Article Premier League

Ruben Dias: အာမာဒိုရာက ပါရမီရှင်လေးရဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးဆုဆီ ခရီးလမ်း

မန်ချက်စတာစီးတီးအသင်းဟာ ရူဘီလို့ နာမည်ပြောင်ရှိတဲ့ ပေါ်တူဂီသားလေးတစ်ယောက်ကို ၂၀၂၀ ခုနှစ် စက်တင်ဘာလက ခေါ်ယူခဲ့ပြီး လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီလုံး အကောင်းဆုံးဆုကို ရရှိဖို့ ကံစပ်နိုင်ခဲ့ပါတယ်။ ပေါ်တူဂီသားလေးလို့ သုံးစွဲရတာကတော့ ပရီးမီးယားလိဂ်ရဲ့ လူငယ်အကောင်းဆုံးဆုတွေကို အသက် ၂၄ နှစ်အထိ ထည့်သွင်းတွက်ချက်လို့လည်းဖြစ်ပါတယ်။

ရူဘင် ဒေါ့ဆန်းတို့စ် ဂါတို အဲလ်ဗက်စ် ဒီယက်စ်လို့ အမည်ရတဲ့ ကြယ်ပွင့်နောက်ခံလူဖြစ်လာမယ့် ကောင်လေးကို ပေါ်တူဂီနိုင်ငံ အာမာဒိုရာ မြို့မှာ မွေးဖွားခဲ့ပြီး ဘောလုံးကို ချစ်မြတ်နိုးတဲ့ လူလတ်တန်းစားမိသားစုကနေ မွေးဖွားခဲ့တာဖြစ်ပြီး မွေးချင်းမောင်နှမ ၄ ယောက်မှာ တတိယမြောက် ဖြစ်ပါတယ်။

ငယ်ဘဝ
ငြိမ်းချမ်းအေးဆေးတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ခဲ့တဲ့ ဒီယက်စ်ဟာ ဖခင် ဂျာအို၊ မိခင်(အမည် မထင်ရှား)၊ အစ်ကိုဖြစ်သူ အီဗန်၊ အစ်မဖြစ်သူ ဘီယက်ထရစ်နဲ့ ညီမဖြစ်သူ ကာရိုလီနာတို့နဲ့အတူ ပေါ်တူဂီအနောက်ပိုင်းဒေသက အာမာဒိုရာမှာ ကြီးပြင်းခဲ့ပြီး ချောမောလှပတဲ့ အစ်မနဲ့ ညီမရှိတဲ့ ရူဘီအနေနဲ့ တော်တော်လေး မျက်နှာပွင့်ခဲ့မှာတော့ သေချာပါတယ်။

ဘောလုံးနဲ့ စတင်ထိတွေ့ခဲ့ပုံ
အသက် ၉ နှစ်အရွယ်မှာ မိသားစုမိတ်ဆွေတစ်ဦးက သူ့ကို မြို့ခံကလပ် အက်စ်ထရယ်လာဒါ အာမာဒိုရာအသင်းဆီ ခေါ်ဆောင်သွားခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ တိုက်စစ်မှူးတစ်ယောက်အဖြစ် စတင်ကစားခဲ့သလို အသက် ၁၁ နှစ်အရွယ်မှာတော့ သူ့ရဲ့ ရည်မှန်းချက်ကြီးမားပြီး စိတ်အားထက်သန်မှုကို သိရှိတဲ့ မိဘတွေက ဘင်ဖီကာအသင်းဆီ ခေါ်ဆောင်သွားပြီး အစမ်းသပ်ခံစေခဲ့ရာမှာ ဝင်ခွင့်စစ်ဆေးမှုကို လွယ်လွယ်ကူကူပဲ အောင်မြင်ခဲ့တာပါ။

ဂဏန်းမငြိမ်ခဲ့တဲ့ လူငယ်ကစားသမားဘဝ
အာမာဒိုရာမှာတုန်းက တိုက်စစ်မှူးအဖြစ် ကစားခဲ့တဲ့ ဒီယက်စ်ကို ဘင်ဖီကာအကယ်ဒမီက ခံစစ်အတွက် အလားအလာရှိတယ်လို့ မြင်ခဲ့ပေမယ့် ကိုယ်လုံးကိုယ်ထည်က သေးငယ်တာကြောင့် အလယ်တန်းမှာ ကစားခိုင်းခဲ့ပြီး သူ့ရဲ့ အရွယ်ရောက်လို့ ခန္ဓာကိုယ်ဖွံ့ဖြိုးလာချိန်အထိ ဗဟိုခံစစ်ကို ပြောင်းလဲကစားဖို့ စောင့်ဆိုင်းခဲ့ရပါတယ်။

မိသားစုနဲ့ ပျော်တဲ့သူ
မိသားစုကို တန်ဖိုးထားတတ်တဲ့ ရူဘီဟာ ဘင်ဖီကာမှာ ကစားနေစဉ်က အဓိကရ ပွဲတော်တွေမှာ အိမ်မှာပဲ အတူရှိနေတတ်ပြီး အစ်ကိုဖြစ်သူ အီဗန်နဲ့ ဘောလုံးသမားဘဝကို မျှဝေခဲ့သလို အစ်မဖြစ်သူ ဘီယက်ထရစ်နဲ့ ခရီးသွားလာရတဲ့ဘဝကိုလည်း မျှဝေခဲ့ပြီး လေယာဉ်မယ်တစ်ဦးဖြစ်တဲ့ အစ်မဖြစ်သူကတော့ သူ့မောင်ရဲ့ လှုပ်ရှားရုန်းကန်ရတဲ့ ဘဝကို ကောင်းကောင်း နားလည်နိုင်မှာလည်းဖြစ်ပါတယ်။

ဘင်ဖီကာနဲ့ ထွန်းတောက်ဖို့ ကြိုးစားခဲ့ရသူ
ဘင်ဖီကာအကယ်ဒမီကနေ ဘီအသင်းကိုရောက်ဖို့ ၇ နှစ်တာ ကြိုးစားခဲ့ရပြီး အသက် ၁၈ နှစ်အရွယ်မှာ အရန်အသင်းရဲ့ အမာခံတစ်ဦး ဖြစ်လာခဲ့သလို ၂၀၁၆ ခုနှစ်မှာ ဇင်းနစ်နဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် အရန်ခုံပေါ် ပါဝင်ခွင့်ရခဲ့ပြီး အသင်းကြီးရဲ့ အသိအမှတ်ပြုခံဖြစ်ခဲ့တာပါ။ သူ့ရဲ့ ငယ်စဉ်ကတည်းက ဦးဆောင်ကစားနိုင်တဲ့ Leadership Skill ကိုလည်း လူတွေက သတိထားမိခဲ့ကြပါတယ်။

၂၀၁၇-၁၈ ရာသီမှာ အသင်းကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့တဲ့ ဒီယက်စ်ဟာ အဲ့ဒီရာသီမှာ ပွဲ ၃၀ ကစားပြီး ၄ ဂိုး သွင်းယူနိုင်ခဲ့သလို နောက်ရာသီတွေမှာလည်း တစ်ရာသီအတွင်း ပွဲ ၅၀ ဝန်းကျင်ကစားရတဲ့ အဓိကကစားသမားအဖြစ် အခိုင်အမာ ရပ်တည်နိုင်ခဲ့ပြီး မန်စီးတီးကို မပြောင်းခင်မှာတောင် ရာသီအစ ၃ ပွဲကစားပြီး တစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့အထိ ဘင်ဖီကာဘက်က သူ့ကို တန်ဖိုးထားခဲ့တာပါ။

မိုးပြာရောင်တွေဆီ အမြင့်တက်တဲ့ ခြေလှမ်း
၂၀၂၀-၂၁ ရာသီရဲ့ အပြောင်းအရွှေ့မပိတ်ခင် ရက်ပိုင်းအလို စက်တင်ဘာလ ၂၉ ရက်နေ့မှာတော့ မန်ချက်စတာစီးတီးနဲ့ ဘင်ဖီကာတို့ကြား ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှုရခဲ့ပြီး နီကိုလတ်စ် အော့တာမန်ဒီနဲ့ အပြန်အလှန်ပြောင်းရွှေ့နိုင်ခဲ့သလို ၁၃၇ ပွဲကစားပြီး ၁၂ ဂိုးသွင်းပေးခဲ့တဲ့ လစ္စဘွန်းမြို့ခံကလပ်ကနေ ထွက်ခွာဖြစ်ခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာရဲ့ အမာခံကစားသမားအဖြစ် ရောက်ရောက်ချင်းမှာပဲ နေရာပေးခံခဲ့ရပြီး လိဒ်စ်နဲ့ တစ်ဂိုးစီ သရေကျတဲ့ပွဲမှာ ပွဲထွက်ခဲ့သလို ပရီးမီးယားလိဂ်မှာ နှစ်လကြာ ကစားပြီးချိန် နိုဝင်ဘာလကုန်မှာတော့ အဲ့ဒီလရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ သူ့ရဲ့ ပထမဆုံးသွင်းဂိုးကို ဝက်စ်ဟမ်းနဲ့ အိမ်ကွင်းနိုင်ပွဲမှာ ဒီဘရိုင်းနားရဲ့ ဖြတ်တင်ဘောကနေ ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပြီး ရာသီကုန်မှာတော့ အသင်းသစ်နဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

အကောင်းဆုံးဆုတွေနဲ့ ပြန်လည်ဆုံဆည်းခြင်း
ပေါ်တူဂီမှာတုန်းက ၂၀၁၇-၁၈ ရာသီရဲ့ အကောင်းဆုံးလူငယ်ဆုကို ရရှိခဲ့တဲ့ ရူဘီဟာ ရာသီကုန်ကုန်ချင်းမှာပဲ စတင်ပေးအပ်တဲ့ အားကစား ကလောင်ရှင်တွေရဲ့ အကောင်းဆုံးဆု FWA Award နဲ့ အဖွင့်လှခဲ့သလို မန်ချက်စတာစီးတီးအသင်းရဲ့ တစ်ရာသီလုံးအကောင်းဆုံးကစားသမားဆုကိုပါ ရယူနိုင်ခဲ့ပြီး ဇွန်လ ၅ ရက်နေ့မှာတော့ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ ဟာရီကိန်းနဲ့ ဒီဘရိုင်းနားတို့ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားပါ ဖြစ်လာခဲ့တာပါ။

အသင်းလိုက်အကောင်းဆုံးရွေးချယ်မှုတွေမှာလည်း ပေါ်တူဂီသားအနေနဲ့ အညံ့မခံဘဲ ပါဝင်နိုင်ခဲ့ပြီး PFA ရဲ့ အကောင်းဆုံးအသင်းနဲ့ ချန်ပီယံလိဂ်ရဲ့ အကောင်းဆုံးအသင်းတွေမှာ တစ်နေရာစီ ရယူနိုင်ခဲ့သလို ဒီရာသီအတွက် အကောင်းဆုံး ကစားသမားပြောင်းရွှေ့မှုအဖြစ်လည်း အားလုံးက တစ်ညီတစ်ညွတ်တည်း ဝိုင်းဝန်းချီးကျူးနေကြပါတယ်။

ခပ်လန်းလန်း ရည်းစားနဲ့ သာသာယာယာ
ရူဘင် ဒီယက်စ်ရဲ့ ချစ်သူကတော့ ပေါ်တူဂီမှာ နာမည်ရတဲ့ ပေါ့ပ်စတား အေပရယ်လ် အိုင်ဗီဖြစ်ပြီး အတော်လေးဟော့လို့ ပရိသတ်တွေ တော်တော်များများ အခိုင်အမာရထားတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ တူညီစွာ စတင်အောင်မြင်ခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ တွေ့ဆုံခဲ့ကြပြီး နာမည်ရင်း မာရီယန်နာ ဂွန်ဆာလ်ဗက်စ်လို့ ခေါ်တဲ့ အေပရယ်လ် အိုင်ဗီဟာ ပေါ်တူဂီရဲ့ iTunes ဇယားမှာ ထိပ်ဆုံးကို ရောက်ရှိပြီး ကျော်ကြားခဲ့ဖူးတာပါ။

Ruben Dias Personal Life

ပျော်မွေ့တတ်တဲ့ ဝါသနာ
ပျော်ရွှင်တတ်တဲ့ ဒီယက်စ်ဟာ ဘောလုံးကနေ အားလပ်ချိန်တွေမှာတော့ ရေကူးဖို့ စိတ်အားထက်သန်ပြီး ခရီးသွားရတာကိုလည်း အစ်မ ဘီယက်ထရစ်လိုပဲ ဝါသနာပါတတ်သလို ဂစ်တာကို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်သူလည်းဖြစ်ပြီး သူ့ချစ်သူ အေပရယ်လ် အိုင်ဗီနဲ့အတူ သီချင်းဆိုဖို့ တီးပြနေတာကိုလည်း တွေ့မြင်ကြရမှာပါ။ တခြားဘောလုံးသမားတွေလို တက်တူးထိုးတာကိုတော့ ဝါသနာပါပုံ မရဘဲ နိုင်ငံအသင်းဖော် ခရစ္စတီယာနို ရော်နယ်လ်ဒိုလိုပဲ ပြောင်ရှင်းနေတဲ့ ခန္ဓာကိုယ်နဲ့ အရေပြားကို မြင်ရမှာဖြစ်ပါတယ်။

ဘင်ဖီကာအသင်းကနေ နယ်မြေသစ် မန်ချက်စတာစီးတီးအသင်းကို ရောက်ရောက်ချင်း ခြေစွမ်းပြနိုင်ခဲ့တဲ့ ပေါ်တူဂီနောက်ခံလူ ရူဘင် ဒီယက်စ်ရဲ့ မိသားစုဘဝနဲ့ ကစားသမားဘဝကို လက်လှမ်းမီသလောက် စုစည်းတင်ဆက်ပေးလိုက်တာဖြစ်ပြီး လာမယ့်ရာသီမှာရော သူတို့တွေ ထပ်မံအလိုရှိနေတဲ့ ချန်ပီယံလိဂ်ဖလားနဲ့ အောင်မြင်မှုတွေကို ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရဖို့ ဖော်ပြပေးလိုက်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းဟာ ႐ူဘီလို႔ နာမည္ေျပာင္ရွိတဲ့ ေပၚတူဂီသားေလးတစ္ေယာက္ကို ၂၀၂၀ ခုႏွစ္ စက္တင္ဘာလက ေခၚယူခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ ပရီးမီးယားလိဂ္ရဲ႕ တစ္ရာသီလုံး အေကာင္းဆုံးဆုကို ရရွိဖို႔ ကံစပ္ႏိုင္ခဲ့ပါတယ္။ ေပၚတူဂီသားေလးလို႔ သုံးစြဲရတာကေတာ့ ပရီးမီးယားလိဂ္ရဲ႕ လူငယ္အေကာင္းဆုံးဆုေတြကို အသက္ ၂၄ ႏွစ္အထိ ထည့္သြင္းတြက္ခ်က္လို႔လည္းျဖစ္ပါတယ္။

႐ူဘင္ ေဒါ့ဆန္းတို႔စ္ ဂါတို အဲလ္ဗက္စ္ ဒီယက္စ္လို႔ အမည္ရတဲ့ ၾကယ္ပြင့္ေနာက္ခံလူျဖစ္လာမယ့္ ေကာင္ေလးကို ေပၚတူဂီႏိုင္ငံ အာမာဒိုရာ ၿမိဳ႕မွာ ေမြးဖြားခဲ့ၿပီး ေဘာလုံးကို ခ်စ္ျမတ္ႏိုးတဲ့ လူလတ္တန္းစားမိသားစုကေန ေမြးဖြားခဲ့တာျဖစ္ၿပီး ေမြးခ်င္းေမာင္ႏွမ ၄ ေယာက္မွာ တတိယေျမာက္ ျဖစ္ပါတယ္။

ငယ္ဘဝ
ၿငိမ္းခ်မ္းေအးေဆးတဲ့ မိသားစုဘဝကို ပိုင္ဆိုင္ခဲ့တဲ့ ဒီယက္စ္ဟာ ဖခင္ ဂ်ာအို၊ မိခင္(အမည္ မထင္ရွား)၊ အစ္ကိုျဖစ္သူ အီဗန္၊ အစ္မျဖစ္သူ ဘီယက္ထရစ္နဲ႔ ညီမျဖစ္သူ ကာ႐ိုလီနာတို႔နဲ႔အတူ ေပၚတူဂီအေနာက္ပိုင္းေဒသက အာမာဒိုရာမွာ ႀကီးျပင္းခဲ့ၿပီး ေခ်ာေမာလွပတဲ့ အစ္မနဲ႔ ညီမရွိတဲ့ ႐ူဘီအေနနဲ႔ ေတာ္ေတာ္ေလး မ်က္ႏွာပြင့္ခဲ့မွာေတာ့ ေသခ်ာပါတယ္။

ေဘာလုံးနဲ႔ စတင္ထိေတြ႕ခဲ့ပုံ
အသက္ ၉ ႏွစ္အ႐ြယ္မွာ မိသားစုမိတ္ေဆြတစ္ဦးက သူ႔ကို ၿမိဳ႕ခံကလပ္ အက္စ္ထရယ္လာဒါ အာမာဒိုရာအသင္းဆီ ေခၚေဆာင္သြားခဲ့ၿပီး ၂၀၀၆ ခုႏွစ္မွာ တိုက္စစ္မႉးတစ္ေယာက္အျဖစ္ စတင္ကစားခဲ့သလို အသက္ ၁၁ ႏွစ္အ႐ြယ္မွာေတာ့ သူ႔ရဲ႕ ရည္မွန္းခ်က္ႀကီးမားၿပီး စိတ္အားထက္သန္မႈကို သိရွိတဲ့ မိဘေတြက ဘင္ဖီကာအသင္းဆီ ေခၚေဆာင္သြားၿပီး အစမ္းသပ္ခံေစခဲ့ရာမွာ ဝင္ခြင့္စစ္ေဆးမႈကို လြယ္လြယ္ကူကူပဲ ေအာင္ျမင္ခဲ့တာပါ။

ဂဏန္းမၿငိမ္ခဲ့တဲ့ လူငယ္ကစားသမားဘဝ
အာမာဒိုရာမွာတုန္းက တိုက္စစ္မႉးအျဖစ္ ကစားခဲ့တဲ့ ဒီယက္စ္ကို ဘင္ဖီကာအကယ္ဒမီက ခံစစ္အတြက္ အလားအလာရွိတယ္လို႔ ျမင္ခဲ့ေပမယ့္ ကိုယ္လုံးကိုယ္ထည္က ေသးငယ္တာေၾကာင့္ အလယ္တန္းမွာ ကစားခိုင္းခဲ့ၿပီး သူ႔ရဲ႕ အ႐ြယ္ေရာက္လို႔ ခႏၶာကိုယ္ဖြံ႕ၿဖိဳးလာခ်ိန္အထိ ဗဟိုခံစစ္ကို ေျပာင္းလဲကစားဖို႔ ေစာင့္ဆိုင္းခဲ့ရပါတယ္။

မိသားစုနဲ႔ ေပ်ာ္တဲ့သူ
မိသားစုကို တန္ဖိုးထားတတ္တဲ့ ႐ူဘီဟာ ဘင္ဖီကာမွာ ကစားေနစဥ္က အဓိကရ ပြဲေတာ္ေတြမွာ အိမ္မွာပဲ အတူရွိေနတတ္ၿပီး အစ္ကိုျဖစ္သူ အီဗန္နဲ႔ ေဘာလုံးသမားဘဝကို မွ်ေဝခဲ့သလို အစ္မျဖစ္သူ ဘီယက္ထရစ္နဲ႔ ခရီးသြားလာရတဲ့ဘဝကိုလည္း မွ်ေဝခဲ့ၿပီး ေလယာဥ္မယ္တစ္ဦးျဖစ္တဲ့ အစ္မျဖစ္သူကေတာ့ သူ႔ေမာင္ရဲ႕ လႈပ္ရွား႐ုန္းကန္ရတဲ့ ဘဝကို ေကာင္းေကာင္း နားလည္ႏိုင္မွာလည္းျဖစ္ပါတယ္။

ဘင္ဖီကာနဲ႔ ထြန္းေတာက္ဖို႔ ႀကိဳးစားခဲ့ရသူ
ဘင္ဖီကာအကယ္ဒမီကေန ဘီအသင္းကိုေရာက္ဖို႔ ၇ ႏွစ္တာ ႀကိဳးစားခဲ့ရၿပီး အသက္ ၁၈ ႏွစ္အ႐ြယ္မွာ အရန္အသင္းရဲ႕ အမာခံတစ္ဦး ျဖစ္လာခဲ့သလို ၂၀၁၆ ခုႏွစ္မွာ ဇင္းနစ္နဲ႔ ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္အတြက္ အရန္ခုံေပၚ ပါဝင္ခြင့္ရခဲ့ၿပီး အသင္းႀကီးရဲ႕ အသိအမွတ္ျပဳခံျဖစ္ခဲ့တာပါ။ သူ႔ရဲ႕ ငယ္စဥ္ကတည္းက ဦးေဆာင္ကစားႏိုင္တဲ့ Leadership Skill ကိုလည္း လူေတြက သတိထားမိခဲ့ၾကပါတယ္။

၂၀၁၇-၁၈ ရာသီမွာ အသင္းႀကီးတဲ့ အစိတ္အပိုင္းတစ္ခုျဖစ္လာခဲ့တဲ့ ဒီယက္စ္ဟာ အဲ့ဒီရာသီမွာ ပြဲ ၃၀ ကစားၿပီး ၄ ဂိုး သြင္းယူႏိုင္ခဲ့သလို ေနာက္ရာသီေတြမွာလည္း တစ္ရာသီအတြင္း ပြဲ ၅၀ ဝန္းက်င္ကစားရတဲ့ အဓိကကစားသမားအျဖစ္ အခိုင္အမာ ရပ္တည္ႏိုင္ခဲ့ၿပီး မန္စီးတီးကို မေျပာင္းခင္မွာေတာင္ ရာသီအစ ၃ ပြဲကစားၿပီး တစ္ဂိုးသြင္းယူႏိုင္ခဲ့တဲ့အထိ ဘင္ဖီကာဘက္က သူ႔ကို တန္ဖိုးထားခဲ့တာပါ။

မိုးျပာေရာင္ေတြဆီ အျမင့္တက္တဲ့ ေျခလွမ္း
၂၀၂၀-၂၁ ရာသီရဲ႕ အေျပာင္းအေ႐ႊ႕မပိတ္ခင္ ရက္ပိုင္းအလို စက္တင္ဘာလ ၂၉ ရက္ေန႔မွာေတာ့ မန္ခ်က္စတာစီးတီးနဲ႔ ဘင္ဖီကာတို႔ၾကား ေျပာင္းေ႐ႊ႕ေၾကးအတြက္ သေဘာတူညီမႈရခဲ့ၿပီး နီကိုလတ္စ္ ေအာ့တာမန္ဒီနဲ႔ အျပန္အလွန္ေျပာင္းေ႐ႊ႕ႏိုင္ခဲ့သလို ၁၃၇ ပြဲကစားၿပီး ၁၂ ဂိုးသြင္းေပးခဲ့တဲ့ လစၥဘြန္းၿမိဳ႕ခံကလပ္ကေန ထြက္ခြာျဖစ္ခဲ့ပါတယ္။

မန္စီးတီးနည္းျပ ဂြါဒီယိုလာရဲ႕ အမာခံကစားသမားအျဖစ္ ေရာက္ေရာက္ခ်င္းမွာပဲ ေနရာေပးခံခဲ့ရၿပီး လိဒ္စ္နဲ႔ တစ္ဂိုးစီ သေရက်တဲ့ပြဲမွာ ပြဲထြက္ခဲ့သလို ပရီးမီးယားလိဂ္မွာ ႏွစ္လၾကာ ကစားၿပီးခ်ိန္ ႏိုဝင္ဘာလကုန္မွာေတာ့ အဲ့ဒီလရဲ႕ အေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့ပါတယ္။ ေဖေဖာ္ဝါရီ ၂၇ ရက္ေန႔မွာ သူ႔ရဲ႕ ပထမဆုံးသြင္းဂိုးကို ဝက္စ္ဟမ္းနဲ႔ အိမ္ကြင္းႏိုင္ပြဲမွာ ဒီဘ႐ိုင္းနားရဲ႕ ျဖတ္တင္ေဘာကေန ေခါင္းတိုက္သြင္းယူႏိုင္ခဲ့ၿပီး ရာသီကုန္မွာေတာ့ အသင္းသစ္နဲ႔ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့ပါတယ္။

အေကာင္းဆုံးဆုေတြနဲ႔ ျပန္လည္ဆုံဆည္းျခင္း
ေပၚတူဂီမွာတုန္းက ၂၀၁၇-၁၈ ရာသီရဲ႕ အေကာင္းဆုံးလူငယ္ဆုကို ရရွိခဲ့တဲ့ ႐ူဘီဟာ ရာသီကုန္ကုန္ခ်င္းမွာပဲ စတင္ေပးအပ္တဲ့ အားကစား ကေလာင္ရွင္ေတြရဲ႕ အေကာင္းဆုံးဆု FWA Award နဲ႔ အဖြင့္လွခဲ့သလို မန္ခ်က္စတာစီးတီးအသင္းရဲ႕ တစ္ရာသီလုံးအေကာင္းဆုံးကစားသမားဆုကိုပါ ရယူႏိုင္ခဲ့ၿပီး ဇြန္လ ၅ ရက္ေန႔မွာေတာ့ အဓိကၿပိဳင္ဘက္ေတြျဖစ္တဲ့ ဟာရီကိန္းနဲ႔ ဒီဘ႐ိုင္းနားတို႔ကို ေက်ာ္ျဖတ္ၿပီး ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ကစားသမားပါ ျဖစ္လာခဲ့တာပါ။

အသင္းလိုက္အေကာင္းဆုံးေ႐ြးခ်ယ္မႈေတြမွာလည္း ေပၚတူဂီသားအေနနဲ႔ အညံ့မခံဘဲ ပါဝင္ႏိုင္ခဲ့ၿပီး PFA ရဲ႕ အေကာင္းဆုံးအသင္းနဲ႔ ခ်န္ပီယံလိဂ္ရဲ႕ အေကာင္းဆုံးအသင္းေတြမွာ တစ္ေနရာစီ ရယူႏိုင္ခဲ့သလို ဒီရာသီအတြက္ အေကာင္းဆုံး ကစားသမားေျပာင္းေ႐ႊ႕မႈအျဖစ္လည္း အားလုံးက တစ္ညီတစ္ၫြတ္တည္း ဝိုင္းဝန္းခ်ီးက်ဴးေနၾကပါတယ္။

ခပ္လန္းလန္း ရည္းစားနဲ႔ သာသာယာယာ
႐ူဘင္ ဒီယက္စ္ရဲ႕ ခ်စ္သူကေတာ့ ေပၚတူဂီမွာ နာမည္ရတဲ့ ေပါ့ပ္စတား ေအပရယ္လ္ အိုင္ဗီျဖစ္ၿပီး အေတာ္ေလးေဟာ့လို႔ ပရိသတ္ေတြ ေတာ္ေတာ္မ်ားမ်ား အခိုင္အမာရထားတဲ့သူတစ္ေယာက္လည္းျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္စလုံးဟာ တူညီစြာ စတင္ေအာင္ျမင္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္မွာ ေတြ႕ဆုံခဲ့ၾကၿပီး နာမည္ရင္း မာရီယန္နာ ဂြန္ဆာလ္ဗက္စ္လို႔ ေခၚတဲ့ ေအပရယ္လ္ အိုင္ဗီဟာ ေပၚတူဂီရဲ႕ iTunes ဇယားမွာ ထိပ္ဆုံးကို ေရာက္ရွိၿပီး ေက်ာ္ၾကားခဲ့ဖူးတာပါ။

Ruben Dias Personal Life

ေပ်ာ္ေမြ႕တတ္တဲ့ ဝါသနာ
ေပ်ာ္႐ႊင္တတ္တဲ့ ဒီယက္စ္ဟာ ေဘာလုံးကေန အားလပ္ခ်ိန္ေတြမွာေတာ့ ေရကူးဖို႔ စိတ္အားထက္သန္ၿပီး ခရီးသြားရတာကိုလည္း အစ္မ ဘီယက္ထရစ္လိုပဲ ဝါသနာပါတတ္သလို ဂစ္တာကို ကြၽမ္းကြၽမ္းက်င္က်င္ တီးခတ္ႏိုင္သူလည္းျဖစ္ၿပီး သူ႔ခ်စ္သူ ေအပရယ္လ္ အိုင္ဗီနဲ႔အတူ သီခ်င္းဆိုဖို႔ တီးျပေနတာကိုလည္း ေတြ႕ျမင္ၾကရမွာပါ။ တျခားေဘာလုံးသမားေတြလို တက္တူးထိုးတာကိုေတာ့ ဝါသနာပါပုံ မရဘဲ ႏိုင္ငံအသင္းေဖာ္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုလိုပဲ ေျပာင္ရွင္းေနတဲ့ ခႏၶာကိုယ္နဲ႔ အေရျပားကို ျမင္ရမွာျဖစ္ပါတယ္။

ဘင္ဖီကာအသင္းကေန နယ္ေျမသစ္ မန္ခ်က္စတာစီးတီးအသင္းကို ေရာက္ေရာက္ခ်င္း ေျခစြမ္းျပႏိုင္ခဲ့တဲ့ ေပၚတူဂီေနာက္ခံလူ ႐ူဘင္ ဒီယက္စ္ရဲ႕ မိသားစုဘဝနဲ႔ ကစားသမားဘဝကို လက္လွမ္းမီသေလာက္ စုစည္းတင္ဆက္ေပးလိုက္တာျဖစ္ၿပီး လာမယ့္ရာသီမွာေရာ သူတို႔ေတြ ထပ္မံအလိုရွိေနတဲ့ ခ်န္ပီယံလိဂ္ဖလားနဲ႔ ေအာင္ျမင္မႈေတြကို ရယူႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.