသင္းကို ဦးေဆာင္လာမွာျဖစ္ေၾကာင္း တင္ဆက္ေပးလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.