Analysis International

ယူရိုပြိုင်ပွဲမှာ သာလွန်အင်အားကို ပိုင်ဆိုင်ထားတဲ့ ငါးသင်းအကြောင်း တစေ့တစောင်း

၅။ အင်္ဂလန်
အသင်းခေါင်းဆောင် ဟာရီကိန်း ဦးဆောင်လာမယ့် တိုက်စစ်ပိုင်းက ဆန်ချို၊ ရက်ရှ်ဖို့ဒ်၊ စတာလင်၊ ဆာကာ၊ ဖိုဒန်၊ ဂရီးလစ်ရှ်၊ မေဆန်မောင့်တို့နဲ့ သာယာလွန်းတာကို ပိုနေပေမယ့်မက်ဂွိုင်းယားက တာဝန်ယူလာမယ့် ခံစစ်ကြောင်းမှာ သူကိုယ်တိုင်ကြံ့ခိုင်မှုပြည့်ဝပါ့မလားဆိုတာတော့ စောင့်ကြည့်နေဆဲပါ။

ကော်နာ ကိုဒီနဲ့ ဂျွန်စတုန်းစ်အတွဲကို ဗဟိုခံစစ်မှာ မြင်လာရဖို့ ရှိနေပြီး ဘယ်နောက်ခံအစွန်နေရာမှာတော့ ချေးလ်ဝဲလ်နဲ့ လုခ်ရှောတို့ရဲ့ အားပြိုင်မှုနောက်မှာ ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ခဲ့တဲ့ ရီးစ်ဂျိမ်းစ်နဲ့ ဝေါလ်ကာ၊ လာလီဂါချန်ပီယံ ထရစ်ပီယာနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဟောင်း အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့နဲ့ လက်နက်အပြည့်တပ်ဆင်ထားတဲ့ ညနောက်ခံအစွန်နေရာက တိုက်ပွဲပြင်းလွန်းတာကို တွေ့ရမှာပါ။

ကွင်းလယ်အထိုင်နေရာမှာ ဟန်ဒါဆန်၊ ဒက်ကလန်ရိုက်စ်၊ ကယ်လ်ဗင် ဖီးလစ်နဲ့ ဘယ်လင်ဟမ်တို့က နေရာ ၂ နေရာအတွက် အလှည့်ကျအသုံးတော်ခံလာရဖွယ်ရှိနေပြီး ဂိုးသမားကတော့ ဒင်းန်ဟန်ဒါဆန်နဲ့ ပိုပြီးအဆင်ပြေလာဖို့ ရှိိနေတာပါ။

၄။ စပိန်
ရွှေရောင်မျိုးဆက်မဟုတ်တော့ပေမယ့် နည်းပြ အင်းနရစ်ခေါင်းဆောင်လာပြီး ဆင်ပိန် ကျွဲလောက်တော့ ကျန်နေသေးတဲ့ စပိန်မှာ ကွင်းလယ်ပိုင်းကတော့ ဆာဂျီယို ဘူးစကွက်စ်၊ သီယာဂို အယ်လ်ကန်တာရာ၊ ရိုဒရီ၊ ကိုကီတို့လို ကမ္ဘာ့အကောင်းဆုံးမှော်ဆရာတွေနဲ့ ပြည့်နှက်နေတယ်။

တောင်ပံအစွန်နေရာမှာ ဖယ်ရန် တောရက်စ်၊ အဒမာ ထရာအိုရီ၊ မီခေးလ် အိုယာဇာဘယ်လ်တို့နဲ့ တောင့်တင်းနေသလို မိုရာတာနဲ့ ဂျရတ် မိုရီနိုတို့ ဦးဆောင်မယ့် တိုက်စစ်ပိုင်းကတော့ အနည်းငယ်အားပျော့သယောင်ရှိနေပြီး လာပေါ့တေး၊ ပေါလ်တောရက်စ်နဲ့ အဲရစ် ဂါစီယာတို့က ဗဟိုခံစစ်မှာ အားရစရာကောင်းနေသလို ဂျော်ဒီ အယ်လ်ဘာနဲ့ အက်စပီလီကွေတာတို့က ဘယ်ညာနောက်ခံလူအတွဲဖြစ်လာဖွယ် ရှိနေပါတယ်။

၃။ ဘယ်လ်ဂျီယမ်
ခံစစ်မှာ လူငယ်တွေကို ပိုသုံးနိုင်ပေမယ့် ဝါရင့်တွေကိုသာ ပိုရွေးချယ်လာခဲ့တဲ့ ဘယ်လ်ဂျီယံမှာ ဗာတွန်ဂန်၊ အယ်လ်ဒါဝီရယ်လ်၊ ဗာမယ်လန်း၊ ဘိုယာတာတို့က မာတီနက်ဇ်တည်ဆောက်မယ့် ခံစစ်ကြောင်းကို ဦးဆောင်လာမှာပါ။

ကွင်းလယ်မှာ ပရီးမီးယားလိဂ်ရဲ့နာမည်ကြီးဒီဘရိုင်းနားနဲ့ ယူရီ တီးလီမန်းစ်နဲ့ ဒေါ့မန်ရဲ့ ဝစ်ဆယ်လ်တို့နဲ့ အထိုင်ချဖို့ ပြင်ဆင်လာပါလိမ့်မယ်။ လူကာကူကို ဦးဆောင်မယ့် တိုက်စစ်တန်းကို ဟာဇတ်ညီနောင်၊ ဒရိုင်းစ် မာတင်စ်၊ ဂျရမီ ဒိုကူ၊ လီယန်ဒရို ထရော့ဆက်တို့က တောင်ပံတိုက်စစ်ကနေ ထောက်ပံ့ပေးလာမှယ့် အင်အားကတော့ အကောင်းဆုံးတွေထဲက တစ်သင်းအဖြစ် ငြင်းပယ်နိုင်ဖို့ မရှိတာဖြစ်ပါတယ်။

၂။ ပေါ်တူဂီ
ရော်နယ်လ်ဒိုဦးဆောင်လာမယ့် ပေါ်တူဂီအသင်းမှာတော့ ယူရို ၂၀၁၆ ချန်ပီယံအသင်းထက် နောက်တဆင့်မြင့်နေတဲ့ လူအင်အားက ဘရူနို ဖာနန်ဒက်စ်၊ ဘာနတ်ဒို ဆေးလ်ဗား၊ အန်ဒရေ ဆေးလ်ဗား၊ ဒီယိုဂို ဂျိုတာ၊ ဂျာအို ဖီးလစ်တို့ရဲ့ ပြိုင်ဘက်တိုင်း ဖြုံရလောက်တဲ့ တိုက်စစ်ပိုင်းကို ပိုင်ဆိုင်ထားတယ်။

ဆာဂျီယို အိုလီဗီယားရား၊ ပယ်လင်ညာ၊ ရူဘင် နာဗက်စ်၊ ဂွီဒက်စ်၊ ဒန်နီလို ပါရဲရား၊ ဂျိုအာ၊ မော်တင်ဟို၊ ရီနာတို ဆန်းချက်ဇ်တို့ရဲ့ ကွင်းလယ်က နည်းပြဆန်းတို့စ်ကို ခေါင်းကိုက်စေလောက်အောင် ရွေးချယ်ရခက်စေဦးမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးရဲ့ ရူဘင် ဒီယာ့စ်၊နဲ့ သမ္ဘာ့ရင့်ပီပီတို့ရဲ့ ပေါင်းစပ်မှုက ဗဟိုခံစစ်ပိုင်းကို စွဲမက်စရာဖြစ်စေသလို ဘယ်သူမှ ဂိုးမဝင်နိုင်တော့မယ့် ဂိုးပေါက်ကို ကာကွယ်ဖို့လားလို့ အမွှမ်းတင်ခံထားရချိန်မှာ ညာနောက်ခံလူမှာ ကန်ဆယ်လို၊ ဘယ်နောက်ခံလူနေရာမှာ ဂွာရဲရိုးနဲ့ နူနို မန်ဒက်စ်တို့ရဲ့အားက ကြောက်စရာသိပ်ကောင်းတဲ့ အတွဲအဖက်ဖြစ်နေတယ်။

၁။ ပြင်သစ်
၂၀၁၈ ခုနှစ်တုန်းက ကမ္ဘာ့ဖလားမှာ အ​တောင့်တင်းဆုံးလူစာရင်းကို ပိုင်ဆိုင်ပြီး ချန်ပီယံဖြစ်ခဲ့တဲ့ ပြင်သစ်အသင်းဟာ အခုယူရိုပြိုင်ပွဲမှာတော့ ပိုပြီးတုတ်ခိုင်သန်မာတဲ့ လူစာရင်းဖြစ်လာခဲ့ပြီး အူပါမီကာနိုနဲ့ လာကာဇက်တို့တောင် အရွေးမခံထားရတဲ့ လူစာရင်းက ကြောက်မက်ဖွယ်ပါ။

တိုက်စစ်မှူးအဖြစ် ဘန်ဇီမာက ၆ နှစ်အကြာမှာ လက်ရွေးစင်မှာ ပြန်အရွေးခံခဲ့ရသလို အမ်ဘာပေ၊ ဂရိဇ်မန်းတို့နဲ့ ပေါင်းစပ်အား၊ ကွင်းလယ်မှာ ကွန်တေနဲ့ ပေါ့ဘာတို့ရဲ့ ဦးဆောင်မှု၊ တောင်ပံတိုက်စစ်မှာ ဘိုင်ယန်ရဲ့ ကင်းစလီ ကိုမွန်၊ အူစမန် ဒမ်ဘီလီ၊ မားကပ်စ် သူရမ်တို့ရဲ့ နုပျိုလတ်ဆတ်မှုကို ဘယ်အသင်းမှ ရင်ဆိုင်လိုကြမှာ မဟုတ်ပါဘူး။

ဗဟို​ခံစစ်မှာ ဗာရွန်း၊ ကွန်ဒီ၊ ကင်ပမ်ဘီတို့ရဲ့ အတွဲအဖက်၊ ညာနောက်ခံနေရာမှာ ဘန်ဂျမင် ပါဗတ်၊ ဘယ်နောက်ခံနေရာမှာ လူးကပ်စ် ဟာနန်ဒက်ဇ်တို့က တော်ရုံတန်ရုံ ဘယ်အသင်းမှ လိုက်မမီဖို့ မလွယ်တဲ့ သာလွန်အင်အားတပ်စုကြီးတခုလို ရပ်တည်နေတာကို တွေ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၅။ အဂၤလန္
အသင္းေခါင္းေဆာင္ ဟာရီကိန္း ဦးေဆာင္လာမယ့္ တိုက္စစ္ပိုင္းက ဆန္ခ်ိဳ၊ ရက္ရွ္ဖို႔ဒ္၊ စတာလင္၊ ဆာကာ၊ ဖိုဒန္၊ ဂရီးလစ္ရွ္၊ ေမဆန္ေမာင့္တို႔နဲ႔ သာယာလြန္းတာကို ပိုေနေပမယ့္ မက္ဂြိဳင္းယားက တာဝန္ယူလာမယ့္ ခံစစ္ေၾကာင္းမွာ သူကိုယ္တိုင္ ႀကံ့ခိုင္မႈျပည့္ဝပါ့မလားဆိုတာေတာ့ ေစာင့္ၾကည့္ေနဆဲပါ။

ကိုဒီနဲ႔ ဂြၽန္စတုန္းစ္အတြဲကို ဗဟိုခံစစ္မွာ ျမင္လာရဖို႔ ရွိေနၿပီး ဘယ္ေနာက္ခံအစြန္ေနရာမွာေတာ့ ေခ်းလ္ဝဲလ္နဲ႔ လုခ္ေရွာတို႔ရဲ႕ အားၿပိဳင္မႈေနာက္မွာ ခ်န္ပီယံလိဂ္ဖိုင္နယ္ကို တက္ခဲ့တဲ့ ရီးစ္ဂ်ိမ္းစ္နဲ႔ ေဝါလ္ကာ၊ လာလီဂါခ်န္ပီယံ ထရစ္ပီယာနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံေဟာင္း အလက္ဇန္းဒါး-အာႏိုးလ္ဒ္တို႔နဲ႔ လက္နက္အျပည့္တပ္ဆင္ထားတဲ့ ညေနာက္ခံအစြန္ေနရာက တိုက္ပြဲျပင္းလြန္းတာကို ေတြ႕ရမွာပါ။

ကြင္းလယ္အထိုင္ေနရာမွာ ဟန္ဒါဆန္၊ ဒက္ကလန္႐ိုက္စ္၊ ကယ္လ္ဗင္ ဖီးလစ္နဲ႔ ဘယ္လင္ဟမ္တို႔က ေနရာ ၂ ေနရာအတြက္ အလွည့္က်အသုံးေတာ္ခံလာရဖြယ္ရွိေနၿပီး ဂိုးသမားကေတာ့ ဒင္းန္ဟန္ဒါဆန္နဲ႔ ပိုၿပီးအဆင္ေျပလာဖို႔ ရွိိေနတာပါ။

၄။ စပိန္
ေ႐ႊေရာင္မ်ိဳးဆက္မဟုတ္ေတာ့ေပမယ့္ နည္းျပ အင္းနရစ္ေခါင္းေဆာင္လာၿပီး ဆင္ပိန္ ကြၽဲေလာက္ေတာ့ က်န္ေနေသးတဲ့ စပိန္မွာ ကြင္းလယ္ပိုင္းကေတာ့ ဆာဂ်ီယို ဘူးစကြက္စ္၊ သီယာဂို အယ္လ္ကန္တာရာ၊ ႐ိုဒရီ၊ ကိုကီတို႔လို ကမာၻ႔အေကာင္းဆုံးေမွာ္ဆရာေတြနဲ႔ ျပည့္ႏွက္ေနတယ္။

ေတာင္ပံအစြန္ေနရာမွာ ဖယ္ရန္ ေတာရက္စ္၊ အဒမာ ထရာအိုရီ၊ မီေခးလ္ အိုယာဇာဘယ္လ္တို႔နဲ႔ ေတာင့္တင္းေနသလို မိုရာတာနဲ႔ ဂ်ရတ္ မိုရီႏိုတို႔ ဦးေဆာင္မယ့္ တိုက္စစ္ပိုင္းကေတာ့ အနည္းငယ္အားေပ်ာ့သေယာင္ရွိေနၿပီး လာေပါ့ေတး၊ ေပါလ္ေတာရက္စ္နဲ႔ အဲရစ္ ဂါစီယာတို႔က ဗဟိုခံစစ္မွာ အားရစရာေကာင္းေနသလို ေဂ်ာ္ဒီ အယ္လ္ဘာနဲ႔ အက္စပီလီေကြတာတို႔က ဘယ္ညာေနာက္ခံလူအတြဲျဖစ္လာဖြယ္ ရွိေနပါတယ္။

၃။ ဘယ္လ္ဂ်ီယမ္
ခံစစ္မွာ လူငယ္ေတြကို ပိုသုံးႏိုင္ေပမယ့္ ဝါရင့္ေတြကိုသာ ပိုေ႐ြးခ်ယ္လာခဲ့တဲ့ ဘယ္လ္ဂ်ီယံမွာ ဗာတြန္ဂန္၊ အယ္လ္ဒါဝီရယ္လ္၊ ဗာမယ္လန္း၊ ဘိုယာတာတို႔က မာတီနက္ဇ္တည္ေဆာက္မယ့္ ခံစစ္ေၾကာင္းကို ဦးေဆာင္လာမွာပါ။

ကြင္းလယ္မွာ ပရီးမီးယားလိဂ္ရဲ႕နာမည္ႀကီးဒီဘ႐ိုင္းနားနဲ႔ ယူရီ တီးလီမန္းစ္နဲ႔ ေဒါ့မန္ရဲ႕ ဝစ္ဆယ္လ္တို႔နဲ႔ အထိုင္ခ်ဖို႔ ျပင္ဆင္လာပါလိမ့္မယ္။ လူကာကူကို ဦးေဆာင္မယ့္ တိုက္စစ္တန္းကို ဟာဇတ္ညီေနာင္၊ ဒ႐ိုင္းစ္ မာတင္စ္၊ ဂ်ရမီ ဒိုကူ၊ လီယန္ဒ႐ို ထေရာ့ဆက္တို႔က ေတာင္ပံတိုက္စစ္ကေန ေထာက္ပံ့ေပးလာမွယ့္ အင္အားကေတာ့ အေကာင္းဆုံးေတြထဲက တစ္သင္းအျဖစ္ ျငင္းပယ္ႏိုင္ဖို႔ မရွိတာျဖစ္ပါတယ္။

၂။ ေပၚတူဂီ
ေရာ္နယ္လ္ဒိုဦးေဆာင္လာမယ့္ ေပၚတူဂီအသင္းမွာေတာ့ ယူ႐ို ၂၀၁၆ ခ်န္ပီယံအသင္းထက္ ေနာက္တဆင့္ျမင့္ေနတဲ့ လူအင္အားက ဘ႐ူႏို ဖာနန္ဒက္စ္၊ ဘာနတ္ဒို ေဆးလ္ဗား၊ အန္ဒေရ ေဆးလ္ဗား၊ ဒီယိုဂို ဂ်ိဳတာ၊ ဂ်ာအို ဖီးလစ္တို႔ရဲ႕ ၿပိဳင္ဘက္တိုင္း ၿဖဳံရေလာက္တဲ့ တိုက္စစ္ပိုင္းကို ပိုင္ဆိုင္ထားတယ္။

ဆာဂ်ီယို အိုလီဗီယားရား၊ ပယ္လင္ညာ၊ ႐ူဘင္ နာဗက္စ္၊ ဂြီဒက္စ္၊ ဒန္နီလို ပါရဲရား၊ ဂ်ိဳအာ၊ ေမာ္တင္ဟို၊ ရီနာတို ဆန္းခ်က္ဇ္တို႔ရဲ႕ ကြင္းလယ္က နည္းျပဆန္းတို႔စ္ကို ေခါင္းကိုက္ေစေလာက္ေအာင္ ေ႐ြးခ်ယ္ရခက္ေစဦးမွာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ခ်န္ပီယံမန္စီးတီးရဲ႕ ႐ူဘင္ ဒီယာ့စ္၊နဲ႔ သမာၻ႔ရင့္ပီပီတို႔ရဲ႕ ေပါင္းစပ္မႈက ဗဟိုခံစစ္ပိုင္းကို စြဲမက္စရာျဖစ္ေစသလို ဘယ္သူမွ ဂိုးမဝင္ႏိုင္ေတာ့မယ့္ ဂိုးေပါက္ကို ကာကြယ္ဖို႔လားလို႔ အမႊမ္းတင္ခံထားရခ်ိန္မွာ ညာေနာက္ခံလူမွာ ကန္ဆယ္လို၊ ဘယ္ေနာက္ခံလူေနရာမွာ ဂြာရဲ႐ိုးနဲ႔ ႏူႏို မန္ဒက္စ္တို႔ရဲ႕အားက ေၾကာက္စရာသိပ္ေကာင္းတဲ့ အတြဲအဖက္ျဖစ္ေနတယ္။

၁။ ျပင္သစ္
၂၀၁၈ ခုႏွစ္တုန္းက ကမာၻ႔ဖလားမွာ အ​ေတာင့္တင္းဆုံးလူစာရင္းကို ပိုင္ဆိုင္ၿပီး ခ်န္ပီယံျဖစ္ခဲ့တဲ့ ျပင္သစ္အသင္းဟာ အခုယူ႐ိုၿပိဳင္ပြဲမွာေတာ့ ပိုၿပီးတုတ္ခိုင္သန္မာတဲ့ လူစာရင္းျဖစ္လာခဲ့ၿပီး အူပါမီကာႏိုနဲ႔ လာကာဇက္တို႔ေတာင္ အေ႐ြးမခံထားရတဲ့ လူစာရင္းက ေၾကာက္မက္ဖြယ္ပါ။

တိုက္စစ္မႉးအျဖစ္ ဘန္ဇီမာက ၆ ႏွစ္အၾကာမွာ လက္ေ႐ြးစင္မွာ ျပန္အေ႐ြးခံခဲ့ရသလို အမ္ဘာေပ၊ ဂရိဇ္မန္းတို႔နဲ႔ ေပါင္းစပ္အား၊ ကြင္းလယ္မွာ ကြန္ေတနဲ႔ ေပါ့ဘာတို႔ရဲ႕ ဦးေဆာင္မႈ၊ ေတာင္ပံတိုက္စစ္မွာ ဘိုင္ယန္ရဲ႕ ကင္းစလီ ကိုမြန္၊ အူစမန္ ဒမ္ဘီလီ၊ မားကပ္စ္ သူရမ္တို႔ရဲ႕ ႏုပ်ိဳလတ္ဆတ္မႈကို ဘယ္အသင္းမွ ရင္ဆိုင္လိုၾကမွာ မဟုတ္ပါဘူး။

ဗဟို​ခံစစ္မွာ ဗာ႐ြန္း၊ ကြန္ဒီ၊ ကင္ပမ္ဘီတို႔ရဲ႕ အတြဲအဖက္၊ ညာေနာက္ခံေနရာမွာ ဘန္ဂ်မင္ ပါဗတ္၊ ဘယ္ေနာက္ခံေနရာမွာ လူးကပ္စ္ ဟာနန္ဒက္ဇ္တို႔က ေတာ္႐ုံတန္႐ုံ ဘယ္အသင္းမွ လိုက္မမီဖို႔ မလြယ္တဲ့ သာလြန္အင္အားတပ္စုႀကီးတခုလို ရပ္တည္ေနတာကို ေတြ႕ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.