International Premier League

အိုင်ဗရီကို့စ်နဲ့ လှပတဲ့ နောက်ဆုံးမိနစ်အနိုင်ဂိုးသွင်းပြီး ဘက်ခမ်းနဲ့ အနှိုင်းခံခဲ့ရတဲ့ ဒီယယ်လို

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်တောင်ပံကစားသမား အာမက် ဒီယယ်လိုဟာ သူ့ရဲ့ လက်ရွေးစင်အသင်း အိုင်ဗရီကို့စ်နဲ့ ဘာကီနာဖာဆိုအသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ နောက်ဆုံးမိနစ်ဂိုးကို သွင်းယူပြီး အသင်းကို အနိုင်ရစေခဲ့သလို ပထမဆုံး နိုင်ငံတကာသွင်းဂိုးနဲ့လည်း အောင်ပွဲခံနိုင်ခဲ့ပါတယ်။

အီတလီမြေမှာ အနေကြာခဲ့ပေမယ့်လည်း အိုင်ဗရီကို့စ်အသင်းကိုပဲ ရွေးချယ်ခဲ့တဲ့ ဒီယယ်လိုဟာ ပြီးခဲ့တဲ့ အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲအဖြစ် ကစားတဲ့ နိုင်ဂျာနဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပွဲချိန် ၈၆ မိနစ်မှာ သူ့ရဲ့ ပထမဆုံးပွဲကို ရရှိခဲ့ပြီး ဒီနေ့ပွဲမှာလည်း အရန်ခုံကနေထပြီး အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာပါ။

ဘာကီနာ ဖာဆိုရဲ့ လက်ဆီနာ ထရာအိုရေးက ပွဲချိန် ၁၆ မိနစ်မှာ ဦးဆောင်ဂိုးသွင်းခဲ့ချိန်မှာ အိမ်ရှင်အိုင်ဗရီကို့စ်တို့ ပထမပိုင်းမှာ ရှုံးနိမ့်နေခဲ့ပြီး ဒုတိယပိုင်း ၆၃ မိနစ်မှာ ဒီယာလိုကို လူစားထည့်သွင်းခဲ့ပြီး ၇၂ မိနစ်မှာတော့ ပီအက်စ်ဗီအသင်းကွင်းလယ်လူ အီဘရာဟီမာ ဆန်ဂါရေးက ချေပဂိုးသွင်းယူနိုင်ခဲ့တာပါ။

နာကျင်အချိန်ပို ၇ မိနစ်မှာတော့ ဘာကီနာဖာဆို ဂိုးဧရိယာထိပ်မှာ ရရှိခဲ့တဲ့ ဖရီးကစ်ကို ဒီယယ်လိုက ဘယ်ခြေနဲ့ လှလှပပကန်သွင်းနိုင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ ဒီဂိုးအတွက် မန်ချက်စတာယူနိုက်တက်ဂန္ထဝင် ဒေးဗစ် ဘက်ခမ်းနဲ့တောင် နှိုင်းယှဉ်ချီးကျူးခဲ့ကြတာဖြစ်သလို အသင်းအတွက် အကျိုးပုနိုင်ဖို့လည်း အဆင်သင့်ဖြစ်တဲ့ ပုံစံကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

စီးရီးအေကလပ် အတ္တလန်တာအသင်းကနေ ကနဦးပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းနဲ့ သန်း ၄၀ အထိ မြင့်တက်သွားနိုင်တဲ့ ခံစားခွင့်တွေနဲ့ ရောက်ရှိလာခဲ့တဲ့ ဒီယယ်လိုအနေနဲ့ သူ့ရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်ခွင့်ကို လာမယ့် ဇွန်လ ၁၂ ရက်နေ့မှာ ကစားမယ့် ဂါနာနဲ့ ခြေစမ်းပွဲမှာ ရရှိမလား စောင့်ကြည့်ရမှာဖြစ်ပြီး ရာသီသစ်အတွက်ကို အိုးလ်ထရက်ဖို့ဒ် ပရိသတ်တွေ ကြိုတင်ရင်ခုန်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ လူငယ္ေတာင္ပံကစားသမား အာမက္ ဒီယယ္လိုဟာ သူ႔ရဲ႕ လက္ေ႐ြးစင္အသင္း အိုင္ဗရီကို႔စ္နဲ႔ ဘာကီနာဖာဆိုအသင္းတို႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ ေနာက္ဆုံးမိနစ္ဂိုးကို သြင္းယူၿပီး အသင္းကို အႏိုင္ရေစခဲ့သလို ပထမဆုံး ႏိုင္ငံတကာသြင္းဂိုးနဲ႔လည္း ေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။

အီတလီေျမမွာ အေနၾကာခဲ့ေပမယ့္လည္း အိုင္ဗရီကို႔စ္အသင္းကိုပဲ ေ႐ြးခ်ယ္ခဲ့တဲ့ ဒီယယ္လိုဟာ ၿပီးခဲ့တဲ့ အာဖရိကႏိုင္ငံမ်ားဖလား ေျခစစ္ပြဲအျဖစ္ ကစားတဲ့ ႏိုင္ဂ်ာနဲ႔ပြဲမွာ လူစားဝင္ကစားသမားအျဖစ္ ပြဲခ်ိန္ ၈၆ မိနစ္မွာ သူ႔ရဲ႕ ပထမဆုံးပြဲကို ရရွိခဲ့ၿပီး ဒီေန႔ပြဲမွာလည္း အရန္ခုံကေနထၿပီး အႏိုင္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တာပါ။

ဘာကီနာ ဖာဆိုရဲ႕ လက္ဆီနာ ထရာအိုေရးက ပြဲခ်ိန္ ၁၆ မိနစ္မွာ ဦးေဆာင္ဂိုးသြင္းခဲ့ခ်ိန္မွာ အိမ္ရွင္အိုင္ဗရီကို႔စ္တို႔ ပထမပိုင္းမွာ ရႈံးနိမ့္ေနခဲ့ၿပီး ဒုတိယပိုင္း ၆၃ မိနစ္မွာ ဒီယာလိုကို လူစားထည့္သြင္းခဲ့ၿပီး ၇၂ မိနစ္မွာေတာ့ ပီအက္စ္ဗီအသင္းကြင္းလယ္လူ အီဘရာဟီမာ ဆန္ဂါေရးက ေခ်ပဂိုးသြင္းယူႏိုင္ခဲ့တာပါ။

နာက်င္အခ်ိန္ပို ၇ မိနစ္မွာေတာ့ ဘာကီနာဖာဆို ဂိုးဧရိယာထိပ္မွာ ရရွိခဲ့တဲ့ ဖရီးကစ္ကို ဒီယယ္လိုက ဘယ္ေျခနဲ႔ လွလွပပကန္သြင္းႏိုင္ခဲ့တာျဖစ္ၿပီး ပရိသတ္ေတြကေတာ့ ဒီဂိုးအတြက္ မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ ေဒးဗစ္ ဘက္ခမ္းနဲ႔ေတာင္ ႏႈိင္းယွဥ္ခ်ီးက်ဴးခဲ့ၾကတာျဖစ္သလို အသင္းအတြက္ အက်ိဳးပုႏိုင္ဖို႔လည္း အဆင္သင့္ျဖစ္တဲ့ ပုံစံကို ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

စီးရီးေအကလပ္ အတၱလန္တာအသင္းကေန ကနဦးေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၂၅ သန္းနဲ႔ သန္း ၄၀ အထိ ျမင့္တက္သြားႏိုင္တဲ့ ခံစားခြင့္ေတြနဲ႔ ေရာက္ရွိလာခဲ့တဲ့ ဒီယယ္လိုအေနနဲ႔ သူ႔ရဲ႕ ပြဲထြက္လူစာရင္းမွာ ပါဝင္ႏိုင္ခြင့္ကို လာမယ့္ ဇြန္လ ၁၂ ရက္ေန႔မွာ ကစားမယ့္ ဂါနာနဲ႔ ေျခစမ္းပြဲမွာ ရရွိမလား ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ရာသီသစ္အတြက္ကို အိုးလ္ထရက္ဖို႔ဒ္ ပရိသတ္ေတြ ႀကိဳတင္ရင္ခုန္ႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.