International
ယူရိုပြိုင်ပွဲမှာ ရော်နယ်လ်ဒို ချိုးဖျက်နိုင်ဖွယ်ရှိနေတဲ့ စံချိန် ၅ ခု
၅။ ယူရိုပြိုင်ပွဲ ၅ ကြိမ်ဆက်ယှဉ်ပြိုင်နိုင်တဲ့ ပထမဆုံးကစားသမား
၂၀၀၄ ခုနှစ်ကတည်းက ပေါ်တူဂီအသင်းနဲ့အတူ ယူရိုဖိုင်နယ်တက်ခဲ့တဲ့ ရော်နယ်လ်ဒိုက လက်ရှိမှာ ယူရိုပြိုင်ပွဲကို ၄ ကြိမ်အထိ ကစားပြီးဖြစ်တယ်လို့ သိရသလို သူ့လိုစံချိန်တူကစားသမားက ၁၇ ဦးရှိနေချိန်မှာ အခုတကြိမ် ယူရို ၂၀၂၀ ပြိုင်ပွဲမှာသာ ပေါ်တူဂီအသင်းနဲ့အတူ ပွဲထွက်ကစားပြီဆိုတာနဲ့ သူက ယူရိုပြိုင်ပွဲ ၅ ကြိမ်ဆက်ယှဉ်ပြိုင်နိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာတော့မှာပါ။
၂။ ယူရိုရဲ့ ဂိုးအများဆုံးသွင်းသူအဖြစ် ပလာတီနီကို ကျော်ဖြတ်နိုင်မလား?
လက်ရှိ ယူရိုပြိုင်ပွဲမှာ ဂိုးအများဆုံးသွင်းထားသူအဖြစ် ပြင်သစ်တိုက်စစ်မှူးကြီးမီရှဲလ် ပလာတီနီနဲ့ ရော်နယ်လ်ဒိုတို့က သွင်းဂိုး ၉ ဂိုးနဲ့အတူ ပူးတွဲရပ်တည်နေတာဖြစ်ပြီး နောက်ထပ် တဂိုးသွင်းတာနဲ့ ယူရိုဖလားပြိုင်ပွဲရဲ့ ဂိုးအများဆုံးစံချိန်ရှင်အဖြစ် မှတ်တမ်းဝင်သွားမှာဖြစ်ပါတယ်။
သူက ပြိုင်ပွဲလေးကြိမ်ကစားအပြီး ၉ ဂိုးပြည့်ခဲ့ခြင်းဖြစ်သလို ပလာတီနီကတော့ ၁၉၈၄ ယူရိုပြိုင်ပွဲတခုအတွင်း ၉ ဂိုးသွင်းယူနိုင်ခဲ့ခြင်းကလည်း ဒီပြိုင်ပွဲရဲ့ သမိုင်းမှာ ခြသေ့နှစ်ကောင် ဂူတဂူထဲမအောင်းဘူးဆိုတာကိုလည်း ရော်နယ်လ်ဒိုက သက်သေပြသွားဖို့ ရှိနေပါတယ်။
၃။ ယူရိုမှာ ပွဲအများဆုံး ကစားထားသူ
ဒါက ယူရိုခြေစစ်ပွဲအဆင့်က ပွဲစဉ်တွေကိုပါ ထည့်သွင်းတွက်ချက်ထားခြင်းဖြစ်ပြီး အီတလီဂိုးသမားကြီးဘူဖွန်က ယူရိုမှာ ၅၈ ပွဲအထိ ကစားထားချိန်မှာ ယူရိုရဲ့ ပွဲထွက်အများဆုံးကစားသမားဖြစ်နေသလို ရော်နယ်လ်ဒိုက ၅၆ ပွဲ ကစားထားခဲ့တာပါ။ သူ့အနေနဲ့ ယူရိုသမိုင်းရဲ့ ပွဲထွက်အများဆုံးသူဖြစ်လာဖို့ လက်တကမ်းအကွာကို ရောက်လာခြင်းဖြစ်ပါတယ်။
၂။ ယူရိုဗိုလ်လုပွဲမှာ အသက်အကြီးဆုံးဂိုးသွင်းရှင်
ဒါကတော့ ပေါ်တူဂီအသင်းသာ ခန့်မှန်းထားသလို ဗိုလ်လုပွဲတက်နိုင်ခဲ့ရင်တော့ ရော်နယ်လ်ဒိုအတွက် စံချိန်သစ်တခုတိုးဖို့ အခွင့်အရေးရလာမှာဖြစ်ပြီး လက်ရှိမှာ ယူရိုဗိုလ်လုပွဲမှာ အသက်အကြီးဆုံးဂိုးသွင်းရှင်က ၁၉၇၆ ခုနှစ်က အနောက်ဂျာမနီအသင်းရဲ့ ကစားသမား ဘန္းဒ္ ဟိုးလ္ဇင္ဘိုင္းဖြစ်ပါတယ်။ ရော်နယ်လ်ဒိုသာ ဖိုင်နယ်နေ့မှာ ဂိုးသွင်းနိုင်ရင်တော့ ၃၆ နှစ်နဲ့ ၁၅၆ ရက် အရွယ်မှာ ယူရိုဗိုလ်လုပွဲမှာ ဂိုးသွင်းနိုင်တဲ့ အသက်အကြီးဆုံးသူဖြစ်လာမှာပါ။
၁။ နိုင်ငံတကာအဆင့် ဂိုးအများဆုံးကစားသမား
လက်ရှိမှာ ဒီစံချိန်ကို ပိုင်ဆိုင်ထားတာက အီရန်တိုက်စစ်မှုးကြီး အလီ ဒါယေးဖြစ်ပြီး သူက နိုင်ငံတကာအဆင့်ပြိုင်ပွဲမှာ တရားဝင် ၁၀၉ ဂိုးအထိ သွင်းယူထားခဲ့သူပါ။ ပေါ်တူဂီအတွက် ၁၀၃ ဂိုးသွင်းယူပြီးဖြစ်တဲ့ ရော်နယ်လ်ဒိုက ဒီစံချိန်ကို အခုယူရိုမှာ ရိုက်ချိုးဖို့ အလားအလာကောင်းနေပါတယ်။
သူ့အနေနဲ့ အလီ ဒါယေးကို ကျော်ဖြတ်ပြီး နံပါတ် ၁ နေရာမှာ ရပ်တည်ဖို့ ၇ ဂိုးသာလိုအပ်နေချိန်မှာ အာဂျင်တီးနားနဲ့အတူ မက်ဆီရဲ့ နိုင်ငံတကာသွင်းဂိုးက ၇၂ ဂိုးသာရှိထားလို့ ပေါ်တူဂီတိုက်စစ်မှူးဟာ မက်ဆီလိုက်မမီနိုင်တော့မယ့် စံချိန်သစ်တခုတိုးဖို့ အပြည့်အဝအားထုတ်ပြီး ဂုဏ်ဆာဖို့ဆိုတာလည်း မဝေးနိုင်တော့တဲ့ အနေအထားအဖြစ် မြင်တွေ့နေရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
REF: INTERNET SOURCES
SPORTS A2Z.